ဆံပင္ဆိုတာ မိန္းကေလး တေယာက္အတြက္ အရမ္းကို အေရးၾကီးတဲ့ အရာ တခုပါ။ မွန္ကန္တဲ့ ဆံပင္ပံုစံ၊ လိုက္ဖက္ညီတဲ့ အေရာင္ေတြက သင့္ကို လံုးဝ လွပသြားေစႏိုင္ သလို မွားယြငး္တဲ့ ဆံပင္ပံုစဲ၊ ဆံပင္အေရာင္ေတြ ကလည္း သင့္ကုိ လံုးဝ ရုပ္ရင့္သြားေစ ႏိုင္ပါတယ္။ ခုေဖာ္ျပေပးမွာ ကေတာ့ ပ်ိဳေမတို႔ကို ရုပ္ရင့္ေစျပီး ပံုဆိုးပန္းဆိုး ျဖစ္ေစႏိုင္တဲ့ ဆံပင္ဆိုင္ရာ အမွား (၅) ခုပဲ ျဖစ္ပါ တယ္ေနာ္ …။

(၁) အနက္ေရာင္

ဆံပင္အနက္ ဆိုးတာက ရုပ္ရင့္ေစ ပါတယ္။ တစ္ခါတေလ ေခတ္အလိုက္ ၃ လေလာက္ အနက္နဲ႔ေနတာ ကိစၥမရွိပဲ တစ္မ်ိဳးေလး လွေနတယ္ ဆိုေပမယ့္ ႏွစ္ရွည္လမ်ားစြာ ဆံပင္အနက္နဲ႔ ေနတာကေတာ့ ပ်ိဳေမတို႔ကို ရုပ္ရင့္သြားေစ ပါတယ္။ ဒါေၾကာင့္ အနက္ေရာင္ မဟုတ္ပဲ အေရာင္ လင္းတာေလးေတြကို ဆိုးေပးသင့္ ပါတယ္ ။

(၂) ဆံပင္ပံုစံ မေျပာင္းျခင္း

သင့္ဆံပင္ပံုစံဟာ သင္နဲ႔ ဘယ္ေလာက္ပဲ လိုက္ဖက္ေနပါေစ အေျပာင္းအလဲ မရွိပဲ ႏွစ္ေတြ အမ်ားၾကီး ဆံပင္ပံုစံ တစ္ခုတည္း နဲ႔ပဲ ေနတယ္ ဆိုရင္ေတာ့ သင့္ကို လံုးဝ ရုပ္ရင့္ေစ ပါတယ္။ ဒါေၾကာင့္ တကယ္ေတာ္တဲ့ ဆံသဆရာေတြနဲ႔ တိုင္ပင္ျပီး ပံုစံအသစ္ေလးေတြကို ေျပာင္းလဲေပးသင့္ ပါတယ္ ။

(၃) ေကာ္ရည္သံုးျခင္း

သင့္ဆံပင္ဟာ ဖြာလန္ ၾကဲေနလို႔ပဲ ျဖစ္ျဖစ္၊ အံုထူျပီး ပြေနလို႔ပဲ ျဖစ္ျဖစ္ ေကာ္ရည္ျဖန္းရတဲ့ အခ်ိန္ေတြရွိမွာပါ ။ တစ္ခါတေလ ပြဲထိုင္အတြက္ေတာ့ ကိစၥ မရွိေပမယ့္ ေန႔စဥ္ ေကာ္ရည္ျဖန္း တာေတြ၊ Hiar Spray ျဖန္းတာေတြ လုပ္ေနမယ္ ဆိုရင္ေတာ့ ဆံပင္ဟာ လြင့္တာေတြ၊ သဘာဝ ဆန္တာေတြ မရွိေတာ့ပဲ ေတာင့္ေတာင့္ၾကီး ျဖစ္ကာ သင့္ကို ၾကည့္ရပိုျပီး ဆိုးေစ ပါတယ္ ။

(၄) အေရာင္သစ္ေတြ မဆိုးျခင္း

အျမဲတမ္း တူညီတဲ့ အေရာင္ကိုပဲ ဆိုးျခင္းကလည္း သင့္ကို ရုပ္ရင့္သြားေစ ပါတယ္။ ဒါေၾကာင့္ ေခတ္နဲ႔အညီ သင္နဲ႔ လိုက္ဖက္တဲ့ ဆံပင္အေရာင္ သစ္ေလးေတြကို ဆိုးေပးသင့္ ပါတယ္ေနာ္ ။

(၅) မွန္ကန္တဲ့ ထိန္းသိမး္မႈ မလုပ္ျခင္း

ဆံပင္ကို ျပဳျပင္ရံု သာမက ထိန္းသိမ္းမႈေတြ ျပဳလုပ္ေပးဖို႔ကလည္း အရမ္းကို အေရးၾကီး ပါတယ္။ ဆံပင္ အမ်ိဳးအစား အလိုက္ ထုတ္လုပ္ထားတဲ့ ဆံပင္ ထိန္းသိမး္တဲ့ ပစၥည္းေတြကို ေရြးခ်ယ္ျပီး အသံုးျပဳေပးရမွာ ျဖစ္ပါတယ္။ တလတခါ အပူေပါင္းေပးတာ မ်ိဳးေလးေတြ ကိုလည္း ျပဳလုပ္ေပးသင့္ ပါတယ္ေနာ္ ။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bahututaa
# Unicode Version # ျဖင့္ ဖတ္ပါ #

