ေစာင့္တယ္ဆိုတာ ဝမ္းနည္းပူေဆြးျခင္းတစ္မ်ဳိး၊ ေနာင္တတစ္မ်ဳိးျဖစ္တယ္။ အဲဒီဝမ္းနည္းပူေဆြးျခင္းကို ဘာနဲ႔မွ ကုသလို႔မရပါဘူး။ ကုသလို႔မရတဲ့ဘဝက အသစ္တဖန္ျပန္ျဖစ္လို႔လည္း မရပါဘူး.. အေၾကာင္းက ဘဝမွာလည္း ဒိတ္လြန္ေန႔စဲြေတြ ရွိလို႔ပါပဲ။
(၁) မိဘကိုျပဳစုေစာင့္ေရွာက္ဖို႔ အခ်ိန္ကိုမေစာင့္ပါနဲ႔…

လူေတြကေျပာတယ္။ ငါခ်မ္းသာတဲ့တစ္ေန႔ ငါ့မိဘေတြကို ပိုက္ဆံေတြပံုေပးပစ္မယ္။ ပိုက္ဆံပံုေပၚထိုင္ၿပီးသူတို႔ဝယ္ခ်င္တာဝယ္၊ စားခ်င္တာ စားပါေစ။ ငါအခ်ိန္ရွိတဲ့တစ္ေန႔ ငါ့မိဘကိုေခၚၿပီး ကမာၻပတ္ပစ္မယ္။သူတို႔အသက္ရွင္တုန္း တဝႀကီးေပးေပ်ာ္လိုက္မယ္။

ပိုက္ဆံခ်မ္းသာမယ့္အခ်ိန္ထိ ေစာင့္ရရင္ သင့္မိဘရဲ႕သြားေတြက အစားဝါးႏိုင္ေတာ့မွာ မဟုတ္ပါဘူး။အခ်ိန္ရွိမယ့္အခ်ိန္ထိ ေစာင့္ရရင္ သင့္မိဘေတြ လမ္းေလွ်ာက္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဟိုဟာျဖစ္၊ ဒီဟာျဖစ္ဖို႔ အခ်ိန္ကိုေစာင့္ေနတဲ့ သားသမီးေတြေၾကာင့္ ဒိတ္လြန္သြားတဲ့ မိဘေတြလည္းရွိၾကပါတယ္။တကယ္ေတာ့ အေဖအေမကို ဂရုစိုက္ဖို႔ဆိုတာ မခက္ခဲပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ ေန႔စဥ္အခ်ိန္ေလးမွာ ဖုန္းေလးတစ္ခ်က္၊ ေႏြးေထြးတဲ့စကားေလးတစ္ခြန္း၊ အျပဳစုေလးတစ္ခုက သူတို႔ရင္ကို ၾကည္ႏူးမႈေတြနဲ႔ ဆြတ္စိုေစႏိုင္ပါတယ္။

ဖခင္မ်ားေန႔မွာ အေဖ့အတြက္ ငါးတစ္ေကာင္ဝယ္ၿပီး သင္ကိုယ္တိုင္အေရာက္သြားေပးၾကည့္… အေဖက ပါးစပ္ေတာင္မပိတ္ႏိုင္ဘဲ ၿပံဳးေပ်ာ္ေနတာကို သင္ေတြ႔ရလိမ့္မယ္။ မိခင္မ်ားေန႔မွာ အေမ့အတြက္ အေႏြးထည္တစ္ထည္ဝယ္ၿပီး သင္ကိုယ္တိုင္ အေရာက္သြားဝတ္ေပးၾကည့္… အေမရဲ႕မ်က္ႏွာလံုးထဲ ၾကည္ႏူးရိပ္ေလးေတြ တဲြခိုေနတာကို သင္ေတြ႔ရလိမ့္မယ္။ မိဘေတြက အလြယ္တကူနဲ႔ ေရာင့္ရဲတင့္တိမ္တတ္သူေတြပါ။ ဒါေပမယ့္ သူတို႔ရဲ႕ေမတၱာက အႏႈိင္းမဲ့ခဲ့ပါတယ္။

“အိမ္ကို မၾကာခဏျပန္ပါ”

