ဝက္သားစားျခင္းေၾကာင့္ ဝက္တုပ္ေကြး (H1N1) ေရာဂါ မကူးစက္ႏုိင္ပါဘူး။.H1N1 (ဝက္တုပ္ေကြး) ေရာဂါလကၡဏာမ်ားႏွင့္ ကာကြယ္ႏုိင္ရန္ နည္းလမ္းမ်ား

တုပ္ေကြးမ်ား အျဖစ္မ်ားေနေသာေသာ ကာလ ျဖစ္ပါတယ္ ။ ဂ႐ုစိုက္ႏိုင္ေအာင္ ရည္ရြယ္ၿပီးေရးထားပါတယ္။ H1N1 Flu လဲ ကာကြယ္လို႔ရပါတယ္။

၀က္တုပ္ေကြး ဘယ္လို ကူးစက္သလဲ။ ။H1N1 တုပ္ေကြးဟာ ၀က္ေတြမွာသာ ကူးစက္တတ္တဲ့ တုပ္ေကြးvirus မ်ိဳးစိတ္အသစ္တစ္မ်ိဳးျဖစ္ပါတယ္။ တိုက္ဖိုက္နဲ့ မတူတာက သန္းေတြ၊ မွက္ေတြကေန ကူးစက္တာမဟုတ္ပဲ လူကေန လူကိုသာ ကူးျပီး တိရိစၦာန္ကေနလည္း လူကို မကူးစက္နိုင္ပါဘူး။

H1N1 တုပ္ေကြးက အလြန္ကူးစက္နုိင္ပါတယ္။ေရာဂါပိုးဟာ တံေတြးနွင့္ ခၽြဲေတြအမွဳန္ေတြကေန ကူးစက္ျပန္႔နွံ႕နိုင္ပါတယ္။လူေတြမွာ ေအာက္ပါနည္းလမ္းေတြနဲ့ ျပန္႕နွံ႕နိုင္ပါတယ္။

-နွာေခ်ျခင္း
-ေခ်ာင္းဆိုးျခင္း
-ေရာဂါပိုးရွိတဲ့ ေနရာကိုကိုင္တြယ္မိျပီး မ်က္လံုး သို႔ နွာေခါင္းတို႔အား ကိုင္မိျခင္း

လူေတြ နွာေခ်၊ ေခ်ာင္းဆိုးတဲ့ အခါမွာ ေလထဲကို မ်က္စိနဲ့ မျမင္နိုင္တဲ့ virus အမွဳန္အမႊားေတြ ပက္ျဖန္းလိုက္သလိုျဖစ္သြားပါတယ္။ အကယ္၍သာ သင္ဟာ ၄င္းအမွဳန္ေတြကို အမွဳန္က်နိုင္တဲ့ေနရာ (တံခါးလက္ကိုင္ သို႔ ေဘစင္ေတြ)နဲ့ ထိေတြ႔မိတာ သို႕ ေရာဂါပိုးရွိတဲ့သူထိေတြ႕ထားတဲ့ အရာကို ကိုင္မိတာ၊ထိမိတာေတြ ေၾကာင့္ H1N1 တုပ္ေကြးေရာဂါကို ကူစက္နိုင္ပါတယ္။

 ေရာဂါရွိတဲ့ လူတစ္ေယာက္ဟာ ေရာဂါလကၡဏာေတြ မျပခင္တစ္ရက္ရက္မွာ ျပန္႔နွံ႔ေစနိုင္သလို ဖ်ားနာျပီး ၇ ရက္အတြင္းမွာလည္း ျပန္႔နွံံ႕ေစနိုင္ပါတယ္။ ကေလးေတြကေတာ့ ၁၀ ရက္ေလာက္ထိကို ကူးစက္နိုင္ပါတယ္။

၀က္တုပ္ေကြးဆိုတဲ့ နာမည္အရေတာ့ သင္ဟာ ၀က္ကင္၊ ၀က္ေပါင္ေျခာက္ သို႔ တျခား၀က္နဲ့ဆိုင္တဲ့ စားေသာက္ကုန္ေတြ စားျပီးေတာ့ မကူးစက္နုိင္ပါဘူး။



