ဝိပႆနာတရား အားထုတ္မႈ နဲ ့ပါတ္သက္ၿပီး ရႈမွတ္ပံု အမ်ိဳးမ်ိဳး နဲ ့တရားအားထုတ္မႈနဲ ့ဆိုင္တဲ့ ဓမၼစာေပေတြကို ခုမ်က္ေမွာက္ ေခတ္ကာလမွာေတာ့ စာအုပ္ေတြမွာထက္ အင္တာနက္ စာမ်က္ႏွာေတြမွာ ပိုၿပီးအေတြ ့မ်ားၾကမယ္လို ့ထင္ပါတယ္။

အဲဒီလို တရားအားထုတ္ျခင္း တာ နဲ ့ပတ္သက္တဲ့ တရားဓမၼစာမ်က္ႏွာေတြကို ေလ့လာ ဖတ္ရႈဖူးၾကတဲ့ အေပၚမူတည္ၿပီး...အသက္ႀကီးငယ္၊ အရြယ္ငယ္လတ္ အရြယ္ သံုးပါး မေရြး၊ တရားအားထုတ္တာကို စိတ္ဝင္စားမႈေတြ ရွိလာၾကေသာ္လည္းပဲ၊ ငယ္ရြယ္သူေတြကလည္း ပညာေရးက တစ္ဖက္ နဲ ့အားလပ္မႈမရွိၾကသလို၊ တစ္ခ်ိဳ ့ဆိုရင္လည္း ပညာရွာရတာကတစ္ဖက္ ၊ ခ်ိဳ ့တဲ့ တဲ့ မိသားစု စီးပြားေရးအၾကပ္တည္းေၾကာင့္ ပညာသင္ရင္း အလုပ္လုပ္ၾကရတဲ့အတြက္ေၾကာင့္ ပို၍ပင္ အားလပ္မႈေတြ နဲ ့ေဝးကြာေနၾကရ တဲ့အတြက္ ဘာသာေရးအားထုတ္မႈထက္ စားဝတ္ေနေရးက ပိုၿပီးအဓိကက်တဲ့ အူမေတာင့္မွ သီလေစာင့္ရသလို ျဖစ္ေနၾကပါတယ္။

လူလတ္ပိုင္း အိမ္ေထာင္သည္ေတြ က်ျပန္ေတာ့လည္း စီးပြားေရး လူမႈေရး အိမ္မႈကိစၥအဝဝ ေတြ နဲ ့ေၾကာင့္ မအားလပ္ၾကရတဲ့အေၾကာင္းအမ်ိဳးမ်ိဳးေတြေၾကာင့္ တရားအားမထုတ္ျဖစ္တဲ့သူေတြသာ မ်ားလွပါတယ္။

ဒီလို နဲ ့အသက္ကေလးရျပန္ေတာ့လည္း....
ေျမး သံေယာဇဥ္၊ အဆင္မေျပေသးတဲ့ ၊စိတ္မခ်ရေသးတဲ့ ၊ သားသမီးေတြအတြက္ ပူပန္မႈ ေတြ အျပင္၊ မိမိဖက္က်ျပန္ေတာ့ လည္း က်န္းမာေရးက ခ်ိဳ ုယြင္းစျပဳလာေတာ့ ခႏၶာကိုယ္ ကို အသံုးခ်ၿပီး က်င့္ၾကံရမဲ့ ဒီတရားရရွိဖို ့အတြက္၊ အသံုးမခ်ရေသးတဲ့ ဒီခႏၶာကိုယ္ကို သက္သာလာေအာင္ တစ္ခါ ေဆးဝါးနဲ ့ကုသ ျပဳျပင္ေနရလို ့၊ တရားအားထုတ္ခ်င္တဲ့ စိတ္ကရွိေပမဲ့ ခႏၶာက မလိုက္ႏိုင္တဲ့အတြက္ စိတ္သြားတိုင္း ကိုယ္မပါျဖစ္ၾကရပါေတာ့တယ္။

