အရင္အခ်ိန္တုန္းက ေတးသီခ်င္းေပါင္းမ်ားစြာကုိအေကာင္းဆုံးသီဆုိႏုိင္ခဲ့ၿပီး ပရိသတ္ေတြ အၾကဳိက္ျဖစ္ခဲ့ရသလုိ သူရဲ႕ fashion designေတြကလည္း လက္႐ွိအခ်ိန္မွာ အျမဲ အျမင္ဆန္းဆန္းေလးျဖစ္ေအာင္ ေနတဲ့ ႏုိင္ငံေက်ာ္ေတးသံ႐ွင္ ျမန္မာျပည္သိန္းတန္ကေတာ့ ျမန္မာႏုိင္ငံမွာ ပရိသတ္ စိတ္ဝင္စားမႈ အမ်ားဆုံး သီခ်င္းဆုိျပဳိင္ပြဲတစ္ခုျဖစ္တဲ့ Myanmar Idol မွာ ဒုိင္တစ္ေယာက္အျဖစ္ မပါဝင္ႏုိင္ေတာ့တဲ့အတြက္ စိတ္မေကာင္းျဖစ္ရပါတယ္လုိ႔ MC နဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ျမန္မာျပည္သိန္းတန္က “ပရိသတ္ေတြအတြက္ေတာ့ အန္ကယ္ စိတ္မေကာင္းျဖစ္တယ္။ ေနာက္ၿပီးေတာ့ ပရိသတ္ေတြက မိဘေတြေနာ္ တကယ့္မိဘေတြ အန္ကယ္တုိ႔ အႏုပညာ႐ွင္ေတြရဲ႕ မိဘေတြရဲ႕ ဆႏၵေလးေတြ ေျပာစကားေလးေတြကုိ ေတးခ်စ္သူက ျပတယ္ေလ။ အန္ကယ္က Facebook လည္းမၾကည့္ပါဘူး။

အဲ့တာေလးကုိ ေတြ႔ေတာ့ မိဘ ေတြရဲ႕ အသည္းႏွလုံးကုိ ကုိယ္ခ်င္းစာၿပီးေတာ့ အန္ကယ္နားလည္တယ္ေလ။ အားလုံးကုိေတာ့ အန္ကယ္က်န္းက်န္းမာမာ ခ်မ္းခ်မ္းသာသာနဲ႔ စိတ္ကုိ ေျဖသိမ့္ၾကပါ။ အားလုံး အဆင္ေျပသြားမွာပါ။ အဲ့လုိပဲ ေျပာခ်င္ပါတယ္။



ပရိသတ္ေတြကုိ အန္ကယ္ အားလုံးေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ပဲ ရတာမလုိ လုိတာမရ သေဘာေလးေတြ႐ွိတာကုိ ေလာကမွာ ဆႏၵေလးေတြ ႐ွိေပမယ့္လည္း တခ်ိဳ႕လည္းျပည့္စုံတယ္ တခ်ိဳ႕လည္း မျပည့္စုံ။

ဆုိေတာ့ ခႏၱီစပဲေပါ့ကြယ္ သည္းခံေပါ့ ၃၈ ျဖာမဂၤလာတရားေတာ္ထဲကေန ျမတ္စြာဘုရား ဆုံးမေတာ္မူတဲ့ သည္းခံျခင္းေလ ခႏၱီစေပါ့ အရာရာကုိ သည္းခံေပါ့စိတ္႐ွည္႐ွည္ထားေပါ့ ေမတၱာပဲ ထားေပါ့ အဲ့လုိနဲ႔ပဲ ေတးခ်စ္သူမ်ားကေန ေတြ႔ရျမင္ရ ၾကဳံရမယ့္ အေျခအေနေလးေတြ အေပၚမွာ နားလည္မႈေလးေတြထား ေမတၱာေ႐ွ႕ထားၿပီးေတာ့ ႏွစ္သိမ့္ၿပီး ကုိယ္စိတ္ကုိလည္း မနာေစနဲ႔ေပါ့ ကုိယ္သာ နာပါေစ စိတ္မနာေစနဲ႔ ဒါလည္း ျမတ္စြာဘုရားထားခဲ့တာ။

ကုိယ္ခႏၶာႀကီးသာ ဘယ္လုိပဲ ေဖာက္ျပန္ပ်က္စီးနာေနပါေစ စိတ္ကေလးကုိေတာ့ မနာေစနဲ႔ဆုိတဲ့ ျမတ္စြာဘုရား အဆုံးအမလည္း႐ွိတယ္။အဲ့ေတာ့ အားလုံးကုိ နားလည္မႈ ထားၿပီးေတာ့မွ ေတးခ်စ္သူမ်ား ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနၾကပါ ကုိယ့္က်န္းမာေရးကုိယ္ ဂ႐ုစုိက္ပါ။



