Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
ကျနော်တို့ အထက်တန်းမြန်မာစာ သင်ခန်းစာ စကားပြေ တစ်ခုဖြစ်တဲ့ လူကြီးနဲ့လူငယ် ထဲကလို အခု ကျနော်တို့လက်တွေ့မြင်တွေ့ခံစားနေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ အဲ့တာကတော့ The Voice Myanmar ရဲ့ Season 2 ဖိုင်နယ်မှာ ဟေဇယ် သီဆိုယှဉ်ပြိုင်သွားတဲ့တကျော့နှစ်ကျော့ တေးကိုသီ သီချင်းရဲ့ Version ပြောင်းတဲ့အပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဂယက်ဖြစ်ပါတယ်။
We Media နဲ့အင်တာဗျုးမှာ ဟေဇယ်တစ်ယောက်ပြောပြသွားတဲ့အကြောင်းအရာတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိရအောင် ဖော်ပြပေးလိုက်ပါတယ်။
The Voice ကိုလာရောက်ယှဉ်ပြိုင်ဖြစ်တဲ့အကြောင်းကိုလည်း “အနုပညာလောက ထဲကို စပြီးတော့ ဝင်လာခဲ့တာ အိမ်မက်ဆုံရာ ရာသက်ပန် Season 2 ကနေစပြီးတော့ ဝင်လာခဲ့တာ အဲ့ဒီမှာအတွေ့အကြုံတွေ ရခဲ့တယ်၊ ဆုရခဲ့တယ်။ ဒါပေမယ့်လည်း ဟေဇယ်က ပျင်းပြီးတော့လမ်းကြောင်းလွဲသွားတယ်ပေါ့။
 ဟေဇယ်တို့က အမှန်ဆိုရင် သီချင်းတွေပြန်လုပ်ရမယ် ။ သီချင်းတွေပြန်လုပ်မှပဲ ကိုယ့်သီချင်းတွေနဲ့ ကိုယ်ရပ်တည်ရမယ်ဆိုတာ မသိဘဲနဲ့ အဲ့ဒီအချိန်တုန်းက ပွဲတွေ အရမ်းဆိုရတဲ့ အချိန်မှာ ပွဲတွေနောက်ကိုလိုက်သွားတာပေါ့နော်။
 ကြားထဲမှာ ပွဲတွေဆိုတဲ့ကာလမှာ သီချင်းလုပ်ဖို့ မေ့နေတော့ လူတွေက ဟေဇယ် သီချင်းထွက်မလာတော့ အကုန်လုံးပျောက်သွားသလို ဖြစ်သွားတာပေါ့နော် ။ ကိုယ်ပိုင်သီချင်းလေး လုပ်တယ်ပေါ့နော် ကိုဝေကြီးသီချင်း မနေသင့်ဘူး ဆိုတဲ့သီချင်း လေးလုပ်တယ်ပေါ့နော် ။ အဲ့ဒါကိုလည်း MTV နဲ့ စထွက်တယ် ။
အရမ်းအားထားထားတယ် ။ ဟေဇယ်လည်း ဟေဇယ့်မှာရှိသမျှမုန့်ဖိုးလေးတွေကိုစုပြီးတော့ အကုန်ပုံအောပြီး လုပ်ချလိုက်တာပေါ့ ။ တကယ်တမ်းထွက်လာတော့ ရလာဒ်ကြီးက ထင်သလောက်မဟုတ်ခဲ့ဘူး ။ အရမ်းလည်းစိတ်ဓာတ်ကျသွားတာ ၊ ဆက်လုပ်ဖို့အမှန်တိုင်းပြောရင် ဆက်လုပ်ဖို့အားမရှိတော့ဘူး ။
