အဆိုးဝါးဆုံးေရာဂါပါ…အခံရအခက္ဆုံးေရာဂါပါလို ့က်ေနာ္ေျပာလ်ွင္ယုံနိုင္မည္မဟုတ္ပါ
ကိုယ္တိုင္မွမခံစားဖူးတာကိုး။သင့္ပတ္ဝန္းက်င္၌ခါးျကီးေစါင္းငန္းေစါင္းငန္းနဲ ့သြားေနသူေတြ။တင္
ပါးခြက္ကေလးကိုဖိကာပြတ္ကာသြားလာေနတဲ့သူေတြ။ေပါင္ကိုက္ဒူးကိုက္ေျခသလုံးတေလ်ွာက္
ထုံက်င္ေနတဲ့သူေတြေတြ ့ယင္အင္တာဗ်ဴးျကည့္ပါ။ေလသံတခုတည္းထြက္တာေတြ ့ရပါလိမ့္မည္
(ေရာဂါအေတာ္စုံေအာင္ျဖစ္ဖူးပါတယ္ဗ်ာ…ဒီတခါအခံရခက္ဆုံးပဲ)လို ့ေျဖျကပါလိမ့္မည္။

ဒီေရာဂါအေျကာင္းကိုက်ေနာ့္ဆရာသမား(Fighter အရာရိွျကီး)တေယာက္အိပ္ယာေပါ ္ကမထနိုင္ပဲ ကိုက္ခဲလြန္းလို ့မ်က္ရည္ေတြေတြက်ျပီးအံျကိတ္ခံေနရတာမျကည့္ရက္လို ့က်ေနာ္ထဲ
ထဲဝင္ဝင္ေလ့လာဖူးသည္။သူ ့အေျခအေနကမတ္တပ္ပင္မရပ္နိုင္ရွာေတာ့။လူကခါးတေစါင္း
ျကီးျဖစ္ေနျပီ။တပ္မေတာ္ကပင္ထြက္ရေတာ့မည့္အေနအထားပါ။

က်ေနာ္နဲ ့သိက်ြမ္းေသာအရိုးအေျကာပါရဂူေတြ…Rehabilitation ပါရဂူေတြ……Phisiotheraphist ေတြ……စုံေနပါဘီ။MRI ရိုက္ဓါတ္မွန္ရိုက္…ေလ့က်င့္ခန္းလုပ္…အကိုက္အခဲ ေပ်ာက္ေဆးမ်ိဳး စုံေသာက္…္ဓါတ္ကင္Vibratorနဲ ့နိွပ္……မထူးျခားေတာ့ဗမာဆရာေတြအေျကာပညာရွင္ေတြ……အနိွပ္ပညာရွင္ေတြ ……အို- ျမန္မာျပည္တနံတလ်ားစုံသေလာက္နီးပါးဆိုပါေတာ့
ကုန္လိုက္တဲ့ေငြ……သြားလိုက္ရတဲ့ခရီး……အခ်ိန္ကတျဖည္းျဖည္းနဲ ့တနွစ္ျပည့္ေတာ့မည္။မသက္
သာသည့္အျပင္ပို၍ပို၍ဆိုးလာပါသည္……ေျခေထာက္ပါထုံက်င္လာျပီးညာေျခေထာက္ကအာ
ရုံခံစားမွဳမရိွေတာ့။တင္ပါးခြက္ထဲကမခ်ိမဆန္ ့ကိုက္ခဲသည့္ဒဏ္ကိုအယင္ကလိုအံက်ိတ္မခံနိုင္
ေတာ့သျဖင့္ေအာ္ဟစ္၍ခံစားေနရ႐ွာသည္။

က်ေနာ္လည္းလက္လွမ္းမွီရာေဆးပညာစာေစာင္ေတြ။အာယုေဗၺဒေတြစုံစီနဖာဖတ္သည္။
ခါးခြဲလ်ွင္ေပ်ာက္နိုင္သည္။ျပန္ျဖစ္ခ်င္လည္းျဖစ္မည္။အျကမ္းဖ်ဥ္းေျပာရလ်ွင္ လူ ့ခနၶာကိုယ္မွာ
အျကီးဆုံးအာရုံေျကာမျကီးSciatic Nerve ဟာခါးရိုး L4,L5 ေနရာကစထြက္ျပီးဘယ္ညာျဖာကာ
တင္ပါးခြက္မွတဆင့္ေျခေထာက္တေလ်ွာက္ကိုSupply လုပ္ပါတယ္။ခါးရိုးက်ဥ္းသူ, ခါးဆစ္မွာ
အတက(္က်ီးေပါင္း)ထြက္သူ။ခါးရိုးတီဘီရိွသူ ။

ခါးဆစ္တခုနွင့္တခုျကားကDisc အျပားေလးမ်ားက်ြံထြက္သူ တို ့မွာထိုအာရုံေျကာကိုဖိမိထိမိသ
ျဖင့္ မခံစားနိုင္ေလာက္ေအာင္ Lေကြးေနရာျဖစ္ေသာတင္ပါးခြက္မွာသြားကိုက္ခဲတာပါ။ေသေသ
ခ်ာခ်ာသိထားရမွာတခုက ျဖစ္ထာကခါးပါေနာ္။ခံစားရတာကတင္ပါးခြက္ပါေနာ္။ဆရာဝန္ေတြက
ဘယ္ဘက္ျဖစ္ယင္Sciatica Left ညာဖက္ျဖစ္ယင္Sciatica Right လို ့ေခါ ္ဆိုျကပါတယ္။

