ပရဟိတဆရာေတာ္တစ္ပါး စစ္ေဘးဒဏ္ေၾကာင့္ မိဘမဲ႔ေနေသာကေလးငယ္တစ္ဦး ေက်ာင္းတြင္ ေမြးစားရန္ေခၚလာသည္။

ကေလးငယ္မွာ တိုင္းရင္းသားလည္းျဖစ္ ဘုန္းႀကီးသံဃာႏွင့္ မျမင္ဘူးမေတြ႕ဘူးေသာေၾကာင့္ ဘုန္းႀကီးႏွင့္စကားေျပာသည္ကို အဆင္မေခ်ာေမြ႕ေသးျဖစ္ေနသည္။ တေန႔ေနလည္ေနခင္း ကစားေဖၚမရွိ ငိုင္တိုင္တိုင္ျဖစ္ေနေသာကေလးငယ္အား စိတ္အလွည့္အေျပာင္းျဖစ္ေစျခင္းအလို႔ငွာ ” ေမာင္ေက်ာင္းသား ေက်ာင္းထဲပတ္ၾကည့္ အလုပ္မလုပ္ စာမက်က္ ေဆာ့ေနတာေတြ႕ရင္ ငါ့ကိုယ္ေလ်ွာက္ ၾကားလား” ” အင္း ဘုန္းႀကီး ” ဆိုျပီး အေျပးထြက္သြားေလသည္။

ဘုန္းႀကီးလည္း ဒီေကာင္ေတာ့ စကားအဆင္ေျပေျပေျပာတတ္ေအာင္ သင္ရအုန္းမယ္ဟု ေတြးေနေလသည္ ခဏၾကာျပန္ေရာက္လာျပီးေလ်ွာက္တင္လိုက္ပံုမွာ ” တစ္ေက်ာင္းလံုးအလုပ္တဲ႔သူလုပ္ စာက်က္တဲ႔သူ စာက်က္ေနတာ အလုပ္မလုပ္တဲ႔သူဆိုလို႔ ဘုန္းႀကီးပဲရွိတယ္”

ဘုန္းႀကီးမွာ ဤသို႔ဤပံုမေျပာရဟု မသင္ၾကားေပးႏိုင္ပဲ ခြတ္ထိုးခြတ္လန္ တစ္ပါးတည္းရီေနေလေတာ့သတည္း။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေမာင္လင္း
# Unicode Version # ျဖင့္ ဖတ္ပါ #

ပရဟိတဆရာတော်တစ်ပါး စစ်ဘေးဒဏ်ကြောင့် မိဘမဲ့နေသောကလေးငယ်တစ်ဦး ကျောင်းတွင် မွေးစားရန်ခေါ်လာသည်။

ကလေးငယ်မှာ တိုင်းရင်းသားလည်းဖြစ် ဘုန်းကြီးသံဃာနှင့် မမြင်ဘူးမတွေ့ဘူးသောကြောင့် ဘုန်းကြီးနှင့်စကားပြောသည်ကို အဆင်မချောမွေ့သေးဖြစ်နေသည်။ တနေ့နေလည်နေခင်း ကစားဖေါ်မရှိ ငိုင်တိုင်တိုင်ဖြစ်နေသောကလေးငယ်အား စိတ်အလှည့်အပြောင်းဖြစ်စေခြင်းအလို့ငှာ ” မောင်ကျောင်းသား ကျောင်းထဲပတ်ကြည့် အလုပ်မလုပ် စာမကျက် ဆော့နေတာတွေ့ရင် ငါ့ကိုယ်လျှောက် ကြားလား” ” အင်း ဘုန်းကြီး ” ဆိုပြီး အပြေးထွက်သွားလေသည်။

ဘုန်းကြီးလည်း ဒီကောင်တော့ စကားအဆင်ပြေပြေပြောတတ်အောင် သင်ရအုန်းမယ်ဟု တွေးနေလေသည် ခဏကြာပြန်ရောက်လာပြီးလျှောက်တင်လိုက်ပုံမှာ ” တစ်ကျောင်းလုံးအလုပ်တဲ့သူလုပ် စာကျက်တဲ့သူ စာကျက်နေတာ အလုပ်မလုပ်တဲ့သူဆိုလို့ ဘုန်းကြီးပဲရှိတယ်”

ဘုန်းကြီးမှာ ဤသို့ဤပုံမပြောရဟု မသင်ကြားပေးနိုင်ပဲ ခွတ်ထိုးခွတ်လန် တစ်ပါးတည်းရီနေလေတော့သတည်း။

ဖိုးသူတော် (www.phothutaw.com)
Credit:မောင်လင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top