H1N1 ေရာဂါဟာ အေသအခ်ာဂရုစိုက္ကုသရင္ ေပ်ာက္ကင္းႏိုင္ျပီး အနားကလူေတြပါ မကူးစက္ႏိုင္ဘူးဆိုတာကို ကိုယ့္ေတြ႔ျဖစ္ဖူးသူ ေမာ္ဒယ္ ဆုလင္းရွိန္က အခုကိုရွင္းျပခဲ့ပါတယ္။

H1N1 ကအခုျဖစ္ေနတယ္ေတာ့ ၾကားတယ္။ ဒါေပမယ့္ ျပင္းထန္စြာမျဖစ္ဘူးလို႔လည္းၾကားပါတယ္။ အခုအခ်ိန္က ေသြးလြန္တုပ္ေကြးရာသီျဖစ္တဲ့အခ်ိန္ဆိုရင္ အစိုးရိမ္လြန္ျပီး H1N1 ဆိုျပီး စိ္တ္မပူပါနဲ႔လို႔ ေျပာပါရေစ။

ဘာလို႔လဲဆိုေတာ့ ညီမက ကိုယ္တုိင္ျဖစ္ဖူးေတာ့ေလ။ ညီမတုန္းကလည္း ခရီးပန္းျပီး အားနည္းရာကေနျဖစ္သြားတာပါ။ ဒီလိုျဖစ္ျပီဆိုရင္ အစားအေသာက္ပံုမွန္စား ဖို႔၊ လူၾကားထဲသြားမယ္ဆိုရင္လည္း Mask အုပ္ၾကဖို႔လည္းေျပာခ်င္ပါတယ္။



ေမေမကဆရာဝန္ဆိုေတာ့ H1N1 ဆိုတာလူေတြၾကားထဲမွာ အျမဲဲဲဲ ျပန္ႏွံ႔ေနတဲ့ပိုးလို႔ေျပာပါတယ္။ ဒါေပမယ့္ ဒီလိုရွိတိုင္းလည္း လူတိုင္းက ညီမျဖစ္သလို ျပင္းထန္အဆုတ္ေရာင္ မျဖစ္ႏုိင္ဘူးလို႔လည္းေမေမကေျပာပါတယ္။ ျဖစ္တယ္ဆိုတာကလည္း ကိုယ္ခံအားနည္းတဲ့သူေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ ကေလးငယ္ေတြနဲ႔ ကင္ဆာေရာဂါအခံရွိတဲ့သူေတြမွာပဲျဖစ္ႏိုင္တာပါ။

ညီမျဖစ္တုန္းကလည္း ျပင္းထန္အဆုတ္ေရာ နမိုးနီးယားဆိုျပီးပဲတက္လုိက္ျပီး ၂ရက္ ၃ရက္ေနေတာ့မွ H1N1 ဆိုျပီးသိတာပါ။ စစျဖစ္ခ်င္း ညီမကို ျပဳစုေပးတဲ့ မိသားစုဝင္ေတြနဲ႔ Nurse ေတြဆိုရင္လည္း လက္အိတ္၊ Mask မပါပဲျပဳစုခဲ့ေပမယ့္ တစ္ေယာက္မွ ကူးစက္တာ ဖ်ားတာမရွိခဲ့ပါဘူး။ ဒါကိုၾကည့္ခ်င္းအားျဖင့္ H1N1ဆိုတာ အရမ္း မျပင္းထန္ဘူး။ လူတိုင္းမျဖစ္ဘူးဆိုတာ သိသာေနပါတယ္။

ျပီးခဲ့တဲ့ရက္ပိုင္းကေတာင္ ေနမေကာင္းျဖစ္ေသးတယ္။ H1N1 ကလည္း ျပန္ျဖစ္ေနတဲ့အခ်ိန္ဆိုေတာ့ အားလံုးကလည္း ျပန္ျဖစ္မွာ စိုးရိမ္ေနၾကတယ္။ ဒါေပမယ့္ ဘာမွမျဖစ္ပါဘူး။ ၾကိဳတင္ကာကြယ္မႈရယ္ကလို႔ဘာမွေတာ့ မရွိပါဘူး ေစာေစာအိပ္၊ေစာေစာထ၊ ဗီတာမင္စီပါတာေလးေတြ စားေပးရတာေပါ့။