 ေတးခ်စ္သူေတြရဲ႕ ေမတၱာက အမေလး အန္ကယ္တုိ႔ မွန္းထားတဲ့ ထင္ထားတဲ့ ပုိၿပီးေတာ့မွ ေလးေလးနက္နက္ ထက္ထက္ျမက္ျမက္ အန္ကယ္တုိ႔အေပၚမွာထားတာ ေတာ္ေတာ္သိသာတယ္ ေက်းဇူးလည္း အရမ္းတင္တယ္ ေတးခ်စ္သူေတြ အလုိဆႏၵေတြလည္း ျပည့္ဝပါေစကြာ”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
# Unicode Version # ျဖင့္ ဖတ္ပါ #

အရင်အချိန်တုန်းက တေးသီချင်းပေါင်းများစွာကိုအကောင်းဆုံးသီဆိုနိုင်ခဲ့ပြီး ပရိသတ်တွေ အကြိုက်ဖြစ်ခဲ့ရသလို သူရဲ့ fashion designတွေကလည်း လက်ရှိအချိန်မှာ အမြဲ အမြင်ဆန်းဆန်းလေးဖြစ်အောင် နေတဲ့ နိုင်ငံကျော်တေးသံရှင် မြန်မာပြည်သိန်းတန်ကတော့ မြန်မာနိုင်ငံမှာ ပရိသတ် စိတ်ဝင်စားမှု အများဆုံး သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ Myanmar Idol မှာ ဒိုင်တစ်ယောက်အဖြစ် မပါဝင်နိုင်တော့တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်လို့ MC နဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

မြန်မာပြည်သိန်းတန်က “ပရိသတ်တွေအတွက်တော့ အန်ကယ် စိတ်မကောင်းဖြစ်တယ်။ နောက်ပြီးတော့ ပရိသတ်တွေက မိဘတွေနော် တကယ့်မိဘတွေ အန်ကယ်တို့ အနုပညာရှင်တွေရဲ့ မိဘတွေရဲ့ ဆန္ဒလေးတွေ ပြောစကားလေးတွေကို တေးချစ်သူက ပြတယ်လေ။ အန်ကယ်က Facebook လည်းမကြည့်ပါဘူး။

အဲ့တာလေးကို တွေ့တော့ မိဘ တွေရဲ့ အသည်းနှလုံးကို ကိုယ်ချင်းစာပြီးတော့ အန်ကယ်နားလည်တယ်လေ။ အားလုံးကိုတော့ အန်ကယ်ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ စိတ်ကို ဖြေသိမ့်ကြပါ။ အားလုံး အဆင်ပြေသွားမှာပါ။ အဲ့လိုပဲ ပြောချင်ပါတယ်။

ပရိသတ်တွေကို အန်ကယ် အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ရတာမလို လိုတာမရ သဘောလေးတွေရှိတာကို လောကမှာ ဆန္ဒလေးတွေ ရှိပေမယ့်လည်း တချို့လည်းပြည့်စုံတယ် တချို့လည်း မပြည့်စုံ။

ဆိုတော့ ခန္တီစပဲပေါ့ကွယ် သည်းခံပေါ့ ၃၈ ဖြာမင်္ဂလာတရားတော်ထဲကနေ မြတ်စွာဘုရား ဆုံးမတော်မူတဲ့ သည်းခံခြင်းလေ ခန္တီစပေါ့ အရာရာကို သည်းခံပေါ့စိတ်ရှည်ရှည်ထားပေါ့ မေတ္တာပဲ ထားပေါ့ အဲ့လိုနဲ့ပဲ တေးချစ်သူများကနေ တွေ့ရမြင်ရ ကြုံရမယ့် အခြေအနေလေးတွေ အပေါ်မှာ နားလည်မှုလေးတွေထား မေတ္တာရှေ့ထားပြီးတော့ နှစ်သိမ့်ပြီး ကိုယ်စိတ်ကိုလည်း မနာစေနဲ့ပေါ့ ကိုယ်သာ နာပါစေ စိတ်မနာစေနဲ့ ဒါလည်း မြတ်စွာဘုရားထားခဲ့တာ။

ကိုယ်ခန္ဓာကြီးသာ ဘယ်လိုပဲ ဖောက်ပြန်ပျက်စီးနာနေပါစေ စိတ်ကလေးကိုတော့ မနာစေနဲ့ဆိုတဲ့ မြတ်စွာဘုရား အဆုံးအမလည်းရှိတယ်။အဲ့တော့ အားလုံးကို နားလည်မှု ထားပြီးတော့မှ တေးချစ်သူများ ပျော်ပျော်ရွှင်ရွှင်နေကြပါ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပါ။

 တေးချစ်သူတွေရဲ့ မေတ္တာက အမလေး အန်ကယ်တို့ မှန်းထားတဲ့ ထင်ထားတဲ့ ပိုပြီးတော့မှ လေးလေးနက်နက် ထက်ထက်မြက်မြက် အန်ကယ်တို့အပေါ်မှာထားတာ တော်တော်သိသာတယ် ကျေးဇူးလည်း အရမ်းတင်တယ် တေးချစ်သူတွေ အလိုဆန္ဒတွေလည်း ပြည့်ဝပါစေကွာ”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top