ဂုဏ္ယူ၀င့္ၾကြားဖြယ္ရာ ရာဇ၀င္မ်ားခမ္းနားလွေသာ စကားလံုး အျပင္အဆင္မ်ားျဖင့္
တင္စား ေဖာ္က် ဴ းၾကသည့္ ရာဇ၀င္ထဲက ဇာတ္လမ္းမ်ားသည္ တစ္ခါတစ္ရံမွာ ဟုတ္သလိုလို ရွိေပမယ့္ ေသခ်ာေစ့စပ္စြာ ေတြးၾကည့္သည့္အခါ လြဲေနသလားဟူ၍စာေရးသူ၏ စိ္တ္ထဲ ခံစားမိေလသည္ ။

ေထရ၀ါဒ သာသနာ စတင္ေျခခ်ရာသည္သထံု(သု၀ဏၰဘူမိ)ေျမကဟု ၾကားသိ မွတ္သားခဲ့ဖူးပါသည္။ သု၀ဏၰဘူမိသမိုင္းမွာ ေထရ၀ါဒသာသနာ၏ အခန္းက႑ေတြအေရးသည့္၊ အထင္အရွားရွိေနသည့္ သမိုင္းအေထာက္အထားမ်ားကို ၾကည့္ျခင္းအားျဖင့္တစ္ခ် ိန္က ဗုဒၶသာသနာ ဘယ္ေလာက္ထိ ခမ္းနားပါသလဲဆိုတာကို ေတြးဆၾကည့္ရင္ သိနိုင္ပါသည္ ။

ဒီေနရာမွာ စာေရးသူအေနႏွင့္သမိုင္းပညာရွင္တစ္ဦး မဟုတ္သည့္အတြက္သမိုင္းဆိုင္ရာ အခ်က္အလက္မ်ား မွန္၏ မမွန္၏ကိုေ၀ဖန္ေထာက္ျပမွာ မဟုတ္ပါဘူး ။သို႔ေသာ္လည္း ယုတၲိမဆန္ေသာ အေၾကာင္းအရာတခ် ိဳ႕ကိုေတာ့ဆန္းစစ္ ေ၀ဖန္သံုးသပ္လိုပါသည္ ။

ေပါကၠံျပည္ၾကီးရဲ႕ တစ္ခ်ိန္တုန္းက သာသနာဟာအရည္းၾကီးေတြ လႊမ္းမိုးခဲ့တယ္ဆိုတာ
အားလံုးသိျပီးသားျဖစ္ပါသည္ ။အရည္းၾကီးေတြရဲ႕ အစဥ္အလာ ရိုးရာဓေလ့ေတြ သမိုင္းရာဇ၀င္ေတြ ထဲမွာ အေတာ္္ဇာတ္နာခဲ့တာကိုပုဂံျပည္မွ အိုခ်စ္ရာလို ဇာတ္ကားမ် ိဳ း၊ အရိမဒၵဏပူရလို ရုပ္ရွင္ဇာတ္လမ္းမ်ိဳးေတြထဲမွာ အရည္းၾကီးေတြရဲ႕ လုပ္ရပ္ေတြကို ၾကည့္ဖူးသူတိုင္း သိၾကမွာ ျဖစ္ပါသည္ ။

အေနာ္ရထာမင္းေစာ အုပ္ခ်ဳပ္တဲ့ကာလထိုအေတာတြင္းမွာ အရည္းၾကီးေတြရဲ႕ အားကလည္း အလြန္ေကာင္းေနတဲ့အခ်ိန္ကာလျဖစ္ပါသည္။ထိုကာလမ်ိဳးမွာ အေနာ္ရထာဟာ “အရွင္အရဟံ“ နဲ႔ ေတြ႕ဆံုခြင့္ရလို္က္သည္ကိုက ေပါကၠံျပည္ၾကီးမွာ ဗုဒၶသာသနာ စတင္ထြန္းကားဖို႔ အေၾကာင္းဖန္လာပါေတာ့သည္ ။