 ေၾကာက္တာေတာ့ေၾကာက္တာေပါ့။ ဒါေပမယ့္ ေဘးက ျပဳစုေပးတဲ့လူေတြက ဟန္ေဆာင္ေကာင္းလို႔လား မသိဘူးကိုယ့္ကို္ကိုယ္ ေရာဂါျပင္းထန္ေနတယ္လို႔ေတာင္ မထင္မိပါဘူး။

၃ရက္ ၄ရက္ေလာက္ပဲ ေဆးရံုမွာေနရမယ္ထင္တာ။ တစ္လေလာက္ေတာ့ ေနလိုက္ရေတာ့မွျပင္းထန္တယ္ဆိုတာသိတာေပါ့ေနာ္။ အသက္ရွဴက်ပ္တာေတြေတာ့ရွိတာေပါ့ေနာ္။ ဒါေပမယ့္ ေအာက္စီဂ်င္ဗူးနဲ႔တပ္ထားေတာ့ အဆင္ေျပပါတယ္။ အခုျဖစ္တဲ့လူေတြအေပၚမွာေတာ့ ဘာေၾကာင့္ျဖစ္တယ္ဆိုတာ ေသခ်ာမသိရတဲ့အတြက္ ဘာမွေတာ့ အၾကံမေပးတက္ဘူး။

H1N1 ဆိုတာ အရမ္းၾကီးေၾကာက္စရာမေကာင္းပါဘူးလို႔။ ဒီလို တုပ္ေကြးရာသီမွာ ဖ်ားတာနာတာရွိရင္ ဆရာဝန္နဲ႔ေသခ်ာ တုိင္ပင္ျပီး၊ လူေတြၾကားထဲသြားရင္ Mask အုပ္ဖို႔နဲ႔၊ အစားအေသာက္အေနအထိုင္ကို ဆင္ျခင္ဖို႔၊ အျပင္မွာ မိုးမိလာရင္လည္းေရေျပာင္ေအာင္သုတ္ျပီး ေႏြးေႏြးေထြးေထြးေနဖို႔ ေတာ့ေျပာခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

H1N1 ရောဂါဟာ အသေအချာဂရုစိုက်ကုသရင် ပျောက်ကင်းနိုင်ပြီး အနားကလူတွေပါ မကူးစက်နိုင်ဘူးဆိုတာကို ကိုယ့်တွေ့ဖြစ်ဖူးသူ မော်ဒယ် ဆုလင်းရှိန်က အခုကိုရှင်းပြခဲ့ပါတယ်။

H1N1 ကအခုဖြစ်နေတယ်တော့ ကြားတယ်။ ဒါပေမယ့် ပြင်းထန်စွာမဖြစ်ဘူးလို့လည်းကြားပါတယ်။ အခုအချိန်က သွေးလွန်တုပ်ကွေးရာသီဖြစ်တဲ့အချိန်ဆိုရင် အစိုးရိမ်လွန်ပြီး H1N1 ဆိုပြီး စိတ်မပူပါနဲ့လို့ ပြောပါရစေ။

ဘာလို့လဲဆိုတော့ ညီမက ကိုယ်တိုင်ဖြစ်ဖူးတော့လေ။ ညီမတုန်းကလည်း ခရီးပန်းပြီး အားနည်းရာကနေဖြစ်သွားတာပါ။ ဒီလိုဖြစ်ပြီဆိုရင် အစားအသောက်ပုံမှန်စား ဖို့၊ လူကြားထဲသွားမယ်ဆိုရင်လည်း Mask အုပ်ကြဖို့လည်းပြောချင်ပါတယ်။

