ဦးေအာင္ဟာ ဧည့္ခန္းထဲမွာ စာဖတ္ေနရင္း မိးဖုိေခ်ာင္ထဲမွာ သူ႔သားဟာ သူ႔မိန္းမကို ေအာ္ဟစ္ေျပာေနသံကို ၾကားလိုက္တယ္။ သူလည္း မၾကားသလို ေနျပီး စာကို ဆက္ဖတ္ေနတယ္။ ဒါေပမဲ သူ႔သားရဲ႕ ေအာ္ဟစ္သံဟာ တိုးမသြားဘဲ ပိုေတာင္ က်ယ္လာတယ္။ ဒါေၾကာင့္ ဦးေအာင္လည္း နားမခံနိုင္ေတာ့လို႔ သားကုိ ဧည့္ခန္းကို လာဖို႔ ေခၚလိုက္တယ္။ အနားေရာက္လာတဲ့သားကို ဦးေအာင္က ဘာျဖစ္လို႔ မိန္းမကို ဒီေလာက္ ေအာ္ၾကီးဟစ္က်ယ္ ေျပာေနရတာလဲလို႔ ေမးလိုက္တယ္။

သားက ခုလို ျပန္ေျဖတယ္။ “ဘာမွ မဟုတ္ပါဘူး အေဖရာ။ အေဖ့သမီးက ကၽြန္ေတာ္ေျပာတာကို နားမလည္လို႔ ကၽြန္ေတာ္လည္း စိတ္တိုျပီး ေအာ္ေျပာေနမိတာပါ”

“မင္းမိန္းမဟာ မင္းနဲ႔ ကပ္လ်က္မွာ ရွိေနတာပဲကြာ၊ ဒီေလာက္ ၇ အိမ္ၾကား ၈ အိမ္ၾကား ေအာ္ျပီး ေျပာေနဖို႔ လိုလို႔လားကြာ” “လိုတယ္ အေဖ။ အဲဒီလို အသံက်ယ္ၾကီး ေအာ္ေျပာမွ သူ ၾကားမွွာမို႔ပါ” “ဟင္ မင္းမိန္းမ ဘယ္အခ်ိန္က နားေလးသြားလို႔လဲ။ ငါလည္း မသိလိုက္ရပါလား” “ဟာဗ်ာ။ အေဖကလည္း ေနာက္ျပီ။ အေဖ့သမီး နားမေလးပါဘူး။ သူ႔ကို ကၽြန္ေတာ္ေျပာတာ နားလည္ေစခ်င္လို႔ ကၽြန္ေတာ္ ေအာ္ေျပာေနတာပါ”

“အနားမွာ ရွိေနတဲ့ မိန္းမကို နားလည္ေစခ်င္လို႔ ေအာ္ေျပာရတာပါဆိုတဲ့ မင္းရဲ႕ အေၾကာင္းျပခ်က္ဟာ အဓိပၸာယ္ မရွိပါဘူးကြာ။ မင္း ေအာ္ေျပာရတဲ့ အေၾကာင္းရင္းက တျခားအေၾကာင္းေၾကာင့္ပါ” “ဘယ္လို အေၾကာင္းလဲ အေဖ”

“ဒီလိုကြ။ မင္းတုိ႔နွစ္ေယာက္ဟာ ခႏၶာကိုယ္ခ်င္း နီးနီးကပ္ကပ္ ရွိေနၾကေပမယ့္ နွလံုးသားခ်င္း ေ၀းေနၾကလို႔ပါ။ ဒါေၾကာင့္ မင္းဟာ မိန္းမကို ေ၀းေနတယ္ထင္ျပီး ေအာ္ေျပာေနတာပါ။ အဲဒီလို ျဖစ္ရတာကလည္း မင္းတို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်စ္ေတြ ေလ်ာ့လာၾကလို႔ပဲ” “ဒါဆိုရင္ ကၽြန္ေတာ္တို႔ နွစ္ေယာက္ဟာ အခ်စ္ေတြ မေလ်ာ့ဘဲ အရင္လို သိပ္ခ်စ္ေနၾကရင္ ေအာ္မေျပာေတာ့ဘူးလား အေဖ”

