ျမန္မာႏုိင္ငံရဲ႕ ေအာင္ျမင္တဲ့ ထိပ္တန္းမင္းသား တစ္ဦးျဖစ္ၿပီး ခႏၶာကုိယ္ေတာင့္တင္း ခုိင္မာႂကြက္သားလွပမႈေတြေၾကာင့္ မိန္းကေလးပရိသတ္ေတြ အမ်ားဆုံး အားေပးၾကတဲ့ မင္းသား ေအာင္ရဲလင္းကေတာ့ သူနဲ႔ပတ္သက္ခဲ့တဲ့ ခ်စ္သူမိန္းကေလး Relationship တုိင္းကုိ ေက်နပ္မႈ႐ွိၿပီး သူတုိ႔နဲ႔ ပတ္သက္ခဲ့လုိ႔လဲ ေနာင္တမရဘူးလုိ႔ MC ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ေအာင္ရဲလင္းက “ကြၽန္ေတာ္ျဖစ္္ခဲ့တဲ့ အရာအားလုံးတုိင္းကုိ ကြၽန္ေတာ္ေက်နပ္ပါတယ္။ ကြၽန္ေတာ္ပတ္သက္ခဲ့တဲ့ Relationship တုိင္းကုိလည္း ေက်နပ္ပါတယ္။ ဒါ့ေၾကာင့္ အဲ့တာနဲ႔ ပတ္သက္ၿပီးေတာ့ ေနာင္တရတယ္ဆုိတာ ကြၽန္ေတာ့္မွာ မ႐ွိပါဘူး။

ဒါေၾကာင့္ ဘာမွေျပာစရာမ႐ွိပါဘူး ေနာက္ဆုံး ေအးေဆးျဖစ္သြားၾကတဲ့ အခ်ိန္မွာ အခုလုိမ်ိဴး တစ္ေယာက္နဲ႔တစ္ေယာက္ ခုနက ေျပာသလုိ လိပ္ျပာသန္႔သန္႔နဲ႔ အဆင္ေျပသြားရင္ အဆင္ေျပတယ္လုိ႔ပဲ ကြၽန္ေတာ္ေတြးထားတယ္။

ဒါေၾကာင့္ မေကာင္းတာေျပာဖုိ႔လည္း ဆႏၵမ႐ွိဘူး။ အဓိကေတာ့ ကြၽန္ေတာ္ ပတ္သက္ခဲ့တဲ့ Relationship က ကြၽန္ေတာ္ကုိယ္တုိင္ ေက်နပ္ခဲ့လုိ႔ ပတ္သက္တာေၾကာင့္ ကြၽန္ေတာ္ေက်နပ္တယ္ အဲ့အတြက္ ကြၽန္ေတာ့္မွာ ေနာင္တရတာမ႐ွိပါဘူး။


ကြၽန္ေတာ္ကေတာ့ Relationship တစ္ခုမွာ ကြၽန္ေတာ္ျမင္တာကေတာ့ ကြၽန္ေတာ္တစ္ေယာက္တည္း အေကာင္းဆုံးေပးဆပ္တယ္လုိ႔ မဆုိလုိပါဘူး Relationship တုိင္းကေတာ့ အကုန္လုံးကေတာ့ အျပဳိင္ဆုိင္ ႏွစ္ဦးသေဘာတူ အေကာင္းဆုံး႐ွိတဲ့ အရာေတြ အကုန္လုံးကုိ စိတ္ထားေကာင္းလုိ႔ ထားခဲ့ၾကတာခ်ည္းပါပဲ ကံအေၾကာင္းတရားေၾကာင့္သာလွ်င္ ကြဲကြာသြားၾကရတာေလ။

ဆုိေတာ့ အဓိကေတာ့ ကြဲသြားၿပီဆုိရင္လည္း ကြဲသြားတဲ့လူကလည္း လိပ္ျပာသန္႔မွပဲ ကြၽန္ေတာ္ကုိယ္တုိင္လည္း လိပ္ျပာသန္႔မွပဲ ဘာလုိ႔လဲဆုိေတာ့ ကြၽန္ေတာ္ တည္ေဆာက္တဲ့ Relationship က ကြၽန္ေတာ္ေမွ်ာ္လင့္တာေပါ့ေနာ္ ကြၽန္ေတာ္ ထင္တာေပါ့ ကြၽန္ေတာ္လည္း ဘယ္သူဆီက ဘာမွမေမွ်ာ္လင့္သလုိ ကြၽန္ေတာ္နဲ႔ ပတ္သက္သူတုိင္းကလည္း ကြၽန္ေတာ့္ဆီက ဘာမွမေမွ်ာ္လင့္ဘူးဆုိတာ ယုံၾကည္ပါတယ္ အဲ့အတြက္ေၾကာင့္ ကုိယ္တစ္ေယာက္တည္း လိပ္ျပာသန္႔တာေတာ့ မဟုတ္ပါဘူး။ အခုလုံး ႏွစ္ဦးႏွစ္ဖက္လုံး လိပ္ျပာသန္႔တာပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။



ခ်စ္တဲ့သူအတြက္ဆုိ ဘယ္လုိစိတ္မိ်ဳးထားလဲလုိ႔ ေမးျမန္းရာ “ကြၽန္ေတာ္ကေတာ့ ခ်စ္ရတဲ့သူတုိင္းကုိ အေကာင္းဆုံး စိတ္ပဲ ထားပါတယ္။ တန္ဖုိးထားတယ္ ၿပီးေတာ့ အေကာင္းဆုံးပဲ ကြၽန္ေတာ္ ဆက္ဆံပါတယ္။

