ျမန္မာႏိုင္ငံရဲ့ နာမည္ၾကီး အစီအစဥ္ေတြထဲက တခုျဖစ္တဲ့ The Voice Myanmar ျပိဳင္ပြဲၾကီးကေတာ့ Season 2 အေနနဲ႔ က်င္းပတာ မေန႔တုန္းကေတာ့ ေအာင္ျမင္စြာ ျပီးဆံုးသြားခဲ့ျပီပဲ ျဖစ္ပါတယ္။ Winner အေနနဲ႔ကေတာ့ Novem Htoo ရရွိသြားျပီး Top 2 ထဲမွာေတာ့ Paul Austin ကလည္း ပရိသတ္အခိုင္အမာ ရရွိခဲ့ပါတယ္။ Paul Austin ကလည္း ပရိသတ္ေတြ တခဲနက္အားေပးၾကတဲ့ အဆိုေတာ္ျဖစ္တာေၾကာင့္ သူ႔အေနနဲ႔ အႏုပညာကိုပဲ ဆက္လုပ္သြားမယ္လို႔ ေျပာၾကားလာခဲ့ပါတယ္။

Paul Austin ကေတာ့ PanPwint နဲ႔ အင္တာဗ်ဴးတြင္ Final ရလဒ္အေပၚခံစားခ်က္နဲ႔ ပတ္သက္ျပီး “အရမ္းဝမ္းသာပါတယ္။ က်ေနာ္ ဒီအဆင့္ထိပါလာတဲ့အတြက္။ အရမ္းၾကီးေတာ့ မဟုတ္ပါဘူး။ ကိုယ့္ကိုလည္း ေမွ်ာ္ေတာ့ေမွ်ာ္လင့္ပါတယ္။ ဒီအေျခအေနေလးကို အရမ္းေက်နပ္ပါတယ္။ ကုိ Novem ကလည္း Talent ရွိတဲ့ အႏုပညာရွင္တေယာက္ဆိုေတာ့ က်ေနာ္အရမ္းေက်နပ္ပါတယ္ဗ်ာ”

ဆုနဲ႔လြဲခဲ့ရတဲ့ ကိုယ့္ရဲ့ခံစားခ်က္နဲ႔ ပတ္သက္ျပီး “ဒါကေတာ့ ဘုရားရဲ့အလိုေတာ္ေပါ့။ ဘုရားရဲ့လက္ကို အပ္ထားတယ္။ ဘုရားက ေပးခဲ့ရင္ က်ေနာ္ရမယ္ေပါ့။ မေပးရင္ေတာ့ မရဘူးေပါ့။ က်ေနာ္ကေတာ့ လက္ခံႏိုင္တယ္ဗ်”

ကိုယ္ရဲ့ Fan ေတြကို ဘာေျပာခ်င္လဲဆိုတဲ့ အေပၚမွာေတာ့ “က်ေနာ့္ပရိသတ္ေတြကို ေျပာခ်င္တာကလည္းစိတ္အရမ္းမတိုၾကပါနဲ႔လို႔။ က်ေနာ္ Winner မျဖစ္ေပမယ့္လည္း က်ေနာ္အႏုပညာလိုင္းကေန ထြက္သြားမွာ မဟုတ္ပါဘူး။ ပရိသတ္ေတြနဲ႔ ရွိေနမယ္။ သီခ်င္းေတြဆက္လုပ္ေနမွာပါ။ ဒါေၾကာင့္ က်ေနာ့္ပရိသတ္ေတြလည္း စိတ္မတိုပါနဲ႔။ စိတ္ေတြလည္းမဆိုးၾကပါနဲ႔”

ဘာေတြဆက္လုပ္သြားမလဲဆိုတဲ့ အေပၚမွာေတာ့ “က်ေနာ္ကေတာ့ အခုကေနစျပီးေတာ့ အႏုပညာဆက္လႈပ္ဖို႔ ၾကိဳးစားသြားမယ္။ ထိုင္း ကိုေတာ့ က်ေနာ္ မျပန္ေတာ့ဘူးဗ်။ အလုပ္မလုပ္ေတာ့ဘူး။



ခုအႏုပညာလမ္းေၾကာင္းေပၚေရာက္ေနျပီလို႔ ယံုတယ္။ က်ေနာ့္ပရိသတ္ေတြကိုလည္း ယံုတဲ့အတြက္ေၾကာင့္ အႏုပညာကိုပဲ ဆက္လုပ္သြားပါမယ္ဗ်ာ။ အခုေလာေလာဆယ္ သီခ်င္းထြက္ဖို႔ ၾကိဳးစားမယ္ဗ်ာ။ သီခ်င္းလုပ္ဖို႔ေတာ့ ေသခ်ာပါတယ္”

