ဟုိးးးးး ေရွးအခါက ရြာေလးတစ္ရြာမွာ ဆရာေတာ္ တစ္ပါး ေက်ာင္းထိုင္၍ သီတင္းသုံးလွ်က္ရွိသည္ ။ တေန႔ ရြာထဲမွ ဦးဖိုးလွ ဆိုေသာ ဒကာတစ္ေယာက္ ေက်ာင္းလာၿပီး ဆရာေတာ့္ထံ ဆြမ္းပို႔လာတယ္။ ဆရာေတာ္ႏွင့္ ဦးဖိုးလွတို႔ စကားလက္ဆုံက်ရင္း အေတာ္ပင္ ရင္းႏီွးသြားၾကတယ္။

“ဒါနဲ႔ စကားမစပ္ ဒကာႀကီး ဘာဆြမ္းဟင္းေတြ ခ်က္လာတာလဲ …?”

“မွန္ပါ ဝက္သားနီ ဆီျပန္ခ်က္ ငပိေၾကာ္ ၿပီးေတာ့ ခ်ဥ္ေပါင္ရြက္ကုိ မ်ွစ္ ငရုတ္သီးစိမ္းေလးနဲ႔ ေၾကာ္လာတယ္ ဘုရား”

” ေအးကြယ္ ဘုန္းႀကီးကလဲ ခ်ဥ္ေပါင္ရြက္ေၾကာ္ဆိုရင္ အရမ္းႀကိဳက္တာ”

“မွန္ပါ ဒီ့အတြက္ ဘာမွ စိတ္မပူပါနဲ႔ ဘုရား တပည့္ေတာ္ ခ်ဥ္ေပါင္ရြက္ေၾကာ္ကုိ ေန႔တိုင္း လာကပ္ပါ့မယ္ ဘုရား”

” သာဓု သာဓု သာဓုပါ ဒကာ”

ဒီလိုနဲ႔ ရက္ လ ႏွစ္တိုင္ေအာင္ ဦးဖိုးလွ တေယာက္ ဆရာေတာ္ထံ ခ်ဥ္ေပါင္ရြက္ေၾကာ္ကို ကပ္လာခ့ဲသည္မွာ
ယေန႔ထက္တိုင္ပင္ ဝတ္မပ်က္ခ့ဲပါ။

ၾကာလာေတာ့ ဆရာေတာ္ ခမ်ာ ဦးဖိုးလွလို႔ နာမည္ၾကားတာနဲ႔ပင္ သြားေတြက က်ြတ္ထြတ္မတတ္ က်ိန္းတတ္ေနေပၿပီ အေျပာမတတ္ ဒီ ပါးစပ္ ေသစမ္းဟ ဝက္သားဟင္းေလး ႀကိဳက္တယ္လို႔ ေျပာခ့ဲမိရင္ အေကာင္းသား အခုေတာ့…။

ဒါနဲ႔ သည္းမခံနိဳင္တ့ဲအဆုံး တစ္ေန႔ ဒကာကို ေမးပါေလေတာ့သည္။

“ဒကာႀကီး ခ်ဥ္ေပါင္ရြက္ ေတြက မကုန္နိဳင္ေသးဘူးလား ?”

“မွန္ပါ ဒီ့အတြက္ မပူပါနဲ႔ ဘုရား။ ဆရာေတာ့္ အတြက္ သီးသန္႔ တပည့္ေတာ္ရဲ႕ ယာသုံးကြက္ကို ခ်ဥ္ေပါင္ပင္ေတြပဲ စိုက္ၿပီး အရြက္ကို အေျခာက္လွန္းကာ ပုတ္ႀကီးထဲမွာ သိုေလွာင္ထားပါတယ္ ဘုရား ”

“အမေလး ဗုေဒၶါ ”

ေကာင္းကြာ ရြဲ႕ေျပာလို႔ ေျပာမွန္းမသိ ေအာင့္သက္သက္နဲ႔ ခံရခက္လိုက္တာေနာ္ ငါ့ႏွယ္….