တခ်ိဳ ့သေဘာတရားနားမလည္တဲ့အနိွပ္ဆရာေတြကလူနာတင္ပါးခြက္ကိုက္တယ္ေျပာေလ
တင္ပါးခြက္ကိုစြတ္နိွပ္ေလ……ကိုက္ေနတဲ့အာရုံေျကာကိုနိွပ္ေတာ့လူနာကလည္းသက္သာသ
ေယာင္ေယာင္ေပါ့။ခဏေနယင္ေတာ့အေျကာေတြကေယာင္ကိုင္းထလာျပီးေအာ္ရဘီ ငိုရဘီ ေပါ့ ။ဒါေျကာင့္နားမလည္တဲ့လူနဲ ့မျပမိပါေစနဲ ့။

ဒီေရာဂါဘာေျကာင့္ျဖစ္သလဲေမးယင္အခန္ ့မသင့္လို ့ပဲလို ့ေျဖရလိမ့္မယ္ထင္ပါရဲ့ ။ ေယဘူယ်အားျဖင့္အဝလြန္သူ- အထိုင္မ်ားသူ -ဆီးခ်ိဳရိွသူ - ခါးအလုပ္မ်ားသူ လို ့အယင္က ဆို
ခဲ့ျကေပမယ့္သုေတသနစစ္တမ္းအရအေမရိကန္မွာအသက္၄၀ ေက်ာ္ယင္က်ား ၈၄ /့ံ မ ၇၄ /့ံ
ျဖစ္ပါသတဲ့။တနည္းေျပာရယင္လူတိုင္းနီးပါးဟာတခ်ိန္ခ်ိန္မွာျဖစ္လာနိုင္တယ္လို ့ဆိုလိုပါတယ္။

Cauda Equina Sydrome လို ့ေခါ ္တဲ့အာရုံေျကာမ်ွင္ေတြဖိနိွပ္ထိခိုက္ခံရတဲ့အခါနာတာရွည္
ျဖစ္သြားျပီးဆီးဝမ္းမထိမ္းနိုင္ေအာက္ပိုင္းေသျကာလာယင္အေျကာေသေလျဖတ္တဲ့အထိမို ့
ေပါ့လို ့ရတဲ့ေရာဂါမဟုတ္ပါဖူး။က်ေနာ့္ဆရာသမားျဖစ္သြားတာကေတာ့ေျပာရယင္ အားနာျပီး
Position Disorder ျဖစ္သြားတာပါ။တေန ့မွာျပည္ကေနရန္ကုန္ကိုစစ္သုံးမာဇဒါE2000 ပိကပ္
ကားေလးနဲ ့ခရီးသြားပါတယ္။

ျဖစ္ခ်င္ေတာ့ကားထြက္ကာနီးမွအရာရိွကေတာ္တေယာက္ကသူ ့မိခင္အသည္းအသန္ျဖစ္လို ့ဆိုျပီးအျကံဳလိုက္ ပါတယ္။ကားေခါင္းကက်ဥ္းပါတယ္။သူကအားနာတတ္သူညွာတာတတ္သူမို ့ေခါင္းခန္းထဲကိုေခါ ္တင္ခဲ့ပါတယ္။ေျခာက္နာရီေလာက္ခရီးရွည္ျကီး မွာက်ေနာ့္ဆရာက အလယ္ကျကပ္ျကပ္သပ္ သပ္လိုက္ယင္းထိုအရာရိွကေတာ္နဲ ့ထိမိမွာစိုးလို့မိန္းမသါးမို ့အားနာယင္းကိုယ္ကိုက်ံဳ ့သည္ထက္က်ံဳ ့ကာဟန္ခ်က္မညီPosition မမွန္ပဲလိုက္လာခဲပါသ တဲ့။

ခရီးဆုံးေတာ့ခါးေတြကပူျပီးေညာင္းကိုက္ေနပါသတဲ့။ေနာက္ေန ့က်ေတာ့ခါးနာပါသတဲ့။၃ ရက္ေလာက္ေနေတာ့ဒီေရာဂါရခဲ့တာပါပဲ။ခါးဆစ္ရိုးတခုနဲ ့တခုအျကားကျကားခ ံ inter -
vertebral Disc. က်ြံထြက္သြားတာပါ။

ဒီေရာဂါျဖစ္သူဘယ္ေလာက္မ်ားသလဲ ?ျမန္မာထိုင္းစကၤာပူမေလးရွား သြားကုသူေတြရဲ့အေျခအေန? ေသာက္ရတဲ့ေဆးေတြ?ခံစားရတဲ့အေျခအေနေတြသိခ်င္သပ ဆိုယင္Face Bookမွာ "ခါးနာျခင္း Back Pain Group "လို ့ရွာျကည့္ပါ။

က်ေနာ္အပိုမေျပာေျကာင္းသင္ကိုယ္တိုင္ေတြ့ျမင္ရပါလိမ့္မယ္ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့က်ေနာ့္ဆရာသမားဟာ အရိုးအထူးကု ဂုရုျကီးလို ့ေခါ ္ျကတဲ့ျပင္သစ္နိုင္ငံကProfessor AlainPatel နဲ ့ေတာင္ကုခဲ့ဖူးပါတယ္။အေျခအေနကမတိုးတက္ပါဖူး။ေအာ္ျမဲေအာ္ ကိုက္ျမဲကိုက္လ်က္

