အရက္ေသာက္တာဟာ အသည္းကိုသာမက အစာအိမ္နဲ႔အူလမ္းေၾကာင္းကိုလည္း ေကာင္းေကာင္း ဒုကၡေပးႏိုင္ပါေသးတယ္။ အရက္နည္းနည္းပဲေသာက္ရင္ေတာင္မွ အစာအိမ္က အက္ဆစ္ေတြပိုထြက္လာၿပီး အစာအိမ္ကိုေရာင္ရမ္းႏိုင္ေျခရွိပါတယ္။ ဒီေနာက္မွာေတာ့ ဗိုက္ေအာင့္တာ၊ ရင္ပူတာ၊ အန္တာ၊ ဝမ္းေလွ်ာတာနဲ႔ အေသာက္မ်ားသြားတဲ့သူေတြမွာ ေသြးအန္တာမ်ိဳးအထိျဖစ္ႏိုင္ပါတယ္။

ေရရွည္မ်ားမ်ားေသာက္သြားမယ္ဆိုရင္ေတာ့ ပါးစပ္၊ လွ်ာ၊ ႏႈတ္ခမ္း၊ လည္ေခ်ာင္း၊ အစာအိမ္၊ မုန႔္ခ်ိဳအိတ္နဲ႔ အူမႀကီးကင္ဆာေတြအထိျဖစ္သြားႏိုင္ပါတယ္။ အျဖစ္အမ်ားဆုံးကေတာ့ အရက္ေသာက္တဲ့အခါ အစာအိမ္ေရမ်ိဳႁပြန္တေလ်ာက္အက္ဆစ္ေတြျပန္ဆန္တက္တာနဲ႔ ရင္ပူ၊ ဗိုက္ေအာင့္တာေတြခံစားရႏိုင္ပါတယ္။

ဘယ္လိုကာကြယ္မလဲ ။

ခက္တာက အရက္ဘီယာဆိုတာကလည္း အခုေခတ္မွာက ပြဲေတြဘာေတြတက္ရင္ မပါမျဖစ္တဲ့အရာတစ္ခုျဖစ္လာတယ္။ လူမႈေပါင္းသင္းေရးေကာင္းဖို႔အတြက္ မျဖစ္မေနေသာက္ရတဲ့အရာတစ္ခုလိုျဖစ္လာတယ္။

ဒီေတာ့လုံးဝမေသာက္ဘဲေတာ့ ေနလို႔မရတဲ့အေျခအေနေတြျဖစ္လာေတာ့တာေပါ့။ အရက္ေသာက္ရင္ အေပၚမွာေျပာထားသလို အစာအိမ္နဲ႔ အူလမ္းေၾကာင္းေရာဂါေတြျဖစ္မွာလည္းေၾကာက္ရေသးတယ္။ ဘယ္လိုလုပ္ၾကရပါ့မလဲ။

အရက္ကိုေရာေသာက္ပါ ။

အရက္ခ်ည္းသပ္သပ္ေသာက္တာနဲ႔ ေရာေသာက္တာ အစာအိမ္ကိုထိခိုက္တာ မတူညီပါဘူး။ အရက္ခ်ည္းပဲ အမ်ားႀကီးေသာက္တာထက္ အေပ်ာ့စားေဖ်ာ္ရည္တစ္ခုခုနဲ႔ေရာေသာက္တာက အစာအိမ္ကို အထိခိုက္နည္းေစပါတယ္။

အကိုက္အခဲေပ်ာက္ေဆးေတြကိုေရွာင္ပါ။

အစာအိမ္ေအာင့္လို႔ဆိုၿပီး အကိုက္အခဲေပ်ာက္ေဆးေတြကို ေသာက္ဖို႔မႀကိဳးစားပါနဲ႔။ ကိုယ္လိုခ်င္တာနဲ႔ ဆန႔္က်င္ဘက္ေတြျဖစ္ကုန္ၿပီး ဗိုက္ေအာင့္တာ ပိုဆိုးလာေစႏိုင္ပါတယ္။ အကိုက္အခဲေပ်ာက္ေဆးေတြက နဂိုကတည္းကမွ အစာအိမ္ကိုေရာင္ရမ္းေစတာဆိုေတာ့ အရက္ေသာက္ထားလို႔ အစာအိမ္ေရာင္ရမ္းေနတဲ့အခ်ိန္မွာ အမ်ားႀကီးပိုဆိုးသြားေစႏိုင္ၿပီး ေသြးအန္တာမ်ိဳးထိျဖစ္ႏိုင္ပါတယ္။

