အနာနဲ႔ေဆး တည့္ေအာင္ေပးႏိုင္ေတာ္မူေသာ မဟာသမားေတာ္ႀကီး ဗုဒၶရွင္ေတာ္ဘုရားသည္ သဗၺညဳတဉာဏ္ေတာ္ပိုင္ရွင္ ျဖစ္ေတာ္မူသည့္အတြက္ မည္သို႔ေသာ သူအား ၊ မည္သည့္ တရားေပးေတာ္မူမွ ၊အို၊နာ၊ေသ ကင္းသည့္ နိဗၺာန္ ေရာက္ႏိုင္မည့္အေရးကို သိေတာ္မူေလသည္။

လူ၊ နတ္၊ ျဗဟၼာ သတၱဝါတို႔အားသူ႔အႀကိဳက္ ႏွင့္ သူ႔စ႐ိုက္ကို(အနာကို)သင့္ေလ်ာ္သည့္ ဓမၼ (ေဆး) ျဖင့္ ခ်မ္းသာေအာင္ (ေရာဂါ ေပ်ာက္ကင္းေအာင္)၄၅-ဝါ (၄၅-ႏွစ္)တိုင္တိုင္ ပရိနိဗၺာန္ ဝင္စံေတာ္ မူခါနီး သည္အထိ ကုသ ကယ္တင္ေတာ္မူခဲ့ပါသည္။

ပရစိတၱဝိဇာနနဉာဏ္ (သူတပါးစိတ္ကို သိႏိုင္ေသာဉာဏ္) ကို မရလွ်င္ လူကဲခတ္ဖို႔ (သူတစ္ပါး စ႐ိုက္ကိုသိဖို႔)ခဲယဥ္းလွပါ၏။သို႔ေသာ္ လူတစ္ေယာက္၏ အသြားအလာ အေနအထိုင္ တို႔ကိုလည္းေကာင္း ၊အလုပ္မ်ား လုပ္သည့္အခါ က်န ေသသပ္မႈ ရွိ / မရွိ ကိုလည္းေကာင္း ၊ႏွစ္သက္တတ္ေသာ အစာအာဟာရကို ၾကည့္ျဖင္းအားျဖင့္လည္းေကာင္း ၊
ၾကည့္ရႈပုံ ၊ နားေထာင္ပုံ စသည္ကိုလည္း ၊ကုသိုလ္ အကုသိုလ္ အရာမွာ မ်ားစြာ ျဖစ္ေလ့ရွိေသာ အေၾကာင္းအရာကိုစဥ္းစားၾကည့္ရႈ သတိျပဳကာ ဒီလူဟာ မည္သို႔ေသာ လူျဖစ္ဟု လူကဲခတ္ႏိုင္ပါေၾကာင္း ဗုဒၶေဟာၾကားထားခဲ့ပါ၏။

(၁) ရာဂအက်င့္စ႐ိုက္ရွိသူ ကို အကဲခတ္ ေဝဖန္ပိုင္းျခား ၾကည့္ျခင္း

(က) ရာဂအက်င့္စ႐ိုက္ရွိသူ၏ အသြားအလာ အေနထိုင္မွာ ယဥ္ယဥ္ေက်းေက်း ေသေသသပ္သပ္ရွိျခင္း။

(ခ) အလုပ္လုပ္သည့္အခါ က်နေသသပ္ျခင္း ။

(ဂ) အစာစားရာမွာ အခ်ိဳအဆိမ့္ ၊ အေမႊးအႀကိဳင္ ႏွင့္ ႏုညံ့ေသာ အစားအစာတို႔ကို ႏွစ္သက္တတ္ျခင္း။

(ဃ) လွလွပပ ႐ူပါ႐ုံ ၊ သဒၵါ႐ုံ ေလးမ်ား ေတြ႕လွ်င္ မခြာခ်င္ေအာင္ ျဖစ္တတ္ျခင္း။

(င) စိတ္ေနစိတ္ထား အားျဖင့္ ေကာက္က်စ္ စဥ္းလဲ ၊ ပရိယာယ္ မာယာမ်ား ၊ မာနႀကီး ၊ေလာဘရမၼက္ႀကီးတတ္၏။

