တစ္ေန႕မွာ… လယ္သမားႀကီးဟာ ၾကက္ဖေလးတစ္ေကာင္ကို ေစ်းထဲက ၀ယ္လာျပန္တယ္။ အဲဒီေနာက္ ၾကက္ဖေလးကို သူ႕ရဲ႕ၾကက္ျခံထဲမွာ လႊတ္ေပးလိုက္တယ္။ ၾကက္ဖေလး ျခံထဲကို ၀င္၀င္ခ်င္းမွာပဲ ၾကက္မေတြအလယ္ေကာင္မွာ အခန္႕ သား ေနေနတဲ့  ၾကက္ဖအိုႀကီးတစ္ေကာင္ကိုေတြ႕လိုက္တယ္။

ၾကက္ဖအိုႀကီးက “ေဟ့ေကာင္ေလး.. ႀကိဳဆိုပါတယ္” လို႕ဆီးၿပီး ႏႈတ္ဆက္လိုက္တယ္။ ဒါေပမယ့္လည္း အိုမင္းေနၿပီ ျဖစ္တဲ့ ၾကက္ဖႀကီးကို ၾကက္ဖေလးက အဖက္မတန္ သလိုေနလိုက္တယ္။ ျခံထဲမွာရွိတဲ့ ၾကက္မေတြကို သူလိုက္ၿပီး အကဲခတ္ ေနတုန္းမွာပဲ ၾကက္ဖႀကီးက ဒီလိုေျပာတယ္ “ေကာင္ေလး..ဒီျခံထဲမွာ ၾကက္မ (၂၅) ေကာင္တိတိ ရွိတယ္။

ငါက အိုလာေတာ့ သူတို႕ ဥဥ ႏႈန္းက်လာတယ္။ ဒါေၾကာင့္ မင္းကို လယ္သမားႀကီးက အသစ္၀ယ္ လိုက္တာပဲ။ ငါ့ကို ငဲ့ညွာတဲ့ အေနနဲ႕ ၾကက္မ (၂၄) ေကာင္ကို မင္းယူၿပီး ငါ့အတြက္ ၾကက္မေလး (၁) ေကာင္ေလာက္ေတာ့ ခ်န္ထားေပးပါကြာ.. ဒီတစ္ခုေတာ့ေတာင္းဆိုပါရေစ”

အဲဒီလို ၾကက္ဖႀကီးေျပာတဲ့အခါ ၾကက္ဖပ်ဳိေလးက  မ်က္ခံုးတစ္ဖက္ကိုပင့္လိုက္တယ္။ တဟင္းဟင္းနဲ႕ ရယ္ေမာျပန္တယ္။ ၿပီးေတာ့ ဒီလိုျပန္ေျပာလိုက္တယ္။ “ဘဲရီး..ခင္ဗ်ားအသက္ႀကီးၿပီ။ နားလိုက္ေတာ့…။ ဒီေစာ္ေတြအကုန္ က်ဳပ္ပိုင္တယ္။ ခင္ဗ်ား တစ္ေကာင္ေတာင္ မရဘူးမွတ္”

အဲဒီလို ၾကက္ဖပ်ိဳ​ေလးရဲ႕စကားကိုေျပာတဲ့အခါ ၾကက္ဖႀကီးက ဒီလိုျပန္ေျပာတယ္။ “ေအးေပါ့ေလ..။ မင္းက တက္လူ၊ အဲေလ တက္ၾကက္၊ ငါက က်ၾကက္ကိုကြ၊ ဒါေပမယ့္ဒီအတိုင္း ဆံုးျဖတ္မယ့္အစား၊ မင္းနဲ႕ငါ ၾကက္ျခံတစ္ပတ္ အေျပး ၿပိဳင္ၿပီး ႏိုင္တဲ့လူက ၾကက္မေတြ အကုန္ယူေၾကး သတ္မွတ္လိုက္ရင္ မေကာင္းဘူးလား၊ ေအးမင္းဇရွိရင္ေတာ့ ငါ့ကို တစ္ေပ ၊ ႏွစ္ေပေလာက္ အေၾကာေပးေပါ့ကြာ။  ငါက ၾကက္အိုႀကီးကိုး”

