ယေန႕ညက လျပည့္ေန႕မို႔ ေကာင္းကင္တစ္ခုလုံး လင္းထိန္လ်က္ …။လေရာင္ေၾကာင့္ ျမင္ကြင္းေတြကို ရွင္းရွင္းလင္းလင္းျမင္ေတြ႕ေနရသည္။ အခ်ိန္ကား ည လူႀကီးအိပ္ခ်ိန္ေရာက္ေလပီ …။

ကေလး လူႀကီး အကုန္အိပ္စက္ကုန္ေပမဲ့ မအိပ္စ က္ေသးသူ တစ္ေယာက္ကား ရွိေနေသးေခ်၏။ ထိုသူကား ဦးလွေမာင္ သီခ်င္းေလး ညည္းၿပီး ယိုင္တိယိုင္တိုင္ လမ္းမ တစ္ခုလုံးျပည့္ေအာင္ ေလွ်ာက္လာေန၏။ ေရခ်ိန္ကိုက္လာဟန္တူသည္။ ဦးလွေမာင္ကား ႐ြာထဲတြင္မေန ႐ြာအစြန္က ၿခံထဲ တြင္တစ္ဦးတည္းေနထိုင္ေလသည္။

သူ႕ၿခံထဲသို႔ေရာက္ဖို႔ အျခား ၿခံ ၂ခု ၃ခုကို ျဖတ္ေက်ာ္ရေသး၏။ ထိုသို႔ သီခ်င္းေလးတေက်ာ္ေက်ာ္ ျဖင့္ ၿခံ ၂ခု ျဖတ္ေက်ာ္ လာၿပီးေနာက္ သူ႕၏ ၿခံ မေရာက္မွီ ၿခံတစ္ခုအေရာက္ ေရအိုင္ေလးမွာ ေျခေဆးေလသည္။ လေရာင္ေၾကာင့္ ပတ္ ဝန္းက်င္ ထက္ေအာက္ ရွင္းလင္းစြာျမင္ရ၏။

ထို႔ရက္မေရာက္မွီ အရင္ရက္ေတြမွာ အခါမဟုတ္ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေတာင္ၿပိ ု ေျမ ၿပိ ုေခ်ာင္းအတြင္း ေရမ်ာ းဆန္တက္ ေလသည္။ ဒါကားလြန္ခဲ့ေသာ ၅ႏွစ္ခန႔္က ေနာက္ဆုံးျဖစ္ပြားခဲ့ၿပီး ယခုတစ္ႀကိမ္ ျပန္လည္ျဖစ္ပြားခဲ့ျခင္း ျဖစ္ေလသည္….။

ဦးလွေမာင္ကား ထို႔ေရအိုင္တြင္ ေျခေဆးၿပီးသကာလ ေကာင္းကင္သို႔ေမွ်ာ္ၾကည့္အခိုက္…… သူ၏ ကိုက္၁၀၀အကြာ ၁၀ေပခန႔္ အျမင့္ ဒူးရင္းပင္ ကိုင္းတစ္ခုတြင္ လူပုံသဏၭာန္ဟန္ ရွည္ေမ်ာေမ်ာ အရာတစ္ခု တြဲေလ်ာင္းက်ေနေလ သည္ကို ျမင္ေတြ႕ရေလသည္။ ဒူးရင္းကိုင္းတြင္ ေျခႏွစ္ေခ်ာင္းခ်ိတ္လ်က္ ေခါင္းက ေအာက္သို႔ တြဲေလ်ာင္းခ်ထား၏။ ဦးလွေမာင္ ကား သူမူးေန၍ မ်က္စိမွားေနလားဆိုၿပီး မ်က္စိအခါခါ ပြတ္ရင္း ၾကည့္ေလသည္ ။