တုပ္ေကြးေရာဂါလကၡဏာမ်ား 1. ဖ်ားျခင္း ၊ ကိုယ္အပူခ်ိန္တက္ျခင္း၊ ခ်မ္းတုန္ျခင္း 2. ေခ်ာင္းဆိုးျခင္း 3. လည္ေခ်ာင္းနာျခင္း 4. ႏွာေစးျခင္း 5. ခႏၶာကိုယ္ ကိုက္ခဲျခင္း 6.ေခါင္းကိုက္ျခင္း 7.ေမာပန္းျခင္း 8.တခ်ိဴ႕လူေတြမွာအန္ျခင္း ႏွင့္ ဝမ္းသြားျခင္းမ်ားရွိႏိူင္ပါသည္။ ကေလးမ်ားတြင္ ပိုေတြ႕ရတတ္ပါတယ္။

တုပ္ေကြးျဖစ္လာခဲ့ရင္ – အိမ္မွာနားနားေနေန ေနပါ။ – ေရမ်ားမ်ားေသာက္ပါ။ – ေဆးလိပ္ ၊ အရက္ေသာက္ျခင္းေရွာင္ပါ။ – ေခါက္ဆြဲျပဳတ္ ၊ ျမဴစြမ္ျပဳတ္ ၊ ဆန္ျပဳတ္ ေပ်ာ့ျပီး အားရွိေသာ အစားမ်ားကိုစားပါ။

-Paracetamol ကဲသို႔ အဖ်ားက်ေဆး ေသာက္သံုးလို႔ရပါတယ္။ – နီးစပ္ရာ ေဆးခန္း ( သို႔ ) ဆရာဝန္ဆီသြားျပီး ေဆးကုသမူ႔ ခံယူပါ။ ပံုမွန္အားျဖင့္ ၃ ရက္ ကေန တပတ္အတြင္း ေပ်ာက္ပါတယ္။

အႏၱရာယ္ ရွိေသာလကၡဏာမ်ား ျဖစ္ေပၚလာပါက နီးစပ္ရာေဆးရံုသို႔ သြားေရာက္ပါ။ အႏၱရာယ္ရွိေသာ လကၡဏာမ်ား 1. အသက္ရူရက်ပ္ျခင္း / အသက္ရူျမန္လာျခင္း 2.ရင္ဘက္ေအာင့္ျခင္း 3.ကေယာင္ကတမ္းျဖစ္ျခင္း 4.ေခါင္းအရမ္းမူးျခင္း 5.အလြန္အမင္းအန္ျခင္း တို႔ပါဝင္ပါသည္။

ကာကြယ္လို႕ရႏိူင္တဲ့ နည္းလမ္းမ်ား 1. ကာကြယ္ေဆးထိုးျခင္း အသက္ ၆လ ႏွင့္အထက္ မည္သူမဆိုထိုးလို႔ရပါတယ္။ တႏွစ္ နဲ႔ တႏွစ္ တုတ္ေကြးေရာဂါအမ်ိဴးအစားမ်ား မတူတဲ့အတြက္ ကာကြယ္ေဆး တစ္ႏွစ္ ကိုတခါ အသစ္ထြက္ပါတယ္။

ကာကြယ္ေဆးထိုးျပီး ႏွစ္ပတ္အၾကာမွာ ကာကြယ္ႏိူင္စြမ္းရွိေသာခုခံအားကို ရမွာပါ။ နီးစပ္ရာ ဆရာ၀န္မွာထိုးလို႔ရပါတယ္။ 2. လက္ကို ေရ ၊ ဆပ္ျပာ ၊ လက္ေဆး Gel မ်ား မၾကာခဏေဆးေပးရပါမယ္။ 3. ဖ်ားေသာ ၊ တုပ္ေကြးရွိေသာ လူမ်ားႏွင့္ အေဝးမွာေနပါ။

4. လက္ျဖင့္ မ်က္လံုး ၊ ႏွာေခါင္း ႏွင့္ ပါးစပ္ တို႔ကို ပြတ္ျခင္းကို ေရွာင္ပါ။ 5.လူအမ်ား စုေဝးရာေနရာမ်ား တက္ႏိူင္သမွ် ေရွာင္ၾကဥ္ပါ 6.အိမ္မွာလဲ ေလဝင္ေလထြက္ ေကာင္းေအာင္ျပဳလုပ္ထားသင့္ပါတယ္ 7. အိပ္ေရးဝဝအိပ္ျပီး အားရွိေသာအစားမ်ားစားေပးျခင္း ကိုယ္ခံအားကိုျမွင့္တင္ထားျခင္း ကိုလဲ လုပ္ေဆာင္သင့္ပါေၾကာင္းေရးသားရင္း နိဂံုးခ်ဴပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္းေရးသားသူ
# Unicode Version # ျဖင့္ ဖတ္ပါ #

