အသက္ ၃၀ အရြယ္ဆိုတာ အရမ္းေတာ့ မၾကီးေသးေပမယ့္ အရမ္းလည္းမငယ္ေတာ့ပါဘူး။ ဘဝမွာ အေတြ႕အၾကံဳတခ်ိဳ႕ကို ဒီအရြယ္မွာ ျဖတ္သန္းျပီးသင့္ေနျပီျဖစ္ျပီး ေနာက္ထပ္ရင္ဆိုင္ရမယ့္ အရာေတြကို တည္တည္ျငိမ္ျငိမ္ရင္ဆိုင္နုိင္ဖို႕ အားအတန္အသင့္ေမြးထားဖို႕လိုတဲ့အခ်ိန္လည္းျဖစ္ ပါတယ္။

ေအာင္ျမင္ေပ်ာ္ရႊင္တဲ့သူတစ္ေယာက္ျဖစ္ဖို႕ အသက္ ၃၀ အရြယ္မွာ အခုေဖာ္ျပမယ့္ အေတြ႕အၾကံဳနဲ႕အရည္အခ်င္းေတြရွိထားဖို႕လိုအပ္ပါတယ္ ေနာ္ ……

(၁) တစ္ေယာက္တည္းလည္းေနတတ္ဖို႕လိုတယ္ ”

အသက္ ၃၀ အရြယ္မွာ တခ်ိဳ႕က အိမ္ေထာင္ျပဳၾကျပီးသားျဖစ္ေနတတ္သလို၊ တခ်ိဳ႕က်ေတာ့ ခ်စ္သူရွိေပမယ့္ အိမ္ေထာင္မျပဳရေသးတဲ့သူေတြလည္းရွိပါတယ္။ အိမ္ေထာင္လည္းမရွိ၊ ခ်စ္သူလည္းမရွိတဲ့ တစ္ကုိယ္တည္းသမားေတြလည္းရွိပါတယ္။ သင့္အေနနဲ႕ အိမ္ေထာင္ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ၊ တစ္ေယာက္တည္းေနတတ္ေအာင္သင္ယူပါ။

တစ္ေယာက္တည္းေနတတ္ေအာင္လို႕ဆိုရာမွာ အားလံုးနဲ႕ခြဲထြက္ျပီး အထီးက်န္ဆန္ဆန္တစ္ေယာက္တည္းေနခိုင္းတာမဟုတ္ပါဘူး။ ဘယ္သူမွေဘးမွာမရွိလည္း ျပႆနာေတြကို တစ္ေယာက္တည္းေျဖရွင္းတတ္ေအာင္၊ ရင္ဆိုင္နိုင္ေအာင္လုပ္ဖို႕ ေျပာခ်င္တာပါ …။

(၂) တစ္ေယာက္တည္းခရီးထြက္နိုင္ရမယ္ ”

အရင္က မိသားစု၊ သူငယ္ခ်င္းေတြနဲ႕ ခရီးထြက္ခဲ့ပါလိမ့္မယ္။ အခုအခ်ိန္မွာေတာ့ တစ္ေယာက္တည္းခရီးထြက္ဖို႕အခ်ိန္က်ပါျပီ။ ခရီးစဥ္အစအဆံုး ကိုယ္တိုင္စီစဥ္ျပီး သြားၾကည့္ပါ။ ကိုယ့္ရဲ႕လိုအပ္ခ်က္နဲ႕ အားသာခ်က္ေတြကို ရွင္းရွင္းလင္းလင္းကိုသိသြားပါလိမ့္မယ္ …။

(၃) ကိုယ့္ကိုယ္ကိုလက္ခံနိုင္ဖို႕လိုေနျပီ ”

