












Credit:tameelay
# Unicode Version # ဖြင့် ဖတ်ပါ #

လူ့အကျင့်ဆိုတာကြီးကလည်း တစ်မျိုးဗျ . . .

နေ့စဉ် စာဖတ်ခြင်းစာ အကျိုးရှိတယ်ဆိုတာ သိပေမယ့် စာဖတ်မယ့်လူတွေ အရမ်းနည်းတယ် . . .

facebook သုံးတာဟာ ကိုယ့်ရဲ့အချိန်တွေ ငွေတွေကို မသိမသာခိုးနေတယ်ဆိုတာ သိပေမယ့် မသုံးပဲ မနေနိုင်ကြဘူး . . .

မနက်စောစော ထခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူပြုမယ်ဆိုတာ သိပေမယ့်

အလုပ်နီးမှသာ ထကြတာ လူအများစုပါ . . .

တရားထိုင်ခြင်းဟာ လူတိုင်းအတွက် အကျိုးရှိတယ်ဆိုတာ သိပေမယ့် တကယ်လက်တွေ့ တရားထိုင်သူ အရမ်းနည်းတယ် . . .

ကျန်းမာရေးအတွက် ကိုယ်လက်လှုရှား မှု လုပ်တာ ကောင်းတယ်ဆိုတာ သိပေမယ့် . . .

လက်တွေ လုပ်ဆောင်တဲ့သူ အနည်းငယ်သာ ရှိပါတယ် . . .

ဆေးလိပ်သောက်တာ မကောင်းဘူးဆိုတာ သိပေမယ့် မစွန့်နိုင်ကြတာ အများကြီးပါ . . .

အားလုံးဟာ ကောင်းတဲ့အရာတွေ လုပ်ရင် ကောင်းမယ်ဆိုတာ လည်းသိတယ် . . .

မကောင်းတဲ့အရာတွေ လုပ်ရင် မကောင်းဘူးဆိုတာလည်း သိတယ် . . .

ဒါပေမယ့် အသိနဲ့ လက်တွေ့ ဝေးကွာနေကြဆဲမို့ . . .

မဖြစ်ချင်တာတွေ မဖြစ်သင့်တာတွေ ဖြစ်နေရတာပါလို့ . . .

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top