ဒါဟာ ကၽြန္ေတာ္တို႔အေပၚထားတဲ့ မိဘေတြရဲ႕ ေႏြးေထြးတဲ့ေမွ်ာ္လင့္ခ်က္ျဖစ္တယ္။ သူတို႔ရဲ႕ခ်စ္ျခင္းေမတၱာက ကၽြန္ေတာ္တို႔ကို ဒီလိုလုပ္ဖို႔ (အိမ္ကို မၾကာမၾကာျပန္ဖို႔) မခက္ခဲေစခဲ့ပါဘူး။

(၂) မိဘေမတၱာကို တန္ဖိုးထားပါ

သင့္မွာ ဂရုစိုက္၊ ျပဳစုရမယ့္မိဘေတြရွိေသးလို႔ သင္ကံေကာင္းေနပါေသးတယ္။ ဒါကို သင္တန္ဖိုးထားတတ္ခဲ့ၿပီလား? မိဘေတြက တျဖည္းျဖည္း အိုမင္းလာခဲ့ၿပီ… ေႏြ၊ မိုး၊ ေဆာင္း ဥတုဘယ္ႏွခုကို သူတို႔ျဖတ္ေက်ာ္ႏိုင္ဦးမလဲ? ကိုယ့္ရဲ႕ေရွ႕ဆက္ရက္ေတြကို ဝမ္းနည္းပူေဆြးေနာင္တေတြ မက်န္ခဲ့ပါေစနဲ႔။

“တိုင္းျပည္အတြက္ သစၥာရွိႏိုင္သမွ်ရွိပါ။ အိမ္အတြက္ ဂရုစိုက္ႏိုင္သမွ် ဂရုစိုက္ပါ”
“မိဘကိုဂရုစိုက္၊ ျပဳစုဖို႔ အခ်ိန္ကိုမေစာင့္ပါနဲ႔” တဲ့။ ဂရုစိုက္ျပဳစုတယ္ဆိုတာ ပိုက္ဆံပံုေပးတိုင္း ရႏိုင္တာမဟုတ္ပါဘူး။ မိဘအိုမင္းသြားၿပီ… ပိုက္ဆံေတြေပးေတာ့ သူတို႔ဘာလုပ္ႏိုင္မွာမို႔လဲ? သူတို႔ သိပ္မစားႏိုင္ေတာ့ဘူး၊ သူတို႔ မဝတ္ႏိုင္ေတာ့ဘူး။ ဒီလိုအခ်ိန္မ်ဳိးမွာ မိဘကို ဆပ္စရာအေၾကြးေတြ ဆပ္ေနတယ္လို႔ ပိုမထင္ျမင္ေစခ်င္ပါဘူး။

တကယ္ေတာ့…

သူတို႔လိုအပ္ေနတာက သားသမီးေတြနဲ႔ ေႏြးေႏြးေထြးေထြး ေနရဖို႔ပါ။

သူတို႔လိုအပ္ေနတာက ေႏွးေကြးတဲ့ခႏၶာကိုယ္အတြက္ ေဖးမတဲ့လက္တစ္စံုကိုပါ။

သူတို႔လိုအပ္ေနတာက ဆာေလာင္တုန္း ခြံေကၽြးတဲ့ထမင္းတစ္လုပ္နဲ႔ ေရတစ္ေပါက္ကိုပါ။

သူတို႔လိုအပ္ေနတာက အေဖာ္မဲ့အထီးက်န္ခ်ိန္ အေဖာ္ျပဳမယ့္သူတစ္ေယာက္ကိုပါ။

အေဝးကို ေရာက္ေနတဲ့ သားသမီးေတြ တစ္လတစ္ခါ၊ တစ္ႏွစ္တစ္ခါ…. သူတို႔နဲ႔ ေပါင္းစည္းေတြ႔ဆံုဖို႔၊ဖ်ားနာတဲ့အခါ ဂရုစိုက္ေႏြးေထြးတဲ့စကားကို အထပ္ထပ္အခါခါ ေျပာဖို႔… ဒါေတြဟာ သူတို႔ရင္ထဲက လိုအင္ေတာင့္တမႈေတြပါ။
(၃) မိဘကိုေက်းဇူးတင္ဖို႔ အခ်ိန္ကိုမေစာင့္နဲ႔…

