၂၀၁၅ ခုနွစ္ ၇ လပိုင္းေက်ာ္ ၈ လပိုင္းအတြင္းက ျမန္မာနိုင္ငံ အလယ္ပိုင္း ေဒသမ်ားအတြင္း စံခ်ိန္တင္ေရႀကီးေရလ်ွံမႈႀကီး ျဖစ္ပြားေနစဥ္ ကာလအတြင္းမွာ မေကြးတိုင္း ေရစႀကိဳ ၿမိဳ႕နယ္အတြင္းရွိ ခ်င္းတြင္းျမစ္ တစ္ဖက္ကမ္းက ႐ြာေလး တစ္႐ြာ မွာ အမွန္တစ္ကယ္ ျဖစ္ပြားခ့ဲေသာ ျဖစ္ရပ္မွန္ ဇာတ္လမ္းတစ္ပုဒ္ျဖစ္ပါသည္။

“ေဟ့ ေရေတြအရမ္းတက္ၿပီကြ ခု႐ြာသခႋ်င္းမွာထားထားတ့ဲ အေလာင္းစင္ န႔ဲ ေသတၲာ ေတြတစ္စစီေရထဲမွာေမ်ာေနၿပီ သြားဆယ္ၾကရေအာင္လာလိုက္ခ့ဲၾက“ ရပ္႐ြာအုပ္ခ်ဳပ္ေရးမႈးက ႐ြာကာလသားမ်ားကို စုေဝးေစၿပီးေနာက္ ႐ြာသခႋ်င္းကုန္း ရွိရာသို႔ လာခ့ဲၾကသည္။

ထို႔ေနာက္ တစ္စီျပန္႔က်ဲေနေသာ လူေသေကာင္တင္ရာ အေလာင္းစင္ နွင့္ လူေသေကာင္ထည့္သည့္ အေခါင္း တို႔ကို လိုက္လံသိမ္းစည္းၿပီးေနာက္ ႐ြာဦးဘုန္းႀကီးေက်ာင္းသို႔ သယ္လာခ့ဲၾကသည္။

“ဘုန္းဘုန္း ဘုရား တပည့္ေတာ္တို႔ ပစၥည္းေတြ ေက်ာင္းမွာ ခဏထားခ်င္ပါတယ္ဘုရား ႐ြာသခႋ်င္းက စင္န႔ဲ ေသတၲာပါ ဘုရား ေရေတြႀကီးလို႔ ေရထဲေမ်ာေနလို႔ပါဘုရား” ”ေအးေအး ဒကာတို႔ ၿခံထဲမွာထားခ့ဲၾကေလ။ ဒါေပမယ့္ အ့ဲဒီအေခါင္းႀကီး ေတာ့ ျပန္သယ္သြားၾက ဘုန္းႀကီးေက်ာင္းလာၾကတ့ဲ လူေတြေၾကာက္ေနၾကလိမ့္မယ္ အေလာင္းစင္ကေတာ့အရွင္ဆိုေတာ့ ခု တစ္စစီျဖစ္ေနတာဆိုေတာ့ အမွတ္တမ့ဲသိမွာမဟုတ္ဘူး” ”တင္ပါ့ဘုရား ဒါဆိုလည္း အေခါင္းကိုေတာ့ သခႋ်င္းမွာပဲ ျဖစ္သလိုႀကိဳး ခ်ည္ထားလိုက္ပါ့မယ္ ဒါဆိုတပည့္ေတာ္တို႔ ထားခ့ဲၿပီဘုရာ”

“ေအး ေအး ဒကာတို႔” ႐ြာဘုန္းႀကီးက ေက်ာင္းႀကီးတစ္ေက်ာင္းလံုးမွာ တစ္ပါးတည္း ေက်ာင္းထိုင္သည္။ ညဘက္ က်ိန္းေတာ့လည္း ဗိမၼာန္ထဲမွာတစ္ပါးတည္းက်ိန္းသည္။