ဝိပႆနာအားထုတ္တာဟာ နိဗၺာန္ကို မ်က္ေမွာက္ျပဳႏိုင္ဖို ့အတြက္ ခဏေဘးဖယ္ထားၿပီး..
အရင္ဆံုး အပါယ္ေလးပါးက လြတ္ဖို ့ျဖစ္တဲ့ ေသာတာပန္ျဖစ္ဖို ့က အဓိကက်တယ္ဆိုေပမယ့္..
တရားအားထုတ္တယ္ဆိုတာ...
ေသတတ္ေအာင္၊ ဘယ္လိုေသရမယ္ဆိုတာ ေလ့က်င့္ယူရတဲ့ " ေသနည္း " ေလ့က်င့္ခန္း တစ္ခုလိုပါပဲ။

" ေသနည္း " လို ့ဆိုလိုက္တဲ့အတြက္ေၾကာင့္ ပုထုဇဥ္တို ့ေတြက " ေသ " ဆိုတဲ့ စကားလံုးကို ၾကားလိုက္တာနဲ႔ နမိတ္မရွိဘူး လို ့အမ်ားအားျဖင့္ မွတ္ယူၾကပါတယ္။
ဘာေၾကာင့္လဲ ဆိုေတာ့ ပုထုဇဥ္ တို ့က ေသမွာကို ေၾကာက္တဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။

အရိယာပုဂၢိဳလ္ တို ့က်ေတာ့ နည္းမွန္လမ္းမွန္ေတြနဲ ့က်င့္ယူရရွိထားတဲ့ အသိဉာဏ္ေတြေၾကာင့္ ဒီ ေသျခင္းဆိုတဲ့ သေဘာကို နက္နက္ရိႈင္းရိႈင္း သေဘာေပါက္ထားၿပီးသားျဖစ္တဲ့အတြက္ ဒီေသျခင္း နဲ ့ၾကံဳေတြ ့လာရတဲ့အခါမွာ ဘယ္လိုရင္ဆိုင္ရမယ္ဆိုတာ အဆင္သင့္ျဖစ္ေနၾကတဲ့ သူေတြပဲျဖစ္ၾကပါတယ္။သတၱဝါ မွန္သမွ်ဟာ ေသပါတယ္။

စာလိုေျပာေတာ့..
႐ုပ္နာမ္ျဖစ္သမွ် အို၊နာ၊ေသ လြတ္တဲ့လူ တစ္ဦးတစ္ေယာက္မွမရွိပါဘူး။
ဒါ့ေၾကာင့္ ဘယ္သူမဆို တစ္ေန႔က် မုခ်ေသျခာေပါက္ ေသရမွာပါပဲ။
ေလာကမွာ အေနတတ္ဖို ့ထက္၊ အေသတတ္ဖို ့က အေရးႀကီးပါတယ္။

 ေသျခင္း တရားဟာ အသက္အရြယ္ ၾကီးၾကီးငယ္ငယ္ ဘယ္သူမဆို ရင္ဆိုင္ၾကရမွာ ျဖစ္တဲ့အတြက္ တရားအားထုတ္တဲ့နည္း၊ ေသမဲ့နည္း ကို မတတ္ထားခဲ့ဘူးဆိုရင္ ေသခါနီးမွာ မေကာင္းတဲ့ လားရာ ဂတိနိမိတ္ေတြေပၚျပီး ဆင္းရဲရတဲ့ အပါယ္ေလးဘံု ကို သြားဖို ့အတြက္ လမ္းက အလိုလိုပြင့္ေနပါတယ္လို ့ဆိုလိုရျခင္းျဖစ္ပါတယ္။

