သာေအး တစ္ေယာက္ ေယာင္ေတာင္ ေပါင္ေတာင္ နဲ႔ ရန္ကုန္ ကို ေရာက္ခဲ့ၿပီ ။ YBS ဆိုလား AIDS ဆိုလား ၊ အင္း အဲဒီကားေပၚက ဆင္းလိုက္တာနဲ႔ အရင္ဆုံး ေျဖရွင္းရမယ့္ ျပႆနာ က အႀကီးႀကီး ။ တျခားမဟုတ္ ေသးေပါက္ခ်င္လို႔ ေအာင့္ထားရတာမ်ား လမ္းေလွ်ာက္ တာေတာင္ ဖင္လိမ္ ေလွ်ာက္ေနရတဲ့ ဘဝ ။

ေတာ မွာလို ၿခဳံတိုး ဖို႔ ကလည္း ၿခဳံနဲ႔ တူတာ ဆိုလို႔ ေဘးက ျဖတ္ေလွ်ာက္သြားတဲ့ လူရဲ႕ ေခါင္းေပၚက ဆံပင္ဘုတ္သိုက္ ကိုပဲ ေတြ႕တာ ။ ေတာမွာသာ ဒါမ်ိဳးေခါင္းကို ေတြ႕လို႔ ကေတာ့ကြာ ေပါင္ၾကား ဆြဲညႇပ္ၿပီး ေခါင္းတုံးရိပ္ ေပးပစ္တယ္ အဟုတ္ ။ သူတို႔ ၿမိဳ႕မွာေတာ့ ဒီလို ႂကြက္သိုက္ ကိုမွ စတိုင္ ထင္ေနသလား ပဲ ။ ထားပါေတာ့ေလ ။ ေလာေလာဆယ္ ရွဴရွဴး ဖလားဝါး အင္းသယ္ ေကာ့ပန္း လို႔ ရမယ့္ေနရာ ေတြ႕ဖို႔ပဲ အေရးႀကီးတယ္ ။

အင္း ႀကဳံတဲ့သူ ေမးဖို႔ကလည္း လူကို ေတာသား ဆိုၿပီး အထင္ေသးတဲ့ မ်က္လုံးနဲ႔ ၾကည့္ဦးမယ္ ။ သိတယ္ မဟုတ္လား ။ ရန္ကုန္သား ေတြက အထာႀကီးေတြ နဲ႔ေလ ။ တတ္ႏိုင္ဘူး ရေအာင္ ေတာ့ ေျဖရွင္းရေတာ့ မွာပဲ ။

လမ္းၾကား တစ္ခုထဲ ေကြ႕ဝင္ လိုက္ေတာ့ ေဟာ ေတြ႕ပါၿပီ ။ ေခ်ာင္က်က် တစ္ေနရာ ။ လူလစ္တုန္းေလး ေဆာင့္ေဆာင့္ ထိုင္၊ ပုဆိုးေလး အသာမလို႔ ဒန႔္တန႔္တန႔္ လုပ္ကာနီးမွ နံရံမွာ ေရးထားတဲ့ စာကို ေတြ႕ေတာ့ အခ်ိန္မီ ဘရိတ္ အုပ္လိုက္ ရတယ္ ။

ၾကည့္ေလ `ေခြးမ်ားသာ ေသးေပါက္ရန္´တဲ့ ။ သာေအး က လူဆိုေတာ့ ဘယ္ေပါက္လို႔ ျဖစ္မလဲ ။ အမယ္ ဒီလိုဆို ေတာ့လည္း ရန္ကုန္သားေတြ တယ္ စည္းကမ္း ႀကီးသကိုး လို႔ ေတြးမိတယ္ ။ ေခြးေတြ ေသးေပါက္ဖို႔ေတာင္ ေနရာ သီးသန႔္ လုပ္ထားေပးတာကိုး ။ ျဖစ္ေသးပါဘူးေလ လူေပါက္ဖို႔ တစ္ေနရာ ရွာဦးမွ ။ အား..ကြၽတ္..ကြၽတ္ ကိစၥကလည္း ထိပ္ဝမွာ တစ္လစ္ ကေလး ။ ဒီေတာင္ကို ေမာင္ေက်ာ္ႏိုင္ပါ့ မလား ကြယ္ အဟင့္။ လူလစ္တဲ့ ေနရာလည္း ရွာမေတြ႕ ။