ဆံပင်ဆိုတာ မိန်းကလေး တယောက်အတွက် အရမ်းကို အရေးကြီးတဲ့ အရာ တခုပါ။ မှန်ကန်တဲ့ ဆံပင်ပုံစံ၊ လိုက်ဖက်ညီတဲ့ အရောင်တွေက သင့်ကို လုံးဝ လှပသွားစေနိုင် သလို မှားယွင်းတဲ့ ဆံပင်ပုံစဲ၊ ဆံပင်အရောင်တွေ ကလည်း သင့်ကို လုံးဝ ရုပ်ရင့်သွားစေ နိုင်ပါတယ်။ ခုဖော်ပြပေးမှာ ကတော့ ပျိုမေတို့ကို ရုပ်ရင့်စေပြီး ပုံဆိုးပန်းဆိုး ဖြစ်စေနိုင်တဲ့ ဆံပင်ဆိုင်ရာ အမှား (၅) ခုပဲ ဖြစ်ပါ တယ်နော် …။

(၁) အနက်ရောင်

ဆံပင်အနက် ဆိုးတာက ရုပ်ရင့်စေ ပါတယ်။ တစ်ခါတလေ ခေတ်အလိုက် ၃ လလောက် အနက်နဲ့နေတာ ကိစ္စမရှိပဲ တစ်မျိုးလေး လှနေတယ် ဆိုပေမယ့် နှစ်ရှည်လများစွာ ဆံပင်အနက်နဲ့ နေတာကတော့ ပျိုမေတို့ကို ရုပ်ရင့်သွားစေ ပါတယ်။ ဒါကြောင့် အနက်ရောင် မဟုတ်ပဲ အရောင် လင်းတာလေးတွေကို ဆိုးပေးသင့် ပါတယ် ။

(၂) ဆံပင်ပုံစံ မပြောင်းခြင်း

သင့်ဆံပင်ပုံစံဟာ သင်နဲ့ ဘယ်လောက်ပဲ လိုက်ဖက်နေပါစေ အပြောင်းအလဲ မရှိပဲ နှစ်တွေ အများကြီး ဆံပင်ပုံစံ တစ်ခုတည်း နဲ့ပဲ နေတယ် ဆိုရင်တော့ သင့်ကို လုံးဝ ရုပ်ရင့်စေ ပါတယ်။ ဒါကြောင့် တကယ်တော်တဲ့ ဆံသဆရာတွေနဲ့ တိုင်ပင်ပြီး ပုံစံအသစ်လေးတွေကို ပြောင်းလဲပေးသင့် ပါတယ် ။

(၃) ကော်ရည်သုံးခြင်း

သင့်ဆံပင်ဟာ ဖွာလန် ကြဲနေလို့ပဲ ဖြစ်ဖြစ်၊ အုံထူပြီး ပွနေလို့ပဲ ဖြစ်ဖြစ် ကော်ရည်ဖြန်းရတဲ့ အချိန်တွေရှိမှာပါ ။ တစ်ခါတလေ ပွဲထိုင်အတွက်တော့ ကိစ္စ မရှိပေမယ့် နေ့စဉ် ကော်ရည်ဖြန်း တာတွေ၊ Hiar Spray ဖြန်းတာတွေ လုပ်နေမယ် ဆိုရင်တော့ ဆံပင်ဟာ လွင့်တာတွေ၊ သဘာဝ ဆန်တာတွေ မရှိတော့ပဲ တောင့်တောင့်ကြီး ဖြစ်ကာ သင့်ကို ကြည့်ရပိုပြီး ဆိုးစေ ပါတယ် ။

(၄) အရောင်သစ်တွေ မဆိုးခြင်း

အမြဲတမ်း တူညီတဲ့ အရောင်ကိုပဲ ဆိုးခြင်းကလည်း သင့်ကို ရုပ်ရင့်သွားစေ ပါတယ်။ ဒါကြောင့် ခေတ်နဲ့အညီ သင်နဲ့ လိုက်ဖက်တဲ့ ဆံပင်အရောင် သစ်လေးတွေကို ဆိုးပေးသင့် ပါတယ်နော် ။

(၅) မှန်ကန်တဲ့ ထိန်းသိမ်းမှု မလုပ်ခြင်း

ဆံပင်ကို ပြုပြင်ရုံ သာမက ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးဖို့ကလည်း အရမ်းကို အရေးကြီး ပါတယ်။ ဆံပင် အမျိုးအစား အလိုက် ထုတ်လုပ်ထားတဲ့ ဆံပင် ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို ရွေးချယ်ပြီး အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ တလတခါ အပူပေါင်းပေးတာ မျိုးလေးတွေ ကိုလည်း ပြုလုပ်ပေးသင့် ပါတယ်နော် ။ ။

ဖိုးသူတော် (www.phothutaw.com)
Credit:bahututaa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top