ဒါေၾကာင့္...
ေသနည္း တတ္ေအာင္ႀကိဳတင္ ျပင္ဆင္ထားၾကဖုိ႔ လိုပါလိမ့္မယ္။ ကုသုိလ္ေကာင္းမႈေတြ ဘယ္ေလာက္ပဲ မ်ားမ်ားလုပ္ထားလုပ္ထား၊ေသခါနီး စိတ္ မထားတတ္ လို႔ ဘဝကူး မေကာင္းသူေတြ၊ ေသပုံေသနည္း မတတ္လို႔ ပုထုဇဥ္တို ့ဟာ ေသၿပီဆိုရင္ ၿပိတၱာျဖစ္၊ တိရစာၦန္ျဖစ္ ၊ ငရဲက်သူေတြ စတဲ့ အပါယ္ေလးဘံုကို ေရာက္တဲ့သူသာ အမ်ားအျပား ရွိၾကတယ္လို ့ျမတ္စြာဘုရားရွင္ကိုယ္တိုင္ ေဟာၾကားေတာ္မူခဲ့ပါတယ္။

ေရနစ္ေနတဲ႔ သူဟာ အားကုိးတၾကီး နဲ ့မိရာ ေတြ႕ရာ ဆြဲယူတတ္သလိုပဲ ေသခါနီးစိတ္ဟာ စြဲမိစြဲရာ စြဲတတ္ၾကပါတယ္။ေသခါနီး ကာလ ဆုိတာ ကုိယ္အား၊ ႏႈတ္အားေတြ ေလ်ာ႔ပါး ေနတဲ့အတြက္ ကာယကံမႈ ၊ ဝစီကံမႈ ထက္ မေနာကံ ျဖစ္တဲ့ စိတ္ ကုိသာ အမ်ားဆုံး လုပ္နုိင္ခြင္႔ ရွိေတာ့တာကုိ သတိ ျပဳရမွာျဖစ္ပါတယ္။

မေနာကံ အလုပ္ျဖစ္တဲ့ စိတ္ထဲက နွလုံးသြင္း ဆင္ျခင္မႈ ကုိသာပဲ အမ်ားဆုံး အားထား မွီခုိရပါလိမ္႔မယ္။ ေသခါနီး ဆုိတာ မ်ားမ်ား မလုပ္နုိင္ေတာ့ပါဘူး။ ဒါေပမဲ့ လုပ္ႏိုင္သေလာက္ကေလး လုပ္ရတဲ့အတြက္ တိတိက်က် နဲ ့မိမိရရ ရွိဖုိ႔ အေရးၾကီးပါေပတယ္။

ဒီဘဝမွာ မေသခင္ကတည္းက ဘယ္ အရာကုိ ဘယ္တရားကုိ အာရုံျပဳျပီး ပုိင္ပုိင္နုိင္နုိင္ၾကီး ဆြဲကုိင္ျပီး ဘယ္လို ဘဝ ကူးမယ္ ဆုိတဲ႔ အခ်က္ကုိ ၾကဳိတင္ေရြးခ်ယ္ သတ္မွတ္ ထားႏိုင္ရင္ေတာ့ အေကာင္းဆံုးပါပဲ။

ဘယ္အသက္ အရြယ္မွာ ၊ ဘာအနာေရာဂါ နဲ ့ဘယ္ေန႔ ဘယ္အခ်ိန္ ၊ ဘယ္ေနရာမွာ ေသရမယ္ဆုိတာ ဘယ္သူမွ ၾကဳိတင္ မသိနုိင္တဲ႔ အတြက္ "ေသနည္း "ကုိ ၾကဳိတင္ ေလ႔က်င့္ထားဖုိ႔ လိုအပ္ပါတယ္။

" ေတာင္ပုလုဆရာေတာ္ဘုရားႀကီး " ရဲ ့ " ေသခါနီးမွ တရားအားထုတ္ရင္" ဆိုတဲ့တရားေတာ္ထဲက ၾသဝါဒ ဥပမာတစ္ခုကို မွ်ေဝေပးပါရေစ...
ဆရာေတာ္ႀကီး က ခုလို သူ႔ရဲ ့ဒကာရင္းတစ္ေယာက္ကို " ဝိပႆနာ" အားထုတ္ဖို ့တိုက္တြန္းေတာ့..
ဒကာရင္း ျဖစ္တဲ့သူက ..မအားတာ ကိုအေၾကာင္းျပၿပီး အခ်ိန္ကို ေစ်းဆစ္ပါတယ္။