“ေက်းဇူးတင္တယ္” ဆိုတဲ့စကားလံုးကို ကၽြန္ေတာ္တို႔ေရးတတ္ေပမယ့္ သူထဲကပါဝင္တဲ့ တကယ့္အဓိပၸာယ္ကို ကၽြန္ေတာ္တို႔မသိခဲ့ၾကဘူး။ အေမ့ဝမ္းဗိုက္ထဲကေန ကၽြန္ေတာ္တို႔လြတ္ေျမာက္လာတဲ့ တခဏ ကၽြန္ေတာ္တို႔ရဲ႕ဘဝက မိဘတို႔ရဲ႕ေမတၱာ၊ မိဘတို႔ရဲ႕ေကာင္းခ်ီးမဂၤလာထဲ ဝကြက္အပ္လိုက္ၿပီျဖစ္တယ္။

ကၽြန္ေတာ္တို႔ကို သူတို႔ရဲ႕ခ်စ္ျခင္းေကာင္းကင္ႀကီးနဲ႔ ကာမိုးလိုက္ၿပီျဖစ္တယ္။ သူတို႔က ကၽြန္ေတာ္တို႔ကိုခ်မ္းသာၾကြယ္ဝတဲ့ဘဝ ေပးခ်င္မွေပးႏိုင္လိမ့္မယ္။ ဒါေပမယ့္ သူတို႔ေပးလိုက္တာကလူတစ္ေယာက္ရဲ႕ဘဝအတြက္ အစားထိုးလို႔မရတဲ့ ရွင္သန္ျခင္းေတြျဖစ္တယ္။

မေျပာပေလာက္တဲ့ အရာေလးနဲ႔တင္ မိဘကို ေပ်ာ္ရႊင္ၾကည္ႏူးသြားေအာင္ လုပ္ႏိုင္တာဟာလည္း မိဘေက်းဇူးဆပ္တာပါပဲ။ အခုထိ ကၽြန္ေတာ့္အရိုးစဲြမွတ္မိေနတဲ့ ေၾကာ္ျငာေလးတစ္ခုရွိတယ္။ အဲဒီေၾကာ္ျငာမွာ ေကာင္ေလးတစ္ေယာက္က ေရဇလံုတစ္ခုကို မႏိုင္မနင္းမ,ၿပီး အေမ့ေရွ႕မွာ ခ်လိုက္တယ္။ ၿပီးေတာ့ အျပစ္ကင္းတဲ့ပံုစံနဲ႔ “ေမေမ… ေျခေထာက္ေဆးရေအာင္!”လို႔ သူေျပာတယ္။

ဒီေၾကာ္ျငာက ဒီကေန႔အထိ လူႀကိဳက္မ်ားလို႔ လႊင့္ထုတ္ေနတုန္းပဲ။ လူႀကိဳက္မ်ားရတဲ့အေၾကာင္းက သရုပ္ေဆာင္ေတြ နာမည္ႀကီးလို႔မဟုတ္ပါဘူး။ အဲဒီေမတၱာသံေယာဇဥ္က လူေတြရဲ႕ရင္ကို ကိုင္လႈပ္ႏိုင္ခဲ့လို႔ျဖစ္တယ္။

ဒီေၾကာ္ျငာကိုၾကည့္ၿပီး လူေတြမ်က္ရည္က်ခဲ့ၾကတယ္။ ေကာင္ေလးအတြက္သာမက ေကာင္ေလးရင္ထဲကလာတဲ့ နက္ရိႈင္းတဲ့ေမတၱာနဲ႔ ေက်းဇူးသိတတ္မႈေၾကာင့္ျဖစ္တယ္။ ဒီလိုကိစၥမ်ဳိးကို လူတိုင္းလုပ္ႏိုင္ၾကပါတယ္။

ဒါေပမယ့္ လူတုိင္း မလုပ္ႏိုင္ခဲ့ၾကဘူး။ “သင္တို႔ရဲ႕ေက်းဇူး ဘယ္မွာလဲ?”လို႔ ကၽြန္ေတာ္စမ္းေမးၾကည့္ခ်င္ပါတယ္။

စိတ္ပညာမွာ အနက္တစ္ခုဖြင့္ဆိုခဲ့ပါတယ္။ ယခုေခတ္လူေတြရဲ႕ ေျပာဆိုဆက္ဆံမႈေတြမွာ အျပဳအမူတစ္မ်ဳိးရွိတယ္။ အဲဒီအျပဳအမူက “ခ်စ္ျခင္းမပါတဲ့ အျပဳအမူ” ျဖစ္တယ္။ ခ်စ္ျခင္းကိုခုတံုးလုပ္ၿပီး ကိုယ့္အရင္းႏွီးဆံုးလူေတြဆီကေန ကိုယ္ရလိုခ်င္တဲ့အရာကို အဓမၼရယူတာျဖစ္တယ္။ ခ်စ္ျခင္းကို ဘန္းျပၿပီး ကိုယ့္ရည္ရြယ္ခ်က္ ၿပီးေျမာက္ေစတာျဖစ္တယ္။