မေမေကဆရာဝန်ဆိုတော့ H1N1 ဆိုတာလူတွေကြားထဲမှာ အမြဲဲ ပြန်နှံ့နေတဲ့ပိုးလို့ပြောပါတယ်။ ဒါပေမယ့် ဒီလိုရှိတိုင်းလည်း လူတိုင်းက ညီမဖြစ်သလို ပြင်းထန်အဆုတ်ရောင် မဖြစ်နိုင်ဘူးလို့လည်းမေမေကပြောပါတယ်။ ဖြစ်တယ်ဆိုတာကလည်း ကိုယ်ခံအားနည်းတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးငယ်တွေနဲ့ ကင်ဆာရောဂါအခံရှိတဲ့သူတွေမှာပဲဖြစ်နိုင်တာပါ။

ညီမဖြစ်တုန်းကလည်း ပြင်းထန်အဆုတ်ရော နမိုးနီးယားဆိုပြီးပဲတက်လိုက်ပြီး ၂ရက် ၃ရက်နေတော့မှ H1N1 ဆိုပြီးသိတာပါ။ စစဖြစ်ချင်း ညီမကို ပြုစုပေးတဲ့ မိသားစုဝင်တွေနဲ့ Nurse တွေဆိုရင်လည်း လက်အိတ်၊ Mask မပါပဲပြုစုခဲ့ပေမယ့် တစ်ယောက်မှ ကူးစက်တာ ဖျားတာမရှိခဲ့ပါဘူး။ ဒါကိုကြည့်ချင်းအားဖြင့် H1N1ဆိုတာ အရမ်း မပြင်းထန်ဘူး။ လူတိုင်းမဖြစ်ဘူးဆိုတာ သိသာနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတောင် နေမကောင်းဖြစ်သေးတယ်။ H1N1 ကလည်း ပြန်ဖြစ်နေတဲ့အချိန်ဆိုတော့ အားလုံးကလည်း ပြန်ဖြစ်မှာ စိုးရိမ်နေကြတယ်။ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး။ ကြိုတင်ကာကွယ်မှုရယ်ကလို့ဘာမှတော့ မရှိပါဘူး စောစောအိပ်၊စောစောထ၊ ဗီတာမင်စီပါတာလေးတွေ စားပေးရတာပေါ့။

 ကြောက်တာတော့ကြောက်တာပေါ့။ ဒါပေမယ့် ဘေးက ပြုစုပေးတဲ့လူတွေက ဟန်ဆောင်ကောင်းလို့လား မသိဘူးကိုယ့်ကိုကိုယ် ရောဂါပြင်းထန်နေတယ်လို့တောင် မထင်မိပါဘူး။

၃ရက် ၄ရက်လောက်ပဲ ဆေးရုံမှာနေရမယ်ထင်တာ။ တစ်လလောက်တော့ နေလိုက်ရတော့မှပြင်းထန်တယ်ဆိုတာသိတာပေါ့နော်။ အသက်ရှူကျပ်တာတွေတော့ရှိတာပေါ့နော်။ ဒါပေမယ့် အောက်စီဂျင်ဗူးနဲ့တပ်ထားတော့ အဆင်ပြေပါတယ်။ အခုဖြစ်တဲ့လူတွေအပေါ်မှာတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာ သေချာမသိရတဲ့အတွက် ဘာမှတော့ အကြံမပေးတက်ဘူး။

H1N1 ဆိုတာ အရမ်းကြီးကြောက်စရာမကောင်းပါဘူးလို့။ ဒီလို တုပ်ကွေးရာသီမှာ ဖျားတာနာတာရှိရင် ဆရာဝန်နဲ့သေချာ တိုင်ပင်ပြီး၊ လူတွေကြားထဲသွားရင် Mask အုပ်ဖို့နဲ့၊ အစားအသောက်အနေအထိုင်ကို ဆင်ခြင်ဖို့၊ အပြင်မှာ မိုးမိလာရင်လည်းရေပြောင်အောင်သုတ်ပြီး နွေးနွေးထွေးထွေးနေဖို့ တော့ပြောချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top