" ဆရာေတာ္ရဲ႕တရားေတြကလည္း ေကာင္းပါတယ္ဘုရား...
ခေလးေတြ လည္း အရြယ္ေရာက္ၿပီး သူ႕ဟာနဲ႔သူ အဆင္ေျပေျပ နဲ႔ ေနႏိုင္ၾကေတာ့ မွပဲ.. တပည့္ေတာ္..အားမယ္ ထင္ပါတယ္ ဘုရား ...
တကယ္လို႔ ေသခါနီးမွ တရားအားထုတ္ရင္ မရဘူးလား ဘုရား ” လို႔ ေမးေတာ့ ...

ဆရာေတာ္က....
🔺 " ေအးကြာ ....မင္းမွာ မအားဘူးဆိုေတာ့လည္း .. ဒါက မင္းသေဘာပါပဲ"
"အားထုတ္လို႔ ...မရဘူးလို႔ေတာ့ မေျပာပါဘူး။
ငါေျပာတဲ့ ဥပမာေလးကို နားေထာင္လိုက္အံုး ”...တဲ့။

🔺"မင္းတို႔အိမ္မွာ မိသားစု ေနၾကတယ္ေနာ္”
"တင္ပါ့ဘုရား.. မိသားစုေနၾကပါတယ္”

🔺" မနက္စာ ထမင္းကို ဘယ္အခ်ိန္စားၾကသလဲ "
"၁၂ နာရီ ေလာက္မွာ မိသားစုအားလံုး စုၿပီးစားၾကပါတယ္ ...ဘုရား"

🔺"ဒါဆိုရင္ ၁၂ နာရီ မထိုးခင္ အခ်ိန္ေလးမွာ ကပ္ၿပီး ထမင္းခ်က္စားၾကတာလား "
" မဟုတ္ပါဘူး ဘုရား ... တပည့္ေတာ္ရဲ ့ အိမ္ရွင္မက မနက္ မိုးလင္းတာ နဲ႔ စားေသာက္ဖို႔အတြက္ မီးဖိုနားမွာ ေခၽြးတစ္လံုးလံုးနဲ႔ ခ်က္ျပဳတ္ေနရပါတယ္ ဘုရား "
တစ္ခါတစ္ေလ..စားခါနီးေတာင္ ခ်က္ျပဳတ္မၿပီးေသးပါ ဘုရား"

🔺 " ဒါဆိုရင္..စားခါနီးမွ ခ်က္ျပဳတ္စားလို႔ေတာ့ မရႏိုင္ဘူးလား"
" စားဖို ့အခ်ိန္မမီတဲ့အျပင္.. ထမင္း၊ ဟင္းေတြကလည္း မႏူးမနပ္ ျဖစ္မွာပါ ဘုရား ”

🔺" အဲဒီအတိုင္းပါပဲ.. တရားဓမၼ ကို ေသခါနီးမွ ကပ္လုပ္ရင္ မႏူးမနပ္ဘူးေပါ့..
တရားဓမၼ ဆိုတာအခ်ိန္ရွိတုန္းက ေလ့က်င့္ယူရတယ္၊ ႏူးနပ္ေအာင္ က်င့္ႀကံအားထုတ္ရတယ္ ကြဲ႕ ”.....
ဆိုတဲ့ ဆရာေတာ္ႀကီးရဲ႕ ၾသဝါဒ ဆံုးမစကား ဥပမာ ပဲျဖစ္ပါတယ္။
အက်ဥ္းခ်ံဳးရရင္ေတာ့...

