အခုမွစၿပီး တရားစတင္အားထုတ္ေနၾကတဲ့ ဓမၼမိတ္ေဆြတို ့အတြက္ အဓိကထားၿပီး မိမိတို ့ရဲ ့အခု လက္ရွိ တရားအားထုတ္ေနမႈကို အေထာက္ကူျဖစ္ေစဖို ့မပင္ပန္းဘူး လို ့ထင္ရတဲ့ တရားရႈမွတ္နည္း၊ တရားထိုင္နည္း ေလးကို ေရးသားေဖၚျပပါရေစ။

မိမိတို ့နဲ ့နီးစပ္ရာ ေဆြမ်ိဳး၊ မိတ္ေဆြ၊ သူငယ္ခ်င္းေတြ က ဝါတြင္းမွာ ဥပုဒ္ ၊ သီလေစာင့္တည္တာေတြ၊ တရားအားထုတ္လာၾကတာ၊ လုပ္ေနတာေတြ ေတြ ့လို အားက်ၿပီး မိမိကလည္း တရားအားထုတ္ခ်င္စိတ္ေတြ ေပၚလာလို ့အားထုတ္တာပဲ ျဖစ္ျဖစ္၊ မိမိဖာသာ သံေဝဂေတြ ျဖစ္ၿပီး ခုမွ တရားစတင္အားထုတ္ခ်င္လာလို ့တရားစထိုင္တာပဲ ျဖစ္ျဖစ္၊ တစ္စံုတစ္ေယာက္က ေစခိုင္း လို ့တရားအားထုတ္တာပဲ ျဖစ္ျဖစ္၊ ဘယ္လိုနည္း နဲ ့မဆို တရားအားထုတ္လာျဖစ္ၿပီဆိုရင္ပဲ လူျဖစ္ရတဲ့ဘဝ မွာ အေတာ္ကို ဟန္က်ေနေလာက္ပါၿပီ။

ဓမၼမိတ္ေဆြတို ့ကို ဘယ္လို အခက္ခဲေၾကာင့္ပဲျဖစ္ျဖစ္ ေနာက္ဆုတ္မသြား ဖို ့အရင္ဆံုးတိုက္တြန္းခ်င္ပါတယ္။မဟာစည္ဆရာေတာ္ ဘုရားႀကီးရဲ ့ ၾသဝါဒတစ္ခု မွာ ဆရာေတာ္ႀကီးက ဘယ္လို ဆံုးမေတာ္ မူသလဲ ဆိုရင္....

" ေ႐ႊ ေငြ စိန္ ေက်ာက္ အစရွိတဲ့အဖိုးတန္ ရတနာေတြကိုသာမန္ လူေတြက မသံုးရဘဲ၊
ဘုန္းကံ ရွိတဲ့ လူေတြသာ သံုးရသလိုပါပဲအပါယ္ေလးပါးကလြတ္ေျမာက္ေစႏိုင္တဲ့...
တရား ဆိုတာလည္းသာမန္လူေတြက လက္မခံႏိုင္ပါဘူး၊ပါရမီထူး ရွိတဲ့ လူေတြသာ
လက္ခံႏိုင္ပါတယ္" တဲ့။

အဲဒီ အဆံုးမ လိုပါပဲ၊ တရားအားထုတ္မႈ ျပဳတယ္ဆိုတာ၊ ဘယ္ပံုဘယ္နည္းနဲ ့တရားအားထုတ္ထုတ္၊ အဲဒီ ပုဂၢိဳလ္ရဲ ့အတြင္းသဏၭာန္မွာ သူေတာ္ေကာင္းတရားလက္ကိုင္ထားတဲ့ ဓာတ္ခံေတြက ရွိေနတဲ့အတြက္ေၾကာင့္သာ တရားအားထုတ္ျဖစ္ရတာပါလို ့ပဲ ဆိုပါရေစ။

အခုလို အခက္အခဲအမ်ိဳးမ်ိဳးၾကားက တကုတက တရားအားထုတ္ၾကရတဲ့ အတြက္ေၾကာင့္ ပင္ပန္းလိုက္တာဆိုၿပီး ေနာက္ဆုတ္သြားမွာစိုးလို ့အသိေပးေရးသားေဖၚျပ ကုသိုလ္ျပဳလိုက္ရျခင္း ျဖစ္ပါတယ္။

