ကိုယ္၀န္ရွိလာရင္ တစ္ေယာက္တည္းမဟုတ္ေတာ့ဘူး ႏွစ္ေယာက္စာ၊ႏွစ္ဆ စားရမယ္ဆိုတဲ့ အရပ္စကားေတြကို မၾကာခဏ ၾကားဖူးၾကမွာပါ။ဒီစကား ဟာ မွားေနတယ္လုိ႔ ဆိုရမွာပါ။ကိုယ္၀န္ေဆာင္ မိခင္ေတြအေနနဲ႔ ကိုယ္၀န္ေဆာင္ ေနခ်ိန္မွာ အစားေတြ အရမး္စားရင္ ကေလးအရြယ္အစား အရမ္းႀကီးၿပီး ေမြးဖြားတဲ့ ေနရာမွာ အခက္ႀကံဳရတာမ်ိဳး၊ခြဲေမြးရတာမ်ိဳးနဲ႔ ႀကံဳရႏိုင္တယ္လုိ႔ ေလ့လာမႈတစ္ခုမွာေဖာ္ျပခဲ့ပါတယ္။

ႏွစ္ဆ စားေနရင္ ကေလးဟာ အရမ္းထြားၿပီး ပံုမွန္အရြယ္အစားထက္အရမ္းႀကီး တဲ့ ကေလးေတြကို ေမြးႏိုင္ေခ်ဟာ ႏွစ္ဆပိုမ်ားတတ္ပါတယ္။ကိုယ္အေလးခ်ိန္ အဆမတန္ႀကီးေနတဲ့ ကေလးေမြးဖြားတဲ့ ကိုယ္၀န္ေဆာင္ အေရအတြက္ဟာ ကိုယ္၀န္သည္မိခင္အားလံုးရဲ႕ ထက္၀က္နီးပါးေလာက္ရွိေနၿပီး အေရအတြက္ ဟာ ပိုမ်ားလာတယ္လုိ႔ ေလ့လာမႈအရဆိုပါတယ္။ကိုယ္အေလးခ်ိန္မ်ားလြန္းတဲ့ ကေလးေတြဟာ ပံုမွန္ကိုယ္အေလးခ်ိန္နဲ႔ ေမြးတဲ့ ကေလးေတြ ထက္စာရင္ က်န္းမာေရးျပႆနာေတြနဲ႔ ပိိုၿပီး ေတြ႔ႀကံဳရႏိုင္ပါတယ္။

ဒီစစ္္တမ္းကိုေတာ့ ကိုယ္၀န္ေဆာင္မိခင္ (၁.၃)သန္းကို ေလ့လာမႈေတြ လု ပ္ၿပီးမွ ထုတ္ျပန္ခဲ့တာပါ။အဲ့ဒီမွာေတာ့ ကိုယ္၀န္ေဆာင္(၄၇)ရာခိုင္ႏႈန္းဟာ ထင္ တာထက္ပိုၿပီး ကိုယ္အေလးခ်ိန္ေတြ အရမ္းမ်ားေနပါတယ္။သူမတို႔ ကိုယ္တိုင္ အပါအ၀င္ ဗိုက္ထဲမွာရွိတဲ့ ကေလးအတြက္ပါ အႏၱရာယ္ျဖစ္ေစႏိုင္ပါတယ္ ။ဒါေ ၾကာင့္ မိခင္ေလာင္းေတြအေနနဲ႔ ကိုယ္၀န္ေဆာင္ၿပီဆိုရင္ ရွိရင္းစြဲကိုယ္အေလး ခ်ိန္ထက္(၂၅)ေပါင္ေလာက္သာ ပိုတိုးသင့္ၿပီး ဒီ့ထက္ မ်ားရင္ေတာ့ မေကာင္း ဘူးလို႔ NHS Choices ၀က္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

အရင္တည္းက အရမ္းပိန္လြန္းတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ကေတာ့ ကိုယ္၀န္ရ လာမွာ အတင္းႏွစ္ဆတိုးစားတာထက္ ကိုယ္၀န္မေဆာင္ခင္တည္းက ၀ိတ္ တတ္ေအာင္ ႀကိဳးစားသင့္ပါတယ္။ဒါေၾကာင့္ ကိုယ္၀န္ေဆာင္္ အမ်ိဳးသမီးေတြ အေနနဲ႔ ကိုယ္၀န္ေဆာင္ ခ်ိန္မွာ လို အပ္တာထက္ပိုၿပီး အရမ္းစားတာမ်ိဳးေတြ မလုပ္ပဲ ပံုမွန္စားေနက် ကယ္လိုရီထ က္ ပိုၿပီး ရာဂဏန္းေလာက္ပဲ နည္းနည္း ပိုတိုးစားေပးတာမ်ိဳး လုပ္သင့္တယ္လုိ႔ Oregon Health & Science တကၠသိုလ္မွ Dr Aaron Caughey ကေျပာပါတယ္။ဒီေလ့လာေတြ႔ရွိခ်က္ ကိုေတာ့ JAMA ဆိုတဲ့ ဂ်ာနယ္မွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MM