အသက္ႀကီးငယ္၊ အရြယ္ငယ္လတ္မေရြး၊ အရင္တံုးက တရားအားမထုတ္ျဖစ္ခဲ့ေသးရင္ေတာင္မွ ...
တရားအားမထုတ္ျဖစ္ခဲ့တာကို ေနာင္တ ျဖစ္မေနပဲနဲ ့ က်န္ရွိေနေသးတဲ့ အခ်ိန္ကေလးဟာ ဓမၼမိတ္ေဆြတို ့အတြက္" ေသနည္း" ေလ့က်င့္ဖို ့အခ်ိန္ေကာင္းျဖစ္တာမို ့အဲဒီအခ်ိန္ေလးကို အက်ိဳးရွိေအာင္ "တရားအားထုတ္ရင္း " တစ္ဆင့္ထက္တစ္ဆင့္၊ ျမင့္ျမတ္သထက္ ျမင့္ျမတ္ေအာင္ ဝိပႆနာ ဘာဝနာေတြ က်င့္ႀကံအားထုတ္ႏိုင္ၾကပါေစလို ့ဆႏၵျပဳရင္း ဒီစာစုနဲ ့ဓမၼဒါနျပဳလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ခႏၶာ-၅ပါးတစ္ဦး
# Unicode Version # ျဖင့္ ဖတ္ပါ #

ဝိပဿနာတရား အားထုတ်မှု နဲ့ပါတ်သက်ပြီး ရှုမှတ်ပုံ အမျိုးမျိုး နဲ့တရားအားထုတ်မှုနဲ့ဆိုင်တဲ့ ဓမ္မစာပေတွေကို ခုမျက်မှောက် ခေတ်ကာလမှာတော့ စာအုပ်တွေမှာထက် အင်တာနက် စာမျက်နှာတွေမှာ ပိုပြီးအတွေ့များကြမယ်လို့ထင်ပါတယ်။

အဲဒီလို တရားအားထုတ်ခြင်း တာ နဲ့ပတ်သက်တဲ့ တရားဓမ္မစာမျက်နှာတွေကို လေ့လာ ဖတ်ရှုဖူးကြတဲ့ အပေါ်မူတည်ပြီး...အသက်ကြီးငယ်၊ အရွယ်ငယ်လတ် အရွယ် သုံးပါး မရွေး၊ တရားအားထုတ်တာကို စိတ်ဝင်စားမှုတွေ ရှိလာကြသော်လည်းပဲ၊ ငယ်ရွယ်သူတွေကလည်း ပညာရေးက တစ်ဖက် နဲ့အားလပ်မှုမရှိကြသလို၊ တစ်ချို့ဆိုရင်လည်း ပညာရှာရတာကတစ်ဖက် ၊ ချို့တဲ့ တဲ့ မိသားစု စီးပွားရေးအကြပ်တည်းကြောင့် ပညာသင်ရင်း အလုပ်လုပ်ကြရတဲ့အတွက်ကြောင့် ပို၍ပင် အားလပ်မှုတွေ နဲ့ဝေးကွာနေကြရ တဲ့အတွက် ဘာသာရေးအားထုတ်မှုထက် စားဝတ်နေရေးက ပိုပြီးအဓိကကျတဲ့ အူမတောင့်မှ သီလစောင့်ရသလို ဖြစ်နေကြပါတယ်။

လူလတ်ပိုင်း အိမ်ထောင်သည်တွေ ကျပြန်တော့လည်း စီးပွားရေး လူမှုရေး အိမ်မှုကိစ္စအဝဝ တွေ နဲ့ကြောင့် မအားလပ်ကြရတဲ့အကြောင်းအမျိုးမျိုးတွေကြောင့် တရားအားမထုတ်ဖြစ်တဲ့သူတွေသာ များလှပါတယ်။