ေလာကမွာ အေကာင္း၊ အဆိုး ဟာ ဒြန္တြဲေနတဲ့ အတြက္၊ ေကာင္းတာဆိုရင္ ႀကိဳက္ႏွစ္သက္ၾကသလို၊ ဆိုးတာဆိုရင္ မႀကိဳက္ၾကပါဘူး။ ၿပီးေတာ့ တရားတာ နဲ ့မတရားတာ လည္း ထို ့အတူပါပဲ။

ဓမၼမိတ္ေဆြတို ့လည္း တရားတာ နဲ ့မတရားတာ ကို ဘယ္ဟာႏွစ္သက္သလဲ ဆိုတာ ေမးစရာလိုမယ္လို ့မထင္ပါဘူး။ဒါေၾကာင့္ တရားတာ ကိုပဲ လုပ္ခ်င္ၾကတယ္၊ မတရားတာဆိုရင္ ေရွာင္က်ဥ္ၾကတာ မ်ားပါတယ္။

ေယဘုယ်အားျဖင့္ တရား အလုပ္ကို အားထုတ္တဲ့ အတြက္ ခ်မ္းသာပါတယ္။တရား တာကို လုပ္တယ္ ဆိုတာ တကယ္ေတာ့ မပင္ပန္းပါဘူး။ဓမၼမိတ္ေဆြတို ့အေနနဲ ့အရင္ဆံုး စမ္းစစ္ၾကည့္သင့္တာက...

တရားအားထုတ္တဲ့အခါ မွာ ကိုယ္ရႈလိုတဲ့ အာ႐ုံ ကို "လိုက္ၾကည့္ေနတာလား၊ ေစာင့္ၾကည့္ေနတာလား" ဆိုတာ ကြဲကြဲျပားျပားသိဖို ့လိုပါလိမ့္မယ္လို႔ ဆိုပါရေစ။
မိမိတို ့ရဲ ့ကမၼဌာန္းဆရာက ရႈခိုင္းတဲ့အာရံုပဲျဖစ္ျဖစ္၊ ကိုယ္ရႈခ်င္တဲ့ အာရံု ကို ပဲျဖစ္ျဖစ္ လိုက္ၾကည့္ေနတယ္ ဆိုရင္ေတာ့ ဓမၼမိတ္ေဆြတို ့ေလာဘ ပဲ ျဖစ္ေနၾကမွာပါ။

အစပိုင္း ၾကည့္ႏိုင္၊ရႈႏိုင္အား တင္းထားမႈ ရွိတုန္းေတာ့ ရႈလို ့ရသလိုလို၊ ဟုတ္သလိုလို လို ့ထင္ရေပမဲ့ တျဖည္းျဖည္း နဲ ့ၾကာလာတဲ့ အခါမွာ ေလာဘ ရဲ ့ဆိုးက်ိဳးေတြ အေနနဲ ့ေမာသလိုလို၊ ပမ္းသလိုလို၊ အသက္ရႈၾကပ္သလိုလို ျဖစ္လာတာေတြ နဲ ့ၾကံဳၿပီး မတရား အားထုတ္သလို ျဖစ္လာၾကပါတယ္။
တရား ကို စၿပီး အားထုတ္ၿပီ ဆိုတာနဲ ့လိုက္ၾကည့္ေနတာမ်ိဳးမဟုတ္ဘဲ။ ေစာင့္ၾကည့္ရတဲ့အလုပ္ကို လုပ္ရမွာ ျဖစ္ပါတယ္။ေစာင့္ၾကည့္တယ္ဆိုတာ မပင္ပန္းပါဘူး။

ေဘာလံုးပြဲ ဝါသနာပါတဲ့ ဓမၼမိတ္ေဆြတို ့ဆိုရင္ ခုလိုရွင္းျပရင္ေတာ့ သေဘာေပါက္ၾကမွာပါ။
ဥပမာ
ေဘာလံုးပြဲ တစ္ပြဲကို ၾကည့္ေနသလိုပါပဲ။ ကိုယ္က ေအးေအးေဆးေဆး နဲ ့ေစာင့္ၾကည့္ေနမယ္ဆိုလို ့ရွိရင္ ႏွစ္ဖက္ေဘာလံုးသမားေတြရဲ႕ ကစားကြက္ေတြ၊ ကစားနည္းေတြ ကို နားလည္သေဘာေပါက္ႏိုင္ပါတယ္။