အဲဒီလို ၾကက္ဖႀကီးရဲ႕စိန္ေခၚစကားကိုၾကားတဲ့အခါ ၾကက္ဖပ်ိဳေလးက “တစ္ေပႏွစ္ေပတင္ မကဘူး အဘိုးႀကီး ခင္ဗ်ားကို သံုးေပတိတိ အေၾကာေပးတယ္” လို႔ ႕ေျပာၿပီး စိန္ေခၚတာကို လက္ခံလိုက္တယ္။ အဲဒီလိုနဲ႕ ၾကက္အိုႀကီးနဲ႕ ၾကက္ဖပ်ိဳ ၾကက္ဖ ႏွစ္ေကာင္ဟာ အေျပးၿပိဳင္ဖို႕ေနရာယူၾကတယ္။

 ၾကက္ဖႀကီးက သံုးေပေလာက္အကြာ ေရွ႕မွာေနရာ ယူတယ္။ ၾကက္ဖေလးကေတာ့ ေနာက္မွာေနရာယူၿပီး စေျပးၾကတယ္။  သူတို႕ရဲ႕ အေျပးၿပိဳင္ပြဲကို ျခံမွာရွိတဲ့ ၾကက္မေတြကလည္း “ကေတာ္” ကေတာ္”သံေတြ ဆူညံေနေအာင္ အားေပးၾကတယ္ “ၾကက္ဖႀကီး” ကို အားေပးၾကတဲ့ ၾကက္မေတြထက္ သန္မာဖ်တ္လတ္တဲ့ ၾကက္ဖပ်ဳိေလးကိုအားေပးတဲ့ ၾကက္မေတြပိုမ်ားေနျပန္တယ္။

ၾကက္ဖႀကီးက ေရွ႕ကဦးေဆာင္ေျပးတယ္။ ၾကက္ဖေလးကေနာက္ကလိုက္တယ္။ ၾကက္ဖႀကီးက ေခါင္းကိုေရွ႕ကို အစြမ္း ကုန္ဆန္႕ၿပီး ေျပးတယ္။ ၾကက္ဖေလးကလည္း အားက်မခံ ေခါင္းကို ဆန္႕ထုတ္ၿပီး ၾကက္ဖႀကီးေနာက္က အမွီလိုက္ လာတယ္။ ၾကက္ဖႀကီးက ကေတာ္သံအက်ယ္ႀကီးနဲ႕ေျပးတယ္။ ၾကက္ဖပ်ိဳကလည္း မာန္ဖီၿပီးလိုက္တယ္။

အဲဒီလို ၾကက္ဖႀကီးက ေအာ္ၿပီးေျပး၊ ၾကက္ဖပ်ိဳက  မာန္ဖီၿပီး လိုက္ေနတုန္းမွာတင္ လယ္သမားႀကီးရဲ႕ ေလာက္စာလံုးဟာ ၾကက္ဖပ်ဳိရဲ႕ ေခါင္းတည့္တည့္ကို ထိၿပီး ၾကက္ဖေလးဟာ ေနရာမွာတင္ မာလကီးသြား ရွာတယ္။

အဲဒီလို ေလးခြစာမိၿပီး ေသသြားတဲ့ ၾကက္ဖေလးကို လာၿပီးေကာက္ယူရင္ လယ္သမားႀကီးက ဒီလိုေျပာလိုက္တယ္ “ေတာက္… အထီးအခ်င္းခ်င္း လိုက္ေနတဲ့ ေစာင္အေျခာက္ၾကက္ေတြ ၀ယ္မိတာ ဒီတစ္ေကာင္နဲ႕ဆို ၆ေကာင္ရွိၿပီ၊ ဒီေန႕ညေနလည္းၾကက္သားဟင္းပဲ စားရေတာ့မွာပဲ” (ၾကက္ဖႀကီးဟာအဲဒီလိုနည္းနဲ႕ ၾကက္မေတြ အမ်ားႀကီးကို အရယူခဲ့တယ္။ ကိုယ့္ဟာကိုယ္သာ သံုးသပ္ၾကပါေတာ့….  အခ်င္းခ်င္းဂ်င္းထည့္ခ်င္းကင္းရွင္းၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Writer
# Unicode Version # ျဖင့္ ဖတ္ပါ #