လေရာင္ေၾကာင့္ ထိုသဏၭာန္အား ရွင္းရွင္း လင္းလင္းျမင္ေတြ႕ရေလသည္ ။ ဦးေခါင္းကအဆမတန္ ႀကီးမားေနၿပီး လွ်ာက ပုံမန္ထက္ ၅ဆ ရွည္က်ေနသည္ ။ မ်က္စိႀကီးက အေဝးကလွမ္းျမင္တာပင္ နီရဲ ျပဴးက်ယ္ေနၿပီး သူ႕အားစိုက္ၾကည့္ ေနေလသည္။ ႏွာမႈတ္သံႀကီးကိုလည္း အတိုင္းသားၾကားေနရၿပီး ေဒါသထြက္ေနဟန္တူေလသည္။ လည္ပင္းႀကီးက ဘယ္ဘက္သို႔ သိသိသာသာႀကီး ေစာင္းေနေလသည္ ။

ဦးလွေမာင္ကား ငါ့အားသရဲေျခာက္ေလပီဆိုတာ အသိဝင္လာတာနဲ႕ မူးေနတာ ဘယ္နားေရာက္မွန္းမသိ ေခါင္းနပမ္း ႀကီး ၿပီး အသိစိတ္က ေျပးရန္ႏွိုးေဆာ္ေလၿပီ…။ ထို႔စဥ္ အပင္ေပၚက အေကာင္ႀကီးသည္ ေျမျပင္ေပၚသို႔ ခုန္ဆင္းလာေလသည္။ ထို႔ေနာက္ သူ႕ဆီကို တရိပ္ရိပ္လာေနေလ၏။ ဦးလွေမာင္ကား တရွိန္ထိုး ေျပးေလၿပီ။

သူ႕၏ ၿခံမွာ နီးေနၿပီျဖစ္ေသာ္လည္း သူေျပးခဲ့သည္မွာ သူ၏ၿခံသို႔မေရာက္ေတာ့ေပ။ ဒီလို ေျပးရင္းလႊားရင္းနဲ႕ ကံေကာင္းခ်င္ ေတာ့ သူေျပးခဲ့တဲ့ၿခံဟာ သူ႕ဦးႀကီး အထက္လမ္းဆရာ အိမ္ျဖစ္ေနတယ္။ ဒီလိုနဲ႕အားတက္သြားၿပီး… ဦးႀကီး ကယ္ပါဦး ဦးႀကီးကယ္ပါဦး” တစာစာေအာ္ရင္း အိမ္ေပၚေျပးတက္သြားခဲ့တယ္…။ ”သရဲ သရဲ” ဟုသာ ေအာ္နိုင္ပီး သတိေမ့သြားေလ၏။

ဦးႀကီးလည္း အထက္လမ္းဆရာ ပီပီ ေဆးအစီအရင္ တူမီးေသနတ္ဆြဲကာ သူ႕တပည့္၃ေယာက္နဲ႕အတူ အေျပးအလႊား လိုက္ေလသည္…။ ေခါင္းကိုင္းႀကီးကား ျပန္လွည့္လာၿပီး အိမ္တစ္အိမ္ရဲ႕ နယ္နမိတ္ဧရိယာ အတြင္းရပ္ေနေလသည္။ (သရဲတို႔ မည္သည္ အိမ္ဧရိယာအတြင္း မဝင္ေရာက္နိုင္ဟု မွတ္သားဖူး၏) ထို႔ေနာက္ ထိုအိမ္အနီးရွိ ေရတြင္းတစ္ခုတြင္ ထူးဆန္းစြာ သူ႕ေျခေထာက္မ်ားကို ေရေဆးေနေလသည္။

အသံေတြေၾကာင့္ ထိုအိမ္မွ လူတစ္ေယာက္( ကြၽန္ုပ္တစ္ဝမ္းကြဲအစ္ကို )နိုးလာၿပီး ဘာလဲဟု လွမ္းၾကည့္လိုက္ရာ ထိုေခါင္းကိုင္းႀကီးမွာ ေျခေခ်ာင္းမ်ား မရွိဘဲ ဖေနာက္ကဲ့သို႔ ေျပာင္ေခ်ာျဖစ္ေနၿပီး ေရတြင္းနားမွာရပ္ေနသည္ကို ျမင္ေတြ႕ရေလသည္။