(၂) သဒၶါအက်င့္စ႐ိုက္ရွိသူ ကို အကဲခတ္ ေဝဖန္ပိုင္းျခား ၾကည့္ျခင္း

အထက္ပါ ရာဂအက်င့္စ႐ိုက္ရွိသူမွာ ျဖစ္တတ္သည့္ (က)၊ (ခ)၊ (ဂ) ၊ (ဃ) တို႔မွာသဒၶါအက်င့္စ႐ိုက္ရွိသူမွာလည္း ျဖစ္ေလ့ရွိ၏။သို႔ေသာ္ စိတ္ေန သေဘာထားမွာ မာယာ စေသာ အကုသိုလ္မ်ား ျဖစ္ေလ့မရွိဘဲ ၾကည္ၾကည္လင္လင္႐ႊင္႐ႊင္လန္းလန္းေပးကမ္း လႉဒါန္းေလ့ရွိ၏။

ဘုရားသြား ၊ ေက်ာင္းတတ္ ျပဳလုပ္ကာ ဘုရား ႏွင့္ ရဟန္းသံဃာေတာ္မ်ားအား ကိုးကြယ္ဆည္းကပ္ျခင္း။တရားေတာ္မ်ားအား မွတ္သားနာယူေလ့ရွိ၏။

(၃) ေဒါသ အက်င့္စ႐ိုက္ရွိသူအား ေဝဖန္ သုံးသပ္ၾကည့္ျခင္း

ေဒါသစ႐ိုက္ရွိသူမ်ားဟာ –

(က) အသြားအလာ အေနအထိုင္ ၾကမ္းတမ္းျခင္း။

(ခ) လုပ္ငန္း ကိစၥမ်ား ေဆာင္႐ြက္ရာတြင္ သပ္ရပ္မႈ မရွိျခင္း။

(ဂ) ခ်ဥ္ ၊ ငန္ ၊ စပ္ ၊ ခါး ၊ စူးရွေသာ အရသာမ်ား စားသုံးတတ္ျခင္း။

(ဃ) မေကာင္းေသာ အာ႐ုံမ်ားႏွင့္ ေတြ႕ဆုံလွ်င္ ယမ္းပုံ ထဲမွာ မီးက်သကဲ့သို႔ သည္းခံ ေအာင့္အီး ႏိုင္ျခင္းမရွိဘဲဆဲဆို ၊ ေငါက္ငန္း ၊ၾကမ္းတမ္းစြာ စိတ္တိုတတ္ျခင္း။

(င) စိတ္ေန သေဘာထားကား ရန္ၿငိဳးဖြဲ႕မႈဟူေသာ အာဃာတ၊ မနာလိုမႈ ၊ ဝန္တိုမႈ၊ သူမ်ားဂုဏ္ကိုေခ်ဖ်က္လိုျခင္းဟူေသာ မကၡ၊ ဂုဏ္တု ဂုဏ္ၿပိဳင္ ျပဳလုပ္ျခင္းဟူေသာ ပဠာသ ၊ အေျပာအဆို အဆုံးအမခက္ျခင္း စေသာအကုသိုလ္တရားမ်ား အျဖစ္မ်ားေလသည္။

(၄) ပညာအက်င့္စ႐ိုက္ ရွိသူမ်ားအား သုံးသပ္ ေဝဖန္ၾကည့္ျခင္း

ပညာစ႐ိုက္ရွိသူမ်ားဟာ–

အသြားအလာ အေနအထိုင္ မွာေတာ့ ေဒါသစ႐ိုက္ရွိသူႏွင့္တူ၏။သို႔ေသာ္ စိတ္တိုျခင္း စေသာ အျပစ္မ်ားႏွင့္ ေရာေႏွာ မႈ မရွိဘဲ ဆိုဆုံးမ လြယ္ကူ၏။စားေသာက္သည့္ ေနရာမွာ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ စားေသာက္ေလ့ရွိျခင္း။သံသရာအေရး (ေရွ႕ေရး) ကို ေမွ်ာ္ဆၿပီး ကုသိုလ္ေကာင္းမႈမ်ား လုံလ ဝီရိယသန္သန္ျဖင့္ ျပဳလုပ္ေလ့ရွိျခင္းတို႔ေၾကာင့္ သူျမတ္တစ္ေယာက္ျဖစ္
သတ္မွတ္ရေပလိမ့္မည္။