ဒီလို နဲ့အသက်ကလေးရပြန်တော့လည်း....
မြေး သံယောဇဉ်၊ အဆင်မပြေသေးတဲ့ ၊စိတ်မချရသေးတဲ့ ၊ သားသမီးတွေအတွက် ပူပန်မှု တွေ အပြင်၊ မိမိဖက်ကျပြန်တော့ လည်း ကျန်းမာရေးက ချို ုယွင်းစပြုလာတော့ ခန္ဓာကိုယ် ကို အသုံးချပြီး ကျင့်ကြံရမဲ့ ဒီတရားရရှိဖို့အတွက်၊ အသုံးမချရသေးတဲ့ ဒီခန္ဓာကိုယ်ကို သက်သာလာအောင် တစ်ခါ ဆေးဝါးနဲ့ကုသ ပြုပြင်နေရလို့၊ တရားအားထုတ်ချင်တဲ့ စိတ်ကရှိပေမဲ့ ခန္ဓာက မလိုက်နိုင်တဲ့အတွက် စိတ်သွားတိုင်း ကိုယ်မပါဖြစ်ကြရပါတော့တယ်။

ဝိပဿနာအားထုတ်တာဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့အတွက် ခဏဘေးဖယ်ထားပြီး..
အရင်ဆုံး အပါယ်လေးပါးက လွတ်ဖို့ဖြစ်တဲ့ သောတာပန်ဖြစ်ဖို့က အဓိကကျတယ်ဆိုပေမယ့်..
တရားအားထုတ်တယ်ဆိုတာ...
သေတတ်အောင်၊ ဘယ်လိုသေရမယ်ဆိုတာ လေ့ကျင့်ယူရတဲ့ " သေနည်း " လေ့ကျင့်ခန်း တစ်ခုလိုပါပဲ။

" သေနည်း " လို့ဆိုလိုက်တဲ့အတွက်ကြောင့် ပုထုဇဉ်တို့တွေက " သေ " ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ နမိတ်မရှိဘူး လို့အများအားဖြင့် မှတ်ယူကြပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ပုထုဇဉ် တို့က သေမှာကို ကြောက်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

အရိယာပုဂ္ဂိုလ် တို့ကျတော့ နည်းမှန်လမ်းမှန်တွေနဲ့ကျင့်ယူရရှိထားတဲ့ အသိဉာဏ်တွေကြောင့် ဒီ သေခြင်းဆိုတဲ့ သဘောကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်ထားပြီးသားဖြစ်တဲ့အတွက် ဒီသေခြင်း နဲ့ကြုံတွေ့လာရတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ အဆင်သင့်ဖြစ်နေကြတဲ့ သူတွေပဲဖြစ်ကြပါတယ်။သတ္တဝါ မှန်သမျှဟာ သေပါတယ်။

စာလိုပြောတော့..
ရုပ်နာမ်ဖြစ်သမျှ အို၊နာ၊သေ လွတ်တဲ့လူ တစ်ဦးတစ်ယောက်မှမရှိပါဘူး။
ဒါ့ကြောင့် ဘယ်သူမဆို တစ်နေ့ကျ မုချသေခြာပေါက် သေရမှာပါပဲ။
လောကမှာ အနေတတ်ဖို့ထက်၊ အသေတတ်ဖို့က အရေးကြီးပါတယ်။

 သေခြင်း တရားဟာ အသက်အရွယ် ကြီးကြီးငယ်ငယ် ဘယ်သူမဆို ရင်ဆိုင်ကြရမှာ ဖြစ်တဲ့အတွက် တရားအားထုတ်တဲ့နည်း၊ သေမဲ့နည်း ကို မတတ်ထားခဲ့ဘူးဆိုရင် သေခါနီးမှာ မကောင်းတဲ့ လားရာ ဂတိနိမိတ်တွေပေါ်ပြီး ဆင်းရဲရတဲ့ အပါယ်လေးဘုံ ကို သွားဖို့အတွက် လမ်းက အလိုလိုပွင့်နေပါတယ်လို့ဆိုလိုရခြင်းဖြစ်ပါတယ်။