ပထမည။ ထိုည ၇ နာရီ ၈ နာရီေလာက္ပင္ရွိလိမ့္ဦးမည္။ ေသာ့ခတ္ထားေသာ သံဘာဂ်ာ တံခါး ကိုေဖာက္၍ အရပ္ ရွည္ရွည္ အသားမည္းမည္း လူတစ္ေယာက္ဝင္လာသည္ကို အိပ္မေပ်ာ္ေသးေသာ ဘုန္းဘုန္းမွ ျမင္လိုက္ရသည္။ ထိုလူမွ ဘာမေျပာညာမေျပာနွင့္ ဘုန္းႀကီးအား အတင္းဝင္လံုးေတာ့သည္။ ဘုန္းႀကီးလည္း ရုန္းရင္းကန္ရင္း နွင့္ လံုးေထြး သတ္ပုတ္ ၿပီးခဏအၾကာ ထိုလူေပ်ာက္သြားသည္။

ထိုသို႔ျဖစ္ၿပီးမၾကာမွီအခ်ိန္တြင္းမွာပင္ မိန္းမတစ္ေယာက္ကတံခါးကို အတင္းတြန္းၿပီး ”တံခါးဖြင့္ေပးပါ တံခါးဖြင့္ ေပးပါ” ဟုေအာ္ဟစ္ၿပီး သံဘာဂ်ာတံခါးကိုတြန္းလိုက္ဆြဲလိုက္နွင့္ တစ္ဝုန္းဝုန္းနွင့္ ဆူညံေနေတာ့သည္။ သူ႔ေနာက္မွ ခေလးမ်ား ငိုသံကိုလည္း ၾကားလိုက္ရျပန္သည္။ ထိုမိန္းမမွပင္ ”ဟဲ့ကေလးေတြ တိတ္ၾကစမ္း ဘာလို႔အကႌ် ေတြ ခ်ြတ္ေနၾကတာတုန္း ခုျပန္ဝတ္စမ္း” မိန္းမ၏ သဏၰန္ကိုသာ ျမင္ရၿပီး ကေလးမ်ားကိုေတာ့မျမင္ရေပ။ ဘုန္းႀကီးလည္း မ်က္စိမွိတ္၍ ဘုရားစာ သာ ႐ြတ္ေနလိုက္ေတာ့သည္။ ထိုညေတာ့ ဘာသံမွထပ္မၾကားရေတာ့ေပ။

ဒုတိယည။ မေန႔ကအခ်ိန္မွာပဲ မိန္းမတစ္ေယာက္ တံခါးေပါက္သို႔ ေရာက္လာခ့ဲျပန္သည္။ ”ဘုန္းဘုန္း တံခါးဖြင့္ပါဘုရား တံခါးဖြင့္ေပးပါ” သံတံခါးကို လႈပ္၍ ဖြင့္ခိုင္းျပန္သည္။ မိန္းမလို႔ ဆိုေပမယ့္ တစ္ကိုယ္လံုးကုိ ျမင္ရသည္ မဟုတ္။ ခါးေအာက္ပိုင္း ထမီဝတ္ထားသည္ကိုသာ ျမင္ရျခင္း ျဖစ္သည္။ ဒီတစ္ခါေတာ့ ခေလးငိုသံမ်ားလည္း မၾကားရေတာ့။ ေနာက္တစ္ေယာက္ ျဖစ္မည္ထင္သည္။

ဘုန္းႀကီးလည္း မတ္တပ္ထရပ္ ၍ထိုတံခါးေပါက္ဆီသို႔ေ လ်ွာက္သြားလိုက္ေတာ့သည္။ ထိုသို႔ေလ်ွာက္လာေသာအခါမွ ထိုမိန္းမက ေနာက္ျပန္လွည့္၍ ၿခံတံခါးဝသို႔ ျပန္သြားသည္။ ဘုန္းႀကီးလည္း ေနာက္မွလိုက္သြားၾကည့္ရာ တံခါးအျပင္သို႔ အေရာက္ ထိုမိန္းမ နွစ္ျခမ္းကြဲ၍ တစ္ျခမ္းက အေရွ႕ဘက္သို႔၎၊တစ္ျခမ္းက အေနာက္ဘက္သို႔ ၎ နွစ္ခုကြဲ၍ ထြက္သြား သည္ကိုျမင္လိုက္ရေလေတာ့သည္။ ထိုအခါမွ ဘုန္းႀကီးလည္း ေက်ာင္းထဲသို႔ျပန္ဝင္ ခ့ဲသည္။