ဟင္ ေျပာရင္းဆိုရင္း ဟို ဟိုအမႈိက္ပုံ နားမွာ ေရသန႔္ဘူး အလြတ္ တစ္လုံး ။ ဟုတ္ၿပီ ဒီေကာင္နဲ႔ ေျဖရွင္းလို႔ ရႏိုင္တာပဲ ဟီးဟီး ။ အားရဝမ္းသာနဲ႔ ေျပးအေကာက္ ကိုယ့္ထက္ ဦးတဲ့ ကေလးတစ္ေကာင္ က ေရသန႔္ဘူးကို ေျခေထာက္နဲ႔ အရင္ ေျပးနင္းထားလိုက္ ပါေရာ ။ ကိုယ့္မွာ ကိုင္ထား လက္စ တန္းလန္း ။

“ဟယ္ လႊတ္ လႊတ္လို႔ဆို” “အမယ္ ဘာလို႔ လႊတ္ရ မွာလဲ ကြၽန္ေတာ္ အရင္ ေတြ႕တာေလ” ေျပာၿပီး ဒင္း ( သင္း ) က သူ႔အိတ္ထဲ ေကာက္ထည့္ လိုက္တယ္။ လူပ်ိဳႀကီး တစ္ေယာက္ ဘရာဇီယာ ကံစမ္းမဲ ေပါက္သလို ဝမ္းနည္းစိတ္က လႈိက္ခနဲ တက္လာၿပီး

“ဟင့္ တစ္ဘူးေလာက္ ေတာ့ ေပးပါလား ညီေလးရာ ေနာ္ ေနာ္လို႔ ဆိုေန ” “ႏိုးပါ လူႀကီးျဖစ္ၿပီး ကေလးကို အႏိုင္မက်င့္နဲ႔။ အၾကမ္းဖက္သမား လို႔ အခု ထေအာ္လိုက္ရ မလား ။ လိုခ်င္ရင္ အရင္ ဦးေအာင္ေကာက္” “ဟယ္ ”

ဒီလိုနဲ႔ ေရသန႔္ဘူးအလြတ္ ေတြ႕ရာ တင္ေလး လိမ္ၿပီး ကိုယ္က ေျပးသြားလိုက္ ၊ သူက အေျပးေရာက္လိုက္ နဲ႔ မသိရင္မ်ား ထုပ္စည္း ထိုးတမ္း ကစားေန သလားပဲ ။ ဒါေပမယ့္ ကိုယ္ရလိုက္တာ ဆိုလို႔ M – 150 ပုလင္းလြတ္ တစ္လုံး ။ ဟင့္ ဒီေလာက္ ေသးေသးေလးနဲ႔ ေတာ့ ဘယ္ဆန႔္ပါ့ မလဲ ။ အဲေလ တစ္မ်ိဳး မထင္ပါနဲ႔ ။ ရွဴရွဴးေတြ ျပည့္လွ်ံကုန္မွာ ေပါ့လို႔ ။

အံကို တင္းေနေအာင္ ႀကိတ္ ၊ တင္ကို က်စ္ေနေအာင္ လိမ္ၿပီး ဆက္ေလွ်ာက္ရ ျပန္တယ္ ။ မျဖစ္ေတာ့ဘူး ။အထင္ေသးလည္း ေသးပါ ေစေတာ့ ။ ေတြ႕တဲ့သူ ကို ေမးမွကို ျဖစ္ေတာ့မယ္ ။ ေဟာ ဟိုမွာ အေဒၚႀကီး တစ္ေယာက္ လာၿပီ ။ “အေဒၚ အေဒၚ လူေပါက္တဲ့ ေနရာ ဘယ္မွာလည္းဟင္ ဟီး ”