ထို႔စဥ္ ဦးႀကီးတို႔ေရာက္လာၿပီး တူမီးေသနတ္ျဖင့္ ဆက္တိုက္ပစ္ကာ လိုက္ေလသည္။ ထိုေကာင္ႀကီး လမ္းသြားႏႈန္းမွာ သာမန္လူတို႔ အေျပးအလႊား ေျပးျခင္းႏွင့္တူသည္ဟု ဦးႀကီး ျပန္လည္ေျပာျပသျဖင့္သိရေလသည္။ ေျပးရင္းလိုက္ရင္းနဲ႕ ႐ြာထဲသို႔ ေရာက္လာေလသည္ ။ ႐ြာထဲက အိမ္ေတာ္ေတာ္မ်ားမ်ား မွ လူမ်ား နိုးလာၿပီး ဆက္လိုက္ၾကေလသည္။

ေခြးမ်ားကလည္း ၾကက္သီးထဖြယ္ ဝိုင္းအူၾကေလ၏။ ႐ြာတြင္ အေပၚပိုင္း အလယ္ပိုင္း ေအာက္ပိုင္းဟူ၍ ၃ပိုင္းရွိ၏။ ထို႔အနက္ ထို ေခါင္းကိုင္းႀကီးသည္ အလယ္ပိုင္း အစြန္ရွိ အိမ္တစ္အိမ္ရွိရာလို႔ တရိပ္ရိပ္သြားေနေလသည္။ ထိုစဥ္ ႐ြာထဲက ဦးေမာင္ျမင့္ ဆိုသူမွာ ထိုအိမ္သို႔ အတင္းဝင္ေျပးၿပီး ေခါင္းကိုင္းႀကီးကို ေျပးဖက္ကာ မိၿပီ မိၿပီ ဟူ၍ ေအာ္ေနေလသည္။
႐ြာသားမ်ားက ခ်က္ခ်င္းေရာက္လာပီး ဘယ္မွာလဲ ဟု ေမးၿပီးၾကည့္ရာ သူဖက္ထားသည္မွာ ေခါင္းကိုင္းႀကီးမဟုတ္ဘဲ ထိုအိမ္ထဲမွာထြက္လာေသာ သူ၏ေယာက္ဖေတာ္သူ ျဖစ္ေနေလသည္။

ထို႔ေနာက္ ထိုေခါင္းကိုင္းႀကီးသည္ ေတာက္ေခါက္သံကို ၃ႀကိမ္ ျပ ုၿပီး အထက္ပိုင္းသို႔ ေျပးလႊားထြက္ခြာသြားခဲ့သည္။ သူ၏ေတာက္ေခါက္သံသည္ တစ္႐ြာလုံး ဟိန္း၍က်န္ခဲ့ေလသည္။

မနက္ေရာက္ေသာ္ …ထိုကိစၥကို ျပန္ေျပာင္း ေျပာဆိုၾကရာ ထိုေကာင္ႀကီးမွာ သဘက္ဆိုတဲ့ အေကာင္ျဖစ္ေၾကာင္း ၊ သရဲထက္အဆင့္ျမင့္ေၾကာင္း ၊အေပၚပိုင္း ေတာင္ေပၚရွိ သစ္ပင္ႀကီးတြင္ ေနထိုင္ေၾကာင္း ၊ ေတာင္ၿပိ ု ေျမ ၿပိ ုရာမွ သူေနထိုင္ရာသစ္ပင္ႀကီးမွာ အျမစ္က ကြၽတ္ပါၿပီး ေရစီးအတိုင္း ေမွ်ာပါလာရာမွ ေရာက္လာျခင္းျဖစ္သည္ဟု ကြၽန္ုပ္၏ အဖိုးေျပာျပသည္ကို ၾကားသိရေလသည္။