ဒီလို မွ မဟုတ္ပဲနဲ ့ကိုယ္ႀကိဳက္တဲ့အသင္း ကို ကိုယ့္လူေတြပဲ ဆိုၿပီး ႏိုင္ေစခ်င္တဲ့ေလာဘ နဲ ့လိုက္ၾကည့္ေနၿပီး အျခားအသင္းကိုလည္း ရံႈးေစခ်င္ေအာင္ ဆိုတဲ့ စိတ္ေတြနဲ ့ထိုင္ရေတာ့မလို၊ ထရေတာ့မလို ဆိုတဲ့ စိတ္ေတြနဲ ့သာဆိုရင္ေတာ့ ဓမၼမိတ္ေဆြတို ့ကစားကြက္ေတြ မျမင္ေတာ့ပဲနဲ ့ကိုယ္လည္းပင္ပန္း၊ စိတ္လည္းပင္ပန္းျဖစ္ၾကေတာ့မွာပါ။

တကယ္တန္းက်ေတာ့..တရားအာရံုကို သတိနဲ ့သာ ေအးေအးေဆးေဆးေစာင့္ၾကည့္ပါ။ သက္ေတာင့္သက္သာေနႏိုင္ပါတယ္၊ မပင္ပန္းပါဘူး။ မတရား အားထုတ္မွသာ ပင္ပန္းတာပါ။
သတိ နဲ ့ေစာင့္ၾကည့္ေနလို ့ေအးေအးေဆးေဆးခ်မ္းသာမႈကို ရလာၿပီ ဆိုေပမယ့္လည္း ဉာဏ္ မပါေသးရင္ေတာ့ အာရံု ရဲ ့သေဘာကို ကြဲကြဲျပားျပားမသိႏိုင္ပါဘူး။

တရားအားထုတ္တာၾကာလာေတာ့ တစ္ခါတစ္ေလ မွာ ခႏၶာကိုယ္ႀကီးဟာ ၿငိမ့္ကနဲ ့၊ သိမ့္ကနဲ လႈပ္လႈပ္..လႈပ္လႈပ္ ျဖစ္ၿပီး မွိန္းလိုက္ေနတတ္ပါတယ္။အဲဒီလိုျဖစ္တာလည္း အမွားမို ့သတိထားေစခ်င္ပါတယ္။

ဝိပႆနာ ဆိုတာ ဉာဏ္အလုပ္ျဖစ္ပါတယ္။ ျဖစ္တိုင္း ျဖစ္တိုင္း သိတယ္ ဆိုတာ ဉာဏ္ ေၾကာင့္ ျဖစ္ပါတယ္။တစ္ကယ္ေတာ့ ျဖစ္တိုင္းသိဖို ့ ဒီသိတဲ့ဉာဏ္ေပၚလာဖို ့ဆိုတာက ေလးငါးနာရီ ေတာက္ေလွ်ာက္ထိုင္ၿပီး မထပဲ အားထုတ္လို ့လဲ မရႏိုင္ပါဘူး။ တစ္ရက္၊ တစ္ပတ္၊ တစ္လ၊ တစ္ႏွစ္ အားထုတ္လည္း လြယ္လြယ္ကူကူ မရႏိုင္ပါဘူး။

ဘယ္ေတာ့ရႏိုင္မလဲ.. ဆိုရင္..
" အေၾကာင္းညီၫြတ္ " လို ့ရွိရင္ေတာ့ တစ္စကၠန္ ့၊ တစ္မိနစ္အတြင္း မွာ ပဲ ဉာဏ္ေပၚႏိုင္ပါတယ္။ ဒီ ဉာဏ္ေပၚႏိုင္ေအာင္လို ့"သတိ" ကသာ ေခၚယူႏိုင္မွာပါ။ ဒါေပမဲ့ ဒီ "သတိ" ကလည္း ဉာဏ္ကို ေခၚႏိုင္တဲ့ "သတိ" ျဖစ္ဖို ့ေတာ့လိုပါတယ္။