FBမွာပလူပ်ံေအာင္share ေနျကသည့္ ေရထဲဆင္းထန္းလ်က္ဘယ္နွစ္ခဲစား တို ့။အာလူးပါးပါး
ကပ္ တာ တို ့။ဘဲဥျပဳတ္စားတာ တို ့ ။သက္ရင္းျကီးမိႆလင္ စည္းတာ တို ့ စုံစီနဖာလုပ္ေသာ္
လည္း ေအာ္ျမဲေအာ္ကိုက္ျမဲကိုက္လ်ွက္။

အကိုက္အခဲေပ်ာက္ေဆးေတြ။လူးရတဲ့ေဆးပူ ေဆးေအးေတြလည္းစုံလွဘီ။ရန္ကုန္ျမိဳ့မွာအ သစ္စက္စက္ဖြင့္တဲ့ေဆးရုံျကီးကပါရဂူ တေယာက္က မခြဲခ်င္ဖူးဆိုေတာ့လည္း Operation ခန္းထဲထည့္။ေသခ်ာTV Screen နဲ ့ျကည့္ျပီးခါးထဲကို Steroidေဆးထိုးထည့္ေပးပါတယ္။OK သြားပါတယ္။Butသို ့ေသာ္လည္း ၃ ရက္ေျမာက္မွာျပန္ျဖစ္ျပန္ျပီ။

အခုေရးခ်င္တဲ့ေနရာေရာက္ပါျပီ။က်ေနာ္လည္းဆရာသမားအတြက္စိတ္မေကာင္း
ပါ။ေဘးကျကည့္ျပီးဘာမွလည္းမကူညီနိုင္။ သူလည္းေဆးေထာက္ခံစာနဲ ့ထြက္ခြင့္တင္လိုက္ပါ
ျပီ။တေန ့မွာ ျပည္ျမိဳ့ မင္းျကီးေတာင္ေပါ ္ကဘုန္းျကီးေက်ာင္းကိုက်ေနာ္မုန္ ့သြားလွဴယင္း စာဖတ္
ခန္းထဲက (အထင္မေသးနဲ ့ျမန္မာ့ေဆး) ဆိုတဲ့ဆရာသိန္း ျပဳစုသည္…………တန္ဖိုး ၅ က်ပ္………
စာအုပ္ေလးဖတ္မိပါတယ္။

အဲဒီမွာ………တင္ပါးခြက္ကိုက္ေသာ္မခက္ေလာ……အိုးမွဳတ္ခြက္နင္းေသာ္မေပ်ာက္ေလာ……ဆိုတဲ့ေဆာင္းပါးေလးဖတ္မိပါတယ္။အားရဝမ္းသာက်ေနာ္ဖတ္ျကည့္ျပီးခ်က္ခ်င္းပဲPhotostat မိတၱဴကူးပါတယ္။က်ေနာ့္ဆရာသမားကိုေျပးျပပါတယ္။ဆရာသမားကအနာကိုက္ခဲေနတဲ့ျကားကမခ်ိျပံဳးျပံဳးယင္း(မင္းကြာ…ငါေဆးကုတာတျပည္လုံးနွံ ့ရုံမက ျပင္သစ္ကပါရဂူနဲ ့ေတာင္မေပ်ာက္ထာ) လို ့ေျပာရွာပါတယ္။ဒါေပမယ့္က်ေနာ္လက္မေလ်ွာ့ပါ။သူ ့ရဲ့ဇနီးနဲ ့အတူတူစာအုပ္ပါေလ့က်င့္ခန္းေတြလုပ္ ျဖစ္ေအာင္အတင္းတြန္းအားေပးခဲ့ပါတယ္။ပထမတရက္ မထူးျခား။

ဒုတိယတရက္ ခါတိုင္းထက္နည္းနည္းသက္သာလာသည္။ တတိယရက္က်ေတာ့ ေကါင္းေကါင္းအိပ္လို ့ရပါျပီ။တနွစ္တိတိခံစားရတဲ့ေရာဂါ ၅ ရက္ေျမာက္ေတာ့အရွင္း ေပ်ာက္။ ဆယ္ရက္ေလါက္ေနေတာ့ပုံမွန္လုပ္ငန္းခြင္ျပန္ဝင္နိုင္ပါျပီ။အခုခ်ိန္ထိလည္းခါးျပန္မနာ
ေတာ့ပါ။

သူတေယာက္ထဲလားဆိုေတာ့မဟုတ္ပါ။အလားတူေဝဒနာရွင္ ဆယ့္နွစ္ေယာက္တိတိကိုိက်ေနာ္
ဒီနည္းနဲ ့ကယ္ခဲ့ဖူးပါသည္။မင္းတို ့တပ္ထဲမွာပုံစံတူေဝဒနာသည္အဲ့သေလာက္မ်ားသလားလို ့မထင္ပါနဲ ့။တပ္ထဲက ၃ ေယာက္ပါ။အျပင္ကေဝဒနာသည္ ၉ ေယာက္ပါ။က်ေနာ္ဒီနည္းသိျပီး
တဲ့ေနာက္မွာ သြားယင္းလာယင္း ခါးေစါင္းေနတဲ့ေဝဒနာသည္ေတြ။ေျခေထာ့နဲ ့ေထာ့နဲ ့ေဝဒနာ
သည္ေတြ။