အစားအေသာက္ဂ႐ုစိုက္ပါ။

အရက္ကနဂိုကတည္းက အစာအိမ္ကိုေရာင္ရမ္းေစႏိုင္တဲ့အတြက္ အရက္ေသာက္တဲ့အခါ ပူတဲ့စပ္တဲ့အစားအေသာက္ေတြကို အရမ္းႀကီးမစားဖို႔ သတိရသင့္ပါတယ္။ အဲဒီအစား အမွ်င္ဓာတ္မ်ားတဲ့အစားအေသာက္ေတြျဖစ္တဲ့ အသီးအ႐ြက္ေတြ၊ ကာဗိုဟိုက္ဒရိတ္မ်ားတဲ့ ထမင္း၊ ေပါင္မုန႔္လို အစားအေသာက္ေတြကို ပိုစားသင့္ပါတယ္။

အစာအိမ္ေဆးေသာက္ပါ။

အေကာင္းဆုံးနည္းလမ္းကေတာ့ အစာအိမ္ေဆးေသာက္ပါ။ အရက္မေသာက္ခင္ျဖစ္ျဖစ္၊ ေသာက္ၿပီးသြားခ်ိန္မွာျဖစ္ျဖစ္ အစာအိမ္ထဲမွာ အရက္ေၾကာင့္ထြက္လာတဲ့အက္ဆစ္ေတြကို ေခ်ဖ်က္ေပးႏိုင္တဲ့အစြမ္းသတၱိနဲ႔ အရက္ေသာက္ခ်ိန္မွာ စကားေျပာရင္း အစားစားရင္းေလေတြဝင္သြားတာေတြကို ေခ်ဖ်က္ဖို႔အစြမ္းသတၱိေတြပါဝင္တဲ့ အစာေၾကေဆးကို ေသာက္သုံးသင့္ပါတယ္။

ဒီအတြက္ေတာ့ (Hydrosil) တို႔ (air-X) တို႔လိုမ်ိဳး ဒီမွာလည္း အလြယ္တကူဝယ္လို႔ရတာမ်ိဳးေတြ ေသာက္လို႔ရပါတယ္။ အရက္ေၾကာင့္ပိုထြက္လာတဲ့ အစာအိမ္အက္ဆစ္ေတြကို ေခ်ဖ်က္ေပးတဲ့သတၱိနဲ႔ ဗိုက္ထဲမွာျပည့္တင္းေဖာင္းေနသလိုျဖစ္ေနမယ့္ ေလေတြကို ၿဖိဳခြင္းေပးႏိုင္လို႔ အရက္ေသာက္သုံးၿပီး အစာအိမ္ထိခိုက္တာေတြအတြက္အေကာင္းဆုံး ကာကြယ္မႈကို ေပးႏိုင္ပါလိမ့္မယ္။

အရက္ကို လုံးဝမေသာက္တာကေတာ့ အေကာင္းဆုံးပါ။ အကယ္၍မေရွာင္ႏိုင္ဘူးဆိုရင္ေတာ့ အေပၚကေျပာခဲ့တဲ့အခ်က္ေလးေတြအတိုင္း ကာကြယ္ျခင္းျဖင့္ အရက္ေၾကာင့္ ျဖစ္လာႏိုင္တဲ့ဆိုးက်ိဳးေတြကို အထိုက္အေလ်ာက္ေတာ့ ကာကြယ္ေပးႏိုင္မွာပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #

အရက်သောက်တာဟာ အသည်းကိုသာမက အစာအိမ်နဲ့အူလမ်းကြောင်းကိုလည်း ကောင်းကောင်း ဒုက္ခပေးနိုင်ပါသေးတယ်။ အရက်နည်းနည်းပဲသောက်ရင်တောင်မှ အစာအိမ်က အက်ဆစ်တွေပိုထွက်လာပြီး အစာအိမ်ကိုရောင်ရမ်းနိုင်ခြေရှိပါတယ်။ ဒီနောက်မှာတော့ ဗိုက်အောင့်တာ၊ ရင်ပူတာ၊ အန်တာ၊ ဝမ်းလျှောတာနဲ့ အသောက်များသွားတဲ့သူတွေမှာ သွေးအန်တာမျိုးအထိဖြစ်နိုင်ပါတယ်။

ရေရှည်များများသောက်သွားမယ်ဆိုရင်တော့ ပါးစပ်၊ လျှာ၊ နှုတ်ခမ်း၊ လည်ချောင်း၊ အစာအိမ်၊ မုန့်ချိုအိတ်နဲ့ အူမကြီးကင်ဆာတွေအထိဖြစ်သွားနိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ အရက်သောက်တဲ့အခါ အစာအိမ်ရေမျိုပြွန်တလျောက်အက်ဆစ်တွေပြန်ဆန်တက်တာနဲ့ ရင်ပူ၊ ဗိုက်အောင့်တာတွေခံစားရနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ ။

ခက်တာက အရက်ဘီယာဆိုတာကလည်း အခုခေတ်မှာက ပွဲတွေဘာတွေတက်ရင် မပါမဖြစ်တဲ့အရာတစ်ခုဖြစ်လာတယ်။ လူမှုပေါင်းသင်းရေးကောင်းဖို့အတွက် မဖြစ်မနေသောက်ရတဲ့အရာတစ်ခုလိုဖြစ်လာတယ်။

