ဂီတ တီးဝိုင္းေတြထဲမွာ Wanted အဖြဲ႕ကို လူၾကိဳက္မ်ားသလို rock သီခ်င္းေကာင္းေတြေၾကာင့္ အားေပးသူ မ်ားပါတယ္။ ေယာက်္ားေလး အမ်ားစု ရဲ႕ ခံစားခ်က္နဲ႔ ကိုက္ညီမယ့္ သံစဥ္ေတြကို ဖန္တီးႏိုင္တာေၾကာင့္ Wanted ရိႈးပြဲမွာ လူစည္ပါတယ္။ Wanted band ကို အားေပးတဲ့ အမ်ိဳးေတြအတြက္ သီးသန္႔ရိႈး က်င္းပေပးမယ့္အေၾကာင္းကို Fokker က ခုလို ေျပာသြားပါတယ္။

“ရိႈးသြားၾကည့္မယ္ ဆိုတာထက္ Wanted ကုိ ၾကိဳက္တဲ့ wanted သီခ်င္းေတြကို အားရပါးရ နားေထာင္ခ်င္တဲ့ ကၽြန္ေတာ့္ရဲ႕ အမ်ိဳးေတြကို အဓိက ရည္ရြယ္ျပီး လုပ္လိုက္တာပါ။ ဒါေၾကာင့္ လူအမ်ားၾကီး သိပ္မဆန္႕တဲ့ ေနရာကို ေရြးျပီး လုပ္တာေပါ့ေနာ္။ သိုသိုသိပ္သိပ္ေလးပဲ ျဖစ္သြားတာေပါ့။” လို႔ ဆိုပါတယ္။

ရိႈးလုပ္ျဖစ္မယ့္ ေနရာနဲ႔ အေၾကာင္းရင္းကိုလည္း Fokker က ခုလို ေျပာသြားပါတယ္။

“အခုလုပ္မယ့္ေနရာကေတာ့ radio bar ေပါ့။ bar က rock culture နဲ႔ လိုက္တယ္။ club လိုလည္း မဟုတ္ျပန္ဘူး။ သူမ်ားႏိုင္ငံေတြမွာလို ျဖစ္ခ်င္တာ။ အရင္တုန္းကဆိုရင္ေတာ့ ေပးလုပ္ရဲမွာ မဟုတ္ဘူး။ အခု ကၽြန္ေတာ့္လူေတြကို ကၽြန္ေတာ္ ယံုတယ္။ စိတ္ခ်ပါ..လံုးဝ ရန္မျဖစ္ဘူးဆိုေတာ့ ေပးလုပ္ရဲတာေပါ့ေလ။” ဆိုျပီး ေျပာျပသြားပါတယ္။



လက္မွတ္ေရာင္းမယ့္ အခ်ိန္နဲ႔ ေနရာကိုလည္း Fokker က ခုလို ေျပာသြားပါတယ္။

“ (၆) လပိုင္း ၂၉ ရက္ေန႔ ပဲြအတြက္ လက္မွတ္ေတြကိုေတာ့ ပြဲမတိုင္ခင္ တစ္ပတ္အလိုမွာ စေရာင္းပါမယ္။ (၁၈) ရက္ေန႔ ၇ လပိုင္းပြဲကေတာ့ ပြဲမတိုင္ခင္ သံုးရက္ေလာက္ အလိုမွာ စေရာင္းျဖစ္မွာပါ။ လက္မွတ္ကို ႏွစ္မ်ိဳးေရာင္းမွာ။ အေပၚနဲ႔ ေအာက္ခြဲထားတယ္။ တစ္ခ်ိဳ႕က်ေတာ့ Rock ပြဲေတြဆိုရင္ ခုထိေၾကာက္ေနတယ္။ မလာရဲေသးဘူးတို႔ရွိတယ္။ တစ္ခ်ိဳ႕က်ေတာ့ အတြဲေတြ ထိမွာ ေၾကာက္တယ္ဆိုသူေတြအတြက္ သပ္သပ္ခြဲေပးထားတယ္။” ဆိုျပီး ေျပာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