တတိယည။ ဟိုနွစ္ညကထက္ နည္းနည္းေနာက္က်သည္။ဘုန္းႀကီးအိပ္မေပ်ာ့္ တစ္ေပ်ာ္ အခ်ိန္ မွာ ဘုန္းႀကီးက်ိန္းေနရာ ေရွ႕တည့္တည့္တြင္ ကိုရင္သာမေဏ ေလး နွင့္ေက်ာင္းသားတစ္ေယာက္ က်ံဳ႕က်ံဳ႕ေလးထိုင္ေနသည္ကို ေတြ႕လိုက္ရ သည္။ ေက်ာင္းသားမွာ အသားျဖဴျဖဴ နွင့္ ဂ်င္းေဘာင္းဘီရွည္ကို ဝတ္ဆင္ထားသည္ကို ထင္ထင္ရွားရွား ျမင္ရသည္။ ကိုရင္ေလးကိုေတာ့ကိုရင္သာမေဏေလးတစ္ပါးဟုသာအၾကမ္းဖ်င္းေတြ႕ရသည္။

ဘုန္းႀကီးလည္းဒီတစ္ခါေတာ့ အိပ္လ်က္နွင့္ပင္ ပဌာန္းကို ”ေဟတုပစၥေရာ” ဟုအသံထြက္၍ ႐ြတ္ဆိုလိုက္ရာ ထိုသူမ်ားမွ ”အာရမၼဏ ပစၥေရာ” ဟု ေရွ႕မွေက်ာ္၍ ႐ြတ္ဆိုေတာ့ေလရာ ဘုန္းႀကီးမွာ ထိုေနရာမွ ထ၍ ဖုန္းကိုယူကာ ႐ြာအုပ္ခ်ဳပ္ေရးမႈး ကို ဖုန္းဆက္ေခၚေတာ့သည္။

“ဒကာ ဒကာခု က်ဳပ္ေက်ာင္းကိုျမန္ျမန္လာမွျဖစ္မယ္ ခုခ်က္ခ်င္လာခ့ဲပါ” ”တင္ပါ့ဘုရား တပည့္ေတာ္တို႔ သားအဖလာ ခ့ဲပါ့မယ္ ဘုရား ဘာလို႔လဲဘုရာ႕ ဘာအေၾကာင္းမ်ားရွိလို႔လဲဘုရာ႕” ”ေမးမေနန႔ဲ ဒကာ ျမန္ျမန္သာ ေရာက္ေအာင္လာခ့ဲ” ”တင္ပါ့ ခုလာပါၿပီဘုရာ႕” ဖုန္းေျပာၿပီးလွည့္ၾကည့္လိုက္ေတာ့ ဟိုကိုရင္ န႔ဲ ေက်ာင္းသားမရွိေတာ့။