ဝက်သားစားခြင်းကြောင့် ဝက်တုပ်ကွေး (H1N1) ရောဂါ မကူးစက်နိုင်ပါဘူး။.H1N1 (ဝက်တုပ်ကွေး) ရောဂါလက္ခဏာများနှင့် ကာကွယ်နိုင်ရန် နည်းလမ်းများ

တုပ်ကွေးများ အဖြစ်များနေသောသော ကာလ ဖြစ်ပါတယ် ။ ဂရုစိုက်နိုင်အောင် ရည်ရွယ်ပြီးရေးထားပါတယ်။ H1N1 Flu လဲ ကာကွယ်လို့ရပါတယ်။

ဝက်တုပ်ကွေး ဘယ်လို ကူးစက်သလဲ။ ။H1N1 တုပ်ကွေးဟာ ဝက်တွေမှာသာ ကူးစက်တတ်တဲ့ တုပ်ကွေးvirus မျိုးစိတ်အသစ်တစ်မျိုးဖြစ်ပါတယ်။ တိုက်ဖိုက်နဲ့ မတူတာက သန်းတွေ၊ မှက်တွေကနေ ကူးစက်တာမဟုတ်ပဲ လူကနေ လူကိုသာ ကူးပြီး တိရိစ္ဆာန်ကနေလည်း လူကို မကူးစက်နိုင်ပါဘူး။

H1N1 တုပ်ကွေးက အလွန်ကူးစက်နိုင်ပါတယ်။ရောဂါပိုးဟာ တံတွေးနှင့် ချွဲတွေအမှုန်တွေကနေ ကူးစက်ပြန့်နှံ့နိုင်ပါတယ်။လူတွေမှာ အောက်ပါနည်းလမ်းတွေနဲ့ ပြန့်နှံ့နိုင်ပါတယ်။

-နှာချေခြင်း
-ချောင်းဆိုးခြင်း
-ရောဂါပိုးရှိတဲ့ နေရာကိုကိုင်တွယ်မိပြီး မျက်လုံး သို့ နှာခေါင်းတို့အား ကိုင်မိခြင်း

လူတွေ နှာချေ၊ ချောင်းဆိုးတဲ့ အခါမှာ လေထဲကို မျက်စိနဲ့ မမြင်နိုင်တဲ့ virus အမှုန်အမွှားတွေ ပက်ဖြန်းလိုက်သလိုဖြစ်သွားပါတယ်။ အကယ်၍သာ သင်ဟာ ၎င်းအမှုန်တွေကို အမှုန်ကျနိုင်တဲ့နေရာ (တံခါးလက်ကိုင် သို့ ဘေစင်တွေ)နဲ့ ထိတွေ့မိတာ သို့ ရောဂါပိုးရှိတဲ့သူထိတွေ့ထားတဲ့ အရာကို ကိုင်မိတာ၊ထိမိတာတွေ ကြောင့် H1N1 တုပ်ကွေးရောဂါကို ကူစက်နိုင်ပါတယ်။

 ရောဂါရှိတဲ့ လူတစ်ယောက်ဟာ ရောဂါလက္ခဏာတွေ မပြခင်တစ်ရက်ရက်မှာ ပြန့်နှံ့စေနိုင်သလို ဖျားနာပြီး ၇ ရက်အတွင်းမှာလည်း ပြန့်နှံံ့စေနိုင်ပါတယ်။ ကလေးတွေကတော့ ၁၀ ရက်လောက်ထိကို ကူးစက်နိုင်ပါတယ်။

ဝက်တုပ်ကွေးဆိုတဲ့ နာမည်အရတော့ သင်ဟာ ဝက်ကင်၊ ဝက်ပေါင်ခြောက် သို့ တခြားဝက်နဲ့ဆိုင်တဲ့ စားသောက်ကုန်တွေ စားပြီးတော့ မကူးစက်နိုင်ပါဘူး။

