ပံုျပင္ေတြ၊ ရာဇဝင္ေတြထဲကလို ျမင့္ျမတ္ျပီးႏွလံုးလွတဲ့ မိန္းကေလးေတြက အျပင္မွာ တကယ္ရွိၾကပါတယ္။ ဒါေပမယ့္ အနည္းငယ္ပါပဲ။ ရွားပါးတဲ့ တန္ဖိုးၾကီးေတြလိုပဲေပါ့။ သင္ဟာ ဒီအခ်က္အားလံုးနဲ႔ မကုိက္ညီရင္ေတာင္ ေတာ္ေတာ္မ်ားမ်ားနဲ႔ ကိုက္ညီေနတယ္ဆိုရင္ ျမင့္ျမတ္ျပီးႏွလံုးလွတဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္ေနလို႔ပါ။

(၁) မနာလိုစိတ္မရွိဘူး

လူေတာ္ေတ္ာမ်ားမ်ားဟာ ကိုယ့္ထက္သာရင္ မနာလိုတတ္တဲ့ စိတ္ရွိၾကပါတယ္။ ျမင့္ျမတ္တဲ့ မိန္းကေလးကေတာ့ သူတစ္ပါးကိုယ့္ထက္သာတာကို ျမင္ရင္ ရင္ထဲကေန မုဒိတာပြားေနတတ္တဲ့ သူမ်ိဳးေတြျဖစ္ပါတယ္။ သူတစ္ပါးရဲ႕ ေကာင္းကြက္ကို ခ်ီးက်ဴးဖို႔ ဘယ္ေတာ့မွ ဝန္မေလးတတ္သလို သူတစ္ပါးက ကိုယ့္ထက္သာသြားမွာကိုလညး္ ဘယ္ေတာ့မွ မစိုးရိမ္ၾကပါဘူး။

(၂) တာဝန္ယူစိတ္ရွိတယ္

ျမင့္ျမတ္ျပီး ႏွလံုးလွတဲ့ မိိန္းကေလးေတြရဲ႔ စိတ္ဓာတ္ဟာ သံမဏိလိုပဲ ခိုင္မာပါတယ္။ သူတို႔ဟာ သူတို႔လုပ္တဲ့ အရာတိုင္းအတြက္ တာဝန္ယူစိတ္ အျပည့္ရွိသူေတြ ျဖစ္ၾကပါတယ္။ သူတို႔တာဝန္ယူထားတဲ့ အရာတစ္ခု ျဖစ္ေျမာက္လာႏိုင္ေအာင္ အစြမး္ကုန္ၾကိဳစားၾကပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မေအာင္ျမင္ရင္ေတာင္ အဲဒီ့အရာနဲ႔ ပတ္သက္တဲ့ အဆိုးအေကာင္းအားလံုးကို တာဝန္ယူဖို႔ ေနာက္မတြန္႔တတ္ၾကပါဘူး။

(၃) ကိုယ္က်င့္တရားေကာင္းမြန္တယ္

ေခတ္ေရစီးေၾကာင္း ဘယ္ေလာက္ေျပာင္းေျပာင္း မေျပာင္းလဲႏိုင္တဲ့ အရာတစ္ခုက ျမင့္ျမတ္တဲ့ႏွလံုးသားရွိတဲ့ မိန္းကေလးေတြရဲ႕ ေကာင္းမြန္တဲ့ ကိုယ္က်င့္တရားပါပဲ။ သူတို႔ဟာ ေခတ္ေနာက္က်ေနတာ မဟုတ္ပါဘူး။

ဒါေပမယ့္ ေခတ္နဲ႔အတူ ပါလာတဲ့ ကိုယ္က်င့္သိကၡာ ပ်က္ယြင္းေစႏိုင္တဲ့ အရာေတြကို သူတို႔ ေကာင္းေကာင္း ေရွာင္တတ္ၾကပါတယ္။ သူတို႔ကို မေကာင္းျမင္တဲ့ သူေတြေတာင္ သူတုိ႔ရဲ႕ ကိုယ္က်င့္သိကၡာကို ျမင္သြားတဲ့အခါမွာ သူတို႔ကို ျပန္ေလးစားသြားၾကပါတယ္။