ဒီလိုနဲ႔ တေန႔

“ဆရာေတာ္ ဘုရား ဆရာေတာ္ ဘုရား”

“ဘာလဲ ကိုရင္ဇဋိလ ရဲ႕ေရးႀကီးသုတ္ပ်ာနဲ႔”

“မွန္ပါ၊ ေဟာဟဲ ေဟာဟဲ၊ ရြာထဲမွာ မီးေလာင္ေနၿပီ ဘုရား ”

“ေဟ”

“ဒကာႀကီး ဦးဖိုးလွ အိမ္လည္း ပါသြားတယ္ ဘုရား”

“ဟာ”

ဆရာေတာ္မွာ စိတ္မေကာင္း ျဖစ္မိသည္။ အတန္ငယ္ ေတြးၿပီး ၿပံဳးမိသည္။ “ဟုတ္ပီကြ”ဒါဆိုရင္ ခ်ဥ္ေပါင္ပုတ္ႀကီးလဲ မီးထဲ
ပါသြားေရာေပါ့ ခ်ဥ္ေပါင္ဝဋ္ေတာ့ က်ြတ္ၿပီ ထင္ပါရဲ႕

ေနာက္တေန႔၊ ဒကာဦးဖိုးလွ ေက်ာင္းကုိလာၿပီး အေၾကာင္းစုံ ေလ်ွာက္ထားပါေလေတာ့သည္။ ဆရာေတာ္မွာ ေခါင္းတညိမ့္ ညိမ့္ နားေထာင္ရင္း စိတ္မေကာင္းေလဟန္ျဖင့္…

“အိမ္း…သူခိုး ခိုးရင္ က်န္ေသးတယ္ မီးေလာင္ရင္ အကုန္ေျပာင္ ဆိုတာလို ျဖစ္ေနၿပီ ထင္ပါတယ္”

“မွန္ပါ ဒါေပမဲ့ ဆရာေတာ့္ ပုတ္ႀကီး မီးမေလာင္ပါဘုရား”

“ေဟ ဘာ ဘာျဖစ္လို႔လဲ ဒကာႀကီး”

“တင္ပါ မီးေလာင္စဥ္က ပုတ္ႀကီးကို တပည့္ေတာ္ မီးကင္းရာကို ထမ္းၿပီး ထုတ္ထားပါတယ္ ဘုရား”

ဒီစကားၾကားေတာ့ ဆရာေတာ့္မွာ နားဝက မိုးႀကိဳးပစ္သံကို ၾကားရသလို ျဖစ္ၿပီး အႀကီးက်ယ္ တင္းေလၿပီ။

“ဟင္း ဟင္း၊ မသာႀကီးႏွယ္ မသာႀကီး အဲ့ေလ ေယာင္လို႔ ဒကာႀကီးႏွယ္ ဒကာႀကီးေနာ္” ဟု ႏႈတ္မွေရရြတ္ကာ
ေလးလံေသာ ေျခလွမ္းမ်ားျဖင့္ ေက်ာင္းႀကီးေပၚသို႔ ျကြလွမ္းသြားေလေတာ့သည္ ။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ထီလာေရႊၾကာ
# Unicode Version # ျဖင့္ ဖတ္ပါ #

ဟိုးးးးး ရှေးအခါက ရွာလေးတစ်ရွာမှာ ဆရာတော် တစ်ပါး ကျောင်းထိုင်၍ သီတင်းသုံးလျှက်ရှိသည် ။ တနေ့ ရွာထဲမှ ဦးဖိုးလှ ဆိုသော ဒကာတစ်ယောက် ကျောင်းလာပြီး ဆရာတော့်ထံ ဆွမ်းပို့လာတယ်။ ဆရာတော်နှင့် ဦးဖိုးလှတို့ စကားလက်ဆုံကျရင်း အတော်ပင် ရင်းနှီးသွားကြတယ်။

“ဒါနဲ့ စကားမစပ် ဒကာကြီး ဘာဆွမ်းဟင်းတွေ ချက်လာတာလဲ …?”

“မှန်ပါ ဝက်သားနီ ဆီပြန်ချက် ငပိကြော် ပြီးတော့ ချဉ်ပေါင်ရွက်ကို မျှစ် ငရုတ်သီးစိမ်းလေးနဲ့ ကြော်လာတယ် ဘုရား”

” အေးကွယ် ဘုန်းကြီးကလဲ ချဉ်ပေါင်ရွက်ကြော်ဆိုရင် အရမ်းကြိုက်တာ”

“မှန်ပါ ဒီ့အတွက် ဘာမှ စိတ်မပူပါနဲ့ ဘုရား တပည့်တော် ချဉ်ပေါင်ရွက်ကြော်ကို နေ့တိုင်း လာကပ်ပါ့မယ် ဘုရား”

” သာဓု သာဓု သာဓုပါ ဒကာ”

ဒီလိုနဲ့ ရက် လ နှစ်တိုင်အောင် ဦးဖိုးလှ တယောက် ဆရာတော်ထံ ချဉ်ပေါင်ရွက်ကြော်ကို ကပ်လာခဲ့သည်မှာ
ယနေ့ထက်တိုင်ပင် ဝတ်မပျက်ခဲ့ပါ။