႐ြာအုပ္ခ်ဳပ္ေရးမွဴးမွာ သူ႔သားတစ္ေယာက္ကို ခ်က္ခ်င္းနႈိး၍ ဘုန္းႀကီးေက်ာင္းသို႔ အျမန္ဆံုးေရာက္ခ် လာေတာ့သည္။ ”ဘုန္းဘုန္း ဘာျဖစ္လို႔လဲဘုရာ႕ က်န္းမာေရးမေကာင္းလို႔လား” ”က်န္းမာေရးက ဘာမွမျဖစ္ဘူးေဟ့ မင္းတို႔လာထားတ့ဲ ပစၥည္းေတြ ခုခ်က္ခ်င္း ျပန္သယ္သြားၾကေတာ့” ”ဗ်ာ ဘာျဖစ္လို႔လဲဘုရာ႕” ”ဘာျဖစ္ရမလဲ ဒီပစၥည္းေတြေၾကာင့္ ငါ ေကာင္းေကာင္း မက်ိန္းရတာ သံုးရက္ရွိေနၿပီ။ အခု မခံနိုင္ေတာ့တ့ဲ အဆံုး မင္းဆီဖုန္းဆက္ရတာပဲ” ”ဟာ ဒါဆိုရင္ေတာ့ တပည့္ေတာ္တို႔ နွစ္ေယာက္တည္းေတာ့မျဖစ္ဘူး ႐ြာထဲကေကာင္ေတြလွမ္းေခၚလိုက္ဦးမယ္ဘုရာ႕”႐ြာထဲမွာကာလသား ၁၀ ေယာက္ ၁၅ ေယာက္ေလာက္အားဖုန္းဆက္လွမ္းေခၚၿပီးေနာက္ ထိုပစၥည္းမ်ားကို သခ်ႋင္းသို႔ျပန္သြားပို႔ရန္ ျပင္ရေတာ့ သည္။

“ဒကာႀကီး မင္းတို႔ေကာင္ေတ ြတစ္ေကာင္မက်န္ အကုန္လံုးျပန္ေခၚသြားၾက “ ”တင္ပါ့ ကဲ ဒီဝင္းထဲကို လိုက္လာၾကတ့ဲ သူေတြ မင္းတို႔အားလံုးကိုယ့္ေနရာကိုယ္ျပန္လိုက္ခ့ဲၾက ငါ႐ြာအုပ္ခ်ဳပ္ေရးမႈးက ေခၚေနတယ္ တစ္ေယာက္မွ မက်န္ခ့ဲေစန႔ဲ” ထိုညတြင္းခ်င္းပင္ ထိုပစၥည္းမ်ားကို သူ႔ေနရာသူသြားျပန္ထားၾကရေလသည္။

ေရကအကုန္လံုး မဟုတ္ေတာင္ သံုပံုနွစ္ပံုေလာက္ ျပန္က်သြား၍ ေတာ္ေသးေတာ့သည္။ ေနာက္ေန႔ညမွစ၍ ဘုန္းႀကီး ေက်ာင္းတြင္ ဘာသံမွမၾကားရေတာ့ပဲ ယခင္အတိုင္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အိပ္စက္၍ ရၿပီျဖစ္ေၾကာင္း ဘုန္းဘုန္းမွ မိန္႔ေတာ္ မူပါသည္။သူတို႔တစ္ကယ္ရွိၾကပါတယ္တ့ဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သရဲေျခာက္တဲ့ေနရာ
# Unicode Version # ျဖင့္ ဖတ္ပါ #

၂၀၁၅ ခုနှစ် ၇ လပိုင်းကျော် ၈ လပိုင်းအတွင်းက မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများအတွင်း စံချိန်တင်ရေကြီးရေလျှံမှုကြီး ဖြစ်ပွားနေစဉ် ကာလအတွင်းမှာ မကွေးတိုင်း ရေစကြို မြို့နယ်အတွင်းရှိ ချင်းတွင်းမြစ် တစ်ဖက်ကမ်းက ရွာလေး တစ်ရွာ မှာ အမှန်တစ်ကယ် ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။

“ဟေ့ ရေတွေအရမ်းတက်ပြီကွ ခုရွာသင်္ချိင်းမှာထားထားတဲ့ အလောင်းစင် နဲ့ သေတ္တာ တွေတစ်စစီရေထဲမှာမျောနေပြီ သွားဆယ်ကြရအောင်လာလိုက်ခဲ့ကြ“ ရပ်ရွာအုပ်ချုပ်ရေးမှုးက ရွာကာလသားများကို စုဝေးစေပြီးနောက် ရွာသင်္ချိင်းကုန်း ရှိရာသို့ လာခဲ့ကြသည်။