(၄) ထိန္းခ်ဳပ္ႏိုင္စြမ္းျမင့္မားတယ္

သူတို႔ေတြဟာ သူတို႔ရဲ႕ ခံစားခ်က္တိုင္းကို ေဖာ္ျပေနတတ္တဲ့သူေတြ မဟုတ္ပါဘူး။ မျဖစ္သင့္တဲ့အရာေတြအေပၚ ဘယ္ေလာက္ပဲ သူတို႔ ဆႏၵရွိရွိ သူတို႕ကိုသူတို႔ ထိန္းခ်ဳပ္ႏိုင္ၾကပါတယ္။

အထူးသျဖင့္ လူမႈေရးေဖာက္ျပန္တဲ့ကိစၥ၊ ကိုယ္က်င့္တရားပ်က္ယြင္းမယ့္ကိစၥ၊ ေဒါသ၊ ေလာဘဝ ေမာဟ ေတြနဲ႔ သူတို႔ေၾကာင့္ သူတစ္ပါးနာက်င္ေစမယ့္ ကိစၥေတြကို မလုပ္မိေအာင္ အရမ္း ထိန္းခ်ဳပ္ႏိုင္ၾကပါတယ္။ ဒီအခ်က္ကပဲ သူတို႔ကို မိန္းမေကာင္းမိန္းမျမတ္ စာရငး္ဝင္ေစတာ ျဖစ္ပါတယ္။

(၅) အေကာင္းျမင္စိတ္ရွိတယ္

ျမင့္ျမတ္တဲ့ႏွလံုးသားပိုင္ရွင္ မိန္းကေလးေတြဟာ အရာရာတိုင္းကို အေကာင္းျမင္စိတ္ရွိၾကပါတယ္။ ဘဝရဲ႕ အဆိုးဆံုး အေျခအေနကို ေရာက္ခဲ့ရင္ေတာင္ ၾကံဖန္ အေကာင္းျမင္တတ္သူေတြ ျဖစ္ၾကပါတယ္။

သူတို႔ကုိယ္တိုင္ ဒီလို အေကာင္းျမင္စိတ္ ရွိတဲ့အတြက္ အားနညး္ေနတဲ့ သူေတြကို အားေပးတဲ့ အခါမွာလည္း သူတို႔အတြက္တကယ္ကို အားျဖစ္ေစပါတယ္။ အေကာင္းျမင္စိတ္ရွိတဲ့ မိန္းကေလးတစ္ေယာက္ဟာ ျငိမ္းခ်မ္းျခင္းကို သယ္ေဆာင္လာတဲ့ ျမင့္ျမတ္ျပီး လွပတဲ့ ႏွလံုးသားပိုင္ရွင္ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:akswln
# Unicode Version # ျဖင့္ ဖတ္ပါ #

ပုံပြင်တွေ၊ ရာဇဝင်တွေထဲကလို မြင့်မြတ်ပြီးနှလုံးလှတဲ့ မိန်းကလေးတွေက အပြင်မှာ တကယ်ရှိကြပါတယ်။ ဒါပေမယ့် အနည်းငယ်ပါပဲ။ ရှားပါးတဲ့ တန်ဖိုးကြီးတွေလိုပဲပေါ့။ သင်ဟာ ဒီအချက်အားလုံးနဲ့ မကိုက်ညီရင်တောင် တော်တော်များများနဲ့ ကိုက်ညီနေတယ်ဆိုရင် မြင့်မြတ်ပြီးနှလုံးလှတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေလို့ပါ။

(၁) မနာလိုစိတ်မရှိဘူး

လူတော်တေ်ာများများဟာ ကိုယ့်ထက်သာရင် မနာလိုတတ်တဲ့ စိတ်ရှိကြပါတယ်။ မြင့်မြတ်တဲ့ မိန်းကလေးကတော့ သူတစ်ပါးကိုယ့်ထက်သာတာကို မြင်ရင် ရင်ထဲကနေ မုဒိတာပွားနေတတ်တဲ့ သူမျိုးတွေဖြစ်ပါတယ်။ သူတစ်ပါးရဲ့ ကောင်းကွက်ကို ချီးကျူးဖို့ ဘယ်တော့မှ ဝန်မလေးတတ်သလို သူတစ်ပါးက ကိုယ့်ထက်သာသွားမှာကိုလည်း ဘယ်တော့မှ မစိုးရိမ်ကြပါဘူး။

