Swine flu လို႔ေခၚတဲ့ တုပ္ေကြးေရာဂါတစ္မ်ိဳးဟာ ၀က္ေတြမွာျဖစ္ပြားေလ့ရွိတဲ့ တုပ္ေကြးေရာဂါျဖစ္ပါတယ္။ အခန္႔မသင့္ရင္ တုပ္ေကြးဗိုင္းရပ္စ္ေတြဟာ ၀က္ကေနတဆင့္ ေမြးျမဴေရးျခံလုပ္သားေတြနဲ႔ တိရစာၦန္ဆရာ၀န္္ေတြဆီကို ကူးစက္ၿပီး ထိုကေနတဆင့္ အျခားလူသားေတြဆီကို ျပန္႔ႏွံ႔ႏိုင္တာ ျဖစ္ပါတယ္။

သိပၸံပညာရွင္ေတြဟာ ဒီတုပ္ေကြးေရာဂါကို (၂၀၀၉) ခုႏွစ္မွာ စတင္ေတြ႔ရွိခဲ့ၿပီး H1N1 ဗိုင္းရပ္စ္အျဖစ္ သတ္မွတ္ခဲ့ပါတယ္။ H1N1 ဟာ တကယ္တမ္းေတာ့ ၀က္၊ ငွက္နဲ႔ လူေတြဆီက ဗိုင္းရပ္စ္မ်ိဳးေတြ ပူးေပါင္းထားတဲ့ ဗိုင္းရပ္စ္ျဖစ္ပါတယ္။ (၂၀၀၉-၂၀၁၀) တုပ္ေကြးရာသီတုန္းကဆိုရင္ H1N1 ဟာ တစ္ကမာၻလံုးအတုိင္းအတာမွာ ျဖစ္ပြားခဲ့ၿပီး ကပ္ေရာဂါအသြင္ေတာင္ ေဆာင္ခဲ့ပါေသးတယ္။

ၾသဂုတ္လ(၂၀၁၀) ခုႏွစ္မွာေတာ့ WHO က Swine flu ကပ္ေရာဂါဟာ ေပ်ာက္ကင္းသြားခဲ့ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ထိုအခ်ိန္ကစၿပီး သိပၸံပညာရွင္ေတြက H1N1 virus ကို H1N1v အျဖစ္ ေျပာင္းလဲသတ္မွတ္ခဲ့ပါတယ္။ v ဆိုတာ variant ကိုဆိုလိုတာ ျဖစ္ပါတယ္။ H1N1 ဟာ တိရစာၦန္ေတြမွာ ျဖစ္ပြားတာေတြ႔ရေပမယ့္ လူေတြဆီမွာလည္း ေရာဂါကူးစက္ျပန္႔ႏွံ႔ႏိုင္တယ္လို႔ အဓိပၸါယ္ရပါတယ္။

Swine flu ဟာ အျခားတုပ္ေကြးေရာဂါအမ်ိဳးအစားေတြနဲ႔ ဆင္တူပါတယ္။ တုပ္ေကြးကူးစက္ခံရရင္ အဖ်ားရွိတာ (အျမဲတမ္းေတာ့မဟုတ္ပါဘူး) ၊ ေျခဖ်ားလက္ဖ်ားေအးတာ၊ ေခ်ာင္းဆိုးတာ၊ လည္ပင္းနာတာ၊ ႏွာေစးႏွာရည္ယိုတာ၊ မ်က္လံုးေတြရဲတာ၊ ကိုယ္လက္ကိုက္ခဲတာ၊ ေခါင္းကိုက္တာ၊ ပင္ပန္းႏြမ္းနယ္တာ၊ ၀မ္းပ်က္၀မ္းေလွ်ာတာ၊  ေအာ့အန္တာေတြ ျဖစ္ပြားတတ္ပါတယ္။ ဗိုင္းရပ္စ္ကူးစက္ခံရၿပီးေနာက္ပိုင္း (၁-၃) ရက္အတြင္း အထက္ပါ လကၡဏာေတြ ျပပါတယ္။