တခ်ဳိ ့ကလည္း " သတိ" နဲ ့ေနရတာကို ေက်နပ္ေနၾကတဲ့ သူေတြလည္းရွိပါတယ္။ အဲဒီလို ေက်နပ္ေနတဲ့ သူေတြက်ျပန္ေတာ့ ဘယ္ေလာက္ သတိရွိရွိ ဉာဏ္မေပၚႏိုင္ျပန္ပါဘူး။
အက်ဥ္းခ်ဳပ္ရရင္ေတာ့...အာရံု ကို လိုက္ၾကည့္ေနတာဟာ..ေလာဘ။ေပၚလာတာကိုပဲ ေစာင့္ၾကည့္တာက.. သတိ။

အဲဒီလို ျဖစ္တိုင္းသိေနတာက..." ဉာဏ္ "လို ့သာ မွတ္ပါ။သတိ နဲ ့သာ ေစာင့္ၾကည့္ႏိုင္ေလ၊ ဂ႐ုစိုက္ႏိုင္ေလ " ဉာဏ္ " ေပၚေလပါပဲ။ဒီေတာ့ မပင္ပန္းေအာင္ ဘယ္လို တရားရႈမွတ္ရမလဲ ဆိုေတာ့..အရင္က ရႈမွတ္တုန္းကလို...လိုက္ၿပီး ရႈေနတာမ်ိဳး၊လုပ္ၿပီး ရႈ ေနတာမ်ိဳး မလုပ္ေတာ့ပဲ နဲ ့ မိမိကိုယ္ ကို အသာေလးသက္ေတာင့္သက္သာေနရင္း....

ထင္ရွားလာတဲ့ အာရံု ေတြကို လိုက္မွတ္မေနေတာ့ပဲ၊ ၾကည့္ၿပီး သိရံုမွ်ေလး ဆိုတဲ့ သေဘာေလာက္သာ ေနၾကည့္လိုက္ပါ။ အင္မတန္မွ သက္သာပါတယ္။ ပင္ပန္းမႈ မရွိတာ သိလာမွာပါ။ ၿပီးေတာ့ တိုးတာ၊ ထိတာေတြ ဟာ နဂိုအတိုင္းလည္း ေပၚေနပါတယ္။ေပၚေနတာကိုေတြ ့လည္း ေတြ ့ႏိုင္မွာပါ။

အဲဒီလို ရႈမွတ္ႏိုင္ရင္ေတာ့ တရားအားထုတ္ရင္းျဖစ္တတ္တဲ့ ေမာတာပန္းတာတို ့၊ အသက္ရႈ ၾကပ္လာတာတို ့၊ စိတ္လြင့္တာတို ့စတဲ့ အခက္ခဲေတြ ပေပ်ာက္ၿပီး အလြယ္တကူ ရႈႏိုင္ ၊ မွတ္ႏိုင္မွာ ျဖစ္တဲ့အတြက္ "မပင္ပမ္းတဲ့ တရားအားထုတ္နည္း" ဆိုတဲ့ ဒီစာစုကို ေဖၚျပကုသိုလ္ျပဳလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:( ခႏၶာ-၅ပါးတစ္ဦး )
# Unicode Version # ျဖင့္ ဖတ္ပါ #

အခုမှစပြီး တရားစတင်အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေတို့အတွက် အဓိကထားပြီး မိမိတို့ရဲ့အခု လက်ရှိ တရားအားထုတ်နေမှုကို အထောက်ကူဖြစ်စေဖို့မပင်ပန်းဘူး လို့ထင်ရတဲ့ တရားရှုမှတ်နည်း၊ တရားထိုင်နည်း လေးကို ရေးသားဖေါ်ပြပါရစေ။

မိမိတို့နဲ့နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ က ဝါတွင်းမှာ ဥပုဒ် ၊ သီလစောင့်တည်တာတွေ၊ တရားအားထုတ်လာကြတာ၊ လုပ်နေတာတွေ တွေ့လို အားကျပြီး မိမိကလည်း တရားအားထုတ်ချင်စိတ်တွေ ပေါ်လာလို့အားထုတ်တာပဲ ဖြစ်ဖြစ်၊ မိမိဖာသာ သံဝေဂတွေ ဖြစ်ပြီး ခုမှ တရားစတင်အားထုတ်ချင်လာလို့တရားစထိုင်တာပဲ ဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်က စေခိုင်း လို့တရားအားထုတ်တာပဲ ဖြစ်ဖြစ်၊ ဘယ်လိုနည်း နဲ့မဆို တရားအားထုတ်လာဖြစ်ပြီဆိုရင်ပဲ လူဖြစ်ရတဲ့ဘဝ မှာ အတော်ကို ဟန်ကျနေလောက်ပါပြီ။

ဓမ္မမိတ်ဆွေတို့ကို ဘယ်လို အခက်ခဲကြောင့်ပဲဖြစ်ဖြစ် နောက်ဆုတ်မသွား ဖို့အရင်ဆုံးတိုက်တွန်းချင်ပါတယ်။မဟာစည်ဆရာတော် ဘုရားကြီးရဲ့ သြဝါဒတစ်ခု မှာ ဆရာတော်ကြီးက ဘယ်လို ဆုံးမတော် မူသလဲ ဆိုရင်....