ထို့နောက် တစ်စီပြန့်ကျဲနေသော လူသေကောင်တင်ရာ အလောင်းစင် နှင့် လူသေကောင်ထည့်သည့် အခေါင်း တို့ကို လိုက်လံသိမ်းစည်းပြီးနောက် ရွာဦးဘုန်းကြီးကျောင်းသို့ သယ်လာခဲ့ကြသည်။

“ဘုန်းဘုန်း ဘုရား တပည့်တော်တို့ ပစ္စည်းတွေ ကျောင်းမှာ ခဏထားချင်ပါတယ်ဘုရား ရွာသင်္ချိင်းက စင်နဲ့ သေတ္တာပါ ဘုရား ရေတွေကြီးလို့ ရေထဲမျောနေလို့ပါဘုရား” ”အေးအေး ဒကာတို့ ခြံထဲမှာထားခဲ့ကြလေ။ ဒါပေမယ့် အဲ့ဒီအခေါင်းကြီး တော့ ပြန်သယ်သွားကြ ဘုန်းကြီးကျောင်းလာကြတဲ့ လူတွေကြောက်နေကြလိမ့်မယ် အလောင်းစင်ကတော့အရှင်ဆိုတော့ ခု တစ်စစီဖြစ်နေတာဆိုတော့ အမှတ်တမဲ့သိမှာမဟုတ်ဘူး” ”တင်ပါ့ဘုရား ဒါဆိုလည်း အခေါင်းကိုတော့ သင်္ချိင်းမှာပဲ ဖြစ်သလိုကြိုး ချည်ထားလိုက်ပါ့မယ် ဒါဆိုတပည့်တော်တို့ ထားခဲ့ပြီဘုရာ”

“အေး အေး ဒကာတို့” ရွာဘုန်းကြီးက ကျောင်းကြီးတစ်ကျောင်းလုံးမှာ တစ်ပါးတည်း ကျောင်းထိုင်သည်။ ညဘက် ကျိန်းတော့လည်း ဗိမ္မာန်ထဲမှာတစ်ပါးတည်းကျိန်းသည်။

ပထမည။ ထိုည ၇ နာရီ ၈ နာရီလောက်ပင်ရှိလိမ့်ဦးမည်။ သော့ခတ်ထားသော သံဘာဂျာ တံခါး ကိုဖောက်၍ အရပ် ရှည်ရှည် အသားမည်းမည်း လူတစ်ယောက်ဝင်လာသည်ကို အိပ်မပျော်သေးသော ဘုန်းဘုန်းမှ မြင်လိုက်ရသည်။ ထိုလူမှ ဘာမပြောညာမပြောနှင့် ဘုန်းကြီးအား အတင်းဝင်လုံးတော့သည်။ ဘုန်းကြီးလည်း ရုန်းရင်းကန်ရင်း နှင့် လုံးထွေး သတ်ပုတ် ပြီးခဏအကြာ ထိုလူပျောက်သွားသည်။

ထိုသို့ဖြစ်ပြီးမကြာမှီအချိန်တွင်းမှာပင် မိန်းမတစ်ယောက်ကတံခါးကို အတင်းတွန်းပြီး ”တံခါးဖွင့်ပေးပါ တံခါးဖွင့် ပေးပါ” ဟုအော်ဟစ်ပြီး သံဘာဂျာတံခါးကိုတွန်းလိုက်ဆွဲလိုက်နှင့် တစ်ဝုန်းဝုန်းနှင့် ဆူညံနေတော့သည်။ သူ့နောက်မှ ခလေးများ ငိုသံကိုလည်း ကြားလိုက်ရပြန်သည်။ ထိုမိန်းမမှပင် ”ဟဲ့ကလေးတွေ တိတ်ကြစမ်း ဘာလို့အင်္ကျီ တွေ ချွတ်နေကြတာတုန်း ခုပြန်ဝတ်စမ်း” မိန်းမ၏ သဏ္ဏန်ကိုသာ မြင်ရပြီး ကလေးများကိုတော့မမြင်ရပေ။ ဘုန်းကြီးလည်း မျက်စိမှိတ်၍ ဘုရားစာ သာ ရွတ်နေလိုက်တော့သည်။ ထိုညတော့ ဘာသံမှထပ်မကြားရတော့ပေ။