ေက်းဇူးတင္တယ္၊ ေက်းဇူးဆပ္တယ္ဆိုတာကေတာ့ ရင္ထဲကေန လာသင့္တဲ့အရာျဖစ္တယ္။ စကားပံုတစ္ခုက “ေရတစ္စက္မွ်ေသာေက်းဇူးကို စမ္းေခ်ာင္းတစ္ခုလံုးနဲ႔ ဆပ္သင့္တယ္”တဲ့။ ကိုယ့္အတြက္ မိဘေတြ၊ မိသားစုေတြေပးဆပ္ခဲ့တာ “ေရတစ္စက္”မဟုတ္ပါဘူး။ သမုဒၵရာႀကီးတစ္စင္း ျဖစ္ပါတယ္။

မိဘေတြ ပင္ပန္းေမာပန္းခ်ိန္ ေရတစ္ခြက္ သင္ေပးကမ္းခဲ့ဖူးသလား?

မိဘေတြ ႏြမ္းလ်အားေလ်ာ့ခ်ိန္ ႏွစ္သိမ့္စကားတစ္ခြန္း သင္ေျပာခဲ့ဖူးသလား?

မိဘတို႔ရဲ႕ အိမ္ခန္းကို သင္လွဲက်င္းေပးေပးခဲ့ဖူးသလား?

ကၽြန္ေတာ္တို႔အတြက္ ေသြး၊ ေခၽြး၊ အင္အားေတြ သူတို႔သြန္းေလာင္းခ်ိန္မွာ သူတို႔ရဲ႕ေမာပန္းႏြမ္းနယ္မႈကို ကၽြန္ေတာ္တို႔ ခံစားခဲ့မိဖူးလား?

တစ္ေန႔ထက္တစ္ေန႔ ေငြေရာင္သမ္းလာတဲ့ ဆံႏြယ္ေတြ၊ တစတစ နက္ရိႈင္းလာတဲ့ ပါးျပင္ေပၚက အေရးအေၾကာင္းေတြကို ကၽြန္ေတာ္တို႔ သတိထားခဲ့မိသလား?

မိဘကို ဂရုစိုက္၊ ျပဳစုဖို႔ အခ်ိန္ကိုမေစာင့္ပါနဲ႔။ မိဘကို ေက်းဇူးတင္တယ္ဆိုရင္လဲ ရင္ထဲ၊ အသဲထဲကေန လိႈက္လိႈက္လွဲလွဲ ေပးဆပ္ပါ။ အခ်ိန္လြန္မွာ ယူႀကံဳးမရတဲ့ ပူေဆြးေနာင္တေတြနဲ႔ ကိုယ့္ကိုမခ်ဳပ္ေႏွာင္ပါေစနဲ႔….

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #

စောင့်တယ်ဆိုတာ ဝမ်းနည်းပူဆွေးခြင်းတစ်မျိုး၊ နောင်တတစ်မျိုးဖြစ်တယ်။ အဲဒီဝမ်းနည်းပူဆွေးခြင်းကို ဘာနဲ့မှ ကုသလို့မရပါဘူး။ ကုသလို့မရတဲ့ဘဝက အသစ်တဖန်ပြန်ဖြစ်လို့လည်း မရပါဘူး.. အကြောင်းက ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေ ရှိလို့ပါပဲ။
(၁) မိဘကိုပြုစုစောင့်ရှောက်ဖို့ အချိန်ကိုမစောင့်ပါနဲ့…

လူတွေကပြောတယ်။ ငါချမ်းသာတဲ့တစ်နေ့ ငါ့မိဘတွေကို ပိုက်ဆံတွေပုံပေးပစ်မယ်။ ပိုက်ဆံပုံပေါ်ထိုင်ပြီးသူတို့ဝယ်ချင်တာဝယ်၊ စားချင်တာ စားပါစေ။ ငါအချိန်ရှိတဲ့တစ်နေ့ ငါ့မိဘကိုခေါ်ပြီး ကမ္ဘာပတ်ပစ်မယ်။သူတို့အသက်ရှင်တုန်း တဝကြီးပေးပျော်လိုက်မယ်။

