ျမန္မာနုိင္ငံတင္မက နုိင္ငံရပ္ျခားက ပရိသတ္ေတြကပါ တခဲနက္အားေပးရတဲ့ အဆိုေတာ္ သရုပ္ေဆာင္ စိုင္းစိုင္းခမ္းလိႈင္နဲ႔ ျမန္မာ့ထိပ္တန္းမင္းသမီး ဝတ္မႈန္ေရႊရည္တို႔နွစ္ေယာက္ဟာ အရင္တစ္ခ်ိန္တုန္းက ခ်စ္သူေတြျဖစ္ခဲ့ဲၾကတယ္လို႔သတင္းေတြထြက္ခဲ့ဖူးသလုိ နွစ္ေယာက္သားက အရမ္းလုိက္ဖက္လြန္းလို႔ ပရိသတ္ေတြဝုိ္င္းျပီးသေဘာတူျခင္းခံခဲ့ရတယ္ဆိုရင္လည္းမမွားပါဘူး။

ကစ္နဲ႔ စုိင္းစိုင္းနဲ႔ဟာ အတူတူရိုက္ခဲ့ဖူးတဲ့ ရုပ္ရွင္ေတြေရာ ေၾကာျငာေတြပါမ်ားစြာရွိခဲ့ပါတယ္။ ဒါေပမယ့္ျပီးခဲ့တဲ့နွစ္အပုိင္းအျခားအခ်ိဳ႕မွာသူတို႔နွစ္ေယာက္ဟာတကယ္ကိုေဝးကြာသြားသလိုျဖစ္ခဲ့ျပီး အတူတူလုပ္တဲ့အနုပညာအလုပ္ေတြသိပ္မေတြ႕ရပဲေနာက္ပုိင္းနွစ္ေတြမွာမွအနုပညာအလုပ္ေတြအတူတူျပန္လုပ္လာၾကတာျဖစ္ပါတယ္။

စုိင္းစုိင္းက သူ႔ရဲ႕ page မွာေရာ account မွာပါ ဝတ္မႈန္ေရႊရည္နဲ႔ေၾကာ္ျငာအတူရိုက္ေနတဲ့ပံုေလးေတြ အတူတူရုိက္ထားတဲ့ ဓာတ္ပံုေလးေတြကုိ တင္ခဲ့ဖူးျပီး အခုေနာက္ပုိင္း memory ေတြျပန္တက္လာတာေတာင္မွ အဲဒီပံုေလးေတြကုိဖ်က္မပစ္ပဲထားတာေတြ႕ရပါတယ္။ ကစ္ရဲ႕ page မွာေတာ့ စိုင္းစုိင္းနဲ႕႔ပတ္သက္တဲ့အစအနေလးေတာင္ သိပ္ျပီးမေတြ႕ရပါဘူး။

ဒါေပမယ့္လည္း သူတို႔နွစ္ေယာက္ဟာ အလုပ္နဲ႔သက္ဆိုင္တဲ့ပြဲေတြမွာေတြ႕တဲ့အခါေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ခင္မင္ရင္းနွီးစြာပဲဆက္ဆံၾကတာေတြ႕ရပါတယ္။ ျပီးခဲ့တဲ့ G Shock Ambassador ခန္႔အပ္ပြဲမွာ ကစ္ကုိအရိပ္တၾကည့္ၾကည့္လုပ္ခဲ့တဲ့ စိုင္းစိုင္းရဲ႕ ဓာတ္ပံုေလးေတြကလည္း ပ်ံ႕နွံ႔လာခဲ့ပါတယ္။

အဲဒီေနာက္ပုိင္းမွာေတာ့ ပရိသတ္ေတြက ကစ္နဲ႔ စိုင္းစို္င္းအတူရိုက္ထားတဲ့ရုပ္ရွင္ေတြကုိ ေမွ်ာ္လင့္ေနၾကေပမယ့္လည္း အတူတြဲျပီးမေတြ႕ရျပန္ပါဘူး။