“ဟုတ္တာေပါ့ကြာ။ လူနွစ္ေယာက္ဟာ သိပ္ခ်စ္ေနၾကရင္ သူတို႔နွလံုးသားခ်င္း နီးကပ္ေနၾကတယ္။ ဒါေၾကာင့္ စကားကို ညင္ညင္သာသာနဲ႔ တိုးတိုးေလး ေျပာရင္ေတာင္ တစ္ေယာက္စကား တစ္ေယာက္ၾကားတယ္။ ကုန္ကုန္ေျပာမယ္ကြာ၊ မင္းတို႔ စကားမေျပာဘဲ တိတ္တိတ္ေလးေနၾကရင္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္ေနၾကတယ္။ အဲဒီလို တိတ္ဆိတ္ေနတာကို အခ်စ္ဘာသာစကားလို႔ ေခၚတယ္။ ငါ ေျပာတာ နားလည္ရဲ႕လား”

“ဟုတ္ကဲ့၊ ကၽြန္ေတာ္နားလည္ပါျပီ။ ကၽြန္ေတာ့္မိန္းမကို ကၽြန္ေတာ္သိပ္ခ်စ္ပါတယ္။ နွလံုးသားခ်င္း ေ၀းမသြားေအာင္ ကၽြန္ေတာ္ ေနာက္ဆိုရင္ သူ႔ကို ဘယ္ေတာ့မွ စကားကို ေအာ္ျပီး မေျပာေတာ့ပါဘူး အေဖ”

လင္မယားနွစ္ေယာက္ သို႔မဟုတ္ ခ်စ္သူနွစ္ေယာက္တို႔ကို သိေစခ်င္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ စကားကို ေအာ္ၾကီးဟစ္က်ယ္ ေျပာေနၾကျပီဆိုရင္ နွလံုးသားခ်င္း ေ၀းေနၾကျပီဆိုတာကို သတိျပဳမိၾကပါ။ ဒါဆိုရင္ အခ်စ္ဘာသာစကားနဲ႔ နွလံုးသားခ်င္း နီးစပ္ေအာင္ အျမန္ဆံုး လုပ္လိုက္ပါေတာ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗန္းေမာ္သိန္းေဖ
# Unicode Version # ျဖင့္ ဖတ္ပါ #

ဦးအောင်ဟာ ဧည့်ခန်းထဲမှာ စာဖတ်နေရင်း မိးဖိုချောင်ထဲမှာ သူ့သားဟာ သူ့မိန်းမကို အော်ဟစ်ပြောနေသံကို ကြားလိုက်တယ်။ သူလည်း မကြားသလို နေပြီး စာကို ဆက်ဖတ်နေတယ်။ ဒါပေမဲ သူ့သားရဲ့ အော်ဟစ်သံဟာ တိုးမသွားဘဲ ပိုတောင် ကျယ်လာတယ်။ ဒါကြောင့် ဦးအောင်လည်း နားမခံနိုင်တော့လို့ သားကို ဧည့်ခန်းကို လာဖို့ ခေါ်လိုက်တယ်။ အနားရောက်လာတဲ့သားကို ဦးအောင်က ဘာဖြစ်လို့ မိန်းမကို ဒီလောက် အော်ကြီးဟစ်ကျယ် ပြောနေရတာလဲလို့ မေးလိုက်တယ်။

သားက ခုလို ပြန်ဖြေတယ်။ “ဘာမှ မဟုတ်ပါဘူး အဖေရာ။ အဖေ့သမီးက ကျွန်တော်ပြောတာကို နားမလည်လို့ ကျွန်တော်လည်း စိတ်တိုပြီး အော်ပြောနေမိတာပါ”