တစ်နေ့မှာ… လယ်သမားကြီးဟာ ကြက်ဖလေးတစ်ကောင်ကို ဈေးထဲက ဝယ်လာပြန်တယ်။ အဲဒီနောက် ကြက်ဖလေးကို သူ့ရဲ့ကြက်ခြံထဲမှာ လွှတ်ပေးလိုက်တယ်။ ကြက်ဖလေး ခြံထဲကို ဝင်ဝင်ချင်းမှာပဲ ကြက်မတွေအလယ်ကောင်မှာ အခန့် သား နေနေတဲ့  ကြက်ဖအိုကြီးတစ်ကောင်ကိုတွေ့လိုက်တယ်။

ကြက်ဖအိုကြီးက “ဟေ့ကောင်လေး.. ကြိုဆိုပါတယ်” လို့ဆီးပြီး နှုတ်ဆက်လိုက်တယ်။ ဒါပေမယ့်လည်း အိုမင်းနေပြီ ဖြစ်တဲ့ ကြက်ဖကြီးကို ကြက်ဖလေးက အဖက်မတန် သလိုနေလိုက်တယ်။ ခြံထဲမှာရှိတဲ့ ကြက်မတွေကို သူလိုက်ပြီး အကဲခတ် နေတုန်းမှာပဲ ကြက်ဖကြီးက ဒီလိုပြောတယ် “ကောင်လေး..ဒီခြံထဲမှာ ကြက်မ (၂၅) ကောင်တိတိ ရှိတယ်။

ငါက အိုလာတော့ သူတို့ ဥဥ နှုန်းကျလာတယ်။ ဒါကြောင့် မင်းကို လယ်သမားကြီးက အသစ်ဝယ် လိုက်တာပဲ။ ငါ့ကို ငဲ့ညှာတဲ့ အနေနဲ့ ကြက်မ (၂၄) ကောင်ကို မင်းယူပြီး ငါ့အတွက် ကြက်မလေး (၁) ကောင်လောက်တော့ ချန်ထားပေးပါကွာ.. ဒီတစ်ခုတော့တောင်းဆိုပါရစေ”

အဲဒီလို ကြက်ဖကြီးပြောတဲ့အခါ ကြက်ဖပျိုလေးက  မျက်ခုံးတစ်ဖက်ကိုပင့်လိုက်တယ်။ တဟင်းဟင်းနဲ့ ရယ်မောပြန်တယ်။ ပြီးတော့ ဒီလိုပြန်ပြောလိုက်တယ်။ “ဘဲရီး..ခင်ဗျားအသက်ကြီးပြီ။ နားလိုက်တော့…။ ဒီစော်တွေအကုန် ကျုပ်ပိုင်တယ်။ ခင်ဗျား တစ်ကောင်တောင် မရဘူးမှတ်”

အဲဒီလို ကြက်ဖပျိုလေးရဲ့စကားကိုပြောတဲ့အခါ ကြက်ဖကြီးက ဒီလိုပြန်ပြောတယ်။ “အေးပေါ့လေ..။ မင်းက တက်လူ၊ အဲလေ တက်ကြက်၊ ငါက ကျကြက်ကိုကွ၊ ဒါပေမယ့်ဒီအတိုင်း ဆုံးဖြတ်မယ့်အစား၊ မင်းနဲ့ငါ ကြက်ခြံတစ်ပတ် အပြေး ပြိုင်ပြီး နိုင်တဲ့လူက ကြက်မတွေ အကုန်ယူကြေး သတ်မှတ်လိုက်ရင် မကောင်းဘူးလား၊ အေးမင်းဇရှိရင်တော့ ငါ့ကို တစ်ပေ ၊ နှစ်ပေလောက် အကြောပေးပေါ့ကွာ။  ငါက ကြက်အိုကြီးကိုး”