(၂) တာဝန်ယူစိတ်ရှိတယ်

မြင့်မြတ်ပြီး နှလုံးလှတဲ့ မိန်းကလေးတွေရဲ့ စိတ်ဓာတ်ဟာ သံမဏိလိုပဲ ခိုင်မာပါတယ်။ သူတို့ဟာ သူတို့လုပ်တဲ့ အရာတိုင်းအတွက် တာဝန်ယူစိတ် အပြည့်ရှိသူတွေ ဖြစ်ကြပါတယ်။ သူတို့တာဝန်ယူထားတဲ့ အရာတစ်ခု ဖြစ်မြောက်လာနိုင်အောင် အစွမ်းကုန်ကြိုစားကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ရင်တောင် အဲဒီ့အရာနဲ့ ပတ်သက်တဲ့ အဆိုးအကောင်းအားလုံးကို တာဝန်ယူဖို့ နောက်မတွန့်တတ်ကြပါဘူး။

(၃) ကိုယ်ကျင့်တရားကောင်းမွန်တယ်

ခေတ်ရေစီးကြောင်း ဘယ်လောက်ပြောင်းပြောင်း မပြောင်းလဲနိုင်တဲ့ အရာတစ်ခုက မြင့်မြတ်တဲ့နှလုံးသားရှိတဲ့ မိန်းကလေးတွေရဲ့ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားပါပဲ။ သူတို့ဟာ ခေတ်နောက်ကျနေတာ မဟုတ်ပါဘူး။

ဒါပေမယ့် ခေတ်နဲ့အတူ ပါလာတဲ့ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းစေနိုင်တဲ့ အရာတွေကို သူတို့ ကောင်းကောင်း ရှောင်တတ်ကြပါတယ်။ သူတို့ကို မကောင်းမြင်တဲ့ သူတွေတောင် သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာကို မြင်သွားတဲ့အခါမှာ သူတို့ကို ပြန်လေးစားသွားကြပါတယ်။

(၄) ထိန်းချုပ်နိုင်စွမ်းမြင့်မားတယ်

သူတို့တွေဟာ သူတို့ရဲ့ ခံစားချက်တိုင်းကို ဖော်ပြနေတတ်တဲ့သူတွေ မဟုတ်ပါဘူး။ မဖြစ်သင့်တဲ့အရာတွေအပေါ် ဘယ်လောက်ပဲ သူတို့ ဆန္ဒရှိရှိ သူတို့ကိုသူတို့ ထိန်းချုပ်နိုင်ကြပါတယ်။

အထူးသဖြင့် လူမှုရေးဖောက်ပြန်တဲ့ကိစ္စ၊ ကိုယ်ကျင့်တရားပျက်ယွင်းမယ့်ကိစ္စ၊ ဒေါသ၊ လောဘဝ မောဟ တွေနဲ့ သူတို့ကြောင့် သူတစ်ပါးနာကျင်စေမယ့် ကိစ္စတွေကို မလုပ်မိအောင် အရမ်း ထိန်းချုပ်နိုင်ကြပါတယ်။ ဒီအချက်ကပဲ သူတို့ကို မိန်းမကောင်းမိန်းမမြတ် စာရင်းဝင်စေတာ ဖြစ်ပါတယ်။

(၅) အကောင်းမြင်စိတ်ရှိတယ်

မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင် မိန်းကလေးတွေဟာ အရာရာတိုင်းကို အကောင်းမြင်စိတ်ရှိကြပါတယ်။ ဘဝရဲ့ အဆိုးဆုံး အခြေအနေကို ရောက်ခဲ့ရင်တောင် ကြံဖန် အကောင်းမြင်တတ်သူတွေ ဖြစ်ကြပါတယ်။

သူတို့ကိုယ်တိုင် ဒီလို အကောင်းမြင်စိတ် ရှိတဲ့အတွက် အားနည်းနေတဲ့ သူတွေကို အားပေးတဲ့ အခါမှာလည်း သူတို့အတွက်တကယ်ကို အားဖြစ်စေပါတယ်။ အကောင်းမြင်စိတ်ရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ငြိမ်းချမ်းခြင်းကို သယ်ဆောင်လာတဲ့ မြင့်မြတ်ပြီး လှပတဲ့ နှလုံးသားပိုင်ရှင်ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:akswln
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top