ဒုတိယည။ မနေ့ကအချိန်မှာပဲ မိန်းမတစ်ယောက် တံခါးပေါက်သို့ ရောက်လာခဲ့ပြန်သည်။ ”ဘုန်းဘုန်း တံခါးဖွင့်ပါဘုရား တံခါးဖွင့်ပေးပါ” သံတံခါးကို လှုပ်၍ ဖွင့်ခိုင်းပြန်သည်။ မိန်းမလို့ ဆိုပေမယ့် တစ်ကိုယ်လုံးကို မြင်ရသည် မဟုတ်။ ခါးအောက်ပိုင်း ထမီဝတ်ထားသည်ကိုသာ မြင်ရခြင်း ဖြစ်သည်။ ဒီတစ်ခါတော့ ခလေးငိုသံများလည်း မကြားရတော့။ နောက်တစ်ယောက် ဖြစ်မည်ထင်သည်။

ဘုန်းကြီးလည်း မတ်တပ်ထရပ် ၍ထိုတံခါးပေါက်ဆီသို့ေ လျှာက်သွားလိုက်တော့သည်။ ထိုသို့လျှောက်လာသောအခါမှ ထိုမိန်းမက နောက်ပြန်လှည့်၍ ခြံတံခါးဝသို့ ပြန်သွားသည်။ ဘုန်းကြီးလည်း နောက်မှလိုက်သွားကြည့်ရာ တံခါးအပြင်သို့ အရောက် ထိုမိန်းမ နှစ်ခြမ်းကွဲ၍ တစ်ခြမ်းက အရှေ့ဘက်သို့၎င်း၊တစ်ခြမ်းက အနောက်ဘက်သို့ ၎င်း နှစ်ခုကွဲ၍ ထွက်သွား သည်ကိုမြင်လိုက်ရလေတော့သည်။ ထိုအခါမှ ဘုန်းကြီးလည်း ကျောင်းထဲသို့ပြန်ဝင် ခဲ့သည်။

တတိယည။ ဟိုနှစ်ညကထက် နည်းနည်းနောက်ကျသည်။ဘုန်းကြီးအိပ်မပျော့် တစ်ပျော် အချိန် မှာ ဘုန်းကြီးကျိန်းနေရာ ရှေ့တည့်တည့်တွင် ကိုရင်သာမဏေ လေး နှင့်ကျောင်းသားတစ်ယောက် ကျုံ့ကျုံ့လေးထိုင်နေသည်ကို တွေ့လိုက်ရ သည်။ ကျောင်းသားမှာ အသားဖြူဖြူ နှင့် ဂျင်းဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်ကို ထင်ထင်ရှားရှား မြင်ရသည်။ ကိုရင်လေးကိုတော့ကိုရင်သာမဏေလေးတစ်ပါးဟုသာအကြမ်းဖျင်းတွေ့ရသည်။

ဘုန်းကြီးလည်းဒီတစ်ခါတော့ အိပ်လျက်နှင့်ပင် ပဌာန်းကို ”ဟေတုပစ္စရော” ဟုအသံထွက်၍ ရွတ်ဆိုလိုက်ရာ ထိုသူများမှ ”အာရမ္မဏ ပစ္စရော” ဟု ရှေ့မှကျော်၍ ရွတ်ဆိုတော့လေရာ ဘုန်းကြီးမှာ ထိုနေရာမှ ထ၍ ဖုန်းကိုယူကာ ရွာအုပ်ချုပ်ရေးမှုး ကို ဖုန်းဆက်ခေါ်တော့သည်။