အရင္က ကိုယ့္ကိုယ္ကိုတျခားသူေတြေလာက္မလွလို႕၊ မေတာ္လို႕၊ ပိုက္ဆံမခ်မ္းသာလို႕ စသျဖင့္ ႏိႈင္းယွဥ္စဥ္းစားခဲ့တာမ်ိဳးေတြ ရွိေကာင္းရွိခဲ့နိုင္ပါတယ္။ ဒါေပမယ့္ အခုေတာ့ အဲ့ဒါေတြကို ရပ္တန္္းက ရပ္လိုက္ပါေတာ့။ ကိုယ့္ရဲ႕ အရွိအတိုင္းကိုလက္ခဲ့ျပီး ကိုယ့္ကိုယ္ကိုတန္ဖိုးထားတတ္ေအာင္ စဥ္းစားေတြးေတာပါ …။

(၄) အလုပ္မွာစီနီယာအဆင့္ေလာက္ရွိရမယ္ ဒါမွမဟုတ္ ကိုယ္ပိုင္လုပ္ငန္းအစျပဳထားသင့္တယ္ ”

အသက္ ၃၀ အရြယ္ဆိုတာ အေပၚမွာေျပာခဲ့သလိုပါပဲ၊ အသက္အရမ္းမၾကီးေသးေပမယ့္ ငယ္လည္းမငယ္ေတာ့ပါဘူး။ ဒါေၾကာင့္ အလုပ္ခြင္မွာလည္း စီနီယာအဆင့္ေလာက္ရွိသင့္ေနပါျပီ။ ဒါမွမဟုတ္ရင္လည္း ကိုယ္ပိုင္လုပ္ငန္းေလးတစ္ခုအစျပဳဖို႕ သင့္ေနတဲ့အခ်ိန္ျဖစ္ေနပါျပီ ေနာ္ …။

(၅) တျခားလူေတြရဲ႕အျမင္ကိုဂရုမစိုက္သင့္ေတာ့ဘူး ”

ကိုုယ့္ရဲ႕ ပံုစံ၊ အေတြးအေခၚနဲ႕ ကိုယ္လုပ္တဲ့အရာေတြနဲ႕ပတ္သက္လို႕ လူေတြဘယ္လိုထင္ျမင္ၾကမ လဲဆိုျပီး စိုးရိမ္ေနတာမ်ိဳးကို ရပ္တန္းကရပ္သင့္ပါျပီ။ ဘာလို႕လဲဆိုေတာ့ အဲ့ဒီလို ဂရုစိုက္ေနတာက ကိုယ့္ကိုယ္ကိုယံုၾကည္မႈေလ်ာ့နည္းေစျပီး လုပ္ရမယ့္အလုပ္ေတြကို လည္းေႏွာင္႔ေႏွးေစပါ တယ္ …။

(၆) ကိုယ္တကယ္ၾကိဳက္နွစ္သက္တဲ့ပညာရပ္တစ္ခုသင္သင့္တယ္ ”

ကိုယ္ဝါသနာပါျပီး သင္ခြင့္မရခဲ့တဲ့ပညာရပ္တစ္ခုခုကို ဒီအခ်ိန္မွာ ရဲရဲဝံ့ဝံ့သင္လိုက္ပါ။ အဲ့ဒီပညာက ကိုယ့္အတြက္ အက်ိဳးအျမတ္တစ္စံုတစ္ရာမေပးဘူးဆိုရင္ေတာင္ စိတ္ကိုေပ်ာ္ရႊင္ေစမယ္ဆိုရင္ အခ်ိန္ကုန္ရက်ိဳးနပ္ပါတယ္။ ျပီးေတာ့ အဲ့ဒါက တစ္ခ်ိန္မွာ ကိုယ့္ကိုအေဖာ္ျပဳေပးမယ့္အ ရာမ်ိဳးျဖစ္မလာဘူးလို႕ မေျပာနိုင္ဘူးေလ …။

(၇) ကိုယ့္ကိုယ္ကိုလက္ေဆာင္ျပန္ေပးနိုင္တဲ့သူျဖစ္သင့္တယ္ ”