ဒါကြောင့်...
သေနည်း တတ်အောင်ကြိုတင် ပြင်ဆင်ထားကြဖို့ လိုပါလိမ့်မယ်။ ကုသိုလ်ကောင်းမှုတွေ ဘယ်လောက်ပဲ များများလုပ်ထားလုပ်ထား၊သေခါနီး စိတ် မထားတတ် လို့ ဘဝကူး မကောင်းသူတွေ၊ သေပုံသေနည်း မတတ်လို့ ပုထုဇဉ်တို့ဟာ သေပြီဆိုရင် ပြိတ္တာဖြစ်၊ တိရစ္ဆာန်ဖြစ် ၊ ငရဲကျသူတွေ စတဲ့ အပါယ်လေးဘုံကို ရောက်တဲ့သူသာ အများအပြား ရှိကြတယ်လို့မြတ်စွာဘုရားရှင်ကိုယ်တိုင် ဟောကြားတော်မူခဲ့ပါတယ်။

ရေနစ်နေတဲ့ သူဟာ အားကိုးတကြီး နဲ့မိရာ တွေ့ရာ ဆွဲယူတတ်သလိုပဲ သေခါနီးစိတ်ဟာ စွဲမိစွဲရာ စွဲတတ်ကြပါတယ်။သေခါနီး ကာလ ဆိုတာ ကိုယ်အား၊ နှုတ်အားတွေ လျော့ပါး နေတဲ့အတွက် ကာယကံမှု ၊ ဝစီကံမှု ထက် မနောကံ ဖြစ်တဲ့ စိတ် ကိုသာ အများဆုံး လုပ်နိုင်ခွင့် ရှိတော့တာကို သတိ ပြုရမှာဖြစ်ပါတယ်။

မနောကံ အလုပ်ဖြစ်တဲ့ စိတ်ထဲက နှလုံးသွင်း ဆင်ခြင်မှု ကိုသာပဲ အများဆုံး အားထား မှီခိုရပါလိမ့်မယ်။ သေခါနီး ဆိုတာ များများ မလုပ်နိုင်တော့ပါဘူး။ ဒါပေမဲ့ လုပ်နိုင်သလောက်ကလေး လုပ်ရတဲ့အတွက် တိတိကျကျ နဲ့မိမိရရ ရှိဖို့ အရေးကြီးပါပေတယ်။

ဒီဘဝမှာ မသေခင်ကတည်းက ဘယ် အရာကို ဘယ်တရားကို အာရုံပြုပြီး ပိုင်ပိုင်နိုင်နိုင်ကြီး ဆွဲကိုင်ပြီး ဘယ်လို ဘဝ ကူးမယ် ဆိုတဲ့ အချက်ကို ကြိုတင်ရွေးချယ် သတ်မှတ် ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ဘယ်အသက် အရွယ်မှာ ၊ ဘာအနာရောဂါ နဲ့ဘယ်နေ့ ဘယ်အချိန် ၊ ဘယ်နေရာမှာ သေရမယ်ဆိုတာ ဘယ်သူမှ ကြိုတင် မသိနိုင်တဲ့ အတွက် "သေနည်း "ကို ကြိုတင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။

" တောင်ပုလုဆရာတော်ဘုရားကြီး " ရဲ့ " သေခါနီးမှ တရားအားထုတ်ရင်" ဆိုတဲ့တရားတော်ထဲက သြဝါဒ ဥပမာတစ်ခုကို မျှဝေပေးပါရစေ...
ဆရာတော်ကြီး က ခုလို သူ့ရဲ့ဒကာရင်းတစ်ယောက်ကို " ဝိပဿနာ" အားထုတ်ဖို့တိုက်တွန်းတော့..
ဒကာရင်း ဖြစ်တဲ့သူက ..မအားတာ ကိုအကြောင်းပြပြီး အချိန်ကို ဈေးဆစ်ပါတယ်။

" ဆရာတော်ရဲ့တရားတွေကလည်း ကောင်းပါတယ်ဘုရား...
ခလေးတွေ လည်း အရွယ်ရောက်ပြီး သူ့ဟာနဲ့သူ အဆင်ပြေပြေ နဲ့ နေနိုင်ကြတော့ မှပဲ.. တပည့်တော်..အားမယ် ထင်ပါတယ် ဘုရား ...
တကယ်လို့ သေခါနီးမှ တရားအားထုတ်ရင် မရဘူးလား ဘုရား ” လို့ မေးတော့ ...

