ကိုကို မ႐ွိတဲ့ေန႔ေတြ၊ ကိုကို စိတ္ဆိုးေနတဲ့အခ်ိန္ေတြမွာ တစ္ေယာက္တည္း ဘယ္ေလာက္ေတာင္ ေနရခက္သလဲ ဆိုတာကို ကိုကိုသိေအာင္ ေျပာျပတတ္ပါေစ။

သိပ္ခ်စ္ရတဲ့ အခ်စ္ရဆံုးကုိကိုေတြ ဆိုတာကေတာ့ နားလည္မႈ အေပးႏိုင္ဆံုးလူသားေတြပဲ ျဖစ္ပါတယ္။ Relationship တစ္ခုမွာ ကိုကို လို႔ ေခၚလို႔ ရမယ့္ခ်စ္ရသူ ႐ွိေနတဲ့ေကာင္မေလးေတြကေတာ့ ကံအေကာင္းဆံုးသူေတြလို ဆိုရမွာပဲ ျဖစ္ပါတယ္။

ဒီလို အခ်ိန္မွာ ဒီေလာက္နားလည္မႈ ေပးႏိုင္တဲ့ကိုကို႔ကို အထင္လြဲေစမယ့္အျပဳအမူေလးေတြကို ျပဳလုပ္မိမယ္ဆိုရင္ စိတ္ဆိုးသြားတဲ့ကိုကို ႐ွရင္ ဘယ္လို ျပန္ၿပီး ေခ်ာ့ရမလဲ ဆိုတာကို Marry က ေျပာျပေပးလိုက္ရပါတယ္။ ကိုကို႔ရဲ႕ ကေလးအျဖစ္ အခ်စ္ေတြ တိုးလာတာခံရေအာင္ ဒီအခ်က္ေလးေတြကိုလည္း သိထားေပးပါ။

ဘယ္လုိ ခံစားေနရသလဲ ဆိုတာကို ကိုကို သိေအာင္ ေျပာျပပါ
ကိုကို မ႐ွိတဲ့ေန႔ေတြ၊ ကိုကို စိတ္ဆိုးေနတဲ့အခ်ိန္ေတြမွာ ဘယ္ေလာက္ေတာင္ ေနရခက္သလဲ ဆိုတာကို ကိုကိုသိေအာင္ ေျပာျပတတ္ပါေစ။ စိတ္ဆိုးတယ္ ဆိုတဲ့ေနရာမွာ မိန္းကေလးပဲ စိတ္ဆိုးရတယ္လို႔ မ႐ွိပါဘူး။ ေယာက်္ားေလးပဲ စိတ္မဆိုးရဘူးေလ ဆိုတာ မ႐ွိပါဘူး။ ကိုယ္က မိန္းကေလးပဲ သူက ေယာက်္ားေလးပဲ။ ကိုယ္ပဲ စိတ္ဆိုးမယ္ သူေတာ့ စိတ္မဆိုးရဘူးလို႔ မလုပ္ရဘူးေနာ္။ ကိုကို အထင္လြဲလို႔ စိတ္ဆိုးသြားတာမ်ိဳးဆိုရင္ ကိုကို မ႐ွိတဲ့အခ်ိန္ ဘယ္ေလာက္ေတာင္ ေနရခက္သလဲ ဆိုတာကို ေျပာျပၿပီး ေတာင္းပန္လိုက္ပါ။

အခ်ိန္ ခဏ ယူလိုက္ပါ

အခ်ိန္ကေတာ့ အေကာင္းဆံုး ေဆးဝါးလို႔ ဆိုရမွာပါ။ ကိုကိုက စိတ္ေတြဆိုး၊ အထင္ေတြ လြဲၿပီး ေသြးပူေနတဲ့အခ်ိန္မွာ ေျဖ႐ွင္းခ်က္ေပးတာထက္ အခ်ိန္ေလး ခဏ ယူလိုက္ပါ။ ၿပီးမွသာ ေသခ်ာျပန္ ေျဖ႐ွင္းလိုက္ပါ။ မဟုတ္ရင္ေတာ့ ေသြးပူေနတုန္းဆိုရင္ မလိုအပ္တဲ့တျခားအရာေတြပါ ျဖစ္ေပၚလာႏိုင္တဲ့အတြက္ပါ။ ႏွစ္ေယာက္သား ၾကားမွာ အခ်ိန္ ခဏေလး ယူလိုက္ပါ။

ကိုကိုဆိုတာကေတာ့ အရာတိုင္းကို ဖန္တီးႏိုင္တဲ့သူေတြပါ။ နားလည္မႈေတြ အမ်ားႀကီး ေပးႏိုင္တဲ့ကိုကိုေတြ အထင္လြဲသြားတယ္ ဆိုရင္ ျပန္ၿပီး ေျဖ႐ွင္းလိုက္ပါေနာ္။ တကယ္လို႔ မွားခဲ့တာ ႐ွိမယ္ဆိုရင္ေတာ့ ေတာင္းပန္လိုက္ပါေနာ္။ ခ်စ္သူေလးကို စိတ္ဆိုးေအာင္ လုပ္မိတယ္ဆိုရင္ ဘယ္လို ျပန္ေခ်ာ႔ ရမလဲ ဆိုတာကိုလည္း ေျပာျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Marry
# Unicode Version # ျဖင့္ ဖတ္ပါ #

