မဂၤလာပါ MyStyle Myanmar ပရိတ္သတ္တို႔ေရ။ မိန္းကေလးတစ္ေယာက္ရဲ႕ ျပည့္စံုတဲ့ လွပမႈေတြထဲမွာ ရွည္လ်ားေကာ့စင္းတဲ့ မ်က္ေတာင္ေလးေတြလည္း အပါအဝင္ပါ။ တခ်ိဳ႕မိန္းကေလးေတြကေတာ့ကုသိုလ္ကံေကာင္းၾကပါတယ္။ နဂိုတည္းက မ်က္ေတာင္ရွည္လို႔ပါ။

တခ်ိဳ႕က်ေတာ့ မ်က္ေတာင္တိုလို႔ Eyelash extension လုပ္ရ၊ မ်က္ေတာင္တုတပ္ရ၊ မ်က္ေတာင္ေကာ့ေဆးသံုးေလးခါ ထပ္ဆိုးရနဲ႔ အလုပ္ရႈပ္လွပါတယ္။ ဒီလို မ်က္ေတာင္ေကာ့ေဆးသံုးတာကလည္း မိတ္ကပ္လိမ္းတဲ့အခ်ိန္မွသာ သံုးတာေကာင္းပါတယ္။

ဘာမွမလိမ္းဘဲ Bare Face မ်က္ႏွာျဖစ္ေနတဲ့အခ်ိန္မွာ ရွည္လ်ားတဲ့ မ်က္ေတာင္ရွိခဲ့ရင္ေတာ့ သင့္မ်က္ႏွာရဲ႕ အလွကို ပိုေပၚသြားေစမွာပါ။ မ်က္ေတာင္တိုတဲ့မိန္းကေလးေတြလည္း စိတ္ညစ္စရာမလိုပါဘူး။ ဓာတုပစၥည္းေတြမသံုးဘဲ သဘာဝနည္းလမ္းေတြနဲ႔ မ်က္ေတာင္ရွည္လာေအာင္လုပ္ႏိုင္တဲ့နည္းလမ္းေတြရွိပါတယ္။ ဒါေတြကေတာ့-

၁။ ၾကက္ဆူဆီ

-ပထမဆံုးသင့္မ်က္ေတာင္ကို ေရနဲ႔ ေသခ်ာေဆးပါ။ (မိတ္ကပ္ဖ်က္တဲ့သေဘာပါ)

-ၾကက္ဆူဆီထဲကို ဝါဂြမ္းစနွစ္လိုက္ပါ။ ဒီဝါဂြမ္းကို သင့္အေပၚေအာက္မ်က္ေတာင္မွာ သုတ္လိမ္းေပးပါ။

-မ်က္လံုးထဲမဝင္ပါေစနဲ႔။ မ်က္လံုးစပ္ပါလိမ့္မယ္။

-တစ္ညထားျပီး ေနာက္ေန႔ေဆးလိုက္ပါ။

ၾကက္ဆူဆီနည္းလမ္းကို ေန႔စဥ္ျပဳလုပ္ႏုိင္ပါတယ္။ ၾကက္ဆူဆီမွာပါတဲ့ အက္ဆစ္တစ္မ်ိဳးက မ်က္ေတာင္ျပန္ရွည္တဲ့ေနရာမွာကူညီေပးပါတယ္။

၂။ အုန္းဆီ

-သင့္မ်က္ေတာင္ကို ေရနဲ႔ ေသခ်ာေဆးပါ။

-အုန္းဆီထဲကို ဝါဂြမ္းစနွစ္လိုက္ပါ။ ဒီဝါဂြမ္းကို သင့္အေပၚေအာက္မ်က္ေတာင္မွာ သုတ္လိမ္းေပးပါ။

-တစ္ညထားျပီး ေနာက္ေန႔ေဆးလိုက္ပါ။

ဒီနည္းလမ္းကိုလည္း ေန႔စဥ္ျပဳလုပ္ႏုိင္ပါတယ္။

၃။ ဗီတာမင္အီး

ဗီတာမင္အီး ေဆးေတာင့္ကို တစ္ေန႔တစ္လံုးေသာက္ေပးပါကလည္း မ်က္ေတာင္ရွည္လ်ားတာမွာ အကူအညီျဖစ္ပါတယ္။ ဘယ္ႏွစ္လံုးေသာက္သင့္လဲ သက္ဆုိင္ရာဆရာဝန္နဲ႔တုိင္ပင္သင့္ပါတယ္။

၄။ ႏွိပ္နယ္ေပးပါ

ဆံပင္ရွည္လ်ားဖို႔ ဦးေရျပားကို မၾကာခဏႏွိပ္နယ္ေပးရပါတယ္။ ဒီလိုလုပ္ေပးတာက ဆံပင္ရွည္ေစတဲ့အျပင္ ဆံပင္ထူေစပါတယ္။ မ်က္ေတာင္လည္းဒီလိုပါပဲ။ သင့္မ်က္ခြံကို အသာေလးႏွိပ္ေပးပါ။

၅။ Vaseline (Petroleum Jelly)