အေဒၚႀကီးက လူကို ႏွစ္ပတ္ေလာက္ ေသခ်ာ လွည့္ၾကည့္ၿပီးမွ ၫႊန္ျပ လိုက္တယ္ ။ သူၫႊန္ျပတဲ့ အတိုင္း အေဆာက္အဦး တစ္ခုထဲ ကိုဝင္၊ ၂ ဘယ္ နဲ႔ ၃ ညာ သြားလိုက္ေတာ့ ေဟာ အခန္း တစ္ခုေရွ႕ ေရာက္သြား ပါေလေရာ ။ ခက္တာက တံခါးက အျပင္ကေန ဆြဲဖြင့္လို႔ မရဘူး။ အမ်ိဳးသမီးတစ္ေယာက္ အထဲကေန ထြက္လာေတာ့မွ ကမန္းကတန္း ေျပးဝင္သြား လိုက္တယ္ ။

“ရွင္ ရွင္ ဘယ္သြား မလို႔လဲ ”

အေနာက္က လွမ္းတားတာေတာင္ သာေအးတို႔ ျပန္မေျဖႏိုင္ ေတာ့ဘူး ။ ဟုတ္တယ္ေလ ကိုယ့္ဒုကၡ ကိုယ္ပဲသိတာ ။ အခန္းထဲ ျပဴးတူးၿပဲတဲနဲ႔ ရွာၾကည့္ရင္း ျမင္ကြင္း တစ္ခုကို ေတြ႕လိုက္ရေတာ့မွ သာေအး မ်က္လုံး သပိတ္လုံး ျဖစ္ရၿပီ။

“ဘာ ဘာလုပ္ေနၾကတာလဲ ဟင္ ”

ဘယ္သူကမွ ျပန္မေျဖၾက ။ ကိုယ့္ကိုပဲ ျပန္ၿပီး ျပဴးၾကည့္ေန ၾကတယ္ ။ ၾကည့္ေလ မိန္းမတစ္ေယာက္က ဒူးႀကီး ႏွစ္ေခ်ာင္း ေထာင္လို႔ ကုတင္ေပၚမွာ ပက္လက္ ။ မတ္တပ္ ရပ္ေနတဲ့ မိန္းမ ႏွစ္ေယာက္က ကုတင္ေပၚက မိန္းမရဲ႕ ေပါင္ႏွစ္ေခ်ာင္းကို တစ္ဖက္စီ ဆြဲကားေပး ထားတယ္ ။ အလယ္မွာ ရပ္ေနတဲ့သူက ဟိုမိန္းမ ေပါင္ၾကားထဲ ျပဴထြက္ ကာစ ကေလးေခါင္းကို ကိုင္ထားလက္စ တန္းလန္း။

သာေအးအဖို႔ ေျပးလမ္းေပၚ သုတ္ခနဲပဲ ။ ဘယ့္ႏွယ့္ဗ်ာ ရန္ကုန္သားေတြ အေတာ္ အေနာက္ သန္သား ။ လူေပါက္တဲ့ ေနရာပါ ဆိုေနမွ သားဖြားခန္းကို ၫႊန္ေပးလိုက္တယ္။

သာေအးတို႔ လူေပါက္တဲ့ ေနရာ ေတြ႕ဖို႔ ရွာပုံေတာ္ ဖြင့္ရျပန္ၿပီေပါ့ ။ အမယ္ ဒီတစ္ခါ ၫႊန္လိုက္တဲ့သူက ေတာ့ လုံးဝ ကြက္တိပဲ ။`အမ်ားသုံး သန႔္စင္ခန္း ၁၀၀ က်ပ္´ တဲ့ ။ အမေလးေနာ္ အခုေန ၁၀၀ မဟုတ္ဘူး ၁၀၀၀ ဆိုလည္း ေပးေတာ့မွာ ။ ဒီတစ္ခါမွ မေတြ႕ရင္ သေရးကြင္းေတာင္ ေကာက္ထားၿပီးေနေပါ့ ဒီက ။ စည္းသင့္ စည္းထားရေတာ့မွာ။