ဤသို႔ျဖင့္ ထိုသဘက္ေခါင္းကိုင္းႀကီးအေၾကာင္းသည္ ယေန႕အခ်ိန္ထိ လူတိုင္းပါးစပ္ဖ်ားတြင္ ေျပာၾကဆိုၾကသည္ကို ျမင္ေတြ႕ရဆဲျဖစ္ေလေတာ့သည္တကား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္းေရးသားသူ
# Unicode Version # ျဖင့္ ဖတ္ပါ #

ယနေ့ညက လပြည့်နေ့မို့ ကောင်းကင်တစ်ခုလုံး လင်းထိန်လျက် …။လရောင်ကြောင့် မြင်ကွင်းတွေကို ရှင်းရှင်းလင်းလင်းမြင်တွေ့နေရသည်။ အချိန်ကား ည လူကြီးအိပ်ချိန်ရောက်လေပီ …။

ကလေး လူကြီး အကုန်အိပ်စက်ကုန်ပေမဲ့ မအိပ်စ က်သေးသူ တစ်ယောက်ကား ရှိနေသေးချေ၏။ ထိုသူကား ဦးလှမောင် သီချင်းလေး ညည်းပြီး ယိုင်တိယိုင်တိုင် လမ်းမ တစ်ခုလုံးပြည့်အောင် လျှောက်လာနေ၏။ ရေချိန်ကိုက်လာဟန်တူသည်။ ဦးလှမောင်ကား ရွာထဲတွင်မနေ ရွာအစွန်က ခြံထဲ တွင်တစ်ဦးတည်းနေထိုင်လေသည်။

သူ့ခြံထဲသို့ရောက်ဖို့ အခြား ခြံ ၂ခု ၃ခုကို ဖြတ်ကျော်ရသေး၏။ ထိုသို့ သီချင်းလေးတကျော်ကျော် ဖြင့် ခြံ ၂ခု ဖြတ်ကျော် လာပြီးနောက် သူ့၏ ခြံ မရောက်မှီ ခြံတစ်ခုအရောက် ရေအိုင်လေးမှာ ခြေဆေးလေသည်။ လရောင်ကြောင့် ပတ် ဝန်းကျင် ထက်အောက် ရှင်းလင်းစွာမြင်ရ၏။

ထို့ရက်မရောက်မှီ အရင်ရက်တွေမှာ အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပြိ ု မြေ ပြိ ုချောင်းအတွင်း ရေမျာ းဆန်တက် လေသည်။ ဒါကားလွန်ခဲ့သော ၅နှစ်ခန့်က နောက်ဆုံးဖြစ်ပွားခဲ့ပြီး ယခုတစ်ကြိမ် ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်လေသည်….။

ဦးလှမောင်ကား ထို့ရေအိုင်တွင် ခြေဆေးပြီးသကာလ ကောင်းကင်သို့မျှော်ကြည့်အခိုက်…… သူ၏ ကိုက်၁၀၀အကွာ ၁၀ပေခန့် အမြင့် ဒူးရင်းပင် ကိုင်းတစ်ခုတွင် လူပုံသဏ္ဌာန်ဟန် ရှည်မျောမျော အရာတစ်ခု တွဲလျောင်းကျနေလေ သည်ကို မြင်တွေ့ရလေသည်။ ဒူးရင်းကိုင်းတွင် ခြေနှစ်ချောင်းချိတ်လျက် ခေါင်းက အောက်သို့ တွဲလျောင်းချထား၏။ ဦးလှမောင် ကား သူမူးနေ၍ မျက်စိမှားနေလားဆိုပြီး မျက်စိအခါခါ ပွတ်ရင်း ကြည့်လေသည် ။