ဒီအသက္အရြယ္မွာ ကိုယ္လိုခ်င္တာေတြကို ကိုုယ္တိုင္ဝယ္နိုင္ေနသင့္ပါျပီ။ ကိုယ့္ရဲ႕လိုအပ္ခ်က္ေတြ အတြက္ တစ္ေယာက္ေယာက္ကိုမွီခိုရတာမ်ိဳးမဟုတ္ဘဲ ကိုယ္တိုင္ျဖည့္ဆည္းနိုင္တဲ့သူမ်ိဳး၊ မိဘေတြ ကိုျပန္ၾကည့္နိုင္တဲ့သူမ်ိဳးျဖစ္ေအာင္လုပ္ရေတာ့မွာပါ ေနာ္ …။

(၈) ေလ့က်င့္ခန္းလုပ္၊ တရားထိုင္တဲ့အက်င့္ေလးေမြးျမဴထားသင့္တယ္ ”

ေလ့က်င့္ခန္းလုပ္တယ္ဆိုတာ ခႏၶာကိုယ္အခ်ိဳးအစားလွေအာင္လုပ္ဖို႕ဆိုလိုတာမဟုတ္ပါဘူး။ သက္လံုေကာင္းေစမယ့္၊ က်န္းမာေရးအတြက္အေထာက္အကူျဖစ္ေစတဲ့ ေလ့က်င့္ခန္းေတြကိုလုပ္ပါ။ ဒါ့အျပင္ တစ္ေန႕တာမွာ မိနစ္အနည္္းငယ္ေလာက္တရားမွတ္တာ၊ တရားထိုင္တာ စတဲ့အက်င့္ေလးေတြကို စတင္ေမြးျမဴ သင္႔ပါတယ္ …။

(၉) စိတ္ထဲမွာျဖစ္လာတာေတြကို ဖြင့္ဟတိုင္ပင္ရမယ့္လူတစ္ေယာက္ရွိသင့္တယ္ ”

လူေတာ္ေတာ္မ်ားမ်ားက ဒီအသက္အရြယ္ေရာက္ရင္ တည္ျငိမ္သင့္ျပီ၊ ရင့္က်က္သင့္ျပီလို႕ သတ္မွတ္လိိုက္ျပီး ကိုယ္ခံစားေနရတာေတြအားလံုးကို တစ္ေယာက္ေယာက္ကိုရင္ဖြင့္တိုင္ပင္တာမ်ိဳး မလုပ္ၾကေတာ့ပါဘူး။ တကယ္ေတာ့ ဒီအရြယ္မွာ စိတ္ဖိစီးမႈေတြ၊ ခံစားခ်က္အေျပာင္းအလဲေတြ မ်ားတဲ့အခ်ိန္ျဖစ္တာေၾကာင့္ ကိုယ့္ရဲ႕ခံစားခ်က္ေတြကို ရင္ဖြင့္တိုင္ပင္ဖို႕ အနီးကပ္ရင္းႏွီးတဲ့သူ တစ္ေယာက္ေတာ့ရွိသင့္ပါတယ္ ေနာ္ … ။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MAY THAZINHTOO
# Unicode Version # ျဖင့္ ဖတ္ပါ #

အသက် ၃၀ အရွယ်ဆိုတာ အရမ်းတော့ မကြီးသေးပေမယ့် အရမ်းလည်းမငယ်တော့ပါဘူး။ ဘဝမှာ အတွေ့အကြုံတချို့ကို ဒီအရွယ်မှာ ဖြတ်သန်းပြီးသင့်နေပြီဖြစ်ပြီး နောက်ထပ်ရင်ဆိုင်ရမယ့် အရာတွေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ဖို့ အားအတန်အသင့်မွေးထားဖို့လိုတဲ့အချိန်လည်းဖြစ် ပါတယ်။

အောင်မြင်ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်ဖို့ အသက် ၃၀ အရွယ်မှာ အခုဖော်ပြမယ့် အတွေ့အကြုံနဲ့အရည်အချင်းတွေရှိထားဖို့လိုအပ်ပါတယ် နော် ……

(၁) တစ်ယောက်တည်းလည်းနေတတ်ဖို့လိုတယ် ”