၁၀၀ ဆိုပဲ ။ ပိုက္ဆံ ေပးဖို႔ လြယ္အိတ္ကို ႏႈိက္ေတာ့မွ ဗုေဒၶါ လြယ္အိတ္က ေပါက္ေနပါေရာ့လား ။ ဟာ သြားၿပီ ။ ခါး ခါးပိုက္ႏႈိက္ ေဆာ္သြားၿပီ ။ အမေလး အေမနဲ႔ ႐ြာကို သားေမာင္ လြမ္းပါေရာ့လား ။ အဲေလ ငိုေန႐ုံနဲ႔ မၿပီးေသးဘူး ။ ေလာေလာဆယ္ ဟိုကိစၥကို အရင္ ရွင္းရမယ္ ။ ၿပီးမွ က်န္တာ ဆက္လုပ္ရမွာ ။

တစ္ကိုယ္လုံး အိတ္သြန္ ဖာေမွာက္ ရွာၾကည့္လိုက္ေတာ့ ၅၀ တန္ တစ္႐ြက္ပဲ ထြက္လာတယ္ ။ ဒါေတာင္ ႐ြာကေန ဘယ္လို ကပ္လိုက္ လာတယ္ မသိဘူး အဲဒီ ၅၀ တန္က ။ ဪ ႐ြာမွာတုန္းက ႀကံပိုင္း ဝယ္စုပ္ၿပီး ပိုေနတဲ့ ၅၀ ပဲ။

“ေဟ့ေကာင္ ပိုက္ဆံေပးေလ ဘာရပ္လုပ္ ေနတာလဲ ” “ဟို ဟိုေလ ပိုက္ ပိုက္ဆံေတြ ခါးပိုက္ႏႈိက္ ခံလိုက္ရလို႔ ”

“ဘာ ဟားဟား ဒါမ်ိဳးေတြ ႐ိုးေနၿပီ ။ မင္းက အေခ်ာင္ ဝင္ခ်င္တယ္ ေပါ့ ။ မရဘူး ေဟ့ေကာင္ ၁၀၀ ေပးမွ ဝင္လို႔ ရမယ္။ မဟုတ္လို႔ ကေတာ့ ႏိုးပဲ ” “တ တကယ္ပါဗ်ာ ကြၽန္ေတာ့္မွာ ၅၀ ပဲ ရွိပါေတာ့တယ္ ”

“ေကာင္းၿပီေလ အဲဒီ ၅၀ ေပးၿပီး ဝင္သြားေတာ့ ” “ဟာ ေက်းဇူးႀကီးလွေပါ့ အစ္ကိုရယ္ ဒီမွာ ေပါင္လိမ္ထားရတာ ကြဲထြက္ ေတာ့မယ္ ဟီးဟီး ”

သာေအး သန႔္စင္ခန္းထဲ ဝင္ဖို႔ အျပင္

“ေနဦး မင္းအခု သြားမွာ အေပါ့လား အေလးလား ” “ရွဴရွဴးေလး မဆိုစေလာက္ ပန္း႐ုံပါ အစ္ကို ဟီးဟီး ”

“ေကာင္းၿပီ မင္း ၅၀ ဖိုးပဲ ေပါက္ရမွာေနာ္ ” “ခ ခညာ ၅၀ ဖိုး ။ အဲ အဲဒါ ဘယ္လို ေပါက္ရမွာလဲ ညင္ ”

“ဒီမွာ ေရးထားတာ ျမင္လား ဝင္ေၾကးက ၁၀၀ ။ မင္းက ၅၀ ပဲ ေပးတာ ဆိုေတာ့ တစ္ဝက္ပဲ ေပါက္ရမယ္ ” “ဟဲ့ ေသာက္က်ိဳးနည္း ။ ရွဴရွဴး ေပါက္တာ တစ္ဝက္တည္း ေပါက္လို႔ ရလို႔လား ”