လရောင်ကြောင့် ထိုသဏ္ဌာန်အား ရှင်းရှင်း လင်းလင်းမြင်တွေ့ရလေသည် ။ ဦးခေါင်းကအဆမတန် ကြီးမားနေပြီး လျှာက ပုံမန်ထက် ၅ဆ ရှည်ကျနေသည် ။ မျက်စိကြီးက အဝေးကလှမ်းမြင်တာပင် နီရဲ ပြူးကျယ်နေပြီး သူ့အားစိုက်ကြည့် နေလေသည်။ နှာမှုတ်သံကြီးကိုလည်း အတိုင်းသားကြားနေရပြီး ဒေါသထွက်နေဟန်တူလေသည်။ လည်ပင်းကြီးက ဘယ်ဘက်သို့ သိသိသာသာကြီး စောင်းနေလေသည် ။

ဦးလှမောင်ကား ငါ့အားသရဲခြောက်လေပီဆိုတာ အသိဝင်လာတာနဲ့ မူးနေတာ ဘယ်နားရောက်မှန်းမသိ ခေါင်းနပမ်း ကြီး ပြီး အသိစိတ်က ပြေးရန်နှိုးဆော်လေပြီ…။ ထို့စဉ် အပင်ပေါ်က အကောင်ကြီးသည် မြေပြင်ပေါ်သို့ ခုန်ဆင်းလာလေသည်။ ထို့နောက် သူ့ဆီကို တရိပ်ရိပ်လာနေလေ၏။ ဦးလှမောင်ကား တရှိန်ထိုး ပြေးလေပြီ။

သူ့၏ ခြံမှာ နီးနေပြီဖြစ်သော်လည်း သူပြေးခဲ့သည်မှာ သူ၏ခြံသို့မရောက်တော့ပေ။ ဒီလို ပြေးရင်းလွှားရင်းနဲ့ ကံကောင်းချင် တော့ သူပြေးခဲ့တဲ့ခြံဟာ သူ့ဦးကြီး အထက်လမ်းဆရာ အိမ်ဖြစ်နေတယ်။ ဒီလိုနဲ့အားတက်သွားပြီး… ဦးကြီး ကယ်ပါဦး ဦးကြီးကယ်ပါဦး” တစာစာအော်ရင်း အိမ်ပေါ်ပြေးတက်သွားခဲ့တယ်…။ ”သရဲ သရဲ” ဟုသာ အော်နိုင်ပီး သတိမေ့သွားလေ၏။

ဦးကြီးလည်း အထက်လမ်းဆရာ ပီပီ ဆေးအစီအရင် တူမီးသေနတ်ဆွဲကာ သူ့တပည့်၃ယောက်နဲ့အတူ အပြေးအလွှား လိုက်လေသည်…။ ခေါင်းကိုင်းကြီးကား ပြန်လှည့်လာပြီး အိမ်တစ်အိမ်ရဲ့ နယ်နမိတ်ဧရိယာ အတွင်းရပ်နေလေသည်။ (သရဲတို့ မည်သည် အိမ်ဧရိယာအတွင်း မဝင်ရောက်နိုင်ဟု မှတ်သားဖူး၏) ထို့နောက် ထိုအိမ်အနီးရှိ ရေတွင်းတစ်ခုတွင် ထူးဆန်းစွာ သူ့ခြေထောက်များကို ရေဆေးနေလေသည်။

အသံတွေကြောင့် ထိုအိမ်မှ လူတစ်ယောက်( ကျွန်ုပ်တစ်ဝမ်းကွဲအစ်ကို )နိုးလာပြီး ဘာလဲဟု လှမ်းကြည့်လိုက်ရာ ထိုခေါင်းကိုင်းကြီးမှာ ခြေချောင်းများ မရှိဘဲ ဖနောက်ကဲ့သို့ ပြောင်ချောဖြစ်နေပြီး ရေတွင်းနားမှာရပ်နေသည်ကို မြင်တွေ့ရလေသည်။