 ကြဲသြားတာ မကြဲသြားတာက တစ္ပုိင္းေပါ့ ဒါေပမဲ့ ႐ွိေနတဲ့ အခ်ိန္မွာေတာ့ အေကာင္းဆုံး။ ဘာေမွ်ာ္လင့္ခ်က္မွလည္းမ႐ွိဘူး ဘယ္သူ႔ဆီမွ အဲ့အတြက္ အေကာင္းဆုံးစိတ္ပဲ ကြၽန္ေတာ္ ေမြးထားပါတယ္။ က်န္တာေတာ့ ကံေပါ့ေလ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ ထိပ်တန်းမင်းသား တစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်တောင့်တင်း ခိုင်မာကြွက်သားလှပမှုတွေကြောင့် မိန်းကလေးပရိသတ်တွေ အများဆုံး အားပေးကြတဲ့ မင်းသား အောင်ရဲလင်းကတော့ သူနဲ့ပတ်သက်ခဲ့တဲ့ ချစ်သူမိန်းကလေး Relationship တိုင်းကို ကျေနပ်မှုရှိပြီး သူတို့နဲ့ ပတ်သက်ခဲ့လို့လဲ နောင်တမရဘူးလို့ MC ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

အောင်ရဲလင်းက “ကျွန်တော်ဖြစ်ခဲ့တဲ့ အရာအားလုံးတိုင်းကို ကျွန်တော်ကျေနပ်ပါတယ်။ ကျွန်တော်ပတ်သက်ခဲ့တဲ့ Relationship တိုင်းကိုလည်း ကျေနပ်ပါတယ်။ ဒါ့ကြောင့် အဲ့တာနဲ့ ပတ်သက်ပြီးတော့ နောင်တရတယ်ဆိုတာ ကျွန်တော့်မှာ မရှိပါဘူး။

ဒါကြောင့် ဘာမှပြောစရာမရှိပါဘူး နောက်ဆုံး အေးဆေးဖြစ်သွားကြတဲ့ အချိန်မှာ အခုလိုမျိူး တစ်ယောက်နဲ့တစ်ယောက် ခုနက ပြောသလို လိပ်ပြာသန့်သန့်နဲ့ အဆင်ပြေသွားရင် အဆင်ပြေတယ်လို့ပဲ ကျွန်တော်တွေးထားတယ်။

ဒါကြောင့် မကောင်းတာပြောဖို့လည်း ဆန္ဒမရှိဘူး။ အဓိကတော့ ကျွန်တော် ပတ်သက်ခဲ့တဲ့ Relationship က ကျွန်တော်ကိုယ်တိုင် ကျေနပ်ခဲ့လို့ ပတ်သက်တာကြောင့် ကျွန်တော်ကျေနပ်တယ် အဲ့အတွက် ကျွန်တော့်မှာ နောင်တရတာမရှိပါဘူး။

ကျွန်တော်ကတော့ Relationship တစ်ခုမှာ ကျွန်တော်မြင်တာကတော့ ကျွန်တော်တစ်ယောက်တည်း အကောင်းဆုံးပေးဆပ်တယ်လို့ မဆိုလိုပါဘူး Relationship တိုင်းကတော့ အကုန်လုံးကတော့ အပြိုင်ဆိုင် နှစ်ဦးသဘောတူ အကောင်းဆုံးရှိတဲ့ အရာတွေ အကုန်လုံးကို စိတ်ထားကောင်းလို့ ထားခဲ့ကြတာချည်းပါပဲ ကံအကြောင်းတရားကြောင့်သာလျှင် ကွဲကွာသွားကြရတာလေ။

ဆိုတော့ အဓိကတော့ ကွဲသွားပြီဆိုရင်လည်း ကွဲသွားတဲ့လူကလည်း လိပ်ပြာသန့်မှပဲ ကျွန်တော်ကိုယ်တိုင်လည်း လိပ်ပြာသန့်မှပဲ ဘာလို့လဲဆိုတော့ ကျွန်တော် တည်ဆောက်တဲ့ Relationship က ကျွန်တော်မျှော်လင့်တာပေါ့နော် ကျွန်တော် ထင်တာပေါ့ ကျွန်တော်လည်း ဘယ်သူဆီက ဘာမှမမျှော်လင့်သလို ကျွန်တော်နဲ့ ပတ်သက်သူတိုင်းကလည်း ကျွန်တော့်ဆီက ဘာမှမမျှော်လင့်ဘူးဆိုတာ ယုံကြည်ပါတယ် အဲ့အတွက်ကြောင့် ကိုယ်တစ်ယောက်တည်း လိပ်ပြာသန့်တာတော့ မဟုတ်ပါဘူး။ အခုလုံး နှစ်ဦးနှစ်ဖက်လုံး လိပ်ပြာသန့်တာပါ။”လို့ ပြောသွားခဲ့ပါတယ်။

ချစ်တဲ့သူအတွက်ဆို ဘယ်လိုစိတ်မျိုးထားလဲလို့ မေးမြန်းရာ “ကျွန်တော်ကတော့ ချစ်ရတဲ့သူတိုင်းကို အကောင်းဆုံး စိတ်ပဲ ထားပါတယ်။ တန်ဖိုးထားတယ် ပြီးတော့ အကောင်းဆုံးပဲ ကျွန်တော် ဆက်ဆံပါတယ်။

 ကွဲသွားတာ မကွဲသွားတာက တစ်ပိုင်းပေါ့ ဒါပေမဲ့ ရှိနေတဲ့ အချိန်မှာတော့ အကောင်းဆုံး။ ဘာမျှော်လင့်ချက်မှလည်းမရှိဘူး ဘယ်သူ့ဆီမှ အဲ့အတွက် အကောင်းဆုံးစိတ်ပဲ ကျွန်တော် မွေးထားပါတယ်။ ကျန်တာတော့ ကံပေါ့လေ။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top