တင္ပါးခြက္ေလးပြတ္ပြတ္ေနတဲ့ ေဝဒနာသည္ေတြေတြ ့ယင္က်ေနာ္က သိသိမသိသိ
အတင္းလိုက္မိတ္ဖြဲ ့ပါတယ္ဘယ္လိုျဖစ္ထာလဲ?ေပါင္တန္းေနတယ္မဟုတ္လား?ေျခေထာက္
ေျခဖ်ားေတြထုံက်င္ေနတယ္မဟုတ္လား?တင္ပါးခြက္ကမခံစားနိုင္ေအာင္ကိုက္ခဲေနတယ္
မဟုတ္လား?ခါးနာတာကစ တာမဟုတ္လား?ဗုဒၶဘာသာျမန္မာလူမ်ိဳးပီပီ ကူညီခ်င္တယ္-ကယ္
တင္ခ်င္တယ္ေလ။ဇီဝိတဒါနေပါ့…………

ကဲ ေဆးနည္းေလး - စလိုက္ျကရေအာင္……

အခ်ိန္ဆယ္မိနစ္ဆိုရပါျပီ။အိပ္ကာနီး အိပ္ရာမဝင္ခင္အခ်ိန္ ဆိုပါေတာ့……မိမိေရွ ့မွာ … ခါးေလာက္ရိွတဲ့ တန္း(သို ့)ခုံ (သို ့)ျပဴတင္းေပါက္ေဘာင္ တခုခုရိွပါေစ။လူက ႏွစ္
ေတာင္ေလာက္ခြာျပီးေျခစုံရပ္ပါ။ဘယ္ (သို ့)ညာေျခတဖက္ကိုထိုတန္းေပါ ္သို ့လွမ္းတင္လိုက္ပါ။
က်န္တဖက္ကရပ္လ်က္ေပါ့။ထိုသို ့တင္လိုက္ပါကထိုေျခေထာက္၏ေပါင္ေျကာမ်ားေတာင့္တင္း
ေနပါလိမ့္မည္။၄င္းေပါင္ေျခသလုံးေအာက္ဖက္ရိွျကြက္သားမ်ားကိုမိမိလက္၂ဖက္နွင့္နိွပ္နယ္ေခ်
ေပးပါ။ငါးမိနစ္ခန္ ့။ျပီးလ်ွင္ေနာက္တဖက္ေျပာင္းအလားတူ။

အရမ္းမခ်ြံထက္ေသာအုန္းမွဳတ္ခြက္(တျခမ္းစီ)အေနေတာ္ကိုျကမ္းျပင္မွာခ်ထားပါ။ဘယ္ညာ
၂ဖက္စလုံးတက္ရပ္ပါ။ျပီးလ်ွင္ဘယ္ညာဘယ္ညာစည္းခ်က္က်က်အခ်က္၁၀၀ခန္ ့နင္းပါ ။ နင္းသည့္အခါေျခဖဝါးအလယ္ခြက္မနင္းရပါ။ေျခဖဝါးေစါင္းပတ္လည္ ဘယ္ေစါင္းညာေစါင္း
ဖေနာင့္ေျခဖ်ားေလးမ်ားစုံေအာင္နွံ ့ေအာင္ပူထူလာေအာင္နင္းရမည္။ျပဳတ္မက်ေအာင္တန္းတ
ခုခုကိုကိုင္ထားပါ။

ျပီးပါျပီ။ ဒါပါပဲ။ ထိုအခ်ိန္မွစ၍တညလုံးေျခဖဝါးေရမထိပါေစနွင့္။တညလုံးေျခဖဝါးကအပူေတြ
တရိွတ္ရိွတ္ထြက္သလိုခံစားရပါလိမ့္မည္။အလြန္လြယ္ကူပါသည္။တခုပဲ သတိျပဳရမည္ေရာဂါျကီး
လ်ွင္ပထမဆုံးခါးအျမင့္ေလာက္ေျခေထာက္ ကိုေျမွာက္နိုင္မည္မဟုတ္ပါ။နိုင္သေလာက္အျမင့္ပဲ
လုပ္ခိုင္းျပီးတျဖည္းျဖည္းခ်င္းတိုးျမွင့္သြားပါေလ။

အလြန္လြယ္ကူေသာနည္းမို ့အထင္မေသးပါနွင့္။က်ေနာ္နည္းေပး၍ေပ်ာက္ကင္းသြားသူ ၁၂ ဦးထဲ
တြင္ ဂ်ာမန္မွ Odee Harlan ဆိုေသာဆရာဝန္တေယာက္ပါဝင္ပါသည္။

အုန္းမွဳတ္ခြက္နင္းရုံနဲ ့ဘာေျကာင့္ေပ်ာက္သလဲ?က်ေနာ့္ကိုလာမေမးပါနွင့္။ပထဝီ ေတေဇာအာေပါ ဝါေယာက်ေနာ္မသိပါ။က်ေနာ္ဗိေနၷာဆရာမဟုတ္ပါ ။အရိုးအေျကာပညာရွင္Ortho/physiotheraphy /Rehabilitationက်ေနာ္ဘာမွမသိပါ။က်ေနာ္ဆရာဝန္လည္းမဟုတ္ပါ။ေဆးပညာလည္းနားမလည္ပါ။သာမန္တပ္မေတာ္သား စစ္သားတဦးသာျဖစ္ပါသည္။ေပ်ာက္ခဲ့ဖူးလို ့ေပ်ာက္ေစခ်င္လို ့
အေတြ ့အျကံဳမ်ွေဝျခင္းသာျဖစ္ပါသည္။ယုံျကည္လ်ွင္လုပ္ျကည့္ပါ။