ဒါေပမယ့္ ကို္ယ္ဟာ သာမန္အားျဖင့္ က်န္းမာသူျဖစ္တယ္၊ ဒီလိုလူက ရိုးရိုးဖ်ားတာ၊ ေခ်ာင္းဆိုးတာ၊ ကို္ယ္လက္ကိုက္ခဲတာေလာက္ဆိုရင္ေတာ့ မစိုးရိမ္ရပါဘူး။ ဒီလိုမွမဟုတ္ပဲ ကိုယ္၀န္ရွိေနတယ္၊ ရင္ၾကပ္ပန္းနာ၊ ဆီးခ်ိဳေရာဂါ၊ ႏွလံုးစတဲ့ နာတာရွည္ေရာဂါေတြရွိတယ္ဆိုရင္ေတာ့ ေဆးခန္းသြားျပဖို႔ သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဗိုင္းရပ္စ္ကူးခံရတဲ့အခါ ေနာက္ဆက္တြဲအေနနဲ႔ နမိုးနီးယားျဖစ္ႏုိင္ၿပီး အသက္ရွဴၾကပ္လာတာ၊အသက္ရွရ ခက္လာတာေတြ ၾကံဳေတြ႔ရႏိုင္ပါတယ္။

H1N1 ဟာ လူ႔ခႏၶာကိုယ္ရဲ႕ ႏွာေခါင္း၊ လည္ေခ်ာင္းနဲ႔ အဆုတ္ထဲမွာရွိတဲ့ ဆဲလ္ေတြကို တိုက္ခိုက္ပါတယ္။ H1N1 ဗိုင္းရပ္စ္ပါ၀င္တဲ့အရည္ဟာ လူရဲ႕ ပါးစပ္ သုိ႔မဟုတ္ ႏွာေခါင္းထဲ၀င္တာ၊ ဗိုင္းရပ္စ္ပါတဲ့ေလကို ရွဴသြင္းမိတာ စတဲ့ျဖစ္စဥ္ေတြနဲ႔ တုပ္ေကြးကူးစက္ႏိုင္ပါတယ္။ ၀က္သားစားျခင္းအားျဖင့္ေတာ့ Swine flu မကူးႏိုင္ဘူးလို႔ သိရပါတယ္။

Swine flu တုပ္ေကြးေရာဂါမျပန္႔ပြားေအာင္ ဒီလိုနည္းလမ္းေတြနဲ႔ ကာကြယ္ႏိုင္ပါတယ္။

    ဖ်ားေနတဲ့အခါ အိမ္မွာပဲေနပါ။ တကယ္လို႔ သင့္မွာ တုပ္ေကြးျဖစ္ေနရင္ အဖ်ားေပ်ာက္တဲ့အထိ အိမ္မွာတစ္ရက္ေလာက္ ေသခ်ာနားလိုက္ပါ။
    လက္ကို မၾကာခဏ ေသခ်ာစင္ၾကယ္စြာ ေဆးပါ။ ဆပ္ျပာနဲ႔ေရကို အသံုးျပဳၿပီး ေဆးေၾကာပါ။
    ႏွာေခ်တဲ့အခါ၊ ေခ်ာင္းဆိုးတဲ့အခါေတြမွာ ပါးစပ္ကိုအုပ္ၿပီး ျပဳလုပ္ပါ။ မ်က္ႏွာဖံုးစြပ္ရွိရင္ တပ္ထားပါ။ ကိုယ့္ႏွာေခ်လိုက္တဲ့ အမႈန္အမႊားေတြ သူမ်ားဆီကို မကူးေအာင္ တစ္ရွဴးသို႔မဟုတ္ တစ္ရွဴးမရွိခဲ့ရင္ တံေတာင္ထဲကို ေကြးၿပီး ျပဳလုပ္ပါ။
   
