အခ်ိန္ကာလျကာျမင့္လွေသာ္လည္း ယေန့ တိုင္ မေမ့နိုင္ခဲ့ေပ။ ကြ်န္ေတာ္ အသက္ ၂ဝ မွာ ျဖစ္ခဲ့တဲ့ အျဖစ္ပါ။

စလင္းျမို့၏ ေျမာက္လက္အထြက္ရွိ ကုသိ နာရံုဘုရားပြဲ ညတစ္ည။ ကဆုန္လျပည့္ေန့၏ ညသန္းေခါင္လေရာင္ ကလင္း၊ ျမူတိမ္ကင္း၊ အခင္းသာစြ ထိုေန့ည ကြ်န္ ေတာ္နွင့္ မစုတို့ ဘုရားပြဲမွအျပန္ လမ္းမွန္ကိုမသြား ဘဲ လယ္ကြင္းလမ္းအတိုင္း ျပန္လာခဲ့သည္။ မုန္း ေျမ ဝင္းေဘာင္ေပၚတြင္ လက္ခ်င္းတြဲ၍ ေရွ့ဆက္ ခရီးနွင္ခဲ့သည္။

မ်ားမျကာပါ။ ဟိုမွာလွမ္းေမွ်ာ္၊ လမ္းေပၚမွာ အုပ္ဆိုင္း အေမွာင္တံတိုင္းေတြ့မွ သတိျပုမိသည္။ သီးကုန္းရြာ အေရွ့ဘက္က ေညာင္ပင္နွစ္ပင္ ေန့ အခ်ိန္မွာ ေညာင္ပင္ေအာက္ကြပ္ပ်စ္တြင္ နားေန သူမ်ား ရွိတတ္သည္။ ေယာင္မွားလို့ေညာင္ပင္ကို ေျခေပး၍ လဲေလ်ာင္းမိလွ်င္ ေျခနွစ္ေခ်ာင္းဆြဲျပီး လွည့္တတ္သည္ဟု ေျပာဆိုသံျကားဖူးသည္။

ယခုအခ်ိန္ ဒီေညာင္ပင္ နွစ္ပင္ေအာက္က ျဖတ္သြားရမွာမို့ သတိျကီးစြာ ထားရမည္ကိုသိ၍ ခါးမွ သားေရအိတ္ျဖင့္ ထည့္ထားေသာ ေျခာက္လက္မ ဓားကို ညာလက္ျဖင့္ စမ္းလိုက္မိသည္။ ဘယ္လက္က ဓာတ္ခဲသံုးလံုးထိုး ဓာတ္မီး အသစ္ ကို ကိုင္၍ ေညာင္ပင္ေအာက္မွ ျဖတ္ရန္ဆံုးျဖတ္လိုက္ သည္။ ေရွာင္ကြင္းသြားရန္ အျခားလမ္းလည္း မရွိ ေတာ့ေပ။

မစုက ကြ်န္ေတာ္၏ ဘယ္လက္ေမာင္းကို ကိုင္၍ ေညာင္ပင္၏ အရိပ္မည္းမည္းကို စတင္ ျဖတ္လွမ္းခဲ့သည္။ ပထမ ျဖတ္ေလွ်ာက္ခဲ့သည့္ ေတာင္ဘက္ေညာင္ပင္တြင္ ဘာမွမျဖစ္ေသးပါ။

ဒုတိယေညာင္ပင္အရိပ္ဝင္လွ်င္ ‘‘ဘာမွေျကာက္စရာ မရွိပါဘူးကြာ’’ဟု ကြ်န္ေတာ္က အားေပးစကားေျပာ လိုက္ေသာ္လည္း မစုက စကားတစ္လံုးမွျပန္မေျပာ နိုင္ပါ။ ကြ်န္ေတာ္ ၏ ဘယ္ဘက္လက္ေမာင္းကိုသာ တင္းတင္းဆုပ္ထားသည္။

ေတာင္ဘက္ေညာင္ပင္လြန္လွ်င္ ဓာတ္ခဲ အသစ္ ဓာတ္မီးအသစ္သည္ လင္းေနရာမွ ရုတ္တရက္ ေမွာင္သြားသည္။ ကြ်န္ေတာ္လည္း ညာ လက္ျဖင့္ ဓားျမွောင္ကို ဆြဲထုတ္လိုက္သည္။ ထိုအခ်ိန္မွာ ေညာင္ပင္ရိပ္က မလြတ္ေသး ပါ။