“မင်းမိန်းမဟာ မင်းနဲ့ ကပ်လျက်မှာ ရှိနေတာပဲကွာ၊ ဒီလောက် ၇ အိမ်ကြား ၈ အိမ်ကြား အော်ပြီး ပြောနေဖို့ လိုလို့လားကွာ” “လိုတယ် အဖေ။ အဲဒီလို အသံကျယ်ကြီး အော်ပြောမှ သူ ကြားမှာမို့ပါ” “ဟင် မင်းမိန်းမ ဘယ်အချိန်က နားလေးသွားလို့လဲ။ ငါလည်း မသိလိုက်ရပါလား” “ဟာဗျာ။ အဖေကလည်း နောက်ပြီ။ အဖေ့သမီး နားမလေးပါဘူး။ သူ့ကို ကျွန်တော်ပြောတာ နားလည်စေချင်လို့ ကျွန်တော် အော်ပြောနေတာပါ”

“အနားမှာ ရှိနေတဲ့ မိန်းမကို နားလည်စေချင်လို့ အော်ပြောရတာပါဆိုတဲ့ မင်းရဲ့ အကြောင်းပြချက်ဟာ အဓိပ္ပာယ် မရှိပါဘူးကွာ။ မင်း အော်ပြောရတဲ့ အကြောင်းရင်းက တခြားအကြောင်းကြောင့်ပါ” “ဘယ်လို အကြောင်းလဲ အဖေ”

“ဒီလိုကွ။ မင်းတို့နှစ်ယောက်ဟာ ခန္ဓာကိုယ်ချင်း နီးနီးကပ်ကပ် ရှိနေကြပေမယ့် နှလုံးသားချင်း ဝေးနေကြလို့ပါ။ ဒါကြောင့် မင်းဟာ မိန်းမကို ဝေးနေတယ်ထင်ပြီး အော်ပြောနေတာပါ။ အဲဒီလို ဖြစ်ရတာကလည်း မင်းတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေ လျော့လာကြလို့ပဲ” “ဒါဆိုရင် ကျွန်တော်တို့ နှစ်ယောက်ဟာ အချစ်တွေ မလျော့ဘဲ အရင်လို သိပ်ချစ်နေကြရင် အော်မပြောတော့ဘူးလား အဖေ”

“ဟုတ်တာပေါ့ကွာ။ လူနှစ်ယောက်ဟာ သိပ်ချစ်နေကြရင် သူတို့နှလုံးသားချင်း နီးကပ်နေကြတယ်။ ဒါကြောင့် စကားကို ညင်ညင်သာသာနဲ့ တိုးတိုးလေး ပြောရင်တောင် တစ်ယောက်စကား တစ်ယောက်ကြားတယ်။ ကုန်ကုန်ပြောမယ်ကွာ၊ မင်းတို့ စကားမပြောဘဲ တိတ်တိတ်လေးနေကြရင်လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်နေကြတယ်။ အဲဒီလို တိတ်ဆိတ်နေတာကို အချစ်ဘာသာစကားလို့ ခေါ်တယ်။ ငါ ပြောတာ နားလည်ရဲ့လား”

“ဟုတ်ကဲ့၊ ကျွန်တော်နားလည်ပါပြီ။ ကျွန်တော့်မိန်းမကို ကျွန်တော်သိပ်ချစ်ပါတယ်။ နှလုံးသားချင်း ဝေးမသွားအောင် ကျွန်တော် နောက်ဆိုရင် သူ့ကို ဘယ်တော့မှ စကားကို အော်ပြီး မပြောတော့ပါဘူး အဖေ”

လင်မယားနှစ်ယောက် သို့မဟုတ် ချစ်သူနှစ်ယောက်တို့ကို သိစေချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားကို အော်ကြီးဟစ်ကျယ် ပြောနေကြပြီဆိုရင် နှလုံးသားချင်း ဝေးနေကြပြီဆိုတာကို သတိပြုမိကြပါ။ ဒါဆိုရင် အချစ်ဘာသာစကားနဲ့ နှလုံးသားချင်း နီးစပ်အောင် အမြန်ဆုံး လုပ်လိုက်ပါတော့။

ဖိုးသူတော် (www.phothutaw.com)
Credit:ဗန်းမော်သိန်းဖေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top