ပိုက်ဆံချမ်းသာမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘရဲ့သွားတွေက အစားဝါးနိုင်တော့မှာ မဟုတ်ပါဘူး။အချိန်ရှိမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘတွေ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဟိုဟာဖြစ်၊ ဒီဟာဖြစ်ဖို့ အချိန်ကိုစောင့်နေတဲ့ သားသမီးတွေကြောင့် ဒိတ်လွန်သွားတဲ့ မိဘတွေလည်းရှိကြပါတယ်။တကယ်တော့ အဖေအမေကို ဂရုစိုက်ဖို့ဆိုတာ မခက်ခဲပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်အချိန်လေးမှာ ဖုန်းလေးတစ်ချက်၊ နွေးထွေးတဲ့စကားလေးတစ်ခွန်း၊ အပြုစုလေးတစ်ခုက သူတို့ရင်ကို ကြည်နူးမှုတွေနဲ့ ဆွတ်စိုစေနိုင်ပါတယ်။

ဖခင်များနေ့မှာ အဖေ့အတွက် ငါးတစ်ကောင်ဝယ်ပြီး သင်ကိုယ်တိုင်အရောက်သွားပေးကြည့်… အဖေက ပါးစပ်တောင်မပိတ်နိုင်ဘဲ ပြုံးပျော်နေတာကို သင်တွေ့ရလိမ့်မယ်။ မိခင်များနေ့မှာ အမေ့အတွက် အနွေးထည်တစ်ထည်ဝယ်ပြီး သင်ကိုယ်တိုင် အရောက်သွားဝတ်ပေးကြည့်… အမေရဲ့မျက်နှာလုံးထဲ ကြည်နူးရိပ်လေးတွေ တွဲခိုနေတာကို သင်တွေ့ရလိမ့်မယ်။ မိဘတွေက အလွယ်တကူနဲ့ ရောင့်ရဲတင့်တိမ်တတ်သူတွေပါ။ ဒါပေမယ့် သူတို့ရဲ့မေတ္တာက အနှိုင်းမဲ့ခဲ့ပါတယ်။

“အိမ်ကို မကြာခဏပြန်ပါ”

ဒါဟာ ကျွန်တော်တို့အပေါ်ထားတဲ့ မိဘတွေရဲ့ နွေးထွေးတဲ့မျှော်လင့်ချက်ဖြစ်တယ်။ သူတို့ရဲ့ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို ဒီလိုလုပ်ဖို့ (အိမ်ကို မကြာမကြာပြန်ဖို့) မခက်ခဲစေခဲ့ပါဘူး။

(၂) မိဘမေတ္တာကို တန်ဖိုးထားပါ

သင့်မှာ ဂရုစိုက်၊ ပြုစုရမယ့်မိဘတွေရှိသေးလို့ သင်ကံကောင်းနေပါသေးတယ်။ ဒါကို သင်တန်ဖိုးထားတတ်ခဲ့ပြီလား? မိဘတွေက တဖြည်းဖြည်း အိုမင်းလာခဲ့ပြီ… နွေ၊ မိုး၊ ဆောင်း ဥတုဘယ်နှခုကို သူတို့ဖြတ်ကျော်နိုင်ဦးမလဲ? ကိုယ့်ရဲ့ရှေ့ဆက်ရက်တွေကို ဝမ်းနည်းပူဆွေးနောင်တတွေ မကျန်ခဲ့ပါစေနဲ့။

“တိုင်းပြည်အတွက် သစ္စာရှိနိုင်သမျှရှိပါ။ အိမ်အတွက် ဂရုစိုက်နိုင်သမျှ ဂရုစိုက်ပါ”
“မိဘကိုဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့” တဲ့။ ဂရုစိုက်ပြုစုတယ်ဆိုတာ ပိုက်ဆံပုံပေးတိုင်း ရနိုင်တာမဟုတ်ပါဘူး။ မိဘအိုမင်းသွားပြီ… ပိုက်ဆံတွေပေးတော့ သူတို့ဘာလုပ်နိုင်မှာမို့လဲ? သူတို့ သိပ်မစားနိုင်တော့ဘူး၊ သူတို့ မဝတ်နိုင်တော့ဘူး။ ဒီလိုအချိန်မျိုးမှာ မိဘကို ဆပ်စရာအကြွေးတွေ ဆပ်နေတယ်လို့ ပိုမထင်မြင်စေချင်ပါဘူး။