" ရွှေ ငွေ စိန် ကျောက် အစရှိတဲ့အဖိုးတန် ရတနာတွေကိုသာမန် လူတွေက မသုံးရဘဲ၊
ဘုန်းကံ ရှိတဲ့ လူတွေသာ သုံးရသလိုပါပဲအပါယ်လေးပါးကလွတ်မြောက်စေနိုင်တဲ့...
တရား ဆိုတာလည်းသာမန်လူတွေက လက်မခံနိုင်ပါဘူး၊ပါရမီထူး ရှိတဲ့ လူတွေသာ
လက်ခံနိုင်ပါတယ်" တဲ့။

အဲဒီ အဆုံးမ လိုပါပဲ၊ တရားအားထုတ်မှု ပြုတယ်ဆိုတာ၊ ဘယ်ပုံဘယ်နည်းနဲ့တရားအားထုတ်ထုတ်၊ အဲဒီ ပုဂ္ဂိုလ်ရဲ့အတွင်းသဏ္ဌာန်မှာ သူတော်ကောင်းတရားလက်ကိုင်ထားတဲ့ ဓာတ်ခံတွေက ရှိနေတဲ့အတွက်ကြောင့်သာ တရားအားထုတ်ဖြစ်ရတာပါလို့ပဲ ဆိုပါရစေ။

အခုလို အခက်အခဲအမျိုးမျိုးကြားက တကုတက တရားအားထုတ်ကြရတဲ့ အတွက်ကြောင့် ပင်ပန်းလိုက်တာဆိုပြီး နောက်ဆုတ်သွားမှာစိုးလို့အသိပေးရေးသားဖေါ်ပြ ကုသိုလ်ပြုလိုက်ရခြင်း ဖြစ်ပါတယ်။

လောကမှာ အကောင်း၊ အဆိုး ဟာ ဒွန်တွဲနေတဲ့ အတွက်၊ ကောင်းတာဆိုရင် ကြိုက်နှစ်သက်ကြသလို၊ ဆိုးတာဆိုရင် မကြိုက်ကြပါဘူး။ ပြီးတော့ တရားတာ နဲ့မတရားတာ လည်း ထို့အတူပါပဲ။

ဓမ္မမိတ်ဆွေတို့လည်း တရားတာ နဲ့မတရားတာ ကို ဘယ်ဟာနှစ်သက်သလဲ ဆိုတာ မေးစရာလိုမယ်လို့မထင်ပါဘူး။ဒါကြောင့် တရားတာ ကိုပဲ လုပ်ချင်ကြတယ်၊ မတရားတာဆိုရင် ရှောင်ကျဉ်ကြတာ များပါတယ်။

ယေဘုယျအားဖြင့် တရား အလုပ်ကို အားထုတ်တဲ့ အတွက် ချမ်းသာပါတယ်။တရား တာကို လုပ်တယ် ဆိုတာ တကယ်တော့ မပင်ပန်းပါဘူး။ဓမ္မမိတ်ဆွေတို့အနေနဲ့အရင်ဆုံး စမ်းစစ်ကြည့်သင့်တာက...

