ေတာင္ကိုရီးယားသရုပ္ေဆာင္ Song Joong Ki ဟာ လက္ရွိဇနီးသည္ နာမည္ေက်ာ္ကိုရီးယားမင္းသမီး Song Hye Kyo နဲ႔ကြာရွင္းခြင့္ကို တရားဝင္ေလွ်ာက္တင္ထားလိုက္ၿပီလို႔ သိရပါတယ္။

ဇြန္လ ၂၇ ရက္ေန႔မွာ Joong Ki ရဲ႕ေရွ႕ေနမွ “Song Joong Ki ဟာ ကြာရွင္းဖို႔အတြက္ လုိအပ္တဲ့ စာရြက္စာတမ္းေတြကို မေန႔ကပဲ ဆုိးလ္ၿမိဳ႕မိသားစုတရားရုံးသို႔ ေလွ်ာက္တင္ခဲ့ၿပီး ျဖစ္ပါတယ္” လို႔ ေျပာလုိက္တာပါ။ ဒါေၾကာင့္ ဇြန္လ ၂၆ ရက္ေန႔မွာ ကြာရွင္းခြင့္တင္ခဲ့တာ ျဖစ္ပါလိမ့္မယ္။

အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ Song Joong Ki ဟာ သူ႕ရဲ႕ေရွ႕ေနကေနတဆင့္ ပရိသတ္ကို အမွာစကား ပို႔သခဲ့ပါတယ္။ “အရင္ဆုံး ဒီလုိသတင္းဆုိးကို ယူေဆာင္လာမိတဲ့အတြက္ အားလုံးကို ေတာင္းပန္ပါတယ္။ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္စလုံးက တစ္ေယာက္နဲ႔တစ္ေယာက္ ျပစ္တင္ေနမယ့္အစား အတတ္ႏုိင္ဆုံး ျငိမ္းခ်မ္းစြာ လမ္းခြဲဖို႔ပဲ ဆုံးျဖတ္ထားပါတယ္” လို႔ သူကဆုိပါတယ္။



ဒါ့အျပင္ အခုလိုဆုံးျဖတ္ရတာဟာ ပုဂၢလိကအေၾကာင္းျပခ်က္ေၾကာင့္ျဖစ္တဲ့အတြက္ အေၾကာင္းရင္းကို မေဖာ္ျပႏုိင္တာကိုလည္း နားလည္ေပးဖို႔ သူကေတာင္းဆုိခဲ့ၿပီး အခုလို နာက်င္ရတာကို အနာဂါတ္မွာ အလုပ္ေတြ ေကာင္းေကာင္းလုပ္ရင္းနဲ႔ ေမ့ႏုိင္ဖို႔ ႀကိဳးစားသြားပါ့မယ္လို႔ ဆုိခဲ့ပါတယ္။

Song Joong Ki နဲ႔ အသက္ ၃၇ ႏွစ္ရွိၿပီျဖစ္တဲ့ Song Hye Kyo တုိ႔ဟာ ၂၀၁၆ ခုႏွစ္က တစ္ကမာၻလုံးမွာ ေပါက္ခဲ့တဲ့ “Descendants of the Sun” ဒရာမာစီးရီးကို ရုိက္ကူးခဲ့ၾကတာပါ။ အဲ့ဒီေနာက္ တြဲဖက္ညီညီ သရုပ္ေဆာင္ရင္း ၂၀၁၇ ခုႏွစ္ ေအာက္တုိဘာလမွာ လက္ထပ္ခဲ့ၾကပါတယ္။



Joong Ki ရဲ႕ေရွ႕ေနလိုပဲ Song Hye Kyo ရဲ႕ ေအဂ်င္စီျဖစ္တဲ့ UAA ကလည္း ေတာင္းပန္စာ တစ္ခု ထုတ္ျပန္ခဲ့ပါတယ္။ သူတုိ႔ရဲ႕စာထဲမွာေတာ့ Song Hye Kyo ဟာ သူတုိ႔ႏွစ္ဦးရဲ႕ မတူညီတဲ့သေဘာသဘာဝေတြကို ညွိႏႈိင္းလို႔ အဆင္မေျပတာေၾကာင့္ ကြာရွင္းဖို႔ဆုံးျဖတ္ခဲ့တယ္လို႔ ေျပာထားၿပီး တစ္ကိုယ္ေရကိစၥျဖစ္တာေၾကာင့္ အတိအက်ကိုေတာ့ မေမးျမန္းၾကဖို႔ ေမတၱာရပ္ခံထားျပန္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