တကယ်တော့…

သူတို့လိုအပ်နေတာက သားသမီးတွေနဲ့ နွေးနွေးထွေးထွေး နေရဖို့ပါ။

သူတို့လိုအပ်နေတာက နှေးကွေးတဲ့ခန္ဓာကိုယ်အတွက် ဖေးမတဲ့လက်တစ်စုံကိုပါ။

သူတို့လိုအပ်နေတာက ဆာလောင်တုန်း ခွံကျွေးတဲ့ထမင်းတစ်လုပ်နဲ့ ရေတစ်ပေါက်ကိုပါ။

သူတို့လိုအပ်နေတာက အဖော်မဲ့အထီးကျန်ချိန် အဖော်ပြုမယ့်သူတစ်ယောက်ကိုပါ။

အဝေးကို ရောက်နေတဲ့ သားသမီးတွေ တစ်လတစ်ခါ၊ တစ်နှစ်တစ်ခါ…. သူတို့နဲ့ ပေါင်းစည်းတွေ့ဆုံဖို့၊ဖျားနာတဲ့အခါ ဂရုစိုက်နွေးထွေးတဲ့စကားကို အထပ်ထပ်အခါခါ ပြောဖို့… ဒါတွေဟာ သူတို့ရင်ထဲက လိုအင်တောင့်တမှုတွေပါ။
(၃) မိဘကိုကျေးဇူးတင်ဖို့ အချိန်ကိုမစောင့်နဲ့…

“ကျေးဇူးတင်တယ်” ဆိုတဲ့စကားလုံးကို ကျွန်တော်တို့ရေးတတ်ပေမယ့် သူထဲကပါဝင်တဲ့ တကယ့်အဓိပ္ပာယ်ကို ကျွန်တော်တို့မသိခဲ့ကြဘူး။ အမေ့ဝမ်းဗိုက်ထဲကနေ ကျွန်တော်တို့လွတ်မြောက်လာတဲ့ တခဏ ကျွန်တော်တို့ရဲ့ဘဝက မိဘတို့ရဲ့မေတ္တာ၊ မိဘတို့ရဲ့ကောင်းချီးမင်္ဂလာထဲ ဝကွက်အပ်လိုက်ပြီဖြစ်တယ်။

ကျွန်တော်တို့ကို သူတို့ရဲ့ချစ်ခြင်းကောင်းကင်ကြီးနဲ့ ကာမိုးလိုက်ပြီဖြစ်တယ်။ သူတို့က ကျွန်တော်တို့ကိုချမ်းသာကြွယ်ဝတဲ့ဘဝ ပေးချင်မှပေးနိုင်လိမ့်မယ်။ ဒါပေမယ့် သူတို့ပေးလိုက်တာကလူတစ်ယောက်ရဲ့ဘဝအတွက် အစားထိုးလို့မရတဲ့ ရှင်သန်ခြင်းတွေဖြစ်တယ်။

မပြောပလောက်တဲ့ အရာလေးနဲ့တင် မိဘကို ပျော်ရွှင်ကြည်နူးသွားအောင် လုပ်နိုင်တာဟာလည်း မိဘကျေးဇူးဆပ်တာပါပဲ။ အခုထိ ကျွန်တော့်အရိုးစွဲမှတ်မိနေတဲ့ ကြော်ငြာလေးတစ်ခုရှိတယ်။ အဲဒီကြော်ငြာမှာ ကောင်လေးတစ်ယောက်က ရေဇလုံတစ်ခုကို မနိုင်မနင်းမ,ပြီး အမေ့ရှေ့မှာ ချလိုက်တယ်။ ပြီးတော့ အပြစ်ကင်းတဲ့ပုံစံနဲ့ “မေမေ… ခြေထောက်ဆေးရအောင်!”လို့ သူပြောတယ်။

ဒီကြော်ငြာက ဒီကနေ့အထိ လူကြိုက်များလို့ လွှင့်ထုတ်နေတုန်းပဲ။ လူကြိုက်များရတဲ့အကြောင်းက သရုပ်ဆောင်တွေ နာမည်ကြီးလို့မဟုတ်ပါဘူး။ အဲဒီမေတ္တာသံယောဇဉ်က လူတွေရဲ့ရင်ကို ကိုင်လှုပ်နိုင်ခဲ့လို့ဖြစ်တယ်။

ဒီကြော်ငြာကိုကြည့်ပြီး လူတွေမျက်ရည်ကျခဲ့ကြတယ်။ ကောင်လေးအတွက်သာမက ကောင်လေးရင်ထဲကလာတဲ့ နက်ရှိုင်းတဲ့မေတ္တာနဲ့ ကျေးဇူးသိတတ်မှုကြောင့်ဖြစ်တယ်။ ဒီလိုကိစ္စမျိုးကို လူတိုင်းလုပ်နိုင်ကြပါတယ်။

ဒါပေမယ့် လူတိုင်း မလုပ်နိုင်ခဲ့ကြဘူး။ “သင်တို့ရဲ့ကျေးဇူး ဘယ်မှာလဲ?”လို့ ကျွန်တော်စမ်းမေးကြည့်ချင်ပါတယ်။

စိတ်ပညာမှာ အနက်တစ်ခုဖွင့်ဆိုခဲ့ပါတယ်။ ယခုခေတ်လူတွေရဲ့ ပြောဆိုဆက်ဆံမှုတွေမှာ အပြုအမူတစ်မျိုးရှိတယ်။ အဲဒီအပြုအမူက “ချစ်ခြင်းမပါတဲ့ အပြုအမူ” ဖြစ်တယ်။ ချစ်ခြင်းကိုခုတုံးလုပ်ပြီး ကိုယ့်အရင်းနှီးဆုံးလူတွေဆီကနေ ကိုယ်ရလိုချင်တဲ့အရာကို အဓမ္မရယူတာဖြစ်တယ်။ ချစ်ခြင်းကို ဘန်းပြပြီး ကိုယ့်ရည်ရွယ်ချက် ပြီးမြောက်စေတာဖြစ်တယ်။

ကျေးဇူးတင်တယ်၊ ကျေးဇူးဆပ်တယ်ဆိုတာကတော့ ရင်ထဲကနေ လာသင့်တဲ့အရာဖြစ်တယ်။ စကားပုံတစ်ခုက “ရေတစ်စက်မျှသောကျေးဇူးကို စမ်းချောင်းတစ်ခုလုံးနဲ့ ဆပ်သင့်တယ်”တဲ့။ ကိုယ့်အတွက် မိဘတွေ၊ မိသားစုတွေပေးဆပ်ခဲ့တာ “ရေတစ်စက်”မဟုတ်ပါဘူး။ သမုဒ္ဒရာကြီးတစ်စင်း ဖြစ်ပါတယ်။

မိဘတွေ ပင်ပန်းမောပန်းချိန် ရေတစ်ခွက် သင်ပေးကမ်းခဲ့ဖူးသလား?

မိဘတွေ နွမ်းလျအားလျော့ချိန် နှစ်သိမ့်စကားတစ်ခွန်း သင်ပြောခဲ့ဖူးသလား?

မိဘတို့ရဲ့ အိမ်ခန်းကို သင်လှဲကျင်းပေးပေးခဲ့ဖူးသလား?

ကျွန်တော်တို့အတွက် သွေး၊ ချွေး၊ အင်အားတွေ သူတို့သွန်းလောင်းချိန်မှာ သူတို့ရဲ့မောပန်းနွမ်းနယ်မှုကို ကျွန်တော်တို့ ခံစားခဲ့မိဖူးလား?

တစ်နေ့ထက်တစ်နေ့ ငွေရောင်သမ်းလာတဲ့ ဆံနွယ်တွေ၊ တစတစ နက်ရှိုင်းလာတဲ့ ပါးပြင်ပေါ်က အရေးအကြောင်းတွေကို ကျွန်တော်တို့ သတိထားခဲ့မိသလား?

မိဘကို ဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့။ မိဘကို ကျေးဇူးတင်တယ်ဆိုရင်လဲ ရင်ထဲ၊ အသဲထဲကနေ လှိုက်လှိုက်လှဲလှဲ ပေးဆပ်ပါ။ အချိန်လွန်မှာ ယူကြုံးမရတဲ့ ပူဆွေးနောင်တတွေနဲ့ ကိုယ့်ကိုမချုပ်နှောင်ပါစေနဲ့….

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top