အခုလတ္တေလာမွာေတာ့ ကစ္က သူမရဲ႕ Instagram မွာ စုိင္းစို္င္းနဲ႔အတူေၾကာ္ျငာရုိက္ေနတဲ့ဓာတ္ပံုေလးကုိတင္လိုက္တာေတြ႕ရပါတယ္။ ေၾကာ္ျငာကေတာ့ ဟိုးအရင္နွစ္ေတြတုန္းက သူတို႔နွစ္ေယာက္အတူတူရို္ုက္ခဲ့တဲ့ American Vision ေၾကာ္ျငာပါပဲ။

ဓာတ္ပံုေလးထဲမွာစိုင္းစို္င္းက အျဖဴေရာင္အက်ႌေလးနဲ႔ သန္႔ျပန္႔ေနျပီး ကစ္ကလည္း ကေလးေလးလိုခ်စ္ဖို႔ေကာင္းစြာျပံဳးေနခဲ့ပါတယ္။ စုိင္းစို္င္းကလည္း အစဥ္အလာမပ်က္ပဲ ကစ္ကုိခပ္ေငးေငးေလးၾကည့္ေနတာျမင္ရတာမုိ႔ အဲဒီဓာတ္ပံုေလးကုိပရိသတ္ေတြက အသည္းယားျပီး ျပန္ share ထားၾကတာလည္းေတြ႕ရပါတယ္။

နွစ္ေယာက္စလံုးရဲ႕ပရိသတ္ေတာ္ေတာ္မ်ားမ်ားကသူတို႔နွစ္ေယာက္ကုိအခ်စ္ဇာတ္လမ္းရုပ္ရွင္ေလးမွာအတူတူသရုပ္ေဆာင္တာျမင္ခ်င္ေနၾကျပီး အဲဒီလုိရုပ္ရွင္ေတြထြက္လာမလားဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။ ကစ္နဲ႔စုိင္းစိုင္းရဲ႕ ဓာတ္ပံုေလးကုိ႔ပရိသတ္ၾကီးအတြက္ေဖာ္ျပေပးလုိက္ပါတယ္။



ပရိသတ္ၾကီးေရာ ကစ္နဲ႔ စုိင္းစိုင္းကုိခ်စ္ၾကလား။သူတို႔နွစ္ေယာက္ကုိဟိုးအရင္က လိုပဲ ေၾကာ္ျငာေတြနဲ႔ ရုပ္ရွင္ေတြမွာ တတြဲတြဲျပန္ေတြ႕ခ်င္ၾကလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Can’t Wait To Say
# Unicode Version # ျဖင့္ ဖတ္ပါ #

မြန်မာနိုင်ငံတင်မက နိုင်ငံရပ်ခြားက ပရိသတ်တွေကပါ တခဲနက်အားပေးရတဲ့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ မြန်မာ့ထိပ်တန်းမင်းသမီး ဝတ်မှုန်ရွှေရည်တို့နှစ်ယောက်ဟာ အရင်တစ်ချိန်တုန်းက ချစ်သူတွေဖြစ်ခဲ့ဲကြတယ်လို့သတင်းတွေထွက်ခဲ့ဖူးသလို နှစ်ယောက်သားက အရမ်းလိုက်ဖက်လွန်းလို့ ပရိသတ်တွေဝိုင်းပြီးသဘောတူခြင်းခံခဲ့ရတယ်ဆိုရင်လည်းမမှားပါဘူး။

ကစ်နဲ့ စိုင်းစိုင်းနဲ့ဟာ အတူတူရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေရော ကြောငြာတွေပါများစွာရှိခဲ့ပါတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့နှစ်အပိုင်းအခြားအချို့မှာသူတို့နှစ်ယောက်ဟာတကယ်ကိုဝေးကွာသွားသလိုဖြစ်ခဲ့ပြီး အတူတူလုပ်တဲ့အနုပညာအလုပ်တွေသိပ်မတွေ့ရပဲနောက်ပိုင်းနှစ်တွေမှာမှအနုပညာအလုပ်တွေအတူတူပြန်လုပ်လာကြတာဖြစ်ပါတယ်။