ဆရာတော်က....
🔺 " အေးကွာ ....မင်းမှာ မအားဘူးဆိုတော့လည်း .. ဒါက မင်းသဘောပါပဲ"
"အားထုတ်လို့ ...မရဘူးလို့တော့ မပြောပါဘူး။
ငါပြောတဲ့ ဥပမာလေးကို နားထောင်လိုက်အုံး ”...တဲ့။

🔺"မင်းတို့အိမ်မှာ မိသားစု နေကြတယ်နော်”
"တင်ပါ့ဘုရား.. မိသားစုနေကြပါတယ်”

🔺" မနက်စာ ထမင်းကို ဘယ်အချိန်စားကြသလဲ "
"၁၂ နာရီ လောက်မှာ မိသားစုအားလုံး စုပြီးစားကြပါတယ် ...ဘုရား"

🔺"ဒါဆိုရင် ၁၂ နာရီ မထိုးခင် အချိန်လေးမှာ ကပ်ပြီး ထမင်းချက်စားကြတာလား "
" မဟုတ်ပါဘူး ဘုရား ... တပည့်တော်ရဲ့ အိမ်ရှင်မက မနက် မိုးလင်းတာ နဲ့ စားသောက်ဖို့အတွက် မီးဖိုနားမှာ ချွေးတစ်လုံးလုံးနဲ့ ချက်ပြုတ်နေရပါတယ် ဘုရား "
တစ်ခါတစ်လေ..စားခါနီးတောင် ချက်ပြုတ်မပြီးသေးပါ ဘုရား"

🔺 " ဒါဆိုရင်..စားခါနီးမှ ချက်ပြုတ်စားလို့တော့ မရနိုင်ဘူးလား"
" စားဖို့အချိန်မမီတဲ့အပြင်.. ထမင်း၊ ဟင်းတွေကလည်း မနူးမနပ် ဖြစ်မှာပါ ဘုရား ”

🔺" အဲဒီအတိုင်းပါပဲ.. တရားဓမ္မ ကို သေခါနီးမှ ကပ်လုပ်ရင် မနူးမနပ်ဘူးပေါ့..
တရားဓမ္မ ဆိုတာအချိန်ရှိတုန်းက လေ့ကျင့်ယူရတယ်၊ နူးနပ်အောင် ကျင့်ကြံအားထုတ်ရတယ် ကွဲ့ ”.....
ဆိုတဲ့ ဆရာတော်ကြီးရဲ့ သြဝါဒ ဆုံးမစကား ဥပမာ ပဲဖြစ်ပါတယ်။
အကျဉ်းချုံးရရင်တော့...

အသက်ကြီးငယ်၊ အရွယ်ငယ်လတ်မရွေး၊ အရင်တုံးက တရားအားမထုတ်ဖြစ်ခဲ့သေးရင်တောင်မှ ...
တရားအားမထုတ်ဖြစ်ခဲ့တာကို နောင်တ ဖြစ်မနေပဲနဲ့ ကျန်ရှိနေသေးတဲ့ အချိန်ကလေးဟာ ဓမ္မမိတ်ဆွေတို့အတွက်" သေနည်း" လေ့ကျင့်ဖို့အချိန်ကောင်းဖြစ်တာမို့အဲဒီအချိန်လေးကို အကျိုးရှိအောင် "တရားအားထုတ်ရင်း " တစ်ဆင့်ထက်တစ်ဆင့်၊ မြင့်မြတ်သထက် မြင့်မြတ်အောင် ဝိပဿနာ ဘာဝနာတွေ ကျင့်ကြံအားထုတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်း ဒီစာစုနဲ့ဓမ္မဒါနပြုလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ခန္ဓာ-၅ပါးတစ်ဦး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top