မေန ့က ေဝဒနာရွင္တဦးနွင့္ေတြ ့၍…အျကံေပးစကားေျပာျကားယင္းဒီအေျကာင္းေရးဖို ့စိတ္ကူး
ရလာတာပါ။ေစတနာေရွ ့ထား သနားစာနာစိတ္ျဖင့္အပင္ပန္းခံစာအရွည္ျကီးေရးျခင္းျဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Uploader
# Unicode Version # ျဖင့္ ဖတ္ပါ #

အဆိုးဝါးဆုံးရောဂါပါ…အခံရအခက်ဆုံးရောဂါပါလို့ကျနော်ပြောလျှင်ယုံနိုင်မည်မဟုတ်ပါ
ကိုယ်တိုင်မှမခံစားဖူးတာကိုး။သင့်ပတ်ဝန်းကျင်၌ခါးကြီးစေါင်းငန်းစေါင်းငန်းနဲ့သွားနေသူတွေ။တင်
ပါးခွက်ကလေးကိုဖိကာပွတ်ကာသွားလာနေတဲ့သူတွေ။ပေါင်ကိုက်ဒူးကိုက်ခြေသလုံးတလျှောက်
ထုံကျင်နေတဲ့သူတွေတွေ့ယင်အင်တာဗျူးကြည့်ပါ။လေသံတခုတည်းထွက်တာတွေ့ရပါလိမ့်မည်
(ရောဂါအတော်စုံအောင်ဖြစ်ဖူးပါတယ်ဗျာ…ဒီတခါအခံရခက်ဆုံးပဲ)လို့ဖြေကြပါလိမ့်မည်။

ဒီရောဂါအကြောင်းကိုကျနော့်ဆရာသမား(Fighter အရာရှိကြီး)တယောက်အိပ်ယာပေါ ်ကမထနိုင်ပဲ ကိုက်ခဲလွန်းလို့မျက်ရည်တွေတွေကျပြီးအံကြိတ်ခံနေရတာမကြည့်ရက်လို့ကျနော်ထဲ
ထဲဝင်ဝင်လေ့လာဖူးသည်။သူ့အခြေအနေကမတ်တပ်ပင်မရပ်နိုင်ရှာတော့။လူကခါးတစေါင်း
ကြီးဖြစ်နေပြီ။တပ်မတော်ကပင်ထွက်ရတော့မည့်အနေအထားပါ။

ကျနော်နဲ့သိကျွမ်းသောအရိုးအကြောပါရဂူတွေ…Rehabilitation ပါရဂူတွေ……Phisiotheraphist တွေ……စုံနေပါဘီ။MRI ရိုက်ဓါတ်မှန်ရိုက်…လေ့ကျင့်ခန်းလုပ်…အကိုက်အခဲ ပျောက်ဆေးမျိုး စုံသောက်…်ဓါတ်ကင်Vibratorနဲ့နှိပ်……မထူးခြားတော့ဗမာဆရာတွေအကြောပညာရှင်တွေ……အနှိပ်ပညာရှင်တွေ ……အို- မြန်မာပြည်တနံတလျားစုံသလောက်နီးပါးဆိုပါတော့
ကုန်လိုက်တဲ့ငွေ……သွားလိုက်ရတဲ့ခရီး……အချိန်ကတဖြည်းဖြည်းနဲ့တနှစ်ပြည့်တော့မည်။မသက်
သာသည့်အပြင်ပို၍ပို၍ဆိုးလာပါသည်……ခြေထောက်ပါထုံကျင်လာပြီးညာခြေထောက်ကအာ
ရုံခံစားမှုမရှိတော့။တင်ပါးခွက်ထဲကမချိမဆန့်ကိုက်ခဲသည့်ဒဏ်ကိုအယင်ကလိုအံကျိတ်မခံနိုင်
တော့သဖြင့်အော်ဟစ်၍ခံစားနေရရှာသည်။

ကျနော်လည်းလက်လှမ်းမှီရာဆေးပညာစာစောင်တွေ။အာယုဗ္ဗေဒတွေစုံစီနဖာဖတ်သည်။
ခါးခွဲလျှင်ပျောက်နိုင်သည်။ပြန်ဖြစ်ချင်လည်းဖြစ်မည်။အကြမ်းဖျဉ်းပြောရလျှင် လူ့ခန္ဓာကိုယ်မှာ
အကြီးဆုံးအာရုံကြောမကြီးSciatic Nerve ဟာခါးရိုး L4,L5 နေရာကစထွက်ပြီးဘယ်ညာဖြာကာ
တင်ပါးခွက်မှတဆင့်ခြေထောက်တလျှောက်ကိုSupply လုပ်ပါတယ်။ခါးရိုးကျဉ်းသူ, ခါးဆစ်မှာ
အတက(်ကျီးပေါင်း)ထွက်သူ။ခါးရိုးတီဘီရှိသူ ။