အသက် ၃၀ အရွယ်မှာ တချို့က အိမ်ထောင်ပြုကြပြီးသားဖြစ်နေတတ်သလို၊ တချို့ကျတော့ ချစ်သူရှိပေမယ့် အိမ်ထောင်မပြုရသေးတဲ့သူတွေလည်းရှိပါတယ်။ အိမ်ထောင်လည်းမရှိ၊ ချစ်သူလည်းမရှိတဲ့ တစ်ကိုယ်တည်းသမားတွေလည်းရှိပါတယ်။ သင့်အနေနဲ့ အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ တစ်ယောက်တည်းနေတတ်အောင်သင်ယူပါ။

တစ်ယောက်တည်းနေတတ်အောင်လို့ဆိုရာမှာ အားလုံးနဲ့ခွဲထွက်ပြီး အထီးကျန်ဆန်ဆန်တစ်ယောက်တည်းနေခိုင်းတာမဟုတ်ပါဘူး။ ဘယ်သူမှဘေးမှာမရှိလည်း ပြဿနာတွေကို တစ်ယောက်တည်းဖြေရှင်းတတ်အောင်၊ ရင်ဆိုင်နိုင်အောင်လုပ်ဖို့ ပြောချင်တာပါ …။

(၂) တစ်ယောက်တည်းခရီးထွက်နိုင်ရမယ် ”

အရင်က မိသားစု၊ သူငယ်ချင်းတွေနဲ့ ခရီးထွက်ခဲ့ပါလိမ့်မယ်။ အခုအချိန်မှာတော့ တစ်ယောက်တည်းခရီးထွက်ဖို့အချိန်ကျပါပြီ။ ခရီးစဉ်အစအဆုံး ကိုယ်တိုင်စီစဉ်ပြီး သွားကြည့်ပါ။ ကိုယ့်ရဲ့လိုအပ်ချက်နဲ့ အားသာချက်တွေကို ရှင်းရှင်းလင်းလင်းကိုသိသွားပါလိမ့်မယ် …။

(၃) ကိုယ့်ကိုယ်ကိုလက်ခံနိုင်ဖို့လိုနေပြီ ”

အရင်က ကိုယ့်ကိုယ်ကိုတခြားသူတွေလောက်မလှလို့၊ မတော်လို့၊ ပိုက်ဆံမချမ်းသာလို့ စသဖြင့် နှိုင်းယှဉ်စဉ်းစားခဲ့တာမျိုးတွေ ရှိကောင်းရှိခဲ့နိုင်ပါတယ်။ ဒါပေမယ့် အခုတော့ အဲ့ဒါတွေကို ရပ်တန်းက ရပ်လိုက်ပါတော့။ ကိုယ့်ရဲ့ အရှိအတိုင်းကိုလက်ခဲ့ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်အောင် စဉ်းစားတွေးတောပါ …။

(၄) အလုပ်မှာစီနီယာအဆင့်လောက်ရှိရမယ် ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းအစပြုထားသင့်တယ် ”

အသက် ၃၀ အရွယ်ဆိုတာ အပေါ်မှာပြောခဲ့သလိုပါပဲ၊ အသက်အရမ်းမကြီးသေးပေမယ့် ငယ်လည်းမငယ်တော့ပါဘူး။ ဒါကြောင့် အလုပ်ခွင်မှာလည်း စီနီယာအဆင့်လောက်ရှိသင့်နေပါပြီ။ ဒါမှမဟုတ်ရင်လည်း ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုအစပြုဖို့ သင့်နေတဲ့အချိန်ဖြစ်နေပါပြီ နော် …။

(၅) တခြားလူတွေရဲ့အမြင်ကိုဂရုမစိုက်သင့်တော့ဘူး ”

ကိုယ့်ရဲ့ ပုံစံ၊ အတွေးအခေါ်နဲ့ ကိုယ်လုပ်တဲ့အရာတွေနဲ့ပတ်သက်လို့ လူတွေဘယ်လိုထင်မြင်ကြမ လဲဆိုပြီး စိုးရိမ်နေတာမျိုးကို ရပ်တန်းကရပ်သင့်ပါပြီ။ ဘာလို့လဲဆိုတော့ အဲ့ဒီလို ဂရုစိုက်နေတာက ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းစေပြီး လုပ်ရမယ့်အလုပ်တွေကို လည်းနှောင့်နှေးစေပါ တယ် …။

