အေမ ညာတယ္
ထမင္းအိုးထဲ ထမင္းမေလာက္မွန္း သိေတာ့ `အေမ မဆာဘူး
သားတို႔ စားပါ´တဲ့။

အေမ ညာတယ္
တစ္ခါတစ္ရံ အသားဟင္း ခ်က္ေတာ့ `အေမ သြားမေကာင္းလို႔ ခ်ဥ္ေပါင္ရြက္ခ်က္နဲ႔ အေမ စားမယ္၊ အသားဟင္း သားတို႔ စားပါ´တဲ့။

အေမ ညာတယ္
အ၀တ္အစားသစ္ မ႐ွိ၊ ခါး၀တ္ အက်ႌ လံုခ်ည္ ေဟာင္းႏြမ္းေနပါလ်က္ `အေမ့အက်ႌ လံုခ်ည္ အသစ္ပဲ ႐ွိေသးလို႔ အေမ့အတြက္ မလိုဘူး၊ အ၀တ္အစားသစ္ သားတို႔ ၀တ္ပါ´တဲ့။

အေမ ညာတယ္
ဖေနာင့္ ေနရာမွာ ပါးၿပီး ေပါက္ေနပါလ်က္ `အေမ့ဖိနပ္ အေကာင္းပဲ ႐ွိေသးလို႔ ဖိနပ္အသစ္ သားတို႔ စီးပါ´တဲ့။

အေမ ညာတယ္
ေလာကဓံကို အံတု၊ မာန္တင္းကာ ရင္ဆိုင္ေပမယ့္ သားတို႔ ေနာင္ေရးေတြး စိတ္မေအးလို႔ ၀မ္းနည္း မ်က္ရည္ က်ေနပါလ်က္ `အေမ ဘာလို႔ ငိုတာလဲ´ေမးေတာ့ `အေမ မငိုပါဘူး၊ မိုးရြာတာပါ´တဲ့။

အေမ ညာခဲ့တယ္၊ ေမတၱာဖံုးတဲ့ မုသားနဲ႔ အေမ အျမဲ ညာခဲ့တယ္၊

အေမ မညာပါနဲ႔ေတာ့ အေမရယ္၊ အေမ ညာခဲ့တာ မသိ၊ သားကိုယ္တိုင္ ၾကံဳေတြ႔ရေတာ့မွ အေမ့ေမတၱာကို သိ သားရင္ထဲ တဆစ္ဆစ္ နာၾကင္ေနရၿပီ အေမ။

ဒီတစ္ခါ သားကို တစ္လွည့္ ညာခြင့္ေပးပါ။

`သားရဲ႕ လုပ္အားခ လစာေလး ပိုလွ်ံေနလို႔ လတိုင္း အေမ့ထံ ကန္ေတာ့ပါရေစ။´

မာတာပိတုဂုဏံ အနႏၱံ အဟံ ၀ႏၵာမိပါ အေမ...။

အေမဆိုတာ သား၊ သမီးတို႔အတြက္ ရတက္မေအး ေသာကမ်က္ရည္ က်မိတဲ့အခါ သား၊ သမီးတို႔အေပၚ မစိုေစ၊ မျမင္ေစဘဲ မိုးေရအျဖစ္ အသြင္ေျပာင္းကာ ျမင္ေစသူပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မင္းေသာ္တာ
# Unicode Version # ျဖင့္ ဖတ္ပါ #

အမေ ညာတယ်
ထမင်းအိုးထဲ ထမင်းမလောက်မှန်း သိတော့ `အမေ မဆာဘူး
သားတို့ စားပါ´တဲ့။

အမေ ညာတယ်
တစ်ခါတစ်ရံ အသားဟင်း ချက်တော့ `အမေ သွားမကောင်းလို့ ချဉ်ပေါင်ရွက်ချက်နဲ့ အမေ စားမယ်၊ အသားဟင်း သားတို့ စားပါ´တဲ့။

အမေ ညာတယ်
အဝတ်အစားသစ် မရှိ၊ ခါးဝတ် အင်္ကျီ လုံချည် ဟောင်းနွမ်းနေပါလျက် `အမေ့အင်္ကျီ လုံချည် အသစ်ပဲ ရှိသေးလို့ အမေ့အတွက် မလိုဘူး၊ အဝတ်အစားသစ် သားတို့ ဝတ်ပါ´တဲ့။

အမေ ညာတယ်
ဖနောင့် နေရာမှာ ပါးပြီး ပေါက်နေပါလျက် `အမေ့ဖိနပ် အကောင်းပဲ ရှိသေးလို့ ဖိနပ်အသစ် သားတို့ စီးပါ´တဲ့။

အမေ ညာတယ်
လောကဓံကို အံတု၊ မာန်တင်းကာ ရင်ဆိုင်ပေမယ့် သားတို့ နောင်ရေးတွေး စိတ်မအေးလို့ ဝမ်းနည်း မျက်ရည် ကျနေပါလျက် `အမေ ဘာလို့ ငိုတာလဲ´မေးတော့ `အမေ မငိုပါဘူး၊ မိုးရွာတာပါ´တဲ့။

အမေ ညာခဲ့တယ်၊ မေတ္တာဖုံးတဲ့ မုသားနဲ့ အမေ အမြဲ ညာခဲ့တယ်၊

အမေ မညာပါနဲ့တော့ အမေရယ်၊ အမေ ညာခဲ့တာ မသိ၊ သားကိုယ်တိုင် ကြုံတွေ့ရတော့မှ အမေ့မေတ္တာကို သိ သားရင်ထဲ တဆစ်ဆစ် နာကြင်နေရပြီ အမေ။

ဒီတစ်ခါ သားကို တစ်လှည့် ညာခွင့်ပေးပါ။

`သားရဲ့ လုပ်အားခ လစာလေး ပိုလျှံနေလို့ လတိုင်း အမေ့ထံ ကန်တော့ပါရစေ။´

မာတာပိတုဂုဏံ အနန္တံ အဟံ ဝန္ဒာမိပါ အမေ...။

အမေဆိုတာ သား၊ သမီးတို့အတွက် ရတက်မအေး သောကမျက်ရည် ကျမိတဲ့အခါ သား၊ သမီးတို့အပေါ် မစိုစေ၊ မမြင်စေဘဲ မိုးရေအဖြစ် အသွင်ပြောင်းကာ မြင်စေသူပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:မင်းသော်တာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top