တောင်ကိုရီးယားသရုပ်ဆောင် Song Joong Ki ဟာ လက်ရှိဇနီးသည် နာမည်ကျော်ကိုရီးယားမင်းသမီး Song Hye Kyo နဲ့ကွာရှင်းခွင့်ကို တရားဝင်လျှောက်တင်ထားလိုက်ပြီလို့ သိရပါတယ်။

ဇွန်လ ၂၇ ရက်နေ့မှာ Joong Ki ရဲ့ရှေ့နေမှ “Song Joong Ki ဟာ ကွာရှင်းဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မနေ့ကပဲ ဆိုးလ်မြို့မိသားစုတရားရုံးသို့ လျှောက်တင်ခဲ့ပြီး ဖြစ်ပါတယ်” လို့ ပြောလိုက်တာပါ။ ဒါကြောင့် ဇွန်လ ၂၆ ရက်နေ့မှာ ကွာရှင်းခွင့်တင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ Song Joong Ki ဟာ သူ့ရဲ့ရှေ့နေကနေတဆင့် ပရိသတ်ကို အမှာစကား ပို့သခဲ့ပါတယ်။ “အရင်ဆုံး ဒီလိုသတင်းဆိုးကို ယူဆောင်လာမိတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် ပြစ်တင်နေမယ့်အစား အတတ်နိုင်ဆုံး ငြိမ်းချမ်းစွာ လမ်းခွဲဖို့ပဲ ဆုံးဖြတ်ထားပါတယ်” လို့ သူကဆိုပါတယ်။

ဒါ့အပြင် အခုလိုဆုံးဖြတ်ရတာဟာ ပုဂ္ဂလိကအကြောင်းပြချက်ကြောင့်ဖြစ်တဲ့အတွက် အကြောင်းရင်းကို မဖော်ပြနိုင်တာကိုလည်း နားလည်ပေးဖို့ သူကတောင်းဆိုခဲ့ပြီး အခုလို နာကျင်ရတာကို အနာဂါတ်မှာ အလုပ်တွေ ကောင်းကောင်းလုပ်ရင်းနဲ့ မေ့နိုင်ဖို့ ကြိုးစားသွားပါ့မယ်လို့ ဆိုခဲ့ပါတယ်။

Song Joong Ki နဲ့ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ Song Hye Kyo တို့ဟာ ၂၀၁၆ ခုနှစ်က တစ်ကမ္ဘာလုံးမှာ ပေါက်ခဲ့တဲ့ “Descendants of the Sun” ဒရာမာစီးရီးကို ရိုက်ကူးခဲ့ကြတာပါ။ အဲ့ဒီနောက် တွဲဖက်ညီညီ သရုပ်ဆောင်ရင်း ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ လက်ထပ်ခဲ့ကြပါတယ်။

Joong Ki ရဲ့ရှေ့နေလိုပဲ Song Hye Kyo ရဲ့ အေဂျင်စီဖြစ်တဲ့ UAA ကလည်း တောင်းပန်စာ တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့စာထဲမှာတော့ Song Hye Kyo ဟာ သူတို့နှစ်ဦးရဲ့ မတူညီတဲ့သဘောသဘာဝတွေကို ညှိနှိုင်းလို့ အဆင်မပြေတာကြောင့် ကွာရှင်းဖို့ဆုံးဖြတ်ခဲ့တယ်လို့ ပြောထားပြီး တစ်ကိုယ်ရေကိစ္စဖြစ်တာကြောင့် အတိအကျကိုတော့ မမေးမြန်းကြဖို့ မေတ္တာရပ်ခံထားပြန်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top