(၅) ေမာဟအက်င့္စ႐ိုက္ရွိသူမ်ားအား ေဝဖန္ သုံးသပ္ၾကည့္ျခင္း

ေမာဟစ႐ိုက္ရွိသူမ်ားဟာ —

အသြား အေနအထိုင္ႏွင့္ ပတ္သတ္လို႔ ဖြတ္၊ ပဒတ္ ဆိုေသာ သတၱဝါမ်ားႏွင့္တူတယ္လို႔ ဆရာေတာ္ႀကီးကဥပမာေပးထားပါတယ္။ဖြတ္ ၊ ပဒတ္ ဆိုတာ ဘယ္လို အေကာင္မ်ိဳးလဲဆိုေတာ့သြားလာတဲ့ေနရာမွာ လွ်ပ္လွ်ပ္ဆိုသြားလိုက္ ၿပီးရင္ မႈိင္ေငးေနလိုက္ နဲ႔ေတြေဝေနေသာ အေကာင္မ်ားလို႔ဆိုရပါမယ္။ ဖြတ္ ၊ ပဒတ္ မျမင္ဘူးသူမ်ားကေတာ့ ပုတ္သင္ညိဳ နဲ႔ ႏႈိင္းၾကည့္လို႔လည္းရပါ၏။

လုပ္ငန္းမ်ား လုပ္တဲ့အခါ ရႈပ္ရႈပ္ေပြေပြ လုပ္တတ္ေသာ အက်င့္၇ွိျခင္း။အစားအေသာက္မွာ ဘယ္ဟာႀကိဳက္ႏွစ္သက္တယ္ဆိုတာမရွိ။ကိုယ္ပိုင္စဥ္းစားဉာဏ္မရွိသျဖင့္ ေနရာတကာမွာ သူမ်ားေနာက္လိုက္သာျဖစ္ၿပီးသူမ်ားက ခ်ီးမြမ္းရင္ လိုက္ခ်ီးမြမ္းတာဘဲ။

သူမ်ားက ကဲ့ရဲ႕ရင္ လိုက္ကဲ့ရဲ႕တာဘဲ။ သူမ်ားေခါင္းညိမ့္ခိုင္းတိုင္း ညိမ့္တတ္သည့္ ပုတ္သင္ညိဳလို႔ သေဘာတက် ျဖစ္တတ္တယ္။သတိပညာကင္းလ်က္ ထိုင္းမႈိင္း ဖ်င္းအျခင္း ၊ ပ်ံလြန႔္ေနေသာ စိတ္သေဘာထားေတြနဲ႔ ထိုသူမ်ားအခ်ိန္ကုန္လြန္ေလ့ရွိၾက၏။

(၆) ဝိတက္အက်င့္စ႐ိုက္ရွိသူမ်ားအား ေဝဖန္သုံးသပ္ၾကည့္ျခင္း

ဝိတက္ စ႐ိုက္ရွိသူမ်ားဟာ–

ေမာဟသမားမ်ားႏွင့္ ေ႐ႊမန္းတင္ေမာင္ပါဘဲ။ (ထိုနည္းလည္းေကာင္း ထိုနည္းလည္းေကာင္း)ထူးမျခားနားပါဘဲ။
အႀကံေတြမ်ား စကားေတြကေပါ ကိစၥမေခ်ာဘဲ ေမ်ာေနသည္ကမ်ား၏။ေကာင္းေသာလုပ္ငန္း ကုသိုလ္လမ္းမ်ားမွာ အစြမ္းအစမရွိ။ ပ်င္းရိရိသာျဖစ္၏။