ခါးဆစ်တခုနှင့်တခုကြားကDisc အပြားလေးများကျွံထွက်သူ တို့မှာထိုအာရုံကြောကိုဖိမိထိမိသ
ဖြင့် မခံစားနိုင်လောက်အောင် Lကွေးနေရာဖြစ်သောတင်ပါးခွက်မှာသွားကိုက်ခဲတာပါ။သေသေ
ချာချာသိထားရမှာတခုက ဖြစ်ထာကခါးပါနော်။ခံစားရတာကတင်ပါးခွက်ပါနော်။ဆရာဝန်တွေက
ဘယ်ဘက်ဖြစ်ယင်Sciatica Left ညာဖက်ဖြစ်ယင်Sciatica Right လို့ခေါ ်ဆိုကြပါတယ်။

တချို့သဘောတရားနားမလည်တဲ့အနှိပ်ဆရာတွေကလူနာတင်ပါးခွက်ကိုက်တယ်ပြောလေ
တင်ပါးခွက်ကိုစွတ်နှိပ်လေ……ကိုက်နေတဲ့အာရုံကြောကိုနှိပ်တော့လူနာကလည်းသက်သာသ
ယောင်ယောင်ပေါ့။ခဏနေယင်တော့အကြောတွေကယောင်ကိုင်းထလာပြီးအော်ရဘီ ငိုရဘီ ပေါ့ ။ဒါကြောင့်နားမလည်တဲ့လူနဲ့မပြမိပါစေနဲ့။

ဒီရောဂါဘာကြောင့်ဖြစ်သလဲမေးယင်အခန့်မသင့်လို့ပဲလို့ဖြေရလိမ့်မယ်ထင်ပါရဲ့ ။ ယေဘူယျအားဖြင့်အဝလွန်သူ- အထိုင်များသူ -ဆီးချိုရှိသူ - ခါးအလုပ်များသူ လို့အယင်က ဆို
ခဲ့ကြပေမယ့်သုတေသနစစ်တမ်းအရအမေရိကန်မှာအသက်၄၀ ကျော်ယင်ကျား ၈၄ /ံ့ မ ၇၄ /ံ့
ဖြစ်ပါသတဲ့။တနည်းပြောရယင်လူတိုင်းနီးပါးဟာတချိန်ချိန်မှာဖြစ်လာနိုင်တယ်လို့ဆိုလိုပါတယ်။

Cauda Equina Sydrome လို့ခေါ ်တဲ့အာရုံကြောမျှင်တွေဖိနှိပ်ထိခိုက်ခံရတဲ့အခါနာတာရှည်
ဖြစ်သွားပြီးဆီးဝမ်းမထိမ်းနိုင်အောက်ပိုင်းသေကြာလာယင်အကြောသေလေဖြတ်တဲ့အထိမို့
ပေါ့လို့ရတဲ့ရောဂါမဟုတ်ပါဖူး။ကျနော့်ဆရာသမားဖြစ်သွားတာကတော့ပြောရယင် အားနာပြီး
Position Disorder ဖြစ်သွားတာပါ။တနေ့မှာပြည်ကနေရန်ကုန်ကိုစစ်သုံးမာဇဒါE2000 ပိကပ်
ကားလေးနဲ့ခရီးသွားပါတယ်။

ဖြစ်ချင်တော့ကားထွက်ကာနီးမှအရာရှိကတော်တယောက်ကသူ့မိခင်အသည်းအသန်ဖြစ်လို့ဆိုပြီးအကြုံလိုက် ပါတယ်။ကားခေါင်းကကျဉ်းပါတယ်။သူကအားနာတတ်သူညှာတာတတ်သူမို့ခေါင်းခန်းထဲကိုခေါ ်တင်ခဲ့ပါတယ်။ခြောက်နာရီလောက်ခရီးရှည်ကြီး မှာကျနော့်ဆရာက အလယ်ကကြပ်ကြပ်သပ် သပ်လိုက်ယင်းထိုအရာရှိကတော်နဲ့ထိမိမှာစိုးလို့မိန်းမသါးမို့အားနာယင်းကိုယ်ကိုကျုံ့သည်ထက်ကျုံ့ကာဟန်ချက်မညီPosition မမှန်ပဲလိုက်လာခဲပါသ တဲ့။

ခရီးဆုံးတော့ခါးတွေကပူပြီးညောင်းကိုက်နေပါသတဲ့။နောက်နေ့ကျတော့ခါးနာပါသတဲ့။၃ ရက်လောက်နေတော့ဒီရောဂါရခဲ့တာပါပဲ။ခါးဆစ်ရိုးတခုနဲ့တခုအကြားကကြားခ ံ inter -
vertebral Disc. ကျွံထွက်သွားတာပါ။

ဒီရောဂါဖြစ်သူဘယ်လောက်များသလဲ ?မြန်မာထိုင်းစင်္ကာပူမလေးရှား သွားကုသူတွေရဲ့အခြေအနေ? သောက်ရတဲ့ဆေးတွေ?ခံစားရတဲ့အခြေအနေတွေသိချင်သပ ဆိုယင်Face Bookမှာ "ခါးနာခြင်း Back Pain Group "လို့ရှာကြည့်ပါ။

ကျနော်အပိုမပြောကြောင်းသင်ကိုယ်တိုင်တွေ့မြင်ရပါလိမ့်မယ့်ကျနော့်ဆရာသမားဟာ အရိုးအထူးကု ဂုရုကြီးလို့ခေါ ်ကြတဲ့ပြင်သစ်နိုင်ငံကProfessor AlainPatel နဲ့တောင်ကုခဲ့ဖူးပါတယ်။အခြေအနေကမတိုးတက်ပါဖူး။အော်မြဲအော် ကိုက်မြဲကိုက်လျက်