တုပ်ကွေးရောဂါလက္ခဏာများ 1. ဖျားခြင်း ၊ ကိုယ်အပူချိန်တက်ခြင်း၊ ချမ်းတုန်ခြင်း 2. ချောင်းဆိုးခြင်း 3. လည်ချောင်းနာခြင်း 4. နှာစေးခြင်း 5. ခန္ဓာကိုယ် ကိုက်ခဲခြင်း 6.ခေါင်းကိုက်ခြင်း 7.မောပန်းခြင်း 8.တချိူ့လူတွေမှာအန်ခြင်း နှင့် ဝမ်းသွားခြင်းများရှိနိူင်ပါသည်။ ကလေးများတွင် ပိုတွေ့ရတတ်ပါတယ်။

တုပ်ကွေးဖြစ်လာခဲ့ရင် – အိမ်မှာနားနားနေနေ နေပါ။ – ရေများများသောက်ပါ။ – ဆေးလိပ် ၊ အရက်သောက်ခြင်းရှောင်ပါ။ – ခေါက်ဆွဲပြုတ် ၊ မြူစွမ်ပြုတ် ၊ ဆန်ပြုတ် ပျော့ပြီး အားရှိသော အစားများကိုစားပါ။

-Paracetamol ကဲသို့ အဖျားကျဆေး သောက်သုံးလို့ရပါတယ်။ – နီးစပ်ရာ ဆေးခန်း ( သို့ ) ဆရာဝန်ဆီသွားပြီး ဆေးကုသမူ့ ခံယူပါ။ ပုံမှန်အားဖြင့် ၃ ရက် ကနေ တပတ်အတွင်း ပျောက်ပါတယ်။

အန္တရာယ် ရှိသောလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာဆေးရုံသို့ သွားရောက်ပါ။ အန္တရာယ်ရှိသော လက္ခဏာများ 1. အသက်ရူရကျပ်ခြင်း / အသက်ရူမြန်လာခြင်း 2.ရင်ဘက်အောင့်ခြင်း 3.ကယောင်ကတမ်းဖြစ်ခြင်း 4.ခေါင်းအရမ်းမူးခြင်း 5.အလွန်အမင်းအန်ခြင်း တို့ပါဝင်ပါသည်။

ကာကွယ်လို့ရနိူင်တဲ့ နည်းလမ်းများ 1. ကာကွယ်ဆေးထိုးခြင်း အသက် ၆လ နှင့်အထက် မည်သူမဆိုထိုးလို့ရပါတယ်။ တနှစ် နဲ့ တနှစ် တုတ်ကွေးရောဂါအမျိူးအစားများ မတူတဲ့အတွက် ကာကွယ်ဆေး တစ်နှစ် ကိုတခါ အသစ်ထွက်ပါတယ်။

ကာကွယ်ဆေးထိုးပြီး နှစ်ပတ်အကြာမှာ ကာကွယ်နိူင်စွမ်းရှိသောခုခံအားကို ရမှာပါ။ နီးစပ်ရာ ဆရာဝန်မှာထိုးလို့ရပါတယ်။ 2. လက်ကို ရေ ၊ ဆပ်ပြာ ၊ လက်ဆေး Gel များ မကြာခဏဆေးပေးရပါမယ်။ 3. ဖျားသော ၊ တုပ်ကွေးရှိသော လူများနှင့် အဝေးမှာနေပါ။

4. လက်ဖြင့် မျက်လုံး ၊ နှာခေါင်း နှင့် ပါးစပ် တို့ကို ပွတ်ခြင်းကို ရှောင်ပါ။ 5.လူအများ စုဝေးရာနေရာများ တက်နိူင်သမျှ ရှောင်ကြဉ်ပါ 6.အိမ်မှာလဲ လေဝင်လေထွက် ကောင်းအောင်ပြုလုပ်ထားသင့်ပါတယ် 7. အိပ်ရေးဝဝအိပ်ပြီး အားရှိသောအစားများစားပေးခြင်း ကိုယ်ခံအားကိုမြှင့်တင်ထားခြင်း ကိုလဲ လုပ်ဆောင်သင့်ပါကြောင်းရေးသားရင်း နိဂုံးချူပ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top