ဒီတော့လုံးဝမသောက်ဘဲတော့ နေလို့မရတဲ့အခြေအနေတွေဖြစ်လာတော့တာပေါ့။ အရက်သောက်ရင် အပေါ်မှာပြောထားသလို အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေဖြစ်မှာလည်းကြောက်ရသေးတယ်။ ဘယ်လိုလုပ်ကြရပါ့မလဲ။

အရက်ကိုရောသောက်ပါ ။

အရက်ချည်းသပ်သပ်သောက်တာနဲ့ ရောသောက်တာ အစာအိမ်ကိုထိခိုက်တာ မတူညီပါဘူး။ အရက်ချည်းပဲ အများကြီးသောက်တာထက် အပျော့စားဖျော်ရည်တစ်ခုခုနဲ့ရောသောက်တာက အစာအိမ်ကို အထိခိုက်နည်းစေပါတယ်။

အကိုက်အခဲပျောက်ဆေးတွေကိုရှောင်ပါ။

အစာအိမ်အောင့်လို့ဆိုပြီး အကိုက်အခဲပျောက်ဆေးတွေကို သောက်ဖို့မကြိုးစားပါနဲ့။ ကိုယ်လိုချင်တာနဲ့ ဆန့်ကျင်ဘက်တွေဖြစ်ကုန်ပြီး ဗိုက်အောင့်တာ ပိုဆိုးလာစေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက နဂိုကတည်းကမှ အစာအိမ်ကိုရောင်ရမ်းစေတာဆိုတော့ အရက်သောက်ထားလို့ အစာအိမ်ရောင်ရမ်းနေတဲ့အချိန်မှာ အများကြီးပိုဆိုးသွားစေနိုင်ပြီး သွေးအန်တာမျိုးထိဖြစ်နိုင်ပါတယ်။

အစားအသောက်ဂရုစိုက်ပါ။

အရက်ကနဂိုကတည်းက အစာအိမ်ကိုရောင်ရမ်းစေနိုင်တဲ့အတွက် အရက်သောက်တဲ့အခါ ပူတဲ့စပ်တဲ့အစားအသောက်တွေကို အရမ်းကြီးမစားဖို့ သတိရသင့်ပါတယ်။ အဲဒီအစား အမျှင်ဓာတ်များတဲ့အစားအသောက်တွေဖြစ်တဲ့ အသီးအရွက်တွေ၊ ကာဗိုဟိုက်ဒရိတ်များတဲ့ ထမင်း၊ ပေါင်မုန့်လို အစားအသောက်တွေကို ပိုစားသင့်ပါတယ်။

အစာအိမ်ဆေးသောက်ပါ။

အကောင်းဆုံးနည်းလမ်းကတော့ အစာအိမ်ဆေးသောက်ပါ။ အရက်မသောက်ခင်ဖြစ်ဖြစ်၊ သောက်ပြီးသွားချိန်မှာဖြစ်ဖြစ် အစာအိမ်ထဲမှာ အရက်ကြောင့်ထွက်လာတဲ့အက်ဆစ်တွေကို ချေဖျက်ပေးနိုင်တဲ့အစွမ်းသတ္တိနဲ့ အရက်သောက်ချိန်မှာ စကားပြောရင်း အစားစားရင်းလေတွေဝင်သွားတာတွေကို ချေဖျက်ဖို့အစွမ်းသတ္တိတွေပါဝင်တဲ့ အစာကြေဆေးကို သောက်သုံးသင့်ပါတယ်။

ဒီအတွက်တော့ (Hydrosil) တို့ (air-X) တို့လိုမျိုး ဒီမှာလည်း အလွယ်တကူဝယ်လို့ရတာမျိုးတွေ သောက်လို့ရပါတယ်။ အရက်ကြောင့်ပိုထွက်လာတဲ့ အစာအိမ်အက်ဆစ်တွေကို ချေဖျက်ပေးတဲ့သတ္တိနဲ့ ဗိုက်ထဲမှာပြည့်တင်းဖောင်းနေသလိုဖြစ်နေမယ့် လေတွေကို ဖြိုခွင်းပေးနိုင်လို့ အရက်သောက်သုံးပြီး အစာအိမ်ထိခိုက်တာတွေအတွက်အကောင်းဆုံး ကာကွယ်မှုကို ပေးနိုင်ပါလိမ့်မယ်။

အရက်ကို လုံးဝမသောက်တာကတော့ အကောင်းဆုံးပါ။ အကယ်၍မရှောင်နိုင်ဘူးဆိုရင်တော့ အပေါ်ကပြောခဲ့တဲ့အချက်လေးတွေအတိုင်း ကာကွယ်ခြင်းဖြင့် အရက်ကြောင့် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို အထိုက်အလျောက်တော့ ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top