အေသာကမင္းတရားၾကီိးနဲ႔ နိေၿဂာဓသာမေဏတို႕ေတြ႔ဆံုပံု၊ အေမးအေျဖေလွ်ာက္တင္ပံု ထိုနည္းတူစြာပဲ အေနာ္ရထာနဲ႔ အရွင္အရဟံတို႔ေတြ႔ဆံုေလွ်ာက္တင္ အေမးအေျဖ ျပဳလုပ္ပံုေတြကလည္း တစ္ထပ္တည္းတူေနတာကို က်မ္းဂန္စာေပေတြထဲမွာ ေတြ႔ၾကရမွာျဖစ္ပါသည္ ။

မည္သို႔ပင္ဆိုေစ အရွင္အရဟံရဲ႕ ေက်းဇူးေၾကာင့္ဗုဒၶသာသနာကို ေပါကၠံျပည္ၾကီးက မင္းနွင့္တကြ ျပည္သူျပည္သားေတြ ကိုးကြယ္ဆည္းကပ္လို္က္နာက်င့္သံုးနိုင္ဖို႔အရွင္အရဟံ လမ္းညႊန္မွဳေၾကာင့္ သထံု ( သု၀ဏၰဘူမိ ) သို႔ သာသနာအတြက္ သံခင္းတမန္ခင္းလမ္းကို စတင္ပါေတာ့သည္ ။

ဒီေနရာမွာ ေတြးစရာေတြ၊ ေရးစရာေတြ ရွိေနပါသည္ ။ဗုဒၶရဲ႕ ဓမၼအဆီအနွစ္ျဖစ္တဲ့ ပိဋကတ္သံုးပံုကို
ေပါကၠံျပည္သို႔ သထံု ( သု၀ဏၰဘူမိ ) မွ ပင့္ေဆာင္ဖို႔အေနာ္ရထာမင္းၾကီးက မႏူဟာမင္းထံသို႔ ေမတၲာရပ္ခံစာခၽြန္လႊာကို ေပးပို႔ခ့ဲေသာ္လည္းမႏူဟာမင္းက သေဘာမတူ နွစ္လိုဖြယ္ဟန္မျပဘဲ ရိုင္းစိုင္းစြာတံု႕ျပန္ခဲ့ေသာေၾကာင့္ အေနာ္ရထာဟာ

က်န္စစ္သား အမွဴးျပဳတဲ့ တပ္ေတာ္ကို ေစလႊတ္ျပီးစစ္ခင္းတိုက္ခိုက္ အနိုင္ယူကာ ပိဋကတ္သံုးပံုနဲ႔အတူ ရဟန္းအပါး( ၁၀၀၀ )ျပီးေနာက္ မႏူဟာမင္းနွင့္ သူ၏မိဖုရားတို႔ကို ေပါကၠံျပည္ၾကီးသို႔ ေခၚေဆာင္ေစခဲ့ပါသည္ ။

သံုးသပ္ေ၀ဖန္စရာ

အရွင္အရဟံ ကဲ့သို႔ေသာ ရဟန္းဆရာမ်ိဳးနဲ႔ စတင္ေတြ႔ရွိခဲ့ရတဲ့ မင္းအေနာ္ရထာဟာ ျငိမ္းခ်မ္းေရး ဓမၼ အေမြအနွစ္အတြက္ သထံု( သု၀ဏၰဘူမိ ) ကို စစ္ခင္းစရာ လိုပါသလား ။

မႏူဟာလို ဗုဒၶရင္ေငြ႔ ၊ ဓမၼရင္ေငြ႔၊သံဃာရင္ေငြ႔ခိုလွံဳခြင့္ရေနသူကေရာ ျငိမ္းခ်မ္းေရး ဓမၼအေမြအနွစ္ကို လက္ဆင့္ကမ္းဖို႔ ဘာေၾကာင့္ တြန္႔တို နွေျမာေနပါသလဲ ။ဘာေၾကာင့္ ရိုင္းစိုင္းစြာ ျပန္တံု႔ျပန္ရပါသလဲ ။သာသနာျပန္႔ပြားေရးအတြက္နွစ္ျပည္ေထာင္ စစ္ခင္းစရာ လိုပါသလား ။