ဂီတ တီးဝိုင်းတွေထဲမှာ Wanted အဖွဲ့ကို လူကြိုက်များသလို rock သီချင်းကောင်းတွေကြောင့် အားပေးသူ များပါတယ်။ ယောကျ်ားလေး အများစု ရဲ့ ခံစားချက်နဲ့ ကိုက်ညီမယ့် သံစဉ်တွေကို ဖန်တီးနိုင်တာကြောင့် Wanted ရှိုးပွဲမှာ လူစည်ပါတယ်။ Wanted band ကို အားပေးတဲ့ အမျိုးတွေအတွက် သီးသန့်ရှိုး ကျင်းပပေးမယ့်အကြောင်းကို Fokker က ခုလို ပြောသွားပါတယ်။

“ရှိုးသွားကြည့်မယ် ဆိုတာထက် Wanted ကို ကြိုက်တဲ့ wanted သီချင်းတွေကို အားရပါးရ နားထောင်ချင်တဲ့ ကျွန်တော့်ရဲ့ အမျိုးတွေကို အဓိက ရည်ရွယ်ပြီး လုပ်လိုက်တာပါ။ ဒါကြောင့် လူအများကြီး သိပ်မဆန့်တဲ့ နေရာကို ရွေးပြီး လုပ်တာပေါ့နော်။ သိုသိုသိပ်သိပ်လေးပဲ ဖြစ်သွားတာပေါ့။” လို့ ဆိုပါတယ်။



ရှိုးလုပ်ဖြစ်မယ့် နေရာနဲ့ အကြောင်းရင်းကိုလည်း Fokker က ခုလို ပြောသွားပါတယ်။

“အခုလုပ်မယ့်နေရာကတော့ radio bar ပေါ့။ bar က rock culture နဲ့ လိုက်တယ်။ club လိုလည်း မဟုတ်ပြန်ဘူး။ သူများနိုင်ငံတွေမှာလို ဖြစ်ချင်တာ။ အရင်တုန်းကဆိုရင်တော့ ပေးလုပ်ရဲမှာ မဟုတ်ဘူး။ အခု ကျွန်တော့်လူတွေကို ကျွန်တော် ယုံတယ်။ စိတ်ချပါ..လုံးဝ ရန်မဖြစ်ဘူးဆိုတော့ ပေးလုပ်ရဲတာပေါ့လေ။” ဆိုပြီး ပြောပြသွားပါတယ်။

လက်မှတ်ရောင်းမယ့် အချိန်နဲ့ နေရာကိုလည်း Fokker က ခုလို ပြောသွားပါတယ်။

“ (၆) လပိုင်း ၂၉ ရက်နေ့ ပွဲအတွက် လက်မှတ်တွေကိုတော့ ပွဲမတိုင်ခင် တစ်ပတ်အလိုမှာ စရောင်းပါမယ်။ (၁၈) ရက်နေ့ ၇ လပိုင်းပွဲကတော့ ပွဲမတိုင်ခင် သုံးရက်လောက် အလိုမှာ စရောင်းဖြစ်မှာပါ။ လက်မှတ်ကို နှစ်မျိုးရောင်းမှာ။ အပေါ်နဲ့ အောက်ခွဲထားတယ်။ တစ်ချို့ကျတော့ Rock ပွဲတွေဆိုရင် ခုထိကြောက်နေတယ်။ မလာရဲသေးဘူးတို့ရှိတယ်။ တစ်ချို့ကျတော့ အတွဲတွေ ထိမှာ ကြောက်တယ်ဆိုသူတွေအတွက် သပ်သပ်ခွဲပေးထားတယ်။” ဆိုပြီး ပြောသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top