စိုင်းစိုင်းက သူ့ရဲ့ page မှာရော account မှာပါ ဝတ်မှုန်ရွှေရည်နဲ့ကြော်ငြာအတူရိုက်နေတဲ့ပုံလေးတွေ အတူတူရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို တင်ခဲ့ဖူးပြီး အခုနောက်ပိုင်း memory တွေပြန်တက်လာတာတောင်မှ အဲဒီပုံလေးတွေကိုဖျက်မပစ်ပဲထားတာတွေ့ရပါတယ်။ ကစ်ရဲ့ page မှာတော့ စိုင်းစိုင်းနဲ့ပတ်သက်တဲ့အစအနလေးတောင် သိပ်ပြီးမတွေ့ရပါဘူး။

ဒါပေမယ့်လည်း သူတို့နှစ်ယောက်ဟာ အလုပ်နဲ့သက်ဆိုင်တဲ့ပွဲတွေမှာတွေ့တဲ့အခါတော့ တစ်ယောက်နဲ့တစ်ယောက်ခင်မင်ရင်းနှီးစွာပဲဆက်ဆံကြတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ G Shock Ambassador ခန့်အပ်ပွဲမှာ ကစ်ကိုအရိပ်တကြည့်ကြည့်လုပ်ခဲ့တဲ့ စိုင်းစိုင်းရဲ့ ဓာတ်ပုံလေးတွေကလည်း ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ပရိသတ်တွေက ကစ်နဲ့ စိုင်းစိုင်းအတူရိုက်ထားတဲ့ရုပ်ရှင်တွေကို မျှော်လင့်နေကြပေမယ့်လည်း အတူတွဲပြီးမတွေ့ရပြန်ပါဘူး။

အခုလတ်တလောမှာတော့ ကစ်က သူမရဲ့ Instagram မှာ စိုင်းစိုင်းနဲ့အတူကြော်ငြာရိုက်နေတဲ့ဓာတ်ပုံလေးကိုတင်လိုက်တာတွေ့ရပါတယ်။ ကြော်ငြာကတော့ ဟိုးအရင်နှစ်တွေတုန်းက သူတို့နှစ်ယောက်အတူတူရိုုက်ခဲ့တဲ့ American Vision ကြော်ငြာပါပဲ။

ဓာတ်ပုံလေးထဲမှာစိုင်းစိုင်းက အဖြူရောင်အင်္ကျီလေးနဲ့ သန့်ပြန့်နေပြီး ကစ်ကလည်း ကလေးလေးလိုချစ်ဖို့ကောင်းစွာပြုံးနေခဲ့ပါတယ်။ စိုင်းစိုင်းကလည်း အစဉ်အလာမပျက်ပဲ ကစ်ကိုခပ်ငေးငေးလေးကြည့်နေတာမြင်ရတာမို့ အဲဒီဓာတ်ပုံလေးကိုပရိသတ်တွေက အသည်းယားပြီး ပြန် share ထားကြတာလည်းတွေ့ရပါတယ်။

နှစ်ယောက်စလုံးရဲ့ပရိသတ်တော်တော်များများကသူတို့နှစ်ယောက်ကိုအချစ်ဇာတ်လမ်းရုပ်ရှင်လေးမှာအတူတူသရုပ်ဆောင်တာမြင်ချင်နေကြပြီး အဲဒီလိုရုပ်ရှင်တွေထွက်လာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ ကစ်နဲ့စိုင်းစိုင်းရဲ့ ဓာတ်ပုံလေးကို့ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကစ်နဲ့ စိုင်းစိုင်းကိုချစ်ကြလား။သူတို့နှစ်ယောက်ကိုဟိုးအရင်က လိုပဲ ကြော်ငြာတွေနဲ့ ရုပ်ရှင်တွေမှာ တတွဲတွဲပြန်တွေ့ချင်ကြလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top