“က်ေနာ့္ကို အားေပးၾကတဲ့သူေတြကိုလည္း ေက်းဇူးတင္ပါတယ္။ က်ေနာ္ Top 2 ရတယ္ဆိုေပမယ့္ က်ေနာ့္ကို အားေပးေနတဲ့သူေတြ အမ်ားၾကီးရွိလို႔ ေရာက္တယ္လို႔ ထင္ပါတယ္။ ဘုရားရွင္ရဲ့ ေက်းဇူးေတာ္ကိုလည္း ခ်ီးမႊမ္းခ်င္တယ္။ အားေပးတဲ့ တေယာက္ခ်င္းဆီတိုင္းကိုခ်စ္ပါတယ္ဗ်ာ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
# Unicode Version # ျဖင့္ ဖတ္ပါ #

မြန်မာနိုင်ငံရဲ့ နာမည်ကြီး အစီအစဉ်တွေထဲက တခုဖြစ်တဲ့ The Voice Myanmar ပြိုင်ပွဲကြီးကတော့ Season 2 အနေနဲ့ ကျင်းပတာ မနေ့တုန်းကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ Winner အနေနဲ့ကတော့ Novem Htoo ရရှိသွားပြီး Top 2 ထဲမှာတော့ Paul Austin ကလည်း ပရိသတ်အခိုင်အမာ ရရှိခဲ့ပါတယ်။ Paul Austin ကလည်း ပရိသတ်တွေ တခဲနက်အားပေးကြတဲ့ အဆိုတော်ဖြစ်တာကြောင့် သူ့အနေနဲ့ အနုပညာကိုပဲ ဆက်လုပ်သွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။

Paul Austin ကတော့ PanPwint နဲ့ အင်တာဗျူးတွင် Final ရလဒ်အပေါ်ခံစားချက်နဲ့ ပတ်သက်ပြီး “အရမ်းဝမ်းသာပါတယ်။ ကျနော် ဒီအဆင့်ထိပါလာတဲ့အတွက်။ အရမ်းကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုလည်း မျှော်တော့မျှော်လင့်ပါတယ်။ ဒီအခြေအနေလေးကို အရမ်းကျေနပ်ပါတယ်။ ကို Novem ကလည်း Talent ရှိတဲ့ အနုပညာရှင်တယောက်ဆိုတော့ ကျနော်အရမ်းကျေနပ်ပါတယ်ဗျာ”

ဆုနဲ့လွဲခဲ့ရတဲ့ ကိုယ့်ရဲ့ခံစားချက်နဲ့ ပတ်သက်ပြီး “ဒါကတော့ ဘုရားရဲ့အလိုတော်ပေါ့။ ဘုရားရဲ့လက်ကို အပ်ထားတယ်။ ဘုရားက ပေးခဲ့ရင် ကျနော်ရမယ်ပေါ့။ မပေးရင်တော့ မရဘူးပေါ့။ ကျနော်ကတော့ လက်ခံနိုင်တယ်ဗျ”

ကိုယ်ရဲ့ Fan တွေကို ဘာပြောချင်လဲဆိုတဲ့ အပေါ်မှာတော့ “ကျနော့်ပရိသတ်တွေကို ပြောချင်တာကလည်းစိတ်အရမ်းမတိုကြပါနဲ့လို့။ ကျနော် Winner မဖြစ်ပေမယ့်လည်း ကျနော်အနုပညာလိုင်းကနေ ထွက်သွားမှာ မဟုတ်ပါဘူး။ ပရိသတ်တွေနဲ့ ရှိနေမယ်။ သီချင်းတွေဆက်လုပ်နေမှာပါ။ ဒါကြောင့် ကျနော့်ပရိသတ်တွေလည်း စိတ်မတိုပါနဲ့။ စိတ်တွေလည်းမဆိုးကြပါနဲ့”

ဘာတွေဆက်လုပ်သွားမလဲဆိုတဲ့ အပေါ်မှာတော့ “ကျနော်ကတော့ အခုကနေစပြီးတော့ အနုပညာဆက်လှုပ်ဖို့ ကြိုးစားသွားမယ်။ ထိုင်း ကိုတော့ ကျနော် မပြန်တော့ဘူးဗျ။ အလုပ်မလုပ်တော့ဘူး။

ခုအနုပညာလမ်းကြောင်းပေါ်ရောက်နေပြီလို့ ယုံတယ်။ ကျနော့်ပရိသတ်တွေကိုလည်း ယုံတဲ့အတွက်ကြောင့် အနုပညာကိုပဲ ဆက်လုပ်သွားပါမယ်ဗျာ။ အခုလောလောဆယ် သီချင်းထွက်ဖို့ ကြိုးစားမယ်ဗျာ။ သီချင်းလုပ်ဖို့တော့ သေချာပါတယ်”

“ကျနော့်ကို အားပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော် Top 2 ရတယ်ဆိုပေမယ့် ကျနော့်ကို အားပေးနေတဲ့သူတွေ အများကြီးရှိလို့ ရောက်တယ်လို့ ထင်ပါတယ်။ ဘုရားရှင်ရဲ့ ကျေးဇူးတော်ကိုလည်း ချီးမွှမ်းချင်တယ်။ အားပေးတဲ့ တယောက်ချင်းဆီတိုင်းကိုချစ်ပါတယ်ဗျာ” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top