တရားအားထုတ်တဲ့အခါ မှာ ကိုယ်ရှုလိုတဲ့ အာရုံ ကို "လိုက်ကြည့်နေတာလား၊ စောင့်ကြည့်နေတာလား" ဆိုတာ ကွဲကွဲပြားပြားသိဖို့လိုပါလိမ့်မယ်လို့ ဆိုပါရစေ။
မိမိတို့ရဲ့ကမ္မဌာန်းဆရာက ရှုခိုင်းတဲ့အာရုံပဲဖြစ်ဖြစ်၊ ကိုယ်ရှုချင်တဲ့ အာရုံ ကို ပဲဖြစ်ဖြစ် လိုက်ကြည့်နေတယ် ဆိုရင်တော့ ဓမ္မမိတ်ဆွေတို့လောဘ ပဲ ဖြစ်နေကြမှာပါ။

အစပိုင်း ကြည့်နိုင်၊ရှုနိုင်အား တင်းထားမှု ရှိတုန်းတော့ ရှုလို့ရသလိုလို၊ ဟုတ်သလိုလို လို့ထင်ရပေမဲ့ တဖြည်းဖြည်း နဲ့ကြာလာတဲ့ အခါမှာ လောဘ ရဲ့ဆိုးကျိုးတွေ အနေနဲ့မောသလိုလို၊ ပမ်းသလိုလို၊ အသက်ရှုကြပ်သလိုလို ဖြစ်လာတာတွေ နဲ့ကြုံပြီး မတရား အားထုတ်သလို ဖြစ်လာကြပါတယ်။
တရား ကို စပြီး အားထုတ်ပြီ ဆိုတာနဲ့လိုက်ကြည့်နေတာမျိုးမဟုတ်ဘဲ။ စောင့်ကြည့်ရတဲ့အလုပ်ကို လုပ်ရမှာ ဖြစ်ပါတယ်။စောင့်ကြည့်တယ်ဆိုတာ မပင်ပန်းပါဘူး။

ဘောလုံးပွဲ ဝါသနာပါတဲ့ ဓမ္မမိတ်ဆွေတို့ဆိုရင် ခုလိုရှင်းပြရင်တော့ သဘောပေါက်ကြမှာပါ။
ဥပမာ
ဘောလုံးပွဲ တစ်ပွဲကို ကြည့်နေသလိုပါပဲ။ ကိုယ်က အေးအေးဆေးဆေး နဲ့စောင့်ကြည့်နေမယ်ဆိုလို့ရှိရင် နှစ်ဖက်ဘောလုံးသမားတွေရဲ့ ကစားကွက်တွေ၊ ကစားနည်းတွေ ကို နားလည်သဘောပေါက်နိုင်ပါတယ်။

ဒီလို မှ မဟုတ်ပဲနဲ့ကိုယ်ကြိုက်တဲ့အသင်း ကို ကိုယ့်လူတွေပဲ ဆိုပြီး နိုင်စေချင်တဲ့လောဘ နဲ့လိုက်ကြည့်နေပြီး အခြားအသင်းကိုလည်း ရှုံးစေချင်အောင် ဆိုတဲ့ စိတ်တွေနဲ့ထိုင်ရတော့မလို၊ ထရတော့မလို ဆိုတဲ့ စိတ်တွေနဲ့သာဆိုရင်တော့ ဓမ္မမိတ်ဆွေတို့ကစားကွက်တွေ မမြင်တော့ပဲနဲ့ကိုယ်လည်းပင်ပန်း၊ စိတ်လည်းပင်ပန်းဖြစ်ကြတော့မှာပါ။

တကယ်တန်းကျတော့..တရားအာရုံကို သတိနဲ့သာ အေးအေးဆေးဆေးစောင့်ကြည့်ပါ။ သက်တောင့်သက်သာနေနိုင်ပါတယ်၊ မပင်ပန်းပါဘူး။ မတရား အားထုတ်မှသာ ပင်ပန်းတာပါ။
သတိ နဲ့စောင့်ကြည့်နေလို့အေးအေးဆေးဆေးချမ်းသာမှုကို ရလာပြီ ဆိုပေမယ့်လည်း ဉာဏ် မပါသေးရင်တော့ အာရုံ ရဲ့သဘောကို ကွဲကွဲပြားပြားမသိနိုင်ပါဘူး။

တရားအားထုတ်တာကြာလာတော့ တစ်ခါတစ်လေ မှာ ခန္ဓာကိုယ်ကြီးဟာ ငြိမ့်ကနဲ့၊ သိမ့်ကနဲ လှုပ်လှုပ်..လှုပ်လှုပ် ဖြစ်ပြီး မှိန်းလိုက်နေတတ်ပါတယ်။အဲဒီလိုဖြစ်တာလည်း အမှားမို့သတိထားစေချင်ပါတယ်။

