ဘဝတိုင္း ဆံုခ်င္လွ်င္ အခါတပါး၌ ျမတ္စြာဘုရားသည္ ဘဂၢတိုင္း သုသုမာရဂိရိျမိဳ႔တြင္ သီတင္းသံုးေတာ္မူစဥ္ နကုလပိတာ နကုလမာတာ အမည္ရွိေသာ သူၾကြယ္ ဇနီးေမာင္ႏွံအိမ္သို႔ ၾကြေတာ္မူသည္ ။

သူၾကြယ္ ဇနီးေမာင္ႏွံတို႔သည္ ျမတ္စြာဘုရားအား ရိုေသစြာရွိခိုးလ်က္ သင့္ေလ်ာ္ေသာ ေနရာ၌ ထိုင္ေနၾကျပီးလွ်င္ နကုလပိတာ သူၾကြယ္က ဤသို႔ေလွ်ာက္သည္ -ျမတ္စြာဘုရား တပည့္ေတာ္သည္ အသက္ငယ္ရြယ္စဥ္ကပင္ ငယ္ရြယ္သူျဖစ္ေသာ နကုလမာတာႏွင့္ လက္ထပ္ခဲ့ ပါသည္ ၊ လက္ထပ္သည့္အခ်ိန္ကစ၍ ယေန႔အထိ နကုလမာတာကို ေက်ာ္လြန္ျပီး အျခားေသာ မိန္းမမ်ားထံ စိတ္ေရာက္ဖူးသည္ဟု တခါမွ် မရွိခဲ့ဘူးပါ၊ ကုိယ္ထိလက္ေရာက္ က်ဴးလြန္မႈကား ဆိုဖြယ္ရာပင္ မရွိေတာ့ပါ၊ျမတ္စြာဘုရား တပည့္ေတာ္တို႔သည္ ယခုဘ၀၌လည္း အခ်င္းခ်င္းေတြ႔ဆံုျပီး ေနာင္ဘ၀သံသရာ၌လည္း အခ်င္းခ်င္းေတြ႔ဆံုရန္ အလိုရွိၾကပါသည္ဘုရား ၊

နကုလမာတာကလည္း ေလွ်ာက္ျပန္သည္-ျမတ္စြာဘုရား တပည့္ေတာ္မ ငယ္ရြယ္စဥ္ကပင္ နကုလပိတာႏွင့္ လက္ထပ္ခဲ့ပါသည္၊ ထိုအခါမွစ၍ တပည့္ေတာ္မသည္ နကုလပိတာကို ေက်ာ္လြန္ျပီး ေယာက်္ားတပါးထံ စိတ္ေရာက္ဖူးသည္ဟု မရွိခဲ့ဘူးပါ၊ ကိုယ္ထိလက္ေရာက္ က်ဴးလြန္မႈကား ဆိုဖြယ္ရာပင္ မရွိေတာ့ပါ၊ ျမတ္စြာဘုရား တပည့္ေတာ္တို႔သည္ ယခုဘ၀၌လည္း အခ်င္းခ်င္းေတြ႔ဆံုျပီး ေနာင္ဘ၀သံသရာ၌လည္း အခ်င္းခ်င္း ေတြ႔ဆံုရန္ အလိုရွိၾကပါသည္ဘုရား ၊

ထိုအခါ ျမတ္စြာဘုရားက ဤသို႔ မိန္႔ေတာ္မူေလသည္-သူၾကြယ္တို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္တို႔သည္ အကယ္၍ ယခုဘ၀၌ အခ်င္းခ်င္းေတြ႔ဆံုျပီး ေနာင္ဘ၀သံသရာ မွာလည္း အခ်င္းခ်င္းေတြ႔ဆံုခ်င္ၾကလွ်င္ ႏွစ္ေယာက္လံုးသည္

၁ – တူမွ်ေသာ သဒၶါ ရွိၾကရမည္။

၂ – တူမွ်ေသာ အက်င့္သီလ ရွိၾကရမည္။

၃-တူမွ်ေသာ စြန္႔ၾကဲမႈ စာဂ ရွိၾကရမည္။

၄-တူမွ်ေသာ အသိဉာဏ္ပညာ ရွိၾကရမည္။

ယင္းသို႔ တူမွ်ေသာ သဒၶါ, တူမွ်သာ သီလ, တူမွ်ေသာ စာဂ, တူမွ်ေသာ ပညာရွိလွ်င္ ထိုဇနီးေမာင္ႏွံ ႏွစ္ေယာက္တို႔သည္ ယခုဘ၀လည္း အခ်င္းခ်င္းေတြ႔ဆံုျပီး ေနာင္ဘ၀ သံသရာမွလည္း အခ်င္းခ်င္းေတြ႕ဆံုၾကရကုန္ ၏ …။

ဇနီးေမာင္ႏွံ ႏွစ္ေယာက္တို႔သည္ သဒၶါတရား ရွိၾက၏၊ အလွဴခံပုဂၢိဳလ္၏ အလိုကို သိၾက၏၊ ကိုယ္ႏငတ္ကို ေစာင့္စည္းၾက၏၊ ထိုဇနီးေမာင္ႏွံ တို႔သည္ အခ်င္းခ်င္း ခ်စ္ဖြယ္စကားကို ေျပာဆိုၾကကုန္လ်က္ တရားသျဖင့္ အသက္ေမြးၾက၏ ။