တတ္ႏိုင္သမွ် လူစုလူေ၀းမ်ားတဲ့ေနရာေတြဆီ မသြားပါနဲ႔။ အသက္(၅) ေအာက္ကေလးေတြနဲ႔ အသက္(၆၅) ႏွစ္အထက္ အဖိုးအဖြားေတြမွာ တုပ္ေကြးကူးစက္ႏိုင္ေျခ ပိုမ်ားပါတယ္။ ကိုယ္၀န္ေဆာင္၊ နာတာရွည္ေရာဂါရွိသူေတြဟာလည္း တုပ္ေကြးကူးစက္တဲ့အခါ အေျခအေနပိုျပင္းထန္တတ္တယ္လို႔သိရပါတယ္။

အထက္ပါအခ်က္ေတြကေတာ့ mayoclinic အြန္လိုင္းစာမ်က္ႏွာမွာေတြ႔ရတဲ့ အခ်က္အလက္ေတြကို ကိုးကားေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #

Swine flu လို့ခေါ်တဲ့ တုပ်ကွေးရောဂါတစ်မျိုးဟာ ဝက်တွေမှာဖြစ်ပွားလေ့ရှိတဲ့ တုပ်ကွေးရောဂါဖြစ်ပါတယ်။ အခန့်မသင့်ရင် တုပ်ကွေးဗိုင်းရပ်စ်တွေဟာ ဝက်ကနေတဆင့် မွေးမြူရေးခြံလုပ်သားတွေနဲ့ တိရစ္ဆာန်ဆရာဝန်တွေဆီကို ကူးစက်ပြီး ထိုကနေတဆင့် အခြားလူသားတွေဆီကို ပြန့်နှံ့နိုင်တာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဒီတုပ်ကွေးရောဂါကို (၂၀၀၉) ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီး H1N1 ဗိုင်းရပ်စ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ H1N1 ဟာ တကယ်တမ်းတော့ ဝက်၊ ငှက်နဲ့ လူတွေဆီက ဗိုင်းရပ်စ်မျိုးတွေ ပူးပေါင်းထားတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ (၂၀၀၉-၂၀၁၀) တုပ်ကွေးရာသီတုန်းကဆိုရင် H1N1 ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာမှာ ဖြစ်ပွားခဲ့ပြီး ကပ်ရောဂါအသွင်တောင် ဆောင်ခဲ့ပါသေးတယ်။

သြဂုတ်လ(၂၀၁၀) ခုနှစ်မှာတော့ WHO က Swine flu ကပ်ရောဂါဟာ ပျောက်ကင်းသွားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ထိုအချိန်ကစပြီး သိပ္ပံပညာရှင်တွေက H1N1 virus ကို H1N1v အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ v ဆိုတာ variant ကိုဆိုလိုတာ ဖြစ်ပါတယ်။ H1N1 ဟာ တိရစ္ဆာန်တွေမှာ ဖြစ်ပွားတာတွေ့ရပေမယ့် လူတွေဆီမှာလည်း ရောဂါကူးစက်ပြန့်နှံ့နိုင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

Swine flu ဟာ အခြားတုပ်ကွေးရောဂါအမျိုးအစားတွေနဲ့ ဆင်တူပါတယ်။ တုပ်ကွေးကူးစက်ခံရရင် အဖျားရှိတာ (အမြဲတမ်းတော့မဟုတ်ပါဘူး) ၊ ခြေဖျားလက်ဖျားအေးတာ၊ ချောင်းဆိုးတာ၊ လည်ပင်းနာတာ၊ နှာစေးနှာရည်ယိုတာ၊ မျက်လုံးတွေရဲတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊  အော့အန်တာတွေ ဖြစ်ပွားတတ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်ပိုင်း (၁-၃) ရက်အတွင်း အထက်ပါ လက္ခဏာတွေ ပြပါတယ်။