အဲဒီလို ကြက်ဖကြီးရဲ့စိန်ခေါ်စကားကိုကြားတဲ့အခါ ကြက်ဖပျိုလေးက “တစ်ပေနှစ်ပေတင် မကဘူး အဘိုးကြီး ခင်ဗျားကို သုံးပေတိတိ အကြောပေးတယ်” လို့ပြောပြီး စိန်ခေါ်တာကို လက်ခံလိုက်တယ်။ အဲဒီလိုနဲ့ ကြက်အိုကြီးနဲ့ ကြက်ဖပျို ကြက်ဖ နှစ်ကောင်ဟာ အပြေးပြိုင်ဖို့နေရာယူကြတယ်။

 ကြက်ဖကြီးက သုံးပေလောက်အကွာ ရှေ့မှာနေရာ ယူတယ်။ ကြက်ဖလေးကတော့ နောက်မှာနေရာယူပြီး စပြေးကြတယ်။  သူတို့ရဲ့ အပြေးပြိုင်ပွဲကို ခြံမှာရှိတဲ့ ကြက်မတွေကလည်း “ကတော်” ကတော်”သံတွေ ဆူညံနေအောင် အားပေးကြတယ် “ကြက်ဖကြီး” ကို အားပေးကြတဲ့ ကြက်မတွေထက် သန်မာဖျတ်လတ်တဲ့ ကြက်ဖပျိုလေးကိုအားပေးတဲ့ ကြက်မတွေပိုများနေပြန်တယ်။

ကြက်ဖကြီးက ရှေ့ကဦးဆောင်ပြေးတယ်။ ကြက်ဖလေးကနောက်ကလိုက်တယ်။ ကြက်ဖကြီးက ခေါင်းကိုရှေ့ကို အစွမ်း ကုန်ဆန့်ပြီး ပြေးတယ်။ ကြက်ဖလေးကလည်း အားကျမခံ ခေါင်းကို ဆန့်ထုတ်ပြီး ကြက်ဖကြီးနောက်က အမှီလိုက် လာတယ်။ ကြက်ဖကြီးက ကတော်သံအကျယ်ကြီးနဲ့ပြေးတယ်။ ကြက်ဖပျိုကလည်း မာန်ဖီပြီးလိုက်တယ်။

အဲဒီလို ကြက်ဖကြီးက အော်ပြီးပြေး၊ ကြက်ဖပျိုက  မာန်ဖီပြီး လိုက်နေတုန်းမှာတင် လယ်သမားကြီးရဲ့ လောက်စာလုံးဟာ ကြက်ဖပျိုရဲ့ ခေါင်းတည့်တည့်ကို ထိပြီး ကြက်ဖလေးဟာ နေရာမှာတင် မာလကီးသွား ရှာတယ်။

အဲဒီလို လေးခွစာမိပြီး သေသွားတဲ့ ကြက်ဖလေးကို လာပြီးကောက်ယူရင် လယ်သမားကြီးက ဒီလိုပြောလိုက်တယ် “တောက်… အထီးအချင်းချင်း လိုက်နေတဲ့ စောင်အခြောက်ကြက်တွေ ဝယ်မိတာ ဒီတစ်ကောင်နဲ့ဆို ၆ကောင်ရှိပြီ၊ ဒီနေ့ညနေလည်းကြက်သားဟင်းပဲ စားရတော့မှာပဲ” (ကြက်ဖကြီးဟာအဲဒီလိုနည်းနဲ့ ကြက်မတွေ အများကြီးကို အရယူခဲ့တယ်။ ကိုယ့်ဟာကိုယ်သာ သုံးသပ်ကြပါတော့….  အချင်းချင်းဂျင်းထည့်ချင်းကင်းရှင်းကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top