(၆) ကိုယ်တကယ်ကြိုက်နှစ်သက်တဲ့ပညာရပ်တစ်ခုသင်သင့်တယ် ”

ကိုယ်ဝါသနာပါပြီး သင်ခွင့်မရခဲ့တဲ့ပညာရပ်တစ်ခုခုကို ဒီအချိန်မှာ ရဲရဲဝံ့ဝံ့သင်လိုက်ပါ။ အဲ့ဒီပညာက ကိုယ့်အတွက် အကျိုးအမြတ်တစ်စုံတစ်ရာမပေးဘူးဆိုရင်တောင် စိတ်ကိုပျော်ရွှင်စေမယ်ဆိုရင် အချိန်ကုန်ရကျိုးနပ်ပါတယ်။ ပြီးတော့ အဲ့ဒါက တစ်ချိန်မှာ ကိုယ့်ကိုအဖော်ပြုပေးမယ့်အ ရာမျိုးဖြစ်မလာဘူးလို့ မပြောနိုင်ဘူးလေ …။

(၇) ကိုယ့်ကိုယ်ကိုလက်ဆောင်ပြန်ပေးနိုင်တဲ့သူဖြစ်သင့်တယ် ”

ဒီအသက်အရွယ်မှာ ကိုယ်လိုချင်တာတွေကို ကိုယ်တိုင်ဝယ်နိုင်နေသင့်ပါပြီ။ ကိုယ့်ရဲ့လိုအပ်ချက်တွေ အတွက် တစ်ယောက်ယောက်ကိုမှီခိုရတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ဖြည့်ဆည်းနိုင်တဲ့သူမျိုး၊ မိဘတွေ ကိုပြန်ကြည့်နိုင်တဲ့သူမျိုးဖြစ်အောင်လုပ်ရတော့မှာပါ နော် …။

(၈) လေ့ကျင့်ခန်းလုပ်၊ တရားထိုင်တဲ့အကျင့်လေးမွေးမြူထားသင့်တယ် ”

လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ခန္ဓာကိုယ်အချိုးအစားလှအောင်လုပ်ဖို့ဆိုလိုတာမဟုတ်ပါဘူး။ သက်လုံကောင်းစေမယ့်၊ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေကိုလုပ်ပါ။ ဒါ့အပြင် တစ်နေ့တာမှာ မိနစ်အနည်းငယ်လောက်တရားမှတ်တာ၊ တရားထိုင်တာ စတဲ့အကျင့်လေးတွေကို စတင်မွေးမြူ သင့်ပါတယ် …။

(၉) စိတ်ထဲမှာဖြစ်လာတာတွေကို ဖွင့်ဟတိုင်ပင်ရမယ့်လူတစ်ယောက်ရှိသင့်တယ် ”

လူတော်တော်များများက ဒီအသက်အရွယ်ရောက်ရင် တည်ငြိမ်သင့်ပြီ၊ ရင့်ကျက်သင့်ပြီလို့ သတ်မှတ်လိုက်ပြီး ကိုယ်ခံစားနေရတာတွေအားလုံးကို တစ်ယောက်ယောက်ကိုရင်ဖွင့်တိုင်ပင်တာမျိုး မလုပ်ကြတော့ပါဘူး။ တကယ်တော့ ဒီအရွယ်မှာ စိတ်ဖိစီးမှုတွေ၊ ခံစားချက်အပြောင်းအလဲတွေ များတဲ့အချိန်ဖြစ်တာကြောင့် ကိုယ့်ရဲ့ခံစားချက်တွေကို ရင်ဖွင့်တိုင်ပင်ဖို့ အနီးကပ်ရင်းနှီးတဲ့သူ တစ်ယောက်တော့ရှိသင့်ပါတယ် နော် … ။ ။

ဖိုးသူတော် (www.phothutaw.com)
Credit:MAY THAZINHTOO
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top