-Petroleum Jelly ကို ဝါဂြမ္းထဲထည့္လိုက္ပါ။

-ဒီဝါဂြမ္းကို အေပၚေအာက္ မ်က္ခြံနားတစ္ဝိုက္လိမ္းေပးပါ။

-တစ္ညထားပါ။

-ေနာက္ေန႔မနက္မွာ ေဆးေၾကာေပးပါ။

ဒါကိုလည္း ေန႔စဥ္ျပဳလုပ္ႏိုင္ပါတယ္။ Vaseline က သင့္မ်က္ခြံကို အစိုဓာတ္ေပးပါတယ္။ လံုေလာက္တဲ့အစိုဓာတ္က မ်က္ေတာင္ပ်က္စီးတာကို ကာကြယ္ေပးႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mystylemyanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ မိန်းကလေးတစ်ယောက်ရဲ့ ပြည့်စုံတဲ့ လှပမှုတွေထဲမှာ ရှည်လျားကော့စင်းတဲ့ မျက်တောင်လေးတွေလည်း အပါအဝင်ပါ။ တချို့မိန်းကလေးတွေကတော့ကုသိုလ်ကံကောင်းကြပါတယ်။ နဂိုတည်းက မျက်တောင်ရှည်လို့ပါ။

တချို့ကျတော့ မျက်တောင်တိုလို့ Eyelash extension လုပ်ရ၊ မျက်တောင်တုတပ်ရ၊ မျက်တောင်ကော့ဆေးသုံးလေးခါ ထပ်ဆိုးရနဲ့ အလုပ်ရှုပ်လှပါတယ်။ ဒီလို မျက်တောင်ကော့ဆေးသုံးတာကလည်း မိတ်ကပ်လိမ်းတဲ့အချိန်မှသာ သုံးတာကောင်းပါတယ်။

ဘာမှမလိမ်းဘဲ Bare Face မျက်နှာဖြစ်နေတဲ့အချိန်မှာ ရှည်လျားတဲ့ မျက်တောင်ရှိခဲ့ရင်တော့ သင့်မျက်နှာရဲ့ အလှကို ပိုပေါ်သွားစေမှာပါ။ မျက်တောင်တိုတဲ့မိန်းကလေးတွေလည်း စိတ်ညစ်စရာမလိုပါဘူး။ ဓာတုပစ္စည်းတွေမသုံးဘဲ သဘာဝနည်းလမ်းတွေနဲ့ မျက်တောင်ရှည်လာအောင်လုပ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ ဒါတွေကတော့-

၁။ ကြက်ဆူဆီ

-ပထမဆုံးသင့်မျက်တောင်ကို ရေနဲ့ သေချာဆေးပါ။ (မိတ်ကပ်ဖျက်တဲ့သဘောပါ)

-ကြက်ဆူဆီထဲကို ဝါဂွမ်းစနှစ်လိုက်ပါ။ ဒီဝါဂွမ်းကို သင့်အပေါ်အောက်မျက်တောင်မှာ သုတ်လိမ်းပေးပါ။

-မျက်လုံးထဲမဝင်ပါစေနဲ့။ မျက်လုံးစပ်ပါလိမ့်မယ်။

-တစ်ညထားပြီး နောက်နေ့ဆေးလိုက်ပါ။

ကြက်ဆူဆီနည်းလမ်းကို နေ့စဉ်ပြုလုပ်နိုင်ပါတယ်။ ကြက်ဆူဆီမှာပါတဲ့ အက်ဆစ်တစ်မျိုးက မျက်တောင်ပြန်ရှည်တဲ့နေရာမှာကူညီပေးပါတယ်။

၂။ အုန်းဆီ

-သင့်မျက်တောင်ကို ရေနဲ့ သေချာဆေးပါ။

-အုန်းဆီထဲကို ဝါဂွမ်းစနှစ်လိုက်ပါ။ ဒီဝါဂွမ်းကို သင့်အပေါ်အောက်မျက်တောင်မှာ သုတ်လိမ်းပေးပါ။

-တစ်ညထားပြီး နောက်နေ့ဆေးလိုက်ပါ။

ဒီနည်းလမ်းကိုလည်း နေ့စဉ်ပြုလုပ်နိုင်ပါတယ်။

၃။ ဗီတာမင်အီး

ဗီတာမင်အီး ဆေးတောင့်ကို တစ်နေ့တစ်လုံးသောက်ပေးပါကလည်း မျက်တောင်ရှည်လျားတာမှာ အကူအညီဖြစ်ပါတယ်။ ဘယ်နှစ်လုံးသောက်သင့်လဲ သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

၄။ နှိပ်နယ်ပေးပါ

ဆံပင်ရှည်လျားဖို့ ဦးရေပြားကို မကြာခဏနှိပ်နယ်ပေးရပါတယ်။ ဒီလိုလုပ်ပေးတာက ဆံပင်ရှည်စေတဲ့အပြင် ဆံပင်ထူစေပါတယ်။ မျက်တောင်လည်းဒီလိုပါပဲ။ သင့်မျက်ခွံကို အသာလေးနှိပ်ပေးပါ။

၅။ Vaseline (Petroleum Jelly)

-Petroleum Jelly ကို ဝါဂွမ်းထဲထည့်လိုက်ပါ။

-ဒီဝါဂွမ်းကို အပေါ်အောက် မျက်ခွံနားတစ်ဝိုက်လိမ်းပေးပါ။

-တစ်ညထားပါ။

-နောက်နေ့မနက်မှာ ဆေးကြောပေးပါ။

ဒါကိုလည်း နေ့စဉ်ပြုလုပ်နိုင်ပါတယ်။ Vaseline က သင့်မျက်ခွံကို အစိုဓာတ်ပေးပါတယ်။ လုံလောက်တဲ့အစိုဓာတ်က မျက်တောင်ပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top