အသက္ေတြ ၊ ဘ၀ေတြ ၊ မုဆိုးမေတြရဲ႕ ငိုရွိုက္သံေတြ ၊ ကေလးသူငယ္မ်ားရဲ႕ေအာ္ငိုသံေတြ
ဒါေတြကို လစ္လ်ဴရွုျပီး သာသနာေတာ္ ထြန္းကားျပန္႔ပြားေရး လုပ္ေဆာင္မွဳေတြက မွန္သလား ၊ မွားသလား ။အရွင္အရဟံလို ဆရာေကာင္း ေထရ္အရွင္ကေရာ မတားေလေရာ့သလား ။
ဒါေတြဟာ သမိုင္းစကားအမွန္ေတြလား ။ ပါးစပ္ရာဇ၀င္စကားအမွားေတြလား ။

စာရွုသူမ်ား ေတြးဆ ဆင္ျခင္နိုင္ဖို႔ မ်ွေ၀ျခင္း ျဖစ္ပါသည္ ။အမွန္တကယ္ရက္စက္ခဲ့ေလသလား အေနာ္ရထာအရွင္အရဟံရဲ႕ ေက်းဇူးေၾကာင့္မြန္ျမတ္သန္႔စင္ေသာ ဓမၼတရားကို နာၾကားခဲ့ရတဲ့ မင္းအေနာ္ရထာဟာ မႏူဟာမင္းကို စစ္သံု႕ပန္းအျဖစ္ ဖမ္းဆီးေခၚေဆာင္လာခဲ့ျပီး အက်ဥ္းခ်ခဲ့ေလသည္မွာ ျဖစ္နိုင္ပါသလား ။

ျငိမ္းခ်မ္းေသာ ဓမၼအဆီအနွစ္ကို လိုလားေသာမင္းထိုကဲ့သို႔ လုပ္ရပ္မ်ိဳး လုပ္လိမ့္မည္ဟု စာေရးသူမထင္ပါ ။ထိုကဲ့သို႔ လုပ္ရပ္မ်ိဳးကို လုပ္ခဲ့ပါလွ်င္ အရွင္အရဟံကဲ့သို႔ေသာ ဆရာေကာင္းေထရ္အရွင္က အေနာ္ရထာ၏ လုပ္ရပ္မွားအေပၚ သေဘာတူၾကည္ျဖဴစြာ ၾကည့္ေနမည္မဟုတ္ပါ ။

သို႔အတြက္ေၾကာင့္သမိုင္းစကားအမွန္ေတြလား၊ ပါးစပ္ရာဇ၀င္စကား အမွားေတြလား သို႔တည္းမဟုတ္အေနာ္ရထာအမွန္တကယ္ ရက္စက္ခဲ့ေလသလား ။
ဓမၼကိုသိေသာ မင္းကအဓမၼတရားကို ဖက္တြယ္ပါ့မလား ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:အေနာ္မာ
# Unicode Version # ျဖင့္ ဖတ္ပါ #

ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ရာဇဝင်များခမ်းနားလှသော စကားလုံး အပြင်အဆင်များဖြင့်
တင်စား ဖော်ကျ ူ းကြသည့် ရာဇဝင်ထဲက ဇာတ်လမ်းများသည် တစ်ခါတစ်ရံမှာ ဟုတ်သလိုလို ရှိပေမယ့် သေချာစေ့စပ်စွာ တွေးကြည့်သည့်အခါ လွဲနေသလားဟူ၍စာရေးသူ၏ စိတ်ထဲ ခံစားမိလေသည် ။

ထေရဝါဒ သာသနာ စတင်ခြေချရာသည်သထုံ(သုဝဏ္ဏဘူမိ)မြေကဟု ကြားသိ မှတ်သားခဲ့ဖူးပါသည်။ သုဝဏ္ဏဘူမိသမိုင်းမှာ ထေရဝါဒသာသနာ၏ အခန်းကဏ္ဍတွေအရေးသည့်၊ အထင်အရှားရှိနေသည့် သမိုင်းအထောက်အထားများကို ကြည့်ခြင်းအားဖြင့်တစ်ချ ိန်က ဗုဒ္ဓသာသနာ ဘယ်လောက်ထိ ခမ်းနားပါသလဲဆိုတာကို တွေးဆကြည့်ရင် သိနိုင်ပါသည် ။