ကြာလာတော့ ဆရာတော် ခမျာ ဦးဖိုးလှလို့ နာမည်ကြားတာနဲ့ပင် သွားတွေက ကျွတ်ထွတ်မတတ် ကျိန်းတတ်နေပေပြီ အပြောမတတ် ဒီ ပါးစပ် သေစမ်းဟ ဝက်သားဟင်းလေး ကြိုက်တယ်လို့ ပြောခဲ့မိရင် အကောင်းသား အခုတော့…။

ဒါနဲ့ သည်းမခံနိုင်တဲ့အဆုံး တစ်နေ့ ဒကာကို မေးပါလေတော့သည်။

“ဒကာကြီး ချဉ်ပေါင်ရွက် တွေက မကုန်နိုင်သေးဘူးလား ?”

“မှန်ပါ ဒီ့အတွက် မပူပါနဲ့ ဘုရား။ ဆရာတော့် အတွက် သီးသန့် တပည့်တော်ရဲ့ ယာသုံးကွက်ကို ချဉ်ပေါင်ပင်တွေပဲ စိုက်ပြီး အရွက်ကို အခြောက်လှန်းကာ ပုတ်ကြီးထဲမှာ သိုလှောင်ထားပါတယ် ဘုရား ”

“အမလေး ဗုဒ္ဓေါ ”

ကောင်းကွာ ရွဲ့ပြောလို့ ပြောမှန်းမသိ အောင့်သက်သက်နဲ့ ခံရခက်လိုက်တာနော် ငါ့နှယ်….

ဒီလိုနဲ့ တနေ့

“ဆရာတော် ဘုရား ဆရာတော် ဘုရား”

“ဘာလဲ ကိုရင်ဇဋိလ ရဲ့ရေးကြီးသုတ်ပျာနဲ့”

“မှန်ပါ၊ ဟောဟဲ ဟောဟဲ၊ ရွာထဲမှာ မီးလောင်နေပြီ ဘုရား ”

“ဟေ”

“ဒကာကြီး ဦးဖိုးလှ အိမ်လည်း ပါသွားတယ် ဘုရား”

“ဟာ”

ဆရာတော်မှာ စိတ်မကောင်း ဖြစ်မိသည်။ အတန်ငယ် တွေးပြီး ပြုံးမိသည်။ “ဟုတ်ပီကွ”ဒါဆိုရင် ချဉ်ပေါင်ပုတ်ကြီးလဲ မီးထဲ
ပါသွားရောပေါ့ ချဉ်ပေါင်ဝဋ်တော့ ကျွတ်ပြီ ထင်ပါရဲ့

နောက်တနေ့၊ ဒကာဦးဖိုးလှ ကျောင်းကိုလာပြီး အကြောင်းစုံ လျှောက်ထားပါလေတော့သည်။ ဆရာတော်မှာ ခေါင်းတညိမ့် ညိမ့် နားထောင်ရင်း စိတ်မကောင်းလေဟန်ဖြင့်…

“အိမ်း…သူခိုး ခိုးရင် ကျန်သေးတယ် မီးလောင်ရင် အကုန်ပြောင် ဆိုတာလို ဖြစ်နေပြီ ထင်ပါတယ်”

“မှန်ပါ ဒါပေမဲ့ ဆရာတော့် ပုတ်ကြီး မီးမလောင်ပါဘုရား”

“ဟေ ဘာ ဘာဖြစ်လို့လဲ ဒကာကြီး”

“တင်ပါ မီးလောင်စဉ်က ပုတ်ကြီးကို တပည့်တော် မီးကင်းရာကို ထမ်းပြီး ထုတ်ထားပါတယ် ဘုရား”

ဒီစကားကြားတော့ ဆရာတော့်မှာ နားဝက မိုးကြိုးပစ်သံကို ကြားရသလို ဖြစ်ပြီး အကြီးကျယ် တင်းလေပြီ။

“ဟင်း ဟင်း၊ မသာကြီးနှယ် မသာကြီး အဲ့လေ ယောင်လို့ ဒကာကြီးနှယ် ဒကာကြီးနော်” ဟု နှုတ်မှရေရွတ်ကာ
လေးလံသော ခြေလှမ်းများဖြင့် ကျောင်းကြီးပေါ်သို့ ကြွလှမ်းသွားလေတော့သည် ။ ။

ဖိုးသူတော် (www.phothutaw.com)
Credit:ထီလာရွှေကြာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top