“သိပ္ရတာေပါ့ ” “ဟင္ ဘယ္ ဘယ္လို ”

“ဒီလိုေလ ရွဴရွဴးေပါက္ၿပီ ဆိုတာနဲ႔ စစခ်င္း အရွိန္ေကာင္းေကာင္း နဲ႔ လႊတ္မယ္ ၿပီးရင္ တျဖည္းျဖည္း အရွိန္ေလ်ာ့ လာမယ္ ။ ေနာက္ၿပီးရင္ ဒန႔္တန႔္တန႔္ အဆင့္ကို ေရာက္မယ္ အဲ ေနာက္ဆုံး အေနနဲ႔ ကေတာ့ လက္စသိမ္း အစက္ကေလး ေတြ ခ်မယ္ ”

“ဟယ္ အဲလိုလား ။ ေတာ္ေတာ္ေလးကို ဆီး သုေတသန ျပဳထားပုံ ရတယ္ေနာ္ ဟင့္ ။ အဲဒီေတာ့ ကြၽန္ေတာ္က ဘယ္အဆင့္ထိ ေပါက္ရမွာလဲလို႔ ”

“အရွိန္စေလ်ာ့တဲ့ အဆင့္ ထိ ပဲ ေပါက္ရမွာ ” “ဟင့္ အဲလိုႀကီးလား ကြယ္ ”

“လွ်ာမရွည္နဲ႔ ငါေျပာသလို တစ္ဝက္ပဲ ေပါက္ေနာ္ ”” ဪ အင္းပါဆိုေန ”

ၿပီးၿပီးေရာ သေဘာနဲ႔ ေျပာခဲ့ၿပီး ဝင္ခဲ့လိုက္တယ္ ။ ” အား ေကာင္းလိုက္တာ ၾကက္သီးေတြပါ ထတယ္ ”

မတ္တပ္ ရပ္ၿပီး အရွိန္နဲ႔ လႊတ္ေကာင္း ေနတုန္း ေဘးကို ၾကည့္လိုက္ေတာ့ ဝင္ေပါက္က လူႀကီးက ေဘးမွာ မတ္တပ္ႀကီး ရပ္လို႔ ။

”ဟင္ ခ ခညား ဒီနားလာၿပီး ဘာရပ္လုပ္ေန တာလဲ ” “မင္းေပါက္တာ ေခ်ာင္းၾကည့္ေန တာေလ ”

“ဟယ္ ေသာက္က်ိဳးနည္း ။ လာ ဒီနားတိုး ” သူက တိုးတယ္။ “ဟာ ေဟ့ေကာင္ မင္း ဘာေတြ ေျပာေနတာလဲ ”

“သိဘူးေလ ေယာက်ာၤးခ်င္း ေခ်ာင္းၾကည့္ေနတာ ဆိုေတာ့ … ” “တယ္ ငါလုပ္ရင္ ေသေတာ့မွာပဲ ။ မင္း ၅၀ ဖိုး ထက္ ပိုေပါက္မွာ စိုးလို႔ ေဘးက ရပ္ၾကည့္ေနတာကြ ” အဲ ေသာက္က်ိဳးနည္းျပန္ ပါေရာလား ။

“ေဟ့ေကာင္ ရပ္ ရပ္ေတာ့ ” “အယ္ ဒီမွာ ေပါက္ေကာင္းေနတုန္း ေလ ”

“မရဘူး မင္းဟာ အရွိန္ေလ်ာ့လာၿပီ ။ ၅၀ ဖိုး ဆို ဒီေလာက္ပဲ ရမွာ ။ ေဟ့ေကာင္ ရပ္လို႔ ေျပာေနတယ္ေလ ။ ငါ သေရကြင္းနဲ႔ ေကာက္စည္းလိုက္ရ မလား ” “ဟယ္ ”

သေရကြင္းရန္ ေၾကာက္တာနဲ႔ အတင္းဖ်စ္ညႇစ္ၿပီး ရပ္လိုက္ ရတယ္ ။ ဒါေပမယ့္ ဘယ္လိုမွ ဆက္ေအာင့္လို႔ မရ။ ဟုတ္တယ္ေလ ။ ဒီက ေပါက္လက္စ တန္းလန္းႀကီး ျဖစ္ေနၿပီကို ။ အဲဒီေတာ့…..

