












Credit:than sin moe zat
# Unicode Version # ဖြင့် ဖတ်ပါ #

အမေရိကန် ကော်လိုရာဒိုပြည်နယ် Fruita တွင်လယ်သမား တစ်ယောက်သည် သူ၏ ယောက္ခမ ကြက်သား ဟင်း ဖြင့် ထမင်းစားစေ ရန် သူ၏ မိန်းမ ကို လယ်ထဲမှ ကြက် တစ်ကောင်ကို ဖမ်းခိုင်း လိုက်ပါတယ်။

သူ့မိန်း မက လည်း ၅ လခွဲခန့် ရှိတဲ့ Wyandotte အမျိုအစား ကြက် ကို ဖမ်းလာပါတယ် ဒါနဲ့ လယ်သမား သည် ကြက်ကို စဉ့်နီတုံး ပေါ်တင်ပြီး ကြက် လည်ပင်း ကို ဖြတ်ချလိုက်ပါတယ်။

လူတစ်ယောက် က ထမင်းစား ဖို့ သတ္တဝါ တစ်ကောင် ကို သတ်တာ ဟာ လုပ်ရိုး လုပ်စဉ်တွေပါ ဘဲ သိပ်တော့ မထူးဆန်း ပါဘူး သို့သော် ကြက်က ရုန်း လိုက်သော ကြောင့် လည်ပင်း မပျက်ဘဲ ခေါင်းပျက် သွားပါတယ်။ ခေါင်းပျက် ပြီး သွေး တွေထွက်နေတဲ့ ကြက် က မသေပါဘူး ပုံမှန် အတိုင်း လျာက်သွား နေပါတယ်။

လယ်သမား Olsen လည်း ကြက် ကို ကြည့် ပြီး စိတ်ထိခိုက်သွားပါတယ်။ သူဆုံးဖြတ်ချက် ချလိုက်တယ် ဒီ ကြက် ကို မသေခင် အထိ ကျွေးမွေး စောင့်ရှောက် ဖို့ သူဆုံးဖြတ် လိုက်ပါတယ်။ဒီ သတင်း က ဟိုးလေး တကျော်ကျော် ဖြစ်ပြီး တစ်နိုင်ငံလုံး နီးပါး သိသွားပါတယ်။

ဒါ ဘယ်နည်း နဲ့မှ မဖြစ်နိုင် ဘူး ကြက် ကို မကောင်းဆိုးဝါး ဝင်ပူးနေတာ ဖြစ်နိုင် တယ်ဆိုပြီး ကောလဟာလ သတင်း ကလည်း ကပ်ပါလာပါတယ်။

၁၉၄၅ ခုနှစ်မှာ cult ဘာသာဝင် တွေ က ကြက်သွေးဖြင့်Voodoo အောက်လမ်း တွေစီရင် ကြတဲ့ ခေတ် ဆိုတော့လည်း ဒီကောလဟာလ တော်တော် လေး နာမည်ကြီးပါတယ်။ ဘာဘဲဖြစ်ဖြစ် လယ်သမားက ခေါင်းမပါတဲ့ ကြက် ကို အသက်ရှင် အောင် အစာလမ်းကြောင်း ထဲ ကို အဟာရ ဖြစ်စေမဲ့ ပဲစေ့လေးတွေ၊ စပါးစေ့ လေးတွေ ကို ကြိတ်ချေ ပြီး နွားနို့ နဲ့ ရောတိုက် ခဲ့ပါတယ်။ အမြဲတမ်း အရိပ်တကြည့်ကြည့် နဲ့ အိမ်ထဲမှာ နေဒါဏ် လေဒါဏ် မခံရအောင် အိမ်ထဲမှာ ဘဲထားပါတယ်။

သူ့ ၏ ဂရုစိုက်မှုကြောင့် ကြက် က မသေပါဘူး ဘာမှလည်း မမြင်ရဘဲ နဲ့ ကြက်က ပုံမှန် အတိုင်း လျောက်သွားနေပါတယ်။ ခေါင်းမပါ ဘဲ အသက်ရှင်ပြီး ကောလ ဟာလ ပေါင်းစုံဖြင့် နမ်မည် ကြီးတဲ့ ကြက် နာမည်က Mike (မိုက်) ဖြစ်ပါတယ်။ မိုက် ကို ကလေးရော လူကြီးရော ကြည့်ကြည့် ပြီးအံဩကြ ပါတယ်။ ကြက် အချင်းချင်း ကြည့်ပြီးတော့ တောင်အံဩပါတယ်။

လာကြည့်တဲ့ လူတွေများ လာတာနှင့်အမျ ကြက် ကို ပင်ပန်းပြီး အနေကျပ်မှာ စိုးလို့ လာမကြည့်အောင် တစ်ခါကြည့် ၂၅ ပြား( 25 cent) သက်မှတ် လိုက်ပါတယ်သို့သော် ကြက်က လည်း ကျန်းမာရေး ဒေါင်ဒေါင် မည် ကောင်းလာ ပြီး ငွေပေး ပြီးလာကြည့် တဲ့ သူများ လာတဲ့ အတွက် နယ်လှည့် ပြီး ခေါင်းပြက် ကြက် ကိုပြသတဲ့ အဆင့် ဖြစ်လာခဲ့ပါသည်။ တစ်လ ဝင်ငွေ 4500 US $ အထိရပါတယ်/

ဒီခေတ် ပေါက်ဈေး နဲ့ ဆို 4500 US$ ကတော်တော်များပါတယ်။ April 1945 မှာမွေးတဲ့ “မိုက်” သည် ခေါင်းပြက် ဘဝဖြင့် ၁၈ လ အသက် ရှင်ခဲ့ ပြီး တနေ့ နယ်လှည့်ပြသပြီး ဖီနစ်မှာ ရှိတဲ့ မော်တယ်တွင် ဝင်နားစဉ် ညပိုင်း ၌ ကြက်၏ လေလမ်း ကြောင်း တွင် တစ်ခုခု ဆို့ပြီး အသက်ရှုကြပ် သလို ဖြစ်ကာ ပိုင်ရှင် လယ် သမား နည်းမျိုးစုံဖြင့် ပြုစု ကုသ ပါသော် လည်း သေဆုံးသွားခဲ့ပါသည်။

သေဆုံး သည့် March 1947 တွင် တစ်လ ဝင်ငွေ 10000 US $အထိရရှိနေခဲ့ပြီ ဖြစ်သည်။ လယ်သမားက နယ်လှည့် ပြသချင်လို့ ကြက်ကို ကုသတာ မဟုတ်ပါဘူး ခံစားရတဲ့ ဝေဒနာကို ကြည့်ပြီး အသက် မသေစေချင်တော့တဲ့ ဆန္ဒ တစ်ခုတည်း နှင့် ကြက်ကို ကုသခဲ့တာ ဖြစ်ပါတယ်။

ကြက် က ခေါင်းပျက် ပေမဲ့ မသေရခြင်းမှာ ခန္ဒာကိုယ် ၏အရေးကြီး အစာခြေ အစိတ် အပိုင်း နှင့် Adjust လုပ်နိုင်တဲ့ အာရုံခံပင်မ အကြော ဦးနှောက်ပိုင်း မပျက်စီး၍သာ မသေဆုံးခြင်း ဖြစ်သည်ဟု ဆေးပညာ အရသုံးသပ်ကြပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:than sin moe zat
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top