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုယ်ဝန်ရှိလာရင် တစ်ယောက်တည်းမဟုတ်တော့ဘူး နှစ်ယောက်စာ၊နှစ်ဆ စားရမယ်ဆိုတဲ့ အရပ်စကားတွေကို မကြာခဏ ကြားဖူးကြမှာပါ။ဒီစကား ဟာ မှားနေတယ်လို့ ဆိုရမှာပါ။ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင် နေချိန်မှာ အစားတွေ အရမ်းစားရင် ကလေးအရွယ်အစား အရမ်းကြီးပြီး မွေးဖွားတဲ့ နေရာမှာ အခက်ကြုံရတာမျိုး၊ခွဲမွေးရတာမျိုးနဲ့ ကြုံရနိုင်တယ်လို့ လေ့လာမှုတစ်ခုမှာဖော်ပြခဲ့ပါတယ်။

နှစ်ဆ စားနေရင် ကလေးဟာ အရမ်းထွားပြီး ပုံမှန်အရွယ်အစားထက်အရမ်းကြီး တဲ့ ကလေးတွေကို မွေးနိုင်ချေဟာ နှစ်ဆပိုများတတ်ပါတယ်။ကိုယ်အလေးချိန် အဆမတန်ကြီးနေတဲ့ ကလေးမွေးဖွားတဲ့ ကိုယ်ဝန်ဆောင် အရေအတွက်ဟာ ကိုယ်ဝန်သည်မိခင်အားလုံးရဲ့ ထက်ဝက်နီးပါးလောက်ရှိနေပြီး အရေအတွက် ဟာ ပိုများလာတယ်လို့ လေ့လာမှုအရဆိုပါတယ်။ကိုယ်အလေးချိန်များလွန်းတဲ့ ကလေးတွေဟာ ပုံမှန်ကိုယ်အလေးချိန်နဲ့ မွေးတဲ့ ကလေးတွေ ထက်စာရင် ကျန်းမာရေးပြဿနာတွေနဲ့ ပိုပြီး တွေ့ကြုံရနိုင်ပါတယ်။

ဒီစစ်တမ်းကိုတော့ ကိုယ်ဝန်ဆောင်မိခင် (၁.၃)သန်းကို လေ့လာမှုတွေ လု ပ်ပြီးမှ ထုတ်ပြန်ခဲ့တာပါ။အဲ့ဒီမှာတော့ ကိုယ်ဝန်ဆောင်(၄၇)ရာခိုင်နှုန်းဟာ ထင် တာထက်ပိုပြီး ကိုယ်အလေးချိန်တွေ အရမ်းများနေပါတယ်။သူမတို့ ကိုယ်တိုင် အပါအဝင် ဗိုက်ထဲမှာရှိတဲ့ ကလေးအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ် ။ဒါေ ကြာင့် မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ပြီဆိုရင် ရှိရင်းစွဲကိုယ်အလေး ချိန်ထက်(၂၅)ပေါင်လောက်သာ ပိုတိုးသင့်ပြီး ဒီ့ထက် များရင်တော့ မကောင်း ဘူးလို့ NHS Choices ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အရင်တည်းက အရမ်းပိန်လွန်းတဲ့ အမျိုးသမီးတွေအနေနဲ့ကတော့ ကိုယ်ဝန်ရ လာမှာ အတင်းနှစ်ဆတိုးစားတာထက် ကိုယ်ဝန်မဆောင်ခင်တည်းက ဝိတ် တတ်အောင် ကြိုးစားသင့်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်ဆောင် ချိန်မှာ လို အပ်တာထက်ပိုပြီး အရမ်းစားတာမျိုးတွေ မလုပ်ပဲ ပုံမှန်စားနေကျ ကယ်လိုရီထ က် ပိုပြီး ရာဂဏန်းလောက်ပဲ နည်းနည်း ပိုတိုးစားပေးတာမျိုး လုပ်သင့်တယ်လို့ Oregon Health & Science တက္ကသိုလ်မှ Dr Aaron Caughey ကပြောပါတယ်။ဒီလေ့လာတွေ့ရှိချက် ကိုတော့ JAMA ဆိုတဲ့ ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:MM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top