“အစ္ကို အဝင္ဝမွာ အမႈိက္ပစ္ရင္ ဘယ္ေလာက္ဆိုၿပီး ေရးထားေသးလား ” “အဲဒါေတာ့ ေရးမထားဘူးကြ ။ အခမဲ့ပဲ ”

“ဒါဆို လႊတ္ၿပီေလ ”

အမႈိက္ပုံးဆီ အေျပးသြားၿပီး လက္က်န္ ခြက္က်န္ေလး လႊတ္ခ်လိုက္ ေတာ့တယ္ ။ ကိုင္း မွတ္ပလား။သာေအးတဲ့ကြ။

တိန္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:နတ္ေစာင္း(က်ဳိက္ထုိ)
# Unicode Version # ျဖင့္ ဖတ္ပါ #

သာအေး တစ်ယောက် ယောင်တောင် ပေါင်တောင် နဲ့ ရန်ကုန် ကို ရောက်ခဲ့ပြီ ။ YBS ဆိုလား AIDS ဆိုလား ၊ အင်း အဲဒီကားပေါ်က ဆင်းလိုက်တာနဲ့ အရင်ဆုံး ဖြေရှင်းရမယ့် ပြဿနာ က အကြီးကြီး ။ တခြားမဟုတ် သေးပေါက်ချင်လို့ အောင့်ထားရတာများ လမ်းလျှောက် တာတောင် ဖင်လိမ် လျှောက်နေရတဲ့ ဘဝ ။

တော မှာလို ခြုံတိုး ဖို့ ကလည်း ခြုံနဲ့ တူတာ ဆိုလို့ ဘေးက ဖြတ်လျှောက်သွားတဲ့ လူရဲ့ ခေါင်းပေါ်က ဆံပင်ဘုတ်သိုက် ကိုပဲ တွေ့တာ ။ တောမှာသာ ဒါမျိုးခေါင်းကို တွေ့လို့ ကတော့ကွာ ပေါင်ကြား ဆွဲညှပ်ပြီး ခေါင်းတုံးရိပ် ပေးပစ်တယ် အဟုတ် ။ သူတို့ မြို့မှာတော့ ဒီလို ကြွက်သိုက် ကိုမှ စတိုင် ထင်နေသလား ပဲ ။ ထားပါတော့လေ ။ လောလောဆယ် ရှူရှူး ဖလားဝါး အင်းသယ် ကော့ပန်း လို့ ရမယ့်နေရာ တွေ့ဖို့ပဲ အရေးကြီးတယ် ။

အင်း ကြုံတဲ့သူ မေးဖို့ကလည်း လူကို တောသား ဆိုပြီး အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်ဦးမယ် ။ သိတယ် မဟုတ်လား ။ ရန်ကုန်သား တွေက အထာကြီးတွေ နဲ့လေ ။ တတ်နိုင်ဘူး ရအောင် တော့ ဖြေရှင်းရတော့ မှာပဲ ။

လမ်းကြား တစ်ခုထဲ ကွေ့ဝင် လိုက်တော့ ဟော တွေ့ပါပြီ ။ ချောင်ကျကျ တစ်နေရာ ။ လူလစ်တုန်းလေး ဆောင့်ဆောင့် ထိုင်၊ ပုဆိုးလေး အသာမလို့ ဒန့်တန့်တန့် လုပ်ကာနီးမှ နံရံမှာ ရေးထားတဲ့ စာကို တွေ့တော့ အချိန်မီ ဘရိတ် အုပ်လိုက် ရတယ် ။

