ရည္းစားေဟာင္းကို လြမ္းေနေသးတဲ့သူေတြ ဖတ္ဖို႔ေနာ္

အရင္က ရည္းစားကို ခ်စ္ေနေသး တာလား ?

သူ ရည္းစား အသစ္ ရသြားတာကို ဘာလို႔ သဝန္တို ေနမိတာလဲ ?

ဘာလို႔ ေနာင္တ ရမိ သလို ျဖစ္ေနတာလဲ ?

ငါ သူနဲ႔ ျပန္တြဲခ်င္ ေသးလား ၊ ဟင့္အင္း အဲ့ဒါလဲ မဟုတ္ေသး ပါဘူး ။

ဒါဆို ငါ ဘာျဖစ္ေနတာလဲ၊ ဘာျဖစ္ခ်င္ ေနတာလဲ ?

အဲ့ဒီ အေျဖကို ဥပမာေလးနဲ႔ ေျပာျပ ေပးပါမယ္ေနာ္ ။

ကၽြန္မမွာ အရမ္းကို လွပတဲ့ ဖိနပ္ေလး တရံ ရွိပါတယ္။ အရမ္းလည္​း ေစ်းႀကီး တယ္။ လိုခ်င္ လြန္းလို႔ ပိုက္ဆံကို ေသခ်ာ စုၿပီး ဝယ္ထား တာေလးေပါ့။ ဒါမဲ့ ဖိနပ္ေလးက နည္းနည္းေလး ေသးေန တယ္ ။

အျပင္ သြားခါနီးတိုင္း စီးက်ိဖို႔ ႀကိဳးစား ေပမယ္႔ ဘယ္ေတာ့မွ အဆင္မေျပ ပါဘူး။ သူမ်ားကို ေပးပစ္ ဖို႔လည္း အရမ္းကို ႏွေျမာ မိလို႔ မစီးျဖစ္ ေပမယ့္ သိမ္းထား မိေနပါ တယ္ ။

တေန႔ေတာ့ စိတ္ကူး ေပါက္ျပီး သူငယ္ခ်င္း တေယာက္ကို ေပးလိုက္တယ္။ ေနာက္တရက္ ေတြ႔ေတာ့ သူက အဲ့ဒီ ဖိနပ္ေလးကို စီးလာတယ္ေလ ။ သူနဲ႔ အရမ္းကို လိုက္ဖက္ၿပီး အရမ္းကို လွေန ပါတယ္။ ဖိနပ္ေလးေၾကာင့္ သူမရဲ႕ အလွက ပို ေပၚလြင္ သြားပါ တယ္ ။

ငါလည္​း အဲ့ဖိနပ္ေလးကိုသာ ႀကိဳးစားၿပီး ဝတ္ၾကည့္ရင္ အရမ္း လွွမွာပဲ လို႔ ေတြးမိလာ ပါတယ္ ။

ဒါေပမဲ့ ဖိနပ္ေလးကို ယူၿပီး ထပ္စီးၾကည့္ ေတာ့လည္း Size ေသးေနေတာ့ က်မ ေျခေထာက္ အရမ္းကိုနာၿပီး လမ္းေတာင္ မေလွ်ာက္ႏိုင္ေလာက္ ေအာင္ပါပဲ ။ ဘယ္လိုမွ အဆင္မေျပ တာပါ ။ ဒါေပမယ့္ သူမနဲ႔ ကေတာ့ သိပ္လွ လို႔ေနပါ တယ္ ။

အဲ့လို ပါပဲ ။ ရည္းစားေဟာင္း ဆိုတာ ဟာလည္း အမွတ္တရေတြ အမ်ားႀကီး ရွိဖူးတယ္။ အရာအားလံုး ျမွဳပ္ႏွံၿပီး ခ်စ္ခဲ့ ဖူးၾကတဲ့ သူေတြပါ ။

အဲ့ဒါေၾကာင့္ပဲ တျခားသူ ဆီမွာ ေတြ႔တဲ့ အခါ တျခားသူဆီ ေရာက္သြားတဲ့ အခါ ပိုက္ဆံ အမ်ားႀကီး ေပးထားတဲ့ ပစၥည္း သူမ်ားကို ေပးရမွာ ႏွေျမာမိ သလို ခံစားခ်က္ အမ်ားႀကီး ေပးထားတဲ့ သူကို တျခားသူကို ေပးရမွာ ႏွေျမာ မိယံု သက္သက္ပါ ။

ငါ ခုေန တခါေလာက္ ထပ္စီး ၾကည့္ရင္ ေကာင္းမလား လို႔ ေတြးမိတိုင္း သင္ စီးခဲ့ တုန္းက ဘယ္ေလာက္ေတာင္ နာက်င္ခဲ့လဲ ဆိုတာကို ျပန္သတိရ ပါ ။