ဆက္၍ ေတာ့ ေလွ်ာက္ေနေသာ္လည္း၊ ကြ်န္ ေတာ္ကိုယ္တိုင္ မေျကာက္ဘူးဆိုေသာ္လည္း ဆံပင္ မ်ား ေထာင္၍ ေခါင္းနားပန္း ႀကီးျပီး ၾကက္သီးေမြးညွင္းမ်ား ျဖစ္လာသည္။ သို့ေသာ္ အမ်ိုးသမီးတစ္ေယာက္နွင့္ဆိုေတာ့ အားတင္းထားရသည္။ တစ္ေယာက္တည္းသာဆို လွ်င္ ေျပးမိမည္ ထင္သည္။

အခ်ိန္တိုအတြင္းမွာ ေညာင္ကိုင္းမ်ားညြတ္ က်လာျပီး၊ ေညာင္ရြက္ေျခာက္ေပၚသို့ ေညာင္သီး မ်ား ျကြေက်ပါသည္။ လူေပၚသို့ ဘာတစ္ခုမွ်မက်ပါ။ ကြ်န္ေတာ္က အားတင္း၍ ‘‘ေညာင္သီးေတြက်တာ ပါ’’ဟု အားေပးရသည္။ ပါလာသည့္ ဓာတ္မီးက လည္း အားကိုးလို့ မရပါ။

ဒီလိုနွင့္ ေညာင္ပင္ရိပ္မွေက်ာ္ျဖတ္နိုင္ခဲ့ သည္။ လေရာင္ေအာက္ေရာက္ေတာ့ အားရွိ သြားသည္။ ေနာက္သို့လွည့္၍ ဓာတ္မီးျဖင့္ထိုးျကည့္ ရာ ဓာတ္မီးမွာ ဝင္းထိန္လင္းလ်က္ ေညာင္ပင္၏ ပင္စည္ကို ေကာင္းစြာျမင္ရသည္။

 ‘‘မစု ေျကာက္ သလား၊ မေျကာက္ပါနဲ့၊ ဘာမွမဟုတ္ပါဘူး’’ဟု အားေပးစကား ေျပာေသာ္လည္း မစု စကားတစ္လံုး မွ မေျပာေပ။ မစု၏ လက္ကိုကိုင္ဆြဲျကည့္လိုက္ေတာ့ ေအးစက္ေနသည္။ အေျကာက္လြန္၍လား မသိ တဆက္ဆက္ တုန္ေနသည္။

ကြ်န္ေတာ္၏ ေျခသလံုးေပၚသည္အထိ ပုဆိုး ကို ျပင္ဝတ္လိုက္သည္။ ေနာက္သို့လွည့္ျကည့္ေတာ့ လည္း ဘာမွ်ေတာ့ မေတြ့ျမင္ရပါ။ သဲနွင့္လိုက္ပက္ တာကိုခံရသည္။ သဲမ်ားက ကြ်န္ေတာ္တို့က နွစ္ ေယာက္၏ ေရွ့နွစ္ေတာင္ေလာက္အထိ သဲမ်ားက ေရာက္လာသည္။

တစ္နာရီေလာက္ျကာေအာင္ အဆက္မျပတ္ လိုက္ပက္ေန၍ေျခသလံုးမွာ သဲလံုး မွန္ပါမ်ားျပီး စပ္လာသည္။ နွစ္မိုင္ေက်ာ္ေလာက္ ဆက္ေလွ်ာက္ျပီး သဲနဲ့ပက္တာ ရပ္သြားသည္။ သူ့ပိုင္နက္ ကုန္သြားျပီထင္ပါတယ္။

ေရွ႕သရက္ပင္အုပ္တြင္ မီးေရာင္ကို လွမ္းျမင္ရေတာ့ လယ္ထဲသို့ ေရသြင္းသြားသူမ်ားဟု ထင္၍ အားရွိမိသည္။ အမွန္ ေတာ့ မုန္းေျမာင္းတြင္ လံုးဝ ေရမရွိပါ။ ျမင္ရသည့္ မီးမွာ သရက္ပင္ထိပ္မွ ေအာက္ေျခအထိ၊ ျမင့္တစ္ခါ နိမ့္တစ္ခါ လုပ္ျပ ေနသည့္ သရဲမီး။ ဒီလိုနဲ့ ဆင္ျဖူ ကြ်န္းေတာင္ဘက္ ေရတံခါးမွလြဲျပီး ဗိုလ္တဲေျမာက္ ဘက္မွ အိမ္သို့ျပန္ခဲ့ရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေက်ာ္မင္း (ဆင္ျဖဴကြ်န္း)
# Unicode Version # ျဖင့္ ဖတ္ပါ #