ကြည့်လေ `ခွေးများသာ သေးပေါက်ရန်´တဲ့ ။ သာအေး က လူဆိုတော့ ဘယ်ပေါက်လို့ ဖြစ်မလဲ ။ အမယ် ဒီလိုဆို တော့လည်း ရန်ကုန်သားတွေ တယ် စည်းကမ်း ကြီးသကိုး လို့ တွေးမိတယ် ။ ခွေးတွေ သေးပေါက်ဖို့တောင် နေရာ သီးသန့် လုပ်ထားပေးတာကိုး ။ ဖြစ်သေးပါဘူးလေ လူပေါက်ဖို့ တစ်နေရာ ရှာဦးမှ ။ အား..ကျွတ်..ကျွတ် ကိစ္စကလည်း ထိပ်ဝမှာ တစ်လစ် ကလေး ။ ဒီတောင်ကို မောင်ကျော်နိုင်ပါ့ မလား ကွယ် အဟင့်။ လူလစ်တဲ့ နေရာလည်း ရှာမတွေ့ ။

ဟင် ပြောရင်းဆိုရင်း ဟို ဟိုအမှိုက်ပုံ နားမှာ ရေသန့်ဘူး အလွတ် တစ်လုံး ။ ဟုတ်ပြီ ဒီကောင်နဲ့ ဖြေရှင်းလို့ ရနိုင်တာပဲ ဟီးဟီး ။ အားရဝမ်းသာနဲ့ ပြေးအကောက် ကိုယ့်ထက် ဦးတဲ့ ကလေးတစ်ကောင် က ရေသန့်ဘူးကို ခြေထောက်နဲ့ အရင် ပြေးနင်းထားလိုက် ပါရော ။ ကိုယ့်မှာ ကိုင်ထား လက်စ တန်းလန်း ။

“ဟယ် လွှတ် လွှတ်လို့ဆို” “အမယ် ဘာလို့ လွှတ်ရ မှာလဲ ကျွန်တော် အရင် တွေ့တာလေ” ပြောပြီး ဒင်း ( သင်း ) က သူ့အိတ်ထဲ ကောက်ထည့် လိုက်တယ်။ လူပျိုကြီး တစ်ယောက် ဘရာဇီယာ ကံစမ်းမဲ ပေါက်သလို ဝမ်းနည်းစိတ်က လှိုက်ခနဲ တက်လာပြီး

“ဟင့် တစ်ဘူးလောက် တော့ ပေးပါလား ညီလေးရာ နော် နော်လို့ ဆိုနေ ” “နိုးပါ လူကြီးဖြစ်ပြီး ကလေးကို အနိုင်မကျင့်နဲ့။ အကြမ်းဖက်သမား လို့ အခု ထအော်လိုက်ရ မလား ။ လိုချင်ရင် အရင် ဦးအောင်ကောက်” “ဟယ် ”

ဒီလိုနဲ့ ရေသန့်ဘူးအလွတ် တွေ့ရာ တင်လေး လိမ်ပြီး ကိုယ်က ပြေးသွားလိုက် ၊ သူက အပြေးရောက်လိုက် နဲ့ မသိရင်များ ထုပ်စည်း ထိုးတမ်း ကစားနေ သလားပဲ ။ ဒါပေမယ့် ကိုယ်ရလိုက်တာ ဆိုလို့ M – 150 ပုလင်းလွတ် တစ်လုံး ။ ဟင့် ဒီလောက် သေးသေးလေးနဲ့ တော့ ဘယ်ဆန့်ပါ့ မလဲ ။ အဲလေ တစ်မျိုး မထင်ပါနဲ့ ။ ရှူရှူးတွေ ပြည့်လျှံကုန်မှာ ပေါ့လို့ ။

