ကိုယ့္သိကၡာ ကိုယ္ယုံရင္

ဘယ္သူ႔ကိုမွ ေၾကာက္စရာ မလိုဘူး။

ကိုယ့္အရည္အခ်င္း ကိုယ္ယုံရင္

ဘယ္သူ႔ကိုမွ မနာလုိျဖစ္စရာ မလုိဘူး။

ကိုယ့္လိပ္ျပာ ကိုယ္သန္႔ရင္

ဘယ္သူ႔ကိုမွ ရွင္းျပစရာ မလုိဘူး။

ကုိယ့္ေစတနာ ကိုယ္မွန္ေနရင္

ဘယ္သူ႔ကိုမွ ဟန္လုပ္စရာ မလုိဘူး။

ကိုယ့္အေၾကာင္း ကိုယ္သိေနရင္

ဘယ္သူ႔ကိုမွ ၾကြားေျပာစရာ မလုိဘူး။

သီလ မလုံတဲ့သူက လူတုိင္းကို

ေၾကာက္ေနရတတ္တယ္။

အရည္အခ်င္းမရွိတဲ့သူက

ကုိယ့္ထက္သာရင္ မနာလုိ ျဖစ္တတ္တယ္။

ကိုယ့္လိပ္ျပာကိုယ္ မလုံတဲ့သူက

သူမ်ားကို မယုံမၾကည္ ျဖစ္တတ္တယ္။

ကိုယ့္ေစတနာ မမွန္တဲ့သူက

ေစတနာနဲ႔ မတန္ဘူးလုိ႔ ဆုိတတ္ၾကတယ္။

ကိုယ့္အေၾကာင္းကိုယ္ကာင္းေကာင္းမသိေတာ့

သူမ်ားသိေအာင္ ၾကြားတတ္ၾကတယ္။

အရင္းစစ္ေတာ့ ကိုယ့္အေၾကာင္းကိုယ္သိဖုိ႔ပဲ။

ကိုယ့္ကိုယ္ကုိယ္ ဆင္ျခင္ႏုိင္ဖုိ႔ပဲ။ ကိုယ့္ကိုယ္ကိုယ္ ေစာင့္ေရွာက္ႏုိင္ရင္ ဘယ္သူ႔ဘယ္သူအေပၚမွ မနာလုိျဖစ္စရာမရွိသလို ေၾကာက္ေနဖုိ႔လည္း မလုိဘူး။

ဟန္လုပ္ဖုိ႔ မလိုသလုိ မာန္တက္ဖုိ႔လည္း မလုိဘူး။ ၾကြားေနဖုိ႔ မလုိသလုိ ဖားေနဖုိ႔လည္း မလုိဘူး။ ကိုယ္ေကာင္းေအာင္ ေနဖုိ႔ပဲလုိတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မနာပဒါယီ အရွင္ဝိစိတၱ
# Unicode Version # ျဖင့္ ဖတ္ပါ #

ကိုယ့်သိက္ခာ ကိုယ်ယုံရင်

ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး။

ကိုယ့်အရည်အချင်း ကိုယ်ယုံရင်

ဘယ်သူ့ကိုမှ မနာလိုဖြစ်စရာ မလိုဘူး။

ကိုယ့်လိပ်ပြာ ကိုယ်သန့်ရင်

ဘယ်သူ့ကိုမှ ရှင်းပြစရာ မလိုဘူး။

ကိုယ့်စေတနာ ကိုယ်မှန်နေရင်

ဘယ်သူ့ကိုမှ ဟန်လုပ်စရာ မလိုဘူး။

ကိုယ့်အကြောင်း ကိုယ်သိနေရင်

ဘယ်သူ့ကိုမှ ကြွားပြောစရာ မလိုဘူး။

သီလ မလုံတဲ့သူက လူတိုင်းကို

ကြောက်နေရတတ်တယ်။

အရည်အချင်းမရှိတဲ့သူက

ကိုယ့်ထက်သာရင် မနာလို ဖြစ်တတ်တယ်။

ကိုယ့်လိပ်ပြာကိုယ် မလုံတဲ့သူက

သူများကို မယုံမကြည် ဖြစ်တတ်တယ်။

ကိုယ့်စေတနာ မမှန်တဲ့သူက

စေတနာနဲ့ မတန်ဘူးလို့ ဆိုတတ်ကြတယ်။

ကိုယ့်အကြောင်းကိုယ်ကာင်းကောင်းမသိတော့

သူများသိအောင် ကြွားတတ်ကြတယ်။

အရင်းစစ်တော့ ကိုယ့်အကြောင်းကိုယ်သိဖို့ပဲ။

ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်ဖို့ပဲ။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ရင် ဘယ်သူ့ဘယ်သူအပေါ်မှ မနာလိုဖြစ်စရာမရှိသလို ကြောက်နေဖို့လည်း မလိုဘူး။

ဟန်လုပ်ဖို့ မလိုသလို မာန်တက်ဖို့လည်း မလိုဘူး။ ကြွားနေဖို့ မလိုသလို ဖားနေဖို့လည်း မလိုဘူး။ ကိုယ်ကောင်းအောင် နေဖို့ပဲလိုတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:မနာပဒါယီ အရှင်ဝိစိတ္တ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top