ကိုကို မရှိတဲ့နေ့တွေ၊ ကိုကို စိတ်ဆိုးနေတဲ့အချိန်တွေမှာ တစ်ယောက်တည်း ဘယ်လောက်တောင် နေရခက်သလဲ ဆိုတာကို ကိုကိုသိအောင် ပြောပြတတ်ပါစေ။

သိပ်ချစ်ရတဲ့ အချစ်ရဆုံးကိုကိုတွေ ဆိုတာကတော့ နားလည်မှု အပေးနိုင်ဆုံးလူသားတွေပဲ ဖြစ်ပါတယ်။ Relationship တစ်ခုမှာ ကိုကို လို့ ခေါ်လို့ ရမယ့်ချစ်ရသူ ရှိနေတဲ့ကောင်မလေးတွေကတော့ ကံအကောင်းဆုံးသူတွေလို ဆိုရမှာပဲ ဖြစ်ပါတယ်။

ဒီလို အချိန်မှာ ဒီလောက်နားလည်မှု ပေးနိုင်တဲ့ကိုကို့ကို အထင်လွဲစေမယ့်အပြုအမူလေးတွေကို ပြုလုပ်မိမယ်ဆိုရင် စိတ်ဆိုးသွားတဲ့ကိုကို ရှရင် ဘယ်လို ပြန်ပြီး ချော့ရမလဲ ဆိုတာကို Marry က ပြောပြပေးလိုက်ရပါတယ်။ ကိုကို့ရဲ့ ကလေးအဖြစ် အချစ်တွေ တိုးလာတာခံရအောင် ဒီအချက်လေးတွေကိုလည်း သိထားပေးပါ။

ဘယ်လို ခံစားနေရသလဲ ဆိုတာကို ကိုကို သိအောင် ပြောပြပါ
ကိုကို မရှိတဲ့နေ့တွေ၊ ကိုကို စိတ်ဆိုးနေတဲ့အချိန်တွေမှာ ဘယ်လောက်တောင် နေရခက်သလဲ ဆိုတာကို ကိုကိုသိအောင် ပြောပြတတ်ပါစေ။ စိတ်ဆိုးတယ် ဆိုတဲ့နေရာမှာ မိန်းကလေးပဲ စိတ်ဆိုးရတယ်လို့ မရှိပါဘူး။ ယောကျ်ားလေးပဲ စိတ်မဆိုးရဘူးလေ ဆိုတာ မရှိပါဘူး။ ကိုယ်က မိန်းကလေးပဲ သူက ယောကျ်ားလေးပဲ။ ကိုယ်ပဲ စိတ်ဆိုးမယ် သူတော့ စိတ်မဆိုးရဘူးလို့ မလုပ်ရဘူးနော်။ ကိုကို အထင်လွဲလို့ စိတ်ဆိုးသွားတာမျိုးဆိုရင် ကိုကို မရှိတဲ့အချိန် ဘယ်လောက်တောင် နေရခက်သလဲ ဆိုတာကို ပြောပြပြီး တောင်းပန်လိုက်ပါ။

အချိန် ခဏ ယူလိုက်ပါ

အချိန်ကတော့ အကောင်းဆုံး ဆေးဝါးလို့ ဆိုရမှာပါ။ ကိုကိုက စိတ်တွေဆိုး၊ အထင်တွေ လွဲပြီး သွေးပူနေတဲ့အချိန်မှာ ဖြေရှင်းချက်ပေးတာထက် အချိန်လေး ခဏ ယူလိုက်ပါ။ ပြီးမှသာ သေချာပြန် ဖြေရှင်းလိုက်ပါ။ မဟုတ်ရင်တော့ သွေးပူနေတုန်းဆိုရင် မလိုအပ်တဲ့တခြားအရာတွေပါ ဖြစ်ပေါ်လာနိုင်တဲ့အတွက်ပါ။ နှစ်ယောက်သား ကြားမှာ အချိန် ခဏလေး ယူလိုက်ပါ။

ကိုကိုဆိုတာကတော့ အရာတိုင်းကို ဖန်တီးနိုင်တဲ့သူတွေပါ။ နားလည်မှုတွေ အများကြီး ပေးနိုင်တဲ့ကိုကိုတွေ အထင်လွဲသွားတယ် ဆိုရင် ပြန်ပြီး ဖြေရှင်းလိုက်ပါနော်။ တကယ်လို့ မှားခဲ့တာ ရှိမယ်ဆိုရင်တော့ တောင်းပန်လိုက်ပါနော်။ ချစ်သူလေးကို စိတ်ဆိုးအောင် လုပ်မိတယ်ဆိုရင် ဘယ်လို ပြန်ချော့ ရမလဲ ဆိုတာကိုလည်း ပြောပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top