ဒီနေရာမှာ စာရေးသူအနေနှင့်သမိုင်းပညာရှင်တစ်ဦး မဟုတ်သည့်အတွက်သမိုင်းဆိုင်ရာ အချက်အလက်များ မှန်၏ မမှန်၏ကိုဝေဖန်ထောက်ပြမှာ မဟုတ်ပါဘူး ။သို့သော်လည်း ယုတ္တိမဆန်သော အကြောင်းအရာတချ ို့ကိုတော့ဆန်းစစ် ဝေဖန်သုံးသပ်လိုပါသည် ။

ပေါက္ကံပြည်ကြီးရဲ့ တစ်ချိန်တုန်းက သာသနာဟာအရည်းကြီးတွေ လွှမ်းမိုးခဲ့တယ်ဆိုတာ
အားလုံးသိပြီးသားဖြစ်ပါသည် ။အရည်းကြီးတွေရဲ့ အစဉ်အလာ ရိုးရာဓလေ့တွေ သမိုင်းရာဇဝင်တွေ ထဲမှာ အတော်ဇာတ်နာခဲ့တာကိုပုဂံပြည်မှ အိုချစ်ရာလို ဇာတ်ကားမျ ို း၊ အရိမဒ္ဒဏပူရလို ရုပ်ရှင်ဇာတ်လမ်းမျိုးတွေထဲမှာ အရည်းကြီးတွေရဲ့ လုပ်ရပ်တွေကို ကြည့်ဖူးသူတိုင်း သိကြမှာ ဖြစ်ပါသည် ။

အနော်ရထာမင်းစော အုပ်ချုပ်တဲ့ကာလထိုအတောတွင်းမှာ အရည်းကြီးတွေရဲ့ အားကလည်း အလွန်ကောင်းနေတဲ့အချိန်ကာလဖြစ်ပါသည်။ထိုကာလမျိုးမှာ အနော်ရထာဟာ “အရှင်အရဟံ“ နဲ့ တွေ့ဆုံခွင့်ရလိုက်သည်ကိုက ပေါက္ကံပြည်ကြီးမှာ ဗုဒ္ဓသာသနာ စတင်ထွန်းကားဖို့ အကြောင်းဖန်လာပါတော့သည် ။

အသောကမင်းတရားကြီးနဲ့ နိဂြောဓသာမဏေတို့တွေ့ဆုံပုံ၊ အမေးအဖြေလျှောက်တင်ပုံ ထိုနည်းတူစွာပဲ အနော်ရထာနဲ့ အရှင်အရဟံတို့တွေ့ဆုံလျှောက်တင် အမေးအဖြေ ပြုလုပ်ပုံတွေကလည်း တစ်ထပ်တည်းတူနေတာကို ကျမ်းဂန်စာပေတွေထဲမှာ တွေ့ကြရမှာဖြစ်ပါသည် ။

မည်သို့ပင်ဆိုစေ အရှင်အရဟံရဲ့ ကျေးဇူးကြောင့်ဗုဒ္ဓသာသနာကို ပေါက္ကံပြည်ကြီးက မင်းနှင့်တကွ ပြည်သူပြည်သားတွေ ကိုးကွယ်ဆည်းကပ်လိုက်နာကျင့်သုံးနိုင်ဖို့အရှင်အရဟံ လမ်းညွှန်မှုကြောင့် သထုံ ( သုဝဏ္ဏဘူမိ ) သို့ သာသနာအတွက် သံခင်းတမန်ခင်းလမ်းကို စတင်ပါတော့သည် ။

ဒီနေရာမှာ တွေးစရာတွေ၊ ရေးစရာတွေ ရှိနေပါသည် ။ဗုဒ္ဓရဲ့ ဓမ္မအဆီအနှစ်ဖြစ်တဲ့ ပိဋကတ်သုံးပုံကို
ပေါက္ကံပြည်သို့ သထုံ ( သုဝဏ္ဏဘူမိ ) မှ ပင့်ဆောင်ဖို့အနော်ရထာမင်းကြီးက မနူဟာမင်းထံသို့ မေတ္တာရပ်ခံစာချွန်လွှာကို ပေးပို့ခဲ့သော်လည်းမနူဟာမင်းက သဘောမတူ နှစ်လိုဖွယ်ဟန်မပြဘဲ ရိုင်းစိုင်းစွာတုံ့ပြန်ခဲ့သောကြောင့် အနော်ရထာဟာ