အချိန်ကာလကြာမြင့်လှသော်လည်း ယနေ့ တိုင် မမေ့နိုင်ခဲ့ပေ။ ကျွန်တော် အသက် ၂ဝ မှာ ဖြစ်ခဲ့တဲ့ အဖြစ်ပါ။

စလင်းမြို့၏ မြောက်လက်အထွက်ရှိ ကုသိ နာရုံဘုရားပွဲ ညတစ်ည။ ကဆုန်လပြည့်နေ့၏ ညသန်းခေါင်လရောင် ကလင်း၊ မြူတိမ်ကင်း၊ အခင်းသာစွ ထိုနေ့ည ကျွန် တော်နှင့် မစုတို့ ဘုရားပွဲမှအပြန် လမ်းမှန်ကိုမသွား ဘဲ လယ်ကွင်းလမ်းအတိုင်း ပြန်လာခဲ့သည်။ မုန်း မြေ ဝင်းဘောင်ပေါ်တွင် လက်ချင်းတွဲ၍ ရှေ့ဆက် ခရီးနှင်ခဲ့သည်။

များမကြာပါ။ ဟိုမှာလှမ်းမျှော်၊ လမ်းပေါ်မှာ အုပ်ဆိုင်း အမှောင်တံတိုင်းတွေ့မှ သတိပြုမိသည်။ သီးကုန်းရွာ အရှေ့ဘက်က ညောင်ပင်နှစ်ပင် နေ့ အချိန်မှာ ညောင်ပင်အောက်ကွပ်ပျစ်တွင် နားနေ သူများ ရှိတတ်သည်။ ယောင်မှားလို့ညောင်ပင်ကို ခြေပေး၍ လဲလျောင်းမိလျှင် ခြေနှစ်ချောင်းဆွဲပြီး လှည့်တတ်သည်ဟု ပြောဆိုသံကြားဖူးသည်။

ယခုအချိန် ဒီညောင်ပင် နှစ်ပင်အောက်က ဖြတ်သွားရမှာမို့ သတိကြီးစွာ ထားရမည်ကိုသိ၍ ခါးမှ သားရေအိတ်ဖြင့် ထည့်ထားသော ခြောက်လက်မ ဓားကို ညာလက်ဖြင့် စမ်းလိုက်မိသည်။ ဘယ်လက်က ဓာတ်ခဲသုံးလုံးထိုး ဓာတ်မီး အသစ် ကို ကိုင်၍ ညောင်ပင်အောက်မှ ဖြတ်ရန်ဆုံးဖြတ်လိုက် သည်။ ရှောင်ကွင်းသွားရန် အခြားလမ်းလည်း မရှိ တော့ပေ။

မစုက ကျွန်တော်၏ ဘယ်လက်မောင်းကို ကိုင်၍ ညောင်ပင်၏ အရိပ်မည်းမည်းကို စတင် ဖြတ်လှမ်းခဲ့သည်။ ပထမ ဖြတ်လျှောက်ခဲ့သည့် တောင်ဘက်ညောင်ပင်တွင် ဘာမှမဖြစ်သေးပါ။

ဒုတိယညောင်ပင်အရိပ်ဝင်လျှင် ‘‘ဘာမှကြောက်စရာ မရှိပါဘူးကွာ’’ဟု ကျွန်တော်က အားပေးစကားပြော လိုက်သော်လည်း မစုက စကားတစ်လုံးမှပြန်မပြော နိုင်ပါ။ ကျွန်တော် ၏ ဘယ်ဘက်လက်မောင်းကိုသာ တင်းတင်းဆုပ်ထားသည်။

တောင်ဘက်ညောင်ပင်လွန်လျှင် ဓာတ်ခဲ အသစ် ဓာတ်မီးအသစ်သည် လင်းနေရာမှ ရုတ်တရက် မှောင်သွားသည်။ ကျွန်တော်လည်း ညာ လက်ဖြင့် ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ ထိုအချိန်မှာ ညောင်ပင်ရိပ်က မလွတ်သေး ပါ။