အံကို တင်းနေအောင် ကြိတ် ၊ တင်ကို ကျစ်နေအောင် လိမ်ပြီး ဆက်လျှောက်ရ ပြန်တယ် ။ မဖြစ်တော့ဘူး ။အထင်သေးလည်း သေးပါ စေတော့ ။ တွေ့တဲ့သူ ကို မေးမှကို ဖြစ်တော့မယ် ။ ဟော ဟိုမှာ အဒေါ်ကြီး တစ်ယောက် လာပြီ ။ “အဒေါ် အဒေါ် လူပေါက်တဲ့ နေရာ ဘယ်မှာလည်းဟင် ဟီး ”

အဒေါ်ကြီးက လူကို နှစ်ပတ်လောက် သေချာ လှည့်ကြည့်ပြီးမှ ညွှန်ပြ လိုက်တယ် ။ သူညွှန်ပြတဲ့ အတိုင်း အဆောက်အဦး တစ်ခုထဲ ကိုဝင်၊ ၂ ဘယ် နဲ့ ၃ ညာ သွားလိုက်တော့ ဟော အခန်း တစ်ခုရှေ့ ရောက်သွား ပါလေရော ။ ခက်တာက တံခါးက အပြင်ကနေ ဆွဲဖွင့်လို့ မရဘူး။ အမျိုးသမီးတစ်ယောက် အထဲကနေ ထွက်လာတော့မှ ကမန်းကတန်း ပြေးဝင်သွား လိုက်တယ် ။

“ရှင် ရှင် ဘယ်သွား မလို့လဲ ”

အနောက်က လှမ်းတားတာတောင် သာအေးတို့ ပြန်မဖြေနိုင် တော့ဘူး ။ ဟုတ်တယ်လေ ကိုယ့်ဒုက္ခ ကိုယ်ပဲသိတာ ။ အခန်းထဲ ပြူးတူးပြဲတဲနဲ့ ရှာကြည့်ရင်း မြင်ကွင်း တစ်ခုကို တွေ့လိုက်ရတော့မှ သာအေး မျက်လုံး သပိတ်လုံး ဖြစ်ရပြီ။

“ဘာ ဘာလုပ်နေကြတာလဲ ဟင် ”

ဘယ်သူကမှ ပြန်မဖြေကြ ။ ကိုယ့်ကိုပဲ ပြန်ပြီး ပြူးကြည့်နေ ကြတယ် ။ ကြည့်လေ မိန်းမတစ်ယောက်က ဒူးကြီး နှစ်ချောင်း ထောင်လို့ ကုတင်ပေါ်မှာ ပက်လက် ။ မတ်တပ် ရပ်နေတဲ့ မိန်းမ နှစ်ယောက်က ကုတင်ပေါ်က မိန်းမရဲ့ ပေါင်နှစ်ချောင်းကို တစ်ဖက်စီ ဆွဲကားပေး ထားတယ် ။ အလယ်မှာ ရပ်နေတဲ့သူက ဟိုမိန်းမ ပေါင်ကြားထဲ ပြူထွက် ကာစ ကလေးခေါင်းကို ကိုင်ထားလက်စ တန်းလန်း။

သာအေးအဖို့ ပြေးလမ်းပေါ် သုတ်ခနဲပဲ ။ ဘယ့်နှယ့်ဗျာ ရန်ကုန်သားတွေ အတော် အနောက် သန်သား ။ လူပေါက်တဲ့ နေရာပါ ဆိုနေမှ သားဖွားခန်းကို ညွှန်ပေးလိုက်တယ်။

သာအေးတို့ လူပေါက်တဲ့ နေရာ တွေ့ဖို့ ရှာပုံတော် ဖွင့်ရပြန်ပြီပေါ့ ။ အမယ် ဒီတစ်ခါ ညွှန်လိုက်တဲ့သူက တော့ လုံးဝ ကွက်တိပဲ ။`အများသုံး သန့်စင်ခန်း ၁၀၀ ကျပ်´ တဲ့ ။ အမလေးနော် အခုနေ ၁၀၀ မဟုတ်ဘူး ၁၀၀၀ ဆိုလည်း ပေးတော့မှာ ။ ဒီတစ်