ဝိပဿနာ ဆိုတာ ဉာဏ်အလုပ်ဖြစ်ပါတယ်။ ဖြစ်တိုင်း ဖြစ်တိုင်း သိတယ် ဆိုတာ ဉာဏ် ကြောင့် ဖြစ်ပါတယ်။တစ်ကယ်တော့ ဖြစ်တိုင်းသိဖို့ ဒီသိတဲ့ဉာဏ်ပေါ်လာဖို့ဆိုတာက လေးငါးနာရီ တောက်လျှောက်ထိုင်ပြီး မထပဲ အားထုတ်လို့လဲ မရနိုင်ပါဘူး။ တစ်ရက်၊ တစ်ပတ်၊ တစ်လ၊ တစ်နှစ် အားထုတ်လည်း လွယ်လွယ်ကူကူ မရနိုင်ပါဘူး။

ဘယ်တော့ရနိုင်မလဲ.. ဆိုရင်..
" အကြောင်းညီညွတ် " လို့ရှိရင်တော့ တစ်စက္ကန့်၊ တစ်မိနစ်အတွင်း မှာ ပဲ ဉာဏ်ပေါ်နိုင်ပါတယ်။ ဒီ ဉာဏ်ပေါ်နိုင်အောင်လို့"သတိ" ကသာ ခေါ်ယူနိုင်မှာပါ။ ဒါပေမဲ့ ဒီ "သတိ" ကလည်း ဉာဏ်ကို ခေါ်နိုင်တဲ့ "သတိ" ဖြစ်ဖို့တော့လိုပါတယ်။

တချို့ကလည်း " သတိ" နဲ့နေရတာကို ကျေနပ်နေကြတဲ့ သူတွေလည်းရှိပါတယ်။ အဲဒီလို ကျေနပ်နေတဲ့ သူတွေကျပြန်တော့ ဘယ်လောက် သတိရှိရှိ ဉာဏ်မပေါ်နိုင်ပြန်ပါဘူး။
အကျဉ်းချုပ်ရရင်တော့...အာရုံ ကို လိုက်ကြည့်နေတာဟာ..လောဘ။ပေါ်လာတာကိုပဲ စောင့်ကြည့်တာက.. သတိ။

အဲဒီလို ဖြစ်တိုင်းသိနေတာက..." ဉာဏ် "လို့သာ မှတ်ပါ။သတိ နဲ့သာ စောင့်ကြည့်နိုင်လေ၊ ဂရုစိုက်နိုင်လေ " ဉာဏ် " ပေါ်လေပါပဲ။ဒီတော့ မပင်ပန်းအောင် ဘယ်လို တရားရှုမှတ်ရမလဲ ဆိုတော့..အရင်က ရှုမှတ်တုန်းကလို...လိုက်ပြီး ရှုနေတာမျိုး၊လုပ်ပြီး ရှု နေတာမျိုး မလုပ်တော့ပဲ နဲ့ မိမိကိုယ် ကို အသာလေးသက်တောင့်သက်သာနေရင်း....

ထင်ရှားလာတဲ့ အာရုံ တွေကို လိုက်မှတ်မနေတော့ပဲ၊ ကြည့်ပြီး သိရုံမျှလေး ဆိုတဲ့ သဘောလောက်သာ နေကြည့်လိုက်ပါ။ အင်မတန်မှ သက်သာပါတယ်။ ပင်ပန်းမှု မရှိတာ သိလာမှာပါ။ ပြီးတော့ တိုးတာ၊ ထိတာတွေ ဟာ နဂိုအတိုင်းလည်း ပေါ်နေပါတယ်။ပေါ်နေတာကိုတွေ့လည်း တွေ့နိုင်မှာပါ။

အဲဒီလို ရှုမှတ်နိုင်ရင်တော့ တရားအားထုတ်ရင်းဖြစ်တတ်တဲ့ မောတာပန်းတာတို့၊ အသက်ရှု ကြပ်လာတာတို့၊ စိတ်လွင့်တာတို့စတဲ့ အခက်ခဲတွေ ပပျောက်ပြီး အလွယ်တကူ ရှုနိုင် ၊ မှတ်နိုင်မှာ ဖြစ်တဲ့အတွက် "မပင်ပမ်းတဲ့ တရားအားထုတ်နည်း" ဆိုတဲ့ ဒီစာစုကို ဖေါ်ပြကုသိုလ်ပြုလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:( ခန္ဓာ-၅ပါးတစ်ဦး )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top