သီချင်းတစ်ပုဒ်က သီချင်းဝယ်ရတယ် ၊ Mixing ဆွဲရတယ် Recording ယူရတာမျိုး အများကြီးရှိတော့ ဟေဇယ် ဘာမှ ဆက်မလုပ်နိုင်ဘူးဆိုပြီးတော့ အရမ်းစိတ်ဓာတ်ကျသွားပြီး ငါ့ရဲ့အနုပညာလမ်းကြောင်းကြီး က ဒီမှာတင် ရပ်သွားမလား မသိဘူးဆိုတဲ့အချိန်မှာ The Voice ကရောက်လာတယ်။”ဆိုပြီးပြောပြသွားပါတယ်။
ဒေါ်မာမာအေးရဲ့ အမြင်နဲ့ပတ်သက်ပြီးလည်း “ လူကြီးတွေကကျလည်း ဟေဇယ်က အခုမှအတွေ့ကြုံရတာဆိုတော့ ဟေဇယ် တို့က အများကြီးရှေ့ဆက်ရဦးမှာ အန်တီမာမာအေးကလည်း သီချင်းကို ချစ်လို့ သီချင်းရဲ့ ခမ်းနားမှုတွေကို ရှင်းပြတယ် ၊ သွန်သင်ပေးတဲ့ သဘောပေါ့နော် ဟေဇယ်တို့နားမလည်တဲ့အပိုင်းကနေ ရှု့တောင့်တွေကနေ ပြောပြတယ်ဆိုတော့ ဟေဇယ်က အမြဲတမ်းနာခံနေမှာပါ ။
 ဟေဇယ်တို့က ကြုံရဦးမယ် ။ ပြီးတော့ထပ်ပြီးတော့ လည်း မှားဦးမှာ အမြဲတမ်းသင်ယူနေဦးမှာပါ ။ အဲ့ဒီအတွက်ကြောင့် အမြဲတမ်းသွန်သင်ဆုံးမကြပါ ။ ဟေဇယ် ကဖိုင်နယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် Team အတွက်အရမ်းကျေနပ်တယ်။ ကိုယ့်ဘာသာရပ်မဟုတ်တာတောင် ဟေဇယ် အစွမ်းကုန်ကြိုးစားခဲ့သေးတာပေါ့နော်။
Team တစ်ခုအတွက်တာဝန်ကျေခဲ့တာပေါ့နော် ။ ဟေဇယ် ဖန်တွေကိုလည်း ဟေဇယ့်အပူတွေမ ယူစေချင်ဘူး ။ တစ်ခုခု တစ်နေရာရာမှာ တစ်ယောက်ယောက် ပြောတာဆိုတာမျိုးတွေ တွေ့ခဲ့တယ် ဆိုရင်လည်း ထားထားပေးပါ ။
သူတို့ကတော့ သူတို့အမြင်အတိုင်းပြောတဲ့အတွက်ကြောင့်မို့လို့ ပြန်ပြီးတော့ ချေပနေရင်ပြီးတော့မှာ မဟုတ်ဘူးလေ ။ ဒီဂယက်ကြီးကလည်း တစ်ယောက်ပြီးတစ်ယောက် ဆက်သွားနေရင် လည်းပြီးတော့မှာ မဟုတ်တော့ဘူး ဟေဇယ်ကလည်း ပြိုင်ပြီးသွားပြီ ဘာမှလည်း ဟေဇယ် ပြန်လုပ်လို့ မရဘူးလေ ။
 ဟေဇယ်အတွက်အတွေ့အကြုံရခဲ့ပြီပြီဆိုရင် ဟေဇယ်ရဲ့ သမိုင်းမှာ အကြီးမားဆုံးမှတ်တိုင်လေးတစ်ခု ကျန်ခဲ့ပြီပေါ့နော် ။အန်တီတင်တင်မြ ဗားရှင်းလေးကို ကြိုက်တဲ့သူကလည်း အဲ့ဒီဗားရှင်းလေးကို ပဲ နားထောင်ပေးကြဖို့ ၊ နောက်ပြီး ဟေဇယ် ဗားရှင်းကိုကြိုက်တဲ့သူတွေကကျလည်း ဟေဇယ်ဗားရှင်းလေးနားထောင်ပေးကြပါ ။
အဓိကက တော့အဲ့တာနဲ့တင်ပြီးသွားပြီပေါ့နော်။ အဓိကက စိတ်ထဲကို အာဃာတတွေ တို့ အမုန်းတရားတွေ တို့မထားကြပါနဲ့လို့ အရမ်းပူလောင်လို့ပါ ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top