အဲ့ ဖိနပ္ကို ခြၽတ္လိုက္တဲ့ အခ်ိန္မွာ သင္ ဘယ္​ေလာက္ထိ စိတ္သက္သာရာ ရသြားတယ္ ၊ နာက်င္ တာေတြ ေပ်ာက္သြားတယ္ ဆိုတာ ျပန္ သတိရၾကည့္ ပါ ။

သူတို႔ အတြဲ ေပ်ာ္ေနတဲ့ ပံုေတြ fb မွာ ေတြ႕တဲ့ အခါ သူငယ္ခ်င္းေတြက လာေျပာျပတဲ့ အခါ ေတြမွာလည္း ” ငါကေတာ့ ငတံုးပဲ တကယ္ဆို ဒါ ငါ့ဟာပဲ၊ သူမ်ားကို မေပးသင့္ဘူး ၊ ခုခ်ိန္ သူ႔ရည္းစား အသစ္က ေပ်ာ္ေန သင့္တာ မဟုတ္ဘူး ငါ ေပ်ာ္ေနရမွာ ” လို႔ ေတြးမိတတ္ ပါတယ္ ။

အဲ့ဒီ အေတြးက တကယ္ေတာ့ မွားပါတယ္။ သူတို႔ ႏွစ္ေယာက္ ေပ်ာ္ေနေပမယ့္ တကယ္တမ္း သူ က်မ အနားမွာ ရွိရင္လည္း က်မ ေပ်ာ္မွာ မဟုတ္ပါဘူး။ ဘာလို႔လဲ ဆိုေတာ့ အစထဲက မေတာ္တဲ့ဟာ ျဖစ္တာမို႔ ပါ ။

ခုခ်ိန္မွာ သူမ်ားနဲ႔ လွတာ ျမင္တိုင္း ကိုယ္နဲ႔လည္​း လွမယ္ ၊ အဆင္ေျပမယ္ လို႔ မေတြးမိေတာ့ ပါဘူး၊ ကိုယ္နဲ႔ မေတာ္တဲ့ ဖိနပ္ကို သူမ်ား စီးထားလို႔ လွတာ ျမင္ရင္လည္​း ျပန္မလိုခ်င္ ေတာ့ပါဘူး ။

ႏွေျမာတာ သက္သက္နဲ႔ အနာ ခံၿပီးလည္း မစီးသင့္ ေတာ့ပါဘူး။ တေန့ေန့ မွာေတာ့ ကိုယ္နဲ႔ ကြက္တိ ျဖစ္မယ့္ ဖိနပ္ လွလွေလး တရံ ေတြ႔ဦးမယ္ လို႔ ယံုၾကည္ မိပါ တယ္ ။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Writer
# Unicode Version # ျဖင့္ ဖတ္ပါ #

ရည်းစားဟောင်းကို လွမ်းနေသေးတဲ့သူတွေ ဖတ်ဖို့နော်

အရင်က ရည်းစားကို ချစ်နေသေး တာလား ?

သူ ရည်းစား အသစ် ရသွားတာကို ဘာလို့ သဝန်တို နေမိတာလဲ ?

ဘာလို့ နောင်တ ရမိ သလို ဖြစ်နေတာလဲ ?

ငါ သူနဲ့ ပြန်တွဲချင် သေးလား ၊ ဟင့်အင်း အဲ့ဒါလဲ မဟုတ်သေး ပါဘူး ။

ဒါဆို ငါ ဘာဖြစ်နေတာလဲ၊ ဘာဖြစ်ချင် နေတာလဲ ?

အဲ့ဒီ အဖြေကို ဥပမာလေးနဲ့ ပြောပြ ပေးပါမယ်နော် ။

ကျွန်မမှာ အရမ်းကို လှပတဲ့ ဖိနပ်လေး တရံ ရှိပါတယ်။ အရမ်းလည်း ဈေးကြီး တယ်။ လိုချင် လွန်းလို့ ပိုက်ဆံကို သေချာ စုပြီး ဝယ်ထား တာလေးပေါ့။ ဒါမဲ့ ဖိနပ်လေးက နည်းနည်းလေး သေးနေ တယ် ။

အပြင် သွားခါနီးတိုင်း စီးကျိဖို့ ကြိုးစား ပေမယ့် ဘယ်တော့မှ အဆင်မပြေ ပါဘူး။ သူများကို ပေးပစ် ဖို့လည်း အရမ်းကို နှမြော မိလို့ မစီးဖြစ် ပေမယ့် သိမ်းထား မိနေပါ တယ် ။

