သုေတသနသမားေတြဟာ လူေတြရဲ႕အျပဳအမူ၊ အေနအထိုင္နဲ႔ စိတ္ေနသေဘာထားေတြကို အၿမဲလိုလို စစ္တမ္းေကာက္ယူၿပီး ဆန္းစစ္ ေလ့လာတတ္ၾကပါတယ္။ သူတို႔ေတြရဲ႕ ေလ့လာေတြ႕ရွိခ်က္တစ္ခုအရဆိုရင္ အမ်ိဳးသားထုရဲ႕တစ္ဝက္ေက်ာ္ေက်ာ္ဟာ အိမ္ေထာင္ဖက္ ဒါမွမဟုတ္ ရည္းစား၊ သူတို႔ရဲ႕လက္တြဲေဖာ္ေတြနဲ႔ အတူ အခ်ိန္ျဖဳန္းတာထက္စာရင္ သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ ပိုအခ်ိန္ျဖဳန္းခ်င္ၾကေၾကာင္း သိရပါတယ္။

အမ်ိဳးသားေပါင္း ၁၅၀၀ ကို ေလ့လာခဲ့ရာမွာ ၅၄ ရာခိုင္ႏႈန္းေလာက္က အိမ္ေထာင္ဘက္ ဒါမွမဟုတ္ ရည္းစားထက္ အေပါင္းအသင္း ေတြနဲ႔ အခ်ိန္ျဖဳန္းရတာကို ပိုသေဘာက်ေၾကာင္း သိရွိခဲ့ရတာပါ။ ပ်မ္းမွ်အေနနဲ႔ဆိုရင္ အမ်ိဳးသားတစ္ေယာက္ဟာ တစ္ပတ္မွာ အနည္းဆုံးသုံးႀကိမ္ေလာက္ ေတြ႕ဆုံေလ့ရွိတဲ့ သူငယ္ခ်င္း ၅ ေယာက္ ေလာက္ ရွိတတ္တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ဆိုရင္ အဲဒီထက္ ပိုမ်ားၿပီး ၂၇ ရာခိုင္ႏႈန္းေလာက္ အေပါင္းအသင္းေတြနဲ႔ မၾကာခဏေတြ႕ဆုံလိုတဲ့ ဆႏၵရွိၾကပါတယ္။

အမ်ိဳးသားတစ္ေယာက္နဲ႔ RS ရွိေနတဲ့ အမ်ိဳးသမီးေတြအတြက္ စိတ္ဓာတ္က်စရာကေတာ့ အမ်ိဳးသား ၃၈ ရာခိုင္ႏႈန္းေလာက္အတြက္ သူတို႔ကို စိတ္အေပ်ာ္႐ႊင္ဆုံးေစဆုံးသူဟာ သူတို႔ရဲ႕အေကာင္းဆုံးသူငယ္ခ်င္းသာ ျဖစ္ၿပီး ၂၀ ရာခိုင္ႏႈန္းေလာက္ကပဲ သူတို႔ရဲ႕အိမ္ေထာင္ဘက္ကို ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။ ပ်မ္မွ်အေနနဲ႔ဆိုရင္ အမ်ိဳးသားခ်င္းအေပါင္းအသင္းေတြဟာ ၁၉ ေလာက္အထိ ရင္းႏွီးမႈ တာရွည္တယ္လို႔ ဆိုပါတယ္။ အမ်ိဳးသား ၃၀ ရာခိုင္ႏႈန္းေလာက္ဟာ အခ်င္းခ်င္းထိုးႀကိတ္ခဲ့ၾကဖူးေပမဲ့ ေနာက္ပိုင္း ျပန္အဆင္ေျပသြားတတ္ၾကပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က သိပၸံနည္းက်ေလ့လာေတြ႕ရွိခ်က္တစ္ခုမွာလည္း ငယ္႐ြယ္တဲ့ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးတစ္ေယာက္နဲ႔ အခ်စ္ေရးထက္ bromance လို႔ေခၚတဲ့ ညီအစ္ကိုရင္းခ်ာလို အမ်ိဳးသားခ်င္းခင္မင္ ရင္းႏွီးမႈကို သေဘာက်ၾကတယ္လို႔ ေတြ႕ရွိခဲ့ပါတယ္။ အဲဒါေၾကာင့္လည္း အမ်ိဳးသားအေတာ္မ်ားမ်ားဟာ သူတို႔ကို အေပါင္းအသင္းကိစၥ ခ်ဳပ္ခ်ယ္တာမ်ိဳးကို သေဘာမေတြ႕ၾကပါဘူး။

သုေတသနသမားေတြရဲ႕ အဆိုအရ လူငယ္အမ်ိဳးသားေတြဟာ သူတို႔ရဲ႕သူငယ္ခ်င္း အေပါင္းအသင္းေတြနဲ႔ ဆိုရင္ စိတ္ထဲရွိသလို လြတ္လြတ္လပ္လပ္နဲ႔ အ႐ိုးသားဆုံး ေျပာဆိုဆက္ဆံႏိုင္ၾကပါတယ္။ ဒါေပမဲ့ သူတို႔ရဲ႕ လက္တြဲေဖာ္နဲ႔ဆိုရင္ေတာ့ အဲဒီလိုလြတ္လပ္မႈမ်ိဳး မရႏိုင္ဘဲ ဟန္ေဆာင္မႈေတြ ရွိတတ္ၾကပါတယ္။