FBမှာပလူပျံအောင်share နေကြသည့် ရေထဲဆင်းထန်းလျက်ဘယ်နှစ်ခဲစား တို့။အာလူးပါးပါး
ကပ် တာ တို့။ဘဲဥပြုတ်စားတာ တို့ ။သက်ရင်းကြီးမိဿလင် စည်းတာ တို့ စုံစီနဖာလုပ်သော်
လည်း အော်မြဲအော်ကိုက်မြဲကိုက်လျှက်။

အကိုက်အခဲပျောက်ဆေးတွေ။လူးရတဲ့ဆေးပူ ဆေးအေးတွေလည်းစုံလှဘီ။ရန်ကုန်မြို့မှာအ သစ်စက်စက်ဖွင့်တဲ့ဆေးရုံကြီးကပါရဂူ တယောက်က မခွဲချင်ဖူးဆိုတော့လည်း Operation ခန်းထဲထည့်။သေချာTV Screen နဲ့ကြည့်ပြီးခါးထဲကို Steroidဆေးထိုးထည့်ပေးပါတယ်။OK သွားပါတယ်။Butသို့သော်လည်း ၃ ရက်မြောက်မှာပြန်ဖြစ်ပြန်ပြီ။

အခုရေးချင်တဲ့နေရာရောက်ပါပြီ။ကျနော်လည်းဆရာသမားအတွက်စိတ်မကောင်း
ပါ။ဘေးကကြည့်ပြီးဘာမှလည်းမကူညီနိုင်။ သူလည်းဆေးထောက်ခံစာနဲ့ထွက်ခွင့်တင်လိုက်ပါ
ပြီ။တနေ့မှာ ပြည်မြို့ မင်းကြီးတောင်ပေါ ်ကဘုန်းကြီးကျောင်းကိုကျနော်မုန့်သွားလှူယင်း စာဖတ်
ခန်းထဲက (အထင်မသေးနဲ့မြန်မာ့ဆေး) ဆိုတဲ့ဆရာသိန်း ပြုစုသည်…………တန်ဖိုး ၅ ကျပ်………
စာအုပ်လေးဖတ်မိပါတယ်။

အဲဒီမှာ………တင်ပါးခွက်ကိုက်သော်မခက်လော……အိုးမှုတ်ခွက်နင်းသော်မပျောက်လော……ဆိုတဲ့ဆောင်းပါးလေးဖတ်မိပါတယ်။အားရဝမ်းသာကျနော်ဖတ်ကြည့်ပြီးချက်ချင်းပဲPhotostat မိတ္တူကူးပါတယ်။ကျနော့်ဆရာသမားကိုပြေးပြပါတယ်။ဆရာသမားကအနာကိုက်ခဲနေတဲ့ကြားကမချိပြုံးပြုံးယင်း(မင်းကွာ…ငါဆေးကုတာတပြည်လုံးနှံ့ရုံမက ပြင်သစ်ကပါရဂူနဲ့တောင်မပျောက်ထာ) လို့ပြောရှာပါတယ်။ဒါပေမယ့်ကျနော်လက်မလျှော့ပါ။သူ့ရဲ့ဇနီးနဲ့အတူတူစာအုပ်ပါလေ့ကျင့်ခန်းတွေလုပ် ဖြစ်အောင်အတင်းတွန်းအားပေးခဲ့ပါတယ်။ပထမတရက် မထူးခြား။

ဒုတိယတရက် ခါတိုင်းထက်နည်းနည်းသက်သာလာသည်။ တတိယရက်ကျတော့ ကေါင်းကေါင်းအိပ်လို့ရပါပြီ။တနှစ်တိတိခံစားရတဲ့ရောဂါ ၅ ရက်မြောက်တော့အရှင်း ပျောက်။ ဆယ်ရက်လေါက်နေတော့ပုံမှန်လုပ်ငန်းခွင်ပြန်ဝင်နိုင်ပါပြီ။အခုချိန်ထိလည်းခါးပြန်မနာ
တော့ပါ။

သူတယောက်ထဲလားဆိုတော့မဟုတ်ပါ။အလားတူဝေဒနာရှင် ဆယ့်နှစ်ယောက်တိတိကိုကျနော်
ဒီနည်းနဲ့ကယ်ခဲ့ဖူးပါသည်။မင်းတို့တပ်ထဲမှာပုံစံတူဝေဒနာသည်အဲ့သလောက်များသလားလို့မထင်ပါနဲ့။တပ်ထဲက ၃ ယောက်ပါ။အပြင်ကဝေဒနာသည် ၉ ယောက်ပါ။ကျနော်ဒီနည်းသိပြီး
တဲ့နောက်မှာ သွားယင်းလာယင်း ခါးစေါင်းနေတဲ့ဝေဒနာသည်တွေ။ခြေထော့နဲ့ထော့နဲ့ဝေဒနာ
သည်တွေ။