“ဒကာ ဒကာခု ကျုပ်ကျောင်းကိုမြန်မြန်လာမှဖြစ်မယ် ခုချက်ချင်လာခဲ့ပါ” ”တင်ပါ့ဘုရား တပည့်တော်တို့ သားအဖလာ ခဲ့ပါ့မယ် ဘုရား ဘာလို့လဲဘုရာ့ ဘာအကြောင်းများရှိလို့လဲဘုရာ့” ”မေးမနေနဲ့ ဒကာ မြန်မြန်သာ ရောက်အောင်လာခဲ့” ”တင်ပါ့ ခုလာပါပြီဘုရာ့” ဖုန်းပြောပြီးလှည့်ကြည့်လိုက်တော့ ဟိုကိုရင် နဲ့ ကျောင်းသားမရှိတော့။

ရွာအုပ်ချုပ်ရေးမှူးမှာ သူ့သားတစ်ယောက်ကို ချက်ချင်းနှိုး၍ ဘုန်းကြီးကျောင်းသို့ အမြန်ဆုံးရောက်ချ လာတော့သည်။ ”ဘုန်းဘုန်း ဘာဖြစ်လို့လဲဘုရာ့ ကျန်းမာရေးမကောင်းလို့လား” ”ကျန်းမာရေးက ဘာမှမဖြစ်ဘူးဟေ့ မင်းတို့လာထားတဲ့ ပစ္စည်းတွေ ခုချက်ချင်း ပြန်သယ်သွားကြတော့” ”ဗျာ ဘာဖြစ်လို့လဲဘုရာ့” ”ဘာဖြစ်ရမလဲ ဒီပစ္စည်းတွေကြောင့် ငါ ကောင်းကောင်း မကျိန်းရတာ သုံးရက်ရှိနေပြီ။ အခု မခံနိုင်တော့တဲ့ အဆုံး မင်းဆီဖုန်းဆက်ရတာပဲ” ”ဟာ ဒါဆိုရင်တော့ တပည့်တော်တို့ နှစ်ယောက်တည်းတော့မဖြစ်ဘူး ရွာထဲကကောင်တွေလှမ်းခေါ်လိုက်ဦးမယ်ဘုရာ့”ရွာထဲမှာကာလသား ၁၀ ယောက် ၁၅ ယောက်လောက်အားဖုန်းဆက်လှမ်းခေါ်ပြီးနောက် ထိုပစ္စည်းများကို သင်္ချိင်းသို့ပြန်သွားပို့ရန် ပြင်ရတော့ သည်။

“ဒကာကြီး မင်းတို့ကောင်တေ ွတစ်ကောင်မကျန် အကုန်လုံးပြန်ခေါ်သွားကြ “ ”တင်ပါ့ ကဲ ဒီဝင်းထဲကို လိုက်လာကြတဲ့ သူတွေ မင်းတို့အားလုံးကိုယ့်နေရာကိုယ်ပြန်လိုက်ခဲ့ကြ ငါရွာအုပ်ချုပ်ရေးမှုးက ခေါ်နေတယ် တစ်ယောက်မှ မကျန်ခဲ့စေနဲ့” ထိုညတွင်းချင်းပင် ထိုပစ္စည်းများကို သူ့နေရာသူသွားပြန်ထားကြရလေသည်။

ရေကအကုန်လုံး မဟုတ်တောင် သုံပုံနှစ်ပုံလောက် ပြန်ကျသွား၍ တော်သေးတော့သည်။ နောက်နေ့ညမှစ၍ ဘုန်းကြီး ကျောင်းတွင် ဘာသံမှမကြားရတော့ပဲ ယခင်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်၍ ရပြီဖြစ်ကြောင်း ဘုန်းဘုန်းမှ မိန့်တော် မူပါသည်။သူတို့တစ်ကယ်ရှိကြပါတယ်တဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit:သရဲခြောက်တဲ့နေရာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top