ဆက်၍ တော့ လျှောက်နေသော်လည်း၊ ကျွန် တော်ကိုယ်တိုင် မကြောက်ဘူးဆိုသော်လည်း ဆံပင် များ ထောင်၍ ခေါင်းနားပန်း ကြီးပြီး ကြက်သီးမွေးညှင်းများ ဖြစ်လာသည်။ သို့သော် အမျိုးသမီးတစ်ယောက်နှင့်ဆိုတော့ အားတင်းထားရသည်။ တစ်ယောက်တည်းသာဆို လျှင် ပြေးမိမည် ထင်သည်။

အချိန်တိုအတွင်းမှာ ညောင်ကိုင်းများညွတ် ကျလာပြီး၊ ညောင်ရွက်ခြောက်ပေါ်သို့ ညောင်သီး များ ကြွကျေပါသည်။ လူပေါ်သို့ ဘာတစ်ခုမျှမကျပါ။ ကျွန်တော်က အားတင်း၍ ‘‘ညောင်သီးတွေကျတာ ပါ’’ဟု အားပေးရသည်။ ပါလာသည့် ဓာတ်မီးက လည်း အားကိုးလို့ မရပါ။

ဒီလိုနှင့် ညောင်ပင်ရိပ်မှကျော်ဖြတ်နိုင်ခဲ့ သည်။ လရောင်အောက်ရောက်တော့ အားရှိ သွားသည်။ နောက်သို့လှည့်၍ ဓာတ်မီးဖြင့်ထိုးကြည့် ရာ ဓာတ်မီးမှာ ဝင်းထိန်လင်းလျက် ညောင်ပင်၏ ပင်စည်ကို ကောင်းစွာမြင်ရသည်။

 ‘‘မစု ကြောက် သလား၊ မကြောက်ပါနဲ့၊ ဘာမှမဟုတ်ပါဘူး’’ဟု အားပေးစကား ပြောသော်လည်း မစု စကားတစ်လုံး မှ မပြောပေ။ မစု၏ လက်ကိုကိုင်ဆွဲကြည့်လိုက်တော့ အေးစက်နေသည်။ အကြောက်လွန်၍လား မသိ တဆက်ဆက် တုန်နေသည်။

ကျွန်တော်၏ ခြေသလုံးပေါ်သည်အထိ ပုဆိုး ကို ပြင်ဝတ်လိုက်သည်။ နောက်သို့လှည့်ကြည့်တော့ လည်း ဘာမျှတော့ မတွေ့မြင်ရပါ။ သဲနှင့်လိုက်ပက် တာကိုခံရသည်။ သဲများက ကျွန်တော်တို့က နှစ် ယောက်၏ ရှေ့နှစ်တောင်လောက်အထိ သဲများက ရောက်လာသည်။

တစ်နာရီလောက်ကြာအောင် အဆက်မပြတ် လိုက်ပက်နေ၍ခြေသလုံးမှာ သဲလုံး မှန်ပါများပြီး စပ်လာသည်။ နှစ်မိုင်ကျော်လောက် ဆက်လျှောက်ပြီး သဲနဲ့ပက်တာ ရပ်သွားသည်။ သူ့ပိုင်နက် ကုန်သွားပြီထင်ပါတယ်။

ရှေ့သရက်ပင်အုပ်တွင် မီးရောင်ကို လှမ်းမြင်ရတော့ လယ်ထဲသို့ ရေသွင်းသွားသူများဟု ထင်၍ အားရှိမိသည်။ အမှန် တော့ မုန်းမြောင်းတွင် လုံးဝ ရေမရှိပါ။ မြင်ရသည့် မီးမှာ သရက်ပင်ထိပ်မှ အောက်ခြေအထိ၊ မြင့်တစ်ခါ နိမ့်တစ်ခါ လုပ်ပြ နေသည့် သရဲမီး။ ဒီလိုနဲ့ ဆင်ဖြူ ကျွန်းတောင်ဘက် ရေတံခါးမှလွဲပြီး ဗိုလ်တဲမြောက် ဘက်မှ အိမ်သို့ပြန်ခဲ့ရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ကျော်မင်း (ဆင်ဖြူကျွန်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top