အက်င့္သီလ တူမွ်ၾကကုန္ေသာ ဇနီးေမာင္ႏွံ ႏွစ္ေယာက္တို႔အား စီးပြားဥစၥာ တိုးပြားလ်က္ ခ်မ္းသာစြာ ေနထိုင္ရ၏၊ ရန္သူမ်ား မေကာင္းမၾကံႏိုင္ေပ။ တူမွ်ေသာ သီလအက်င့္ရွိေသာ ဇနီးေမာင္ႏွံ ႏွစ္ဦးတို႔သည္ ယခုဘ၀တြင္ တရားကိုက်င့္၍ ေနာင္အခါ နတ္ျပည္ ေလာက၌ ႏွစ္သက္ေမြ႔ေလ်ာ္ကာ မေတာင့္မတ လိုရာရလ်က္ ၀မ္းေျမာက္ၾကရကုန္၏ ။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bahututaa
# Unicode Version # ျဖင့္ ဖတ္ပါ #

ဘဝတိုင်း ဆုံချင်လျှင် အခါတပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့တွင် သီတင်းသုံးတော်မူစဉ် နကုလပိတာ နကုလမာတာ အမည်ရှိသော သူကြွယ် ဇနီးမောင်နှံအိမ်သို့ ကြွတော်မူသည် ။

သူကြွယ် ဇနီးမောင်နှံတို့သည် မြတ်စွာဘုရားအား ရိုသေစွာရှိခိုးလျက် သင့်လျော်သော နေရာ၌ ထိုင်နေကြပြီးလျှင် နကုလပိတာ သူကြွယ်က ဤသို့လျှောက်သည် -မြတ်စွာဘုရား တပည့်တော်သည် အသက်ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူဖြစ်သော နကုလမာတာနှင့် လက်ထပ်ခဲ့ ပါသည် ၊ လက်ထပ်သည့်အချိန်ကစ၍ ယနေ့အထိ နကုလမာတာကို ကျော်လွန်ပြီး အခြားသော မိန်းမများထံ စိတ်ရောက်ဖူးသည်ဟု တခါမျှ မရှိခဲ့ဘူးပါ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကား ဆိုဖွယ်ရာပင် မရှိတော့ပါ၊မြတ်စွာဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘဝသံသရာ၌လည်း အချင်းချင်းတွေ့ဆုံရန် အလိုရှိကြပါသည်ဘုရား ၊

နကုလမာတာကလည်း လျှောက်ပြန်သည်-မြတ်စွာဘုရား တပည့်တော်မ ငယ်ရွယ်စဉ်ကပင် နကုလပိတာနှင့် လက်ထပ်ခဲ့ပါသည်၊ ထိုအခါမှစ၍ တပည့်တော်မသည် နကုလပိတာကို ကျော်လွန်ပြီး ယောကျ်ားတပါးထံ စိတ်ရောက်ဖူးသည်ဟု မရှိခဲ့ဘူးပါ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကား ဆိုဖွယ်ရာပင် မရှိတော့ပါ၊ မြတ်စွာဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘဝသံသရာ၌လည်း အချင်းချင်း တွေ့ဆုံရန် အလိုရှိကြပါသည်ဘုရား ၊

ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်တော်မူလေသည်-သူကြွယ်တို့ ဇနီးမောင်နှံနှစ်ယောက်တို့သည် အကယ်၍ ယခုဘဝ၌ အချင်းချင်းတွေ့ဆုံပြီး နောင်ဘဝသံသရာ မှာလည်း အချင်းချင်းတွေ့ဆုံချင်ကြလျှင် နှစ်ယောက်လုံးသည်

၁ – တူမျှသော သဒ္ဓါ ရှိကြရမည်။

၂ – တူမျှသော အကျင့်သီလ ရှိကြရမည်။

၃-တူမျှသော စွန့်ကြဲမှု စာဂ ရှိကြရမည်။

၄-တူမျှသော အသိဉာဏ်ပညာ ရှိကြရမည်။

ယင်းသို့ တူမျှသော သဒ္ဓါ, တူမျှသာ သီလ, တူမျှသော စာဂ, တူမျှသော ပညာရှိလျှင် ထိုဇနီးမောင်နှံ နှစ်ယောက်တို့သည် ယခုဘဝလည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘ၀ သံသရာမှလည်း အချင်းချင်းတွေ့ဆုံကြရကုန် ၏ …။

ဇနီးမောင်နှံ နှစ်ယောက်တို့သည် သဒ္ဓါတရား ရှိကြ၏၊ အလှူခံပုဂ္ဂိုလ်၏ အလိုကို သိကြ၏၊ ကိုယ်နငတ်ကို စောင့်စည်းကြ၏၊ ထိုဇနီးမောင်နှံ တို့သည် အချင်းချင်း ချစ်ဖွယ်စကားကို ပြောဆိုကြကုန်လျက် တရားသဖြင့် အသက်မွေးကြ၏ ။

အကျင့်သီလ တူမျှကြကုန်သော ဇနီးမောင်နှံ နှစ်ယောက်တို့အား စီးပွားဥစ္စာ တိုးပွားလျက် ချမ်းသာစွာ နေထိုင်ရ၏၊ ရန်သူများ မကောင်းမကြံနိုင်ပေ။ တူမျှသော သီလအကျင့်ရှိသော ဇနီးမောင်နှံ နှစ်ဦးတို့သည် ယခုဘဝတွင် တရားကိုကျင့်၍ နောင်အခါ နတ်ပြည် လောက၌ နှစ်သက်မွေ့လျော်ကာ မတောင့်မတ လိုရာရလျက် ဝမ်းမြောက်ကြရကုန်၏ ။ ။

ဖိုးသူတော် (www.phothutaw.com)
Credit:bahututaa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top