တနေ့တော့ စိတ်ကူး ပေါက်ပြီး သူငယ်ချင်း တယောက်ကို ပေးလိုက်တယ်။ နောက်တရက် တွေ့တော့ သူက အဲ့ဒီ ဖိနပ်လေးကို စီးလာတယ်လေ ။ သူနဲ့ အရမ်းကို လိုက်ဖက်ပြီး အရမ်းကို လှနေ ပါတယ်။ ဖိနပ်လေးကြောင့် သူမရဲ့ အလှက ပို ပေါ်လွင် သွားပါ တယ် ။

ငါလည်း အဲ့ဖိနပ်လေးကိုသာ ကြိုးစားပြီး ဝတ်ကြည့်ရင် အရမ်း လှမှာပဲ လို့ တွေးမိလာ ပါတယ် ။

ဒါပေမဲ့ ဖိနပ်လေးကို ယူပြီး ထပ်စီးကြည့် တော့လည်း Size သေးနေတော့ ကျမ ခြေထောက် အရမ်းကိုနာပြီး လမ်းတောင် မလျှောက်နိုင်လောက် အောင်ပါပဲ ။ ဘယ်လိုမှ အဆင်မပြေ တာပါ ။ ဒါပေမယ့် သူမနဲ့ ကတော့ သိပ်လှ လို့နေပါ တယ် ။

အဲ့လို ပါပဲ ။ ရည်းစားဟောင်း ဆိုတာ ဟာလည်း အမှတ်တရတွေ အများကြီး ရှိဖူးတယ်။ အရာအားလုံး မြှုပ်နှံပြီး ချစ်ခဲ့ ဖူးကြတဲ့ သူတွေပါ ။

အဲ့ဒါကြောင့်ပဲ တခြားသူ ဆီမှာ တွေ့တဲ့ အခါ တခြားသူဆီ ရောက်သွားတဲ့ အခါ ပိုက်ဆံ အများကြီး ပေးထားတဲ့ ပစ္စည်း သူများကို ပေးရမှာ နှမြောမိ သလို ခံစားချက် အများကြီး ပေးထားတဲ့ သူကို တခြားသူကို ပေးရမှာ နှမြော မိယုံ သက်သက်ပါ ။

ငါ ခုနေ တခါလောက် ထပ်စီး ကြည့်ရင် ကောင်းမလား လို့ တွေးမိတိုင်း သင် စီးခဲ့ တုန်းက ဘယ်လောက်တောင် နာကျင်ခဲ့လဲ ဆိုတာကို ပြန်သတိရ ပါ ။

အဲ့ ဖိနပ်ကို ချွတ်လိုက်တဲ့ အချိန်မှာ သင် ဘယ်လောက်ထိ စိတ်သက်သာရာ ရသွားတယ် ၊ နာကျင် တာတွေ ပျောက်သွားတယ် ဆိုတာ ပြန် သတိရကြည့် ပါ ။

သူတို့ အတွဲ ပျော်နေတဲ့ ပုံတွေ fb မှာ တွေ့တဲ့ အခါ သူငယ်ချင်းတွေက လာပြောပြတဲ့ အခါ တွေမှာလည်း ” ငါကတော့ ငတုံးပဲ တကယ်ဆို ဒါ ငါ့ဟာပဲ၊ သူများကို မပေးသင့်ဘူး ၊ ခုချိန် သူ့ရည်းစား အသစ်က ပျော်နေ သင့်တာ မဟုတ်ဘူး ငါ ပျော်နေရမှာ ” လို့ တွေးမိတတ် ပါတယ် ။

အဲ့ဒီ အတွေးက တကယ်တော့ မှားပါတယ်။ သူတို့ နှစ်ယောက် ပျော်နေပေမယ့် တကယ်တမ်း သူ ကျမ အနားမှာ ရှိရင်လည်း ကျမ ပျော်မှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ အစထဲက မတော်တဲ့ဟာ ဖြစ်တာမို့ ပါ ။

ခုချိန်မှာ သူများနဲ့ လှတာ မြင်တိုင်း ကိုယ်နဲ့လည်း လှမယ် ၊ အဆင်ပြေမယ် လို့ မတွေးမိတော့ ပါဘူး၊ ကိုယ်နဲ့ မတော်တဲ့ ဖိနပ်ကို သူများ စီးထားလို့ လှတာ မြင်ရင်လည်း ပြန်မလိုချင် တော့ပါဘူး ။

နှမြောတာ သက်သက်နဲ့ အနာ ခံပြီးလည်း မစီးသင့် တော့ပါဘူး။ တနေ့နေ့ မှာတော့ ကိုယ်နဲ့ ကွက်တိ ဖြစ်မယ့် ဖိနပ် လှလှလေး တရံ တွေ့ဦးမယ် လို့ ယုံကြည် မိပါ တယ် ။ ။

ဖိုးသူတော် (www.phothutaw.com)
Credit:Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top