ဒါပေမယ့် ကိုယ်ဟာ သာမန်အားဖြင့် ကျန်းမာသူဖြစ်တယ်၊ ဒီလိုလူက ရိုးရိုးဖျားတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာလောက်ဆိုရင်တော့ မစိုးရိမ်ရပါဘူး။ ဒီလိုမှမဟုတ်ပဲ ကိုယ်ဝန်ရှိနေတယ်၊ ရင်ကြပ်ပန်းနာ၊ ဆီးချိုရောဂါ၊ နှလုံးစတဲ့ နာတာရှည်ရောဂါတွေရှိတယ်ဆိုရင်တော့ ဆေးခန်းသွားပြဖို့ သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်စ်ကူးခံရတဲ့အခါ နောက်ဆက်တွဲအနေနဲ့ နမိုးနီးယားဖြစ်နိုင်ပြီး အသက်ရှူကြပ်လာတာ၊အသက်ရှရ ခက်လာတာတွေ ကြုံတွေ့ရနိုင်ပါတယ်။

H1N1 ဟာ လူ့ခန္ဓာကိုယ်ရဲ့ နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်ထဲမှာရှိတဲ့ ဆဲလ်တွေကို တိုက်ခိုက်ပါတယ်။ H1N1 ဗိုင်းရပ်စ်ပါဝင်တဲ့အရည်ဟာ လူရဲ့ ပါးစပ် သို့မဟုတ် နှာခေါင်းထဲဝင်တာ၊ ဗိုင်းရပ်စ်ပါတဲ့လေကို ရှူသွင်းမိတာ စတဲ့ဖြစ်စဉ်တွေနဲ့ တုပ်ကွေးကူးစက်နိုင်ပါတယ်။ ဝက်သားစားခြင်းအားဖြင့်တော့ Swine flu မကူးနိုင်ဘူးလို့ သိရပါတယ်။

Swine flu တုပ်ကွေးရောဂါမပြန့်ပွားအောင် ဒီလိုနည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။

    ဖျားနေတဲ့အခါ အိမ်မှာပဲနေပါ။ တကယ်လို့ သင့်မှာ တုပ်ကွေးဖြစ်နေရင် အဖျားပျောက်တဲ့အထိ အိမ်မှာတစ်ရက်လောက် သေချာနားလိုက်ပါ။
    လက်ကို မကြာခဏ သေချာစင်ကြယ်စွာ ဆေးပါ။ ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး ဆေးကြောပါ။
    နှာချေတဲ့အခါ၊ ချောင်းဆိုးတဲ့အခါတွေမှာ ပါးစပ်ကိုအုပ်ပြီး ပြုလုပ်ပါ။ မျက်နှာဖုံးစွပ်ရှိရင် တပ်ထားပါ။ ကိုယ့်နှာချေလိုက်တဲ့ အမှုန်အမွှားတွေ သူများဆီကို မကူးအောင် တစ်ရှူးသို့မဟုတ် တစ်ရှူးမရှိခဲ့ရင် တံတောင်ထဲကို ကွေးပြီး ပြုလုပ်ပါ။
   
တတ်နိုင်သမျှ လူစုလူဝေးများတဲ့နေရာတွေဆီ မသွားပါနဲ့။ အသက်(၅) အောက်ကလေးတွေနဲ့ အသက်(၆၅) နှစ်အထက် အဖိုးအဖွားတွေမှာ တုပ်ကွေးကူးစက်နိုင်ခြေ ပိုများပါတယ်။ ကိုယ်ဝန်ဆောင်၊ နာတာရှည်ရောဂါရှိသူတွေဟာလည်း တုပ်ကွေးကူးစက်တဲ့အခါ အခြေအနေပိုပြင်းထန်တတ်တယ်လို့သိရပါတယ်။

အထက်ပါအချက်တွေကတော့ mayoclinic အွန်လိုင်းစာမျက်နှာမှာတွေ့ရတဲ့ အချက်အလက်တွေကို ကိုးကားဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top