အဲဒါေၾကာင့္လည္း အမ်ိဳးသားေတြဟာ သူတို႔ရဲ႕ လက္တြဲေဖာ္ (အိမ္ေထာင္ဘက္ ဒါမွမဟုတ္ ရည္းစား) နဲ႔ အတူ အခ်ိန္ကုန္ဆုံးရတာထက္ သူတို႔အေနနဲ႔ စိတ္ရင္းအတိုင္း လြတ္လြတ္လပ္လပ္ ေျပာဆိုဆက္ဆံႏိုင္တဲ့ သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ အခ်ိန္ျဖဳန္းရတာကို ပိုမိုလိုလားၾကတာလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #

သုတေသနသမားတွေဟာ လူတွေရဲ့အပြုအမူ၊ အနေအထိုင်နဲ့ စိတ်နေသဘောထားတွေကို အမြဲလိုလို စစ်တမ်းကောက်ယူပြီး ဆန်းစစ် လေ့လာတတ်ကြပါတယ်။ သူတို့တွေရဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရဆိုရင် အမျိုးသားထုရဲ့တစ်ဝက်ကျော်ကျော်ဟာ အိမ်ထောင်ဖက် ဒါမှမဟုတ် ရည်းစား၊ သူတို့ရဲ့လက်တွဲဖော်တွေနဲ့ အတူ အချိန်ဖြုန်းတာထက်စာရင် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပိုအချိန်ဖြုန်းချင်ကြကြောင်း သိရပါတယ်။

အမျိုးသားပေါင်း ၁၅၀၀ ကို လေ့လာခဲ့ရာမှာ ၅၄ ရာခိုင်နှုန်းလောက်က အိမ်ထောင်ဘက် ဒါမှမဟုတ် ရည်းစားထက် အပေါင်းအသင်း တွေနဲ့ အချိန်ဖြုန်းရတာကို ပိုသဘောကျကြောင်း သိရှိခဲ့ရတာပါ။ ပျမ်းမျှအနေနဲ့ဆိုရင် အမျိုးသားတစ်ယောက်ဟာ တစ်ပတ်မှာ အနည်းဆုံးသုံးကြိမ်လောက် တွေ့ဆုံလေ့ရှိတဲ့ သူငယ်ချင်း ၅ ယောက် လောက် ရှိတတ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တချို့ဆိုရင် အဲဒီထက် ပိုများပြီး ၂၇ ရာခိုင်နှုန်းလောက် အပေါင်းအသင်းတွေနဲ့ မကြာခဏတွေ့ဆုံလိုတဲ့ ဆန္ဒရှိကြပါတယ်။

အမျိုးသားတစ်ယောက်နဲ့ RS ရှိနေတဲ့ အမျိုးသမီးတွေအတွက် စိတ်ဓာတ်ကျစရာကတော့ အမျိုးသား ၃၈ ရာခိုင်နှုန်းလောက်အတွက် သူတို့ကို စိတ်အပျော်ရွှင်ဆုံးစေဆုံးသူဟာ သူတို့ရဲ့အကောင်းဆုံးသူငယ်ချင်းသာ ဖြစ်ပြီး ၂၀ ရာခိုင်နှုန်းလောက်ကပဲ သူတို့ရဲ့အိမ်ထောင်ဘက်ကို ရွေးချယ်ခဲ့ကြပါတယ်။ ပျမ်မျှအနေနဲ့ဆိုရင် အမျိုးသားချင်းအပေါင်းအသင်းတွေဟာ ၁၉ လောက်အထိ ရင်းနှီးမှု တာရှည်တယ်လို့ ဆိုပါတယ်။ အမျိုးသား ၃၀ ရာခိုင်နှုန်းလောက်ဟာ အချင်းချင်းထိုးကြိတ်ခဲ့ကြဖူးပေမဲ့ နောက်ပိုင်း ပြန်အဆင်ပြေသွားတတ်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သိပ္ပံနည်းကျလေ့လာတွေ့ရှိချက်တစ်ခုမှာလည်း ငယ်ရွယ်တဲ့ အမျိုးသားတွေဟာ အမျိုးသမီးတစ်ယောက်နဲ့ အချစ်ရေးထက် bromance လို့ခေါ်တဲ့ ညီအစ်ကိုရင်းချာလို အမျိုးသားချင်းခင်မင် ရင်းနှီးမှုကို သဘောကျကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒါကြောင့်လည်း အမျိုးသားအတော်များများဟာ သူတို့ကို အပေါင်းအသင်းကိစ္စ ချုပ်ချယ်တာမျိုးကို သဘောမတွေ့ကြပါဘူး။

သုတေသနသမားတွေရဲ့ အဆိုအရ လူငယ်အမျိုးသားတွေဟာ သူတို့ရဲ့သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဆိုရင် စိတ်ထဲရှိသလို လွတ်လွတ်လပ်လပ်နဲ့ အရိုးသားဆုံး ပြောဆိုဆက်ဆံနိုင်ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လက်တွဲဖော်နဲ့ဆိုရင်တော့ အဲဒီလိုလွတ်လပ်မှုမျိုး မရနိုင်ဘဲ ဟန်ဆောင်မှုတွေ ရှိတတ်ကြပါတယ်။

အဲဒါကြောင့်လည်း အမျိုးသားတွေဟာ သူတို့ရဲ့ လက်တွဲဖော် (အိမ်ထောင်ဘက် ဒါမှမဟုတ် ရည်းစား) နဲ့ အတူ အချိန်ကုန်ဆုံးရတာထက် သူတို့အနေနဲ့ စိတ်ရင်းအတိုင်း လွတ်လွတ်လပ်လပ် ပြောဆိုဆက်ဆံနိုင်တဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းရတာကို ပိုမိုလိုလားကြတာလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top