တင်ပါးခွက်လေးပွတ်ပွတ်နေတဲ့ ဝေဒနာသည်တွေတွေ့ယင်ကျနော်က သိသိမသိသိ
အတင်းလိုက်မိတ်ဖွဲ့ပါတယ်ဘယ်လိုဖြစ်ထာလဲ?ပေါင်တန်းနေတယ်မဟုတ်လား?ခြေထောက်
ခြေဖျားတွေထုံကျင်နေတယ်မဟုတ်လား?တင်ပါးခွက်ကမခံစားနိုင်အောင်ကိုက်ခဲနေတယ်
မဟုတ်လား?ခါးနာတာကစ တာမဟုတ်လား?ဗုဒ္ဓဘာသာမြန်မာလူမျိုးပီပီ ကူညီချင်တယ်-ကယ်
တင်ချင်တယ်လေ။ဇီဝိတဒါနပေါ့…………

ကဲ ဆေးနည်းလေး - စလိုက်ကြရအောင်……

အချိန်ဆယ်မိနစ်ဆိုရပါပြီ။အိပ်ကာနီး အိပ်ရာမဝင်ခင်အချိန် ဆိုပါတော့……မိမိရှေ့မှာ … ခါးလောက်ရှိတဲ့ တန်း(သို့)ခုံ (သို့)ပြူတင်းပေါက်ဘောင် တခုခုရှိပါစေ။လူက နှစ်
တောင်လောက်ခွာပြီးခြေစုံရပ်ပါ။ဘယ် (သို့)ညာခြေတဖက်ကိုထိုတန်းပေါ ်သို့လှမ်းတင်လိုက်ပါ။
ကျန်တဖက်ကရပ်လျက်ပေါ့။ထိုသို့တင်လိုက်ပါကထိုခြေထောက်၏ပေါင်ကြောများတောင့်တင်း
နေပါလိမ့်မည်။၎င်းပေါင်ခြေသလုံးအောက်ဖက်ရှိကြွက်သားများကိုမိမိလက်၂ဖက်နှင့်နှိပ်နယ်ချေ
ပေးပါ။ငါးမိနစ်ခန့်။ပြီးလျှင်နောက်တဖက်ပြောင်းအလားတူ။

အရမ်းမချွံထက်သောအုန်းမှုတ်ခွက်(တခြမ်းစီ)အနေတော်ကိုကြမ်းပြင်မှာချထားပါ။ဘယ်ညာ
၂ဖက်စလုံးတက်ရပ်ပါ။ပြီးလျှင်ဘယ်ညာဘယ်ညာစည်းချက်ကျကျအချက်၁၀၀ခန့်နင်းပါ ။ နင်းသည့်အခါခြေဖဝါးအလယ်ခွက်မနင်းရပါ။ခြေဖဝါးစေါင်းပတ်လည် ဘယ်စေါင်းညာစေါင်း
ဖနောင့်ခြေဖျားလေးများစုံအောင်နှံ့အောင်ပူထူလာအောင်နင်းရမည်။ပြုတ်မကျအောင်တန်းတ
ခုခုကိုကိုင်ထားပါ။

ပြီးပါပြီ။ ဒါပါပဲ။ ထိုအချိန်မှစ၍တညလုံးခြေဖဝါးရေမထိပါစေနှင့်။တညလုံးခြေဖဝါးကအပူတွေ
တရှိတ်ရှိတ်ထွက်သလိုခံစားရပါလိမ့်မည်။အလွန်လွယ်ကူပါသည်။တခုပဲ သတိပြုရမည်ရောဂါကြီး
လျှင်ပထမဆုံးခါးအမြင့်လောက်ခြေထောက် ကိုမြှောက်နိုင်မည်မဟုတ်ပါ။နိုင်သလောက်အမြင့်ပဲ
လုပ်ခိုင်းပြီးတဖြည်းဖြည်းချင်းတိုးမြှင့်သွားပါလေ။

အလွန်လွယ်ကူသောနည်းမို့အထင်မသေးပါနှင့်။ကျနော်နည်းပေး၍ပျောက်ကင်းသွားသူ ၁၂ ဦးထဲ
တွင် ဂျာမန်မှ Odee Harlan ဆိုသောဆရာဝန်တယောက်ပါဝင်ပါသည်။

အုန်းမှုတ်ခွက်နင်းရုံနဲ့ဘာကြောင့်ပျောက်သလဲ?ကျနော့်ကိုလာမမေးပါနှင့်။ပထဝီ တေဇောအာပေါ ဝါယောကျနော်မသိပါ။ကျနော်ဗိန္နောဆရာမဟုတ်ပါ ။အရိုးအကြောပညာရှင်Ortho/physiotheraphy /Rehabilitationကျနော်ဘာမှမသိပါ။ကျနော်ဆရာဝန်လည်းမဟုတ်ပါ။ဆေးပညာလည်းနားမလည်ပါ။သာမန်တပ်မတော်သား စစ်သားတဦးသာဖြစ်ပါသည်။ပျောက်ခဲ့ဖူးလို့ပျောက်စေချင်လို့
အတွေ့အကြုံမျှဝေခြင်းသာဖြစ်ပါသည်။ယုံကြည်လျှင်လုပ်ကြည့်ပါ။

မနေ့က ဝေဒနာရှင်တဦးနှင့်တွေ့၍…အကြံပေးစကားပြောကြားယင်းဒီအကြောင်းရေးဖို့စိတ်ကူး
ရလာတာပါ။စေတနာရှေ့ထား သနားစာနာစိတ်ဖြင့်အပင်ပန်းခံစာအရှည်ကြီးရေးခြင်းဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Original Uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top