ကျန်စစ်သား အမှူးပြုတဲ့ တပ်တော်ကို စေလွှတ်ပြီးစစ်ခင်းတိုက်ခိုက် အနိုင်ယူကာ ပိဋကတ်သုံးပုံနဲ့အတူ ရဟန်းအပါး( ၁၀၀၀ )ပြီးနောက် မနူဟာမင်းနှင့် သူ၏မိဖုရားတို့ကို ပေါက္ကံပြည်ကြီးသို့ ခေါ်ဆောင်စေခဲ့ပါသည် ။

သုံးသပ်ဝေဖန်စရာ

အရှင်အရဟံ ကဲ့သို့သော ရဟန်းဆရာမျိုးနဲ့ စတင်တွေ့ရှိခဲ့ရတဲ့ မင်းအနော်ရထာဟာ ငြိမ်းချမ်းရေး ဓမ္မ အမွေအနှစ်အတွက် သထုံ( သုဝဏ္ဏဘူမိ ) ကို စစ်ခင်းစရာ လိုပါသလား ။

မနူဟာလို ဗုဒ္ဓရင်ငွေ့ ၊ ဓမ္မရင်ငွေ့၊သံဃာရင်ငွေ့ခိုလှုံခွင့်ရနေသူကရော ငြိမ်းချမ်းရေး ဓမ္မအမွေအနှစ်ကို လက်ဆင့်ကမ်းဖို့ ဘာကြောင့် တွန့်တို နှမြောနေပါသလဲ ။ဘာကြောင့် ရိုင်းစိုင်းစွာ ပြန်တုံ့ပြန်ရပါသလဲ ။သာသနာပြန့်ပွားရေးအတွက်နှစ်ပြည်ထောင် စစ်ခင်းစရာ လိုပါသလား ။

အသက်တွေ ၊ ဘဝတွေ ၊ မုဆိုးမတွေရဲ့ ငိုရှိုက်သံတွေ ၊ ကလေးသူငယ်များရဲ့အော်ငိုသံတွေ
ဒါတွေကို လစ်လျူရှုပြီး သာသနာတော် ထွန်းကားပြန့်ပွားရေး လုပ်ဆောင်မှုတွေက မှန်သလား ၊ မှားသလား ။အရှင်အရဟံလို ဆရာကောင်း ထေရ်အရှင်ကရော မတားလေရော့သလား ။
ဒါတွေဟာ သမိုင်းစကားအမှန်တွေလား ။ ပါးစပ်ရာဇဝင်စကားအမှားတွေလား ။

စာရှုသူများ တွေးဆ ဆင်ခြင်နိုင်ဖို့ မျှဝေခြင်း ဖြစ်ပါသည် ။အမှန်တကယ်ရက်စက်ခဲ့လေသလား အနော်ရထာအရှင်အရဟံရဲ့ ကျေးဇူးကြောင့်မွန်မြတ်သန့်စင်သော ဓမ္မတရားကို နာကြားခဲ့ရတဲ့ မင်းအနော်ရထာဟာ မနူဟာမင်းကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး အကျဉ်းချခဲ့လေသည်မှာ ဖြစ်နိုင်ပါသလား ။

ငြိမ်းချမ်းသော ဓမ္မအဆီအနှစ်ကို လိုလားသောမင်းထိုကဲ့သို့ လုပ်ရပ်မျိုး လုပ်လိမ့်မည်ဟု စာရေးသူမထင်ပါ ။ထိုကဲ့သို့ လုပ်ရပ်မျိုးကို လုပ်ခဲ့ပါလျှင် အရှင်အရဟံကဲ့သို့သော ဆရာကောင်းထေရ်အရှင်က အနော်ရထာ၏ လုပ်ရပ်မှားအပေါ် သဘောတူကြည်ဖြူစွာ ကြည့်နေမည်မဟုတ်ပါ ။

သို့အတွက်ကြောင့်သမိုင်းစကားအမှန်တွေလား၊ ပါးစပ်ရာဇဝင်စကား အမှားတွေလား သို့တည်းမဟုတ်အနော်ရထာအမှန်တကယ် ရက်စက်ခဲ့လေသလား ။
ဓမ္မကိုသိသော မင်းကအဓမ္မတရားကို ဖက်တွယ်ပါ့မလား ။

ဖိုးသူတော် (www.phothutaw.com)
Credit:အနော်မာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top