ထို့စဉ် ဦးကြီးတို့ရောက်လာပြီး တူမီးသေနတ်ဖြင့် ဆက်တိုက်ပစ်ကာ လိုက်လေသည်။ ထိုကောင်ကြီး လမ်းသွားနှုန်းမှာ သာမန်လူတို့ အပြေးအလွှား ပြေးခြင်းနှင့်တူသည်ဟု ဦးကြီး ပြန်လည်ပြောပြသဖြင့်သိရလေသည်။ ပြေးရင်းလိုက်ရင်းနဲ့ ရွာထဲသို့ ရောက်လာလေသည် ။ ရွာထဲက အိမ်တော်တော်များများ မှ လူများ နိုးလာပြီး ဆက်လိုက်ကြလေသည်။

ခွေးများကလည်း ကြက်သီးထဖွယ် ဝိုင်းအူကြလေ၏။ ရွာတွင် အပေါ်ပိုင်း အလယ်ပိုင်း အောက်ပိုင်းဟူ၍ ၃ပိုင်းရှိ၏။ ထို့အနက် ထို ခေါင်းကိုင်းကြီးသည် အလယ်ပိုင်း အစွန်ရှိ အိမ်တစ်အိမ်ရှိရာလို့ တရိပ်ရိပ်သွားနေလေသည်။ ထိုစဉ် ရွာထဲက ဦးမောင်မြင့် ဆိုသူမှာ ထိုအိမ်သို့ အတင်းဝင်ပြေးပြီး ခေါင်းကိုင်းကြီးကို ပြေးဖက်ကာ မိပြီ မိပြီ ဟူ၍ အော်နေလေသည်။
ရွာသားများက ချက်ချင်းရောက်လာပီး ဘယ်မှာလဲ ဟု မေးပြီးကြည့်ရာ သူဖက်ထားသည်မှာ ခေါင်းကိုင်းကြီးမဟုတ်ဘဲ ထိုအိမ်ထဲမှာထွက်လာသော သူ၏ယောက်ဖတော်သူ ဖြစ်နေလေသည်။

ထို့နောက် ထိုခေါင်းကိုင်းကြီးသည် တောက်ခေါက်သံကို ၃ကြိမ် ပြ ုပြီး အထက်ပိုင်းသို့ ပြေးလွှားထွက်ခွာသွားခဲ့သည်။ သူ၏တောက်ခေါက်သံသည် တစ်ရွာလုံး ဟိန်း၍ကျန်ခဲ့လေသည်။

မနက်ရောက်သော် …ထိုကိစ္စကို ပြန်ပြောင်း ပြောဆိုကြရာ ထိုကောင်ကြီးမှာ သဘက်ဆိုတဲ့ အကောင်ဖြစ်ကြောင်း ၊ သရဲထက်အဆင့်မြင့်ကြောင်း ၊အပေါ်ပိုင်း တောင်ပေါ်ရှိ သစ်ပင်ကြီးတွင် နေထိုင်ကြောင်း ၊ တောင်ပြိ ု မြေ ပြိ ုရာမှ သူနေထိုင်ရာသစ်ပင်ကြီးမှာ အမြစ်က ကျွတ်ပါပြီး ရေစီးအတိုင်း မျှောပါလာရာမှ ရောက်လာခြင်းဖြစ်သည်ဟု ကျွန်ုပ်၏ အဖိုးပြောပြသည်ကို ကြားသိရလေသည်။

ဤသို့ဖြင့် ထိုသဘက်ခေါင်းကိုင်းကြီးအကြောင်းသည် ယနေ့အချိန်ထိ လူတိုင်းပါးစပ်ဖျားတွင် ပြောကြဆိုကြသည်ကို မြင်တွေ့ရဆဲဖြစ်လေတော့သည်တကား။

ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top