





# Unicode Version # ဖြင့် ဖတ်ပါ #

ခွေးရူး (သို့) ခွေးကောင်းဘဲ ကိုက်ကိုက် သဗြုသီး အလုံးကို ထပ်ချမ်းခွဲပြီး အထဲက အရိအချွဲနဲ့ ခွေးကိုက်သည့် အပေါက်ကို လက်နဲ့ ဖိကပ်ထားပေးပါ ။ ၃ မိနစ်လောက်ဆို သူ့အလို ကပ်နေပါလိမ့်မည် ။ အဆိပ်ကုန်မှ ခွါလို့ရပါမည် ။ သဗြု အမြစ်ကိုလည်း သွေးတိုက်ပါ ။ အသုံးလိုရင်တော့ သုံကြည့်လိုက်ပါ ။ လက်တွေ့ အသုံးပြုဘူး၍ အကြံပေးတာပါ ။

မသုံးလိုရင် မဝေဖန်ပါနဲ့ ။ လူ၏ကံတရားဟာ ဘယ်ဖန်ဆင်းရှင်မှ မကယ်တင်နိုင်ပါ ။ နွယ်မြက်သစ်ပင် ဂတိသစ္စာတည်သောအခါ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ ။

လေးဘက်နာ လက်တွေ့ သက်သာတဲ့ ရွှေထက်တန်ဖိုး ကြီးတဲ့ ဆေးနည်းလေး ( သပြုသီးနဲ့ ဆားကို အချိုးတူပြုတ်ပြီး အငွေ့ခံ ချွေးအောင်းပေးလိုက်ပါ ။ တစ်ကိုယ်လုံးမှာရှိတဲ့ အပူအပုပ် ချွေးတွေ ထွက်လာပြီးရင် ရေချိုးပေးပါ ။ အစားရှောင်စရာ မလိုအောင် သက်သာတယ် ။ ခြေဆစ် လက်ဆစ် တွေလည်း မကိုက်တော့ပါဘူး ) ။

သပြုသီးကို ဟင်းချက်စားလျှင် ဆေးဘက်ဝင်ပုံံ

ငါးခူနဲ့သပြုသီး ချက်စားပါ ။ ကျောက်ကပ် နှလုံး ကောင်းလာပါမည် ။ ငါးရံ့ကင်ပြီး သပြုသီးကို ဟင်းချို ချက်စားပါ ။ ဆီးချိုသက်သာ ပျောက်ကင်း ပါသည် ။ သပြုသီးကို ပြုတ်ပြီး ငပိရည်နဲ့ တိုးစားပါ ။ နှလုံးအားကောင်လာပြီး ဆီးရွင်လာပါမည် ။

ဆီကျောက် တည်သူများ အတွက် ဆေးနည်းကောင်းတစ်လက် – သပြုသီးအရွက်ကို ပြုတ်ပြီး သုံးခွက် တစ်ခွက်တင် ပြုတ်သောက်ပါ ။ ဆီးကျောက်တည် သူများအတွက် ကျောက်တစ်ဖြည်းဖြည်း ကြွေကျပြီး သက်သာပျောက်ကင်းပါသည် ။ သပြုသီး အခေါက်ကို ဝမ်ကိုက်သူများအတွက် ကျောက်ပျဉ်နဲ့သွေးပြီး ဆားနဲ့ရောပြီး သောက်ပါ ။

ဖိုးသူတော် (www.phothutaw.com)
Credit:Sayar Myo ; Aye Chan Pont Pont
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top