ေဟးလားဝါးလား မိမိလို လူ႔ေပါက္ပန္း မ်ားႏွင့္ ေရာေႏွာ ဆက္ဆံေပ်ာ္ေမြ႕ကာေထြရာေလးပါးအႀကံမ်ားလ်က္ ေလာကႀကီး၏ လူပို လူအား သက္သက္ျဖစ္ေလေတာ့သည္။

မွတ္ခ်က္။ ။ေတာင္ၿမိဳ႕ ဘာသာဋီကာ က်မ္းျပဳအေက်ာ္ ဆရာေတာ္ႀကီး၏ သၿဂႋဟ္ဘာသာဋီကာမွ ထုတ္ႏႈတ္ေရးသားျခင္းျဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ပဌာန္းပူေဇာ္ၾကသူမ်ား
# Unicode Version # ျဖင့္ ဖတ္ပါ #

အနာနဲ့ဆေး တည့်အောင်ပေးနိုင်တော်မူသော မဟာသမားတော်ကြီး ဗုဒ္ဓရှင်တော်ဘုရားသည် သဗ္ဗညုတဉာဏ်တော်ပိုင်ရှင် ဖြစ်တော်မူသည့်အတွက် မည်သို့သော သူအား ၊ မည်သည့် တရားပေးတော်မူမှ ၊အို၊နာ၊သေ ကင်းသည့် နိဗ္ဗာန် ရောက်နိုင်မည့်အရေးကို သိတော်မူလေသည်။

လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့အားသူ့အကြိုက် နှင့် သူ့စရိုက်ကို(အနာကို)သင့်လျော်သည့် ဓမ္မ (ဆေး) ဖြင့် ချမ်းသာအောင် (ရောဂါ ပျောက်ကင်းအောင်)၄၅-ဝါ (၄၅-နှစ်)တိုင်တိုင် ပရိနိဗ္ဗာန် ဝင်စံတော် မူခါနီး သည်အထိ ကုသ ကယ်တင်တော်မူခဲ့ပါသည်။

ပရစိတ္တဝိဇာနနဉာဏ် (သူတပါးစိတ်ကို သိနိုင်သောဉာဏ်) ကို မရလျှင် လူကဲခတ်ဖို့ (သူတစ်ပါး စရိုက်ကိုသိဖို့)ခဲယဉ်းလှပါ၏။သို့သော် လူတစ်ယောက်၏ အသွားအလာ အနေအထိုင် တို့ကိုလည်းကောင်း ၊အလုပ်များ လုပ်သည့်အခါ ကျန သေသပ်မှု ရှိ / မရှိ ကိုလည်းကောင်း ၊နှစ်သက်တတ်သော အစာအာဟာရကို ကြည့်ဖြင်းအားဖြင့်လည်းကောင်း ၊
ကြည့်ရှုပုံ ၊ နားထောင်ပုံ စသည်ကိုလည်း ၊ကုသိုလ် အကုသိုလ် အရာမှာ များစွာ ဖြစ်လေ့ရှိသော အကြောင်းအရာကိုစဉ်းစားကြည့်ရှု သတိပြုကာ ဒီလူဟာ မည်သို့သော လူဖြစ်ဟု လူကဲခတ်နိုင်ပါကြောင်း ဗုဒ္ဓဟောကြားထားခဲ့ပါ၏။

(၁) ရာဂအကျင့်စရိုက်ရှိသူ ကို အကဲခတ် ဝေဖန်ပိုင်းခြား ကြည့်ခြင်း

(က) ရာဂအကျင့်စရိုက်ရှိသူ၏ အသွားအလာ အနေထိုင်မှာ ယဉ်ယဉ်ကျေးကျေး သေသေသပ်သပ်ရှိခြင်း။

(ခ) အလုပ်လုပ်သည့်အခါ ကျနသေသပ်ခြင်း ။

(ဂ) အစာစားရာမှာ အချိုအဆိမ့် ၊ အမွှေးအကြိုင် နှင့် နုညံ့သော အစားအစာတို့ကို နှစ်သက်တတ်ခြင်း။

(ဃ) လှလှပပ ရူပါရုံ ၊ သဒ္ဒါရုံ လေးများ တွေ့လျှင် မခွာချင်အောင် ဖြစ်တတ်ခြင်း။

(င) စိတ်နေစိတ်ထား အားဖြင့် ကောက်ကျစ် စဉ်းလဲ ၊ ပရိယာယ် မာယာများ ၊ မာနကြီး ၊လောဘရမ္မက်ကြီးတတ်၏။

(၂) သဒ္ဓါအကျင့်စရိုက်ရှိသူ ကို အကဲခတ် ဝေဖန်ပိုင်းခြား ကြည့်ခြင်း

အထက်ပါ ရာဂအကျင့်စရိုက်ရှိသူမှာ ဖြစ်တတ်သည့် (က)၊ (ခ)၊ (ဂ) ၊ (ဃ) တို့မှာသဒ္ဓါအကျင့်စရိုက်ရှိသူမှာလည်း ဖြစ်လေ့ရှိ၏။သို့သော် စိတ်နေ သဘောထားမှာ မာယာ စသော အကုသိုလ်များ ဖြစ်လေ့မရှိဘဲ ကြည်ကြည်လင်လင်ရွှင်ရွှင်လန်းလန်းပေးကမ်း လှူဒါန်းလေ့ရှိ၏။

ဘုရားသွား ၊ ကျောင်းတတ် ပြုလုပ်ကာ ဘုရား နှင့် ရဟန်းသံဃာတော်များအား ကိုးကွယ်ဆည်းကပ်ခြင်း။တရားတော်များအား မှတ်သားနာယူလေ့ရှိ၏။

(၃) ဒေါသ အကျင့်စရိုက်ရှိသူအား ဝေဖန် သုံးသပ်ကြည့်ခြင်း

ဒေါသစရိုက်ရှိသူများဟာ –

(က) အသွားအလာ အနေအထိုင် ကြမ်းတမ်းခြင်း။

(ခ) လုပ်ငန်း ကိစ္စများ ဆောင်ရွက်ရာတွင် သပ်ရပ်မှု မရှိခြင်း။

(ဂ) ချဉ် ၊ ငန် ၊ စပ် ၊ ခါး ၊ စူးရှသော အရသာများ စားသုံးတတ်ခြင်း။

(ဃ) မကောင်းသော အာရုံများနှင့် တွေ့ဆုံလျှင် ယမ်းပုံ ထဲမှာ မီးကျသကဲ့သို့ သည်းခံ အောင့်အီး နိုင်ခြင်းမရှိဘဲဆဲဆို ၊ ငေါက်ငန်း ၊ကြမ်းတမ်းစွာ စိတ်တိုတတ်ခြင်း။

(င) စိတ်နေ သဘောထားကား ရန်ငြိုးဖွဲ့မှုဟူသော အာဃာတ၊ မနာလိုမှု ၊ ဝန်တိုမှု၊ သူများဂုဏ်ကိုချေဖျက်လိုခြင်းဟူသော မက္ခ၊ ဂုဏ်တု ဂုဏ်ပြိုင် ပြုလုပ်ခြင်းဟူသော ပဠာသ ၊ အပြောအဆို အဆုံးအမခက်ခြင်း စသောအကုသိုလ်တရားများ အဖြစ်များလေသည်။

(၄) ပညာအကျင့်စရိုက် ရှိသူများအား သုံးသပ် ဝေဖန်ကြည့်ခြင်း

ပညာစရိုက်ရှိသူများဟာ–

အသွားအလာ အနေအထိုင် မှာတော့ ဒေါသစရိုက်ရှိသူနှင့်တူ၏။သို့သော် စိတ်တိုခြင်း စသော အပြစ်များနှင့် ရောနှော မှု မရှိဘဲ ဆိုဆုံးမ လွယ်ကူ၏။စားသောက်သည့် နေရာမှာ ချင့်ချင့်ချိန်ချိန် စားသောက်လေ့ရှိခြင်း။သံသရာအရေး (ရှေ့ရေး) ကို မျှော်ဆပြီး ကုသိုလ်ကောင်းမှုများ လုံလ ဝီရိယသန်သန်ဖြင့် ပြုလုပ်လေ့ရှိခြင်းတို့ကြောင့် သူမြတ်တစ်ယောက်ဖြစ်
သတ်မှတ်ရပေလိမ့်မည်။

(၅) မောဟအကျင့်စရိုက်ရှိသူများအား ဝေဖန် သုံးသပ်ကြည့်ခြင်း

မောဟစရိုက်ရှိသူများဟာ —

အသွား အနေအထိုင်နှင့် ပတ်သတ်လို့ ဖွတ်၊ ပဒတ် ဆိုသော သတ္တဝါများနှင့်တူတယ်လို့ ဆရာတော်ကြီးကဥပမာပေးထားပါတယ်။ဖွတ် ၊ ပဒတ် ဆိုတာ ဘယ်လို အကောင်မျိုးလဲဆိုတော့သွားလာတဲ့နေရာမှာ လျှပ်လျှပ်ဆိုသွားလိုက် ပြီးရင် မှိုင်ငေးနေလိုက် နဲ့တွေဝေနေသော အကောင်များလို့ဆိုရပါမယ်။ ဖွတ် ၊ ပဒတ် မမြင်ဘူးသူများကတော့ ပုတ်သင်ညို နဲ့ နှိုင်းကြည့်လို့လည်းရပါ၏။

လုပ်ငန်းများ လုပ်တဲ့အခါ ရှုပ်ရှုပ်ပွေပွေ လုပ်တတ်သော အကျင့်၇ှိခြင်း။အစားအသောက်မှာ ဘယ်ဟာကြိုက်နှစ်သက်တယ်ဆိုတာမရှိ။ကိုယ်ပိုင်စဉ်းစားဉာဏ်မရှိသဖြင့် နေရာတကာမှာ သူများနောက်လိုက်သာဖြစ်ပြီးသူများက ချီးမွမ်းရင် လိုက်ချီးမွမ်းတာဘဲ။

သူများက ကဲ့ရဲ့ရင် လိုက်ကဲ့ရဲ့တာဘဲ။ သူများခေါင်းညိမ့်ခိုင်းတိုင်း ညိမ့်တတ်သည့် ပုတ်သင်ညိုလို့ သဘောတကျ ဖြစ်တတ်တယ်။သတိပညာကင်းလျက် ထိုင်းမှိုင်း ဖျင်းအခြင်း ၊ ပျံလွန့်နေသော စိတ်သဘောထားတွေနဲ့ ထိုသူများအချိန်ကုန်လွန်လေ့ရှိကြ၏။

(၆) ဝိတက်အကျင့်စရိုက်ရှိသူများအား ဝေဖန်သုံးသပ်ကြည့်ခြင်း

ဝိတက် စရိုက်ရှိသူများဟာ–

မောဟသမားများနှင့် ရွှေမန်းတင်မောင်ပါဘဲ။ (ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း)ထူးမခြားနားပါဘဲ။
အကြံတွေများ စကားတွေကပေါ ကိစ္စမချောဘဲ မျောနေသည်ကများ၏။ကောင်းသောလုပ်ငန်း ကုသိုလ်လမ်းများမှာ အစွမ်းအစမရှိ။ ပျင်းရိရိသာဖြစ်၏။

ဟေးလားဝါးလား မိမိလို လူ့ပေါက်ပန်း များနှင့် ရောနှော ဆက်ဆံပျော်မွေ့ကာထွေရာလေးပါးအကြံများလျက် လောကကြီး၏ လူပို လူအား သက်သက်ဖြစ်လေတော့သည်။

မှတ်ချက်။ ။တောင်မြို့ ဘာသာဋီကာ ကျမ်းပြုအကျော် ဆရာတော်ကြီး၏ သြင်္ဂိဟ်ဘာသာဋီကာမှ ထုတ်နှုတ်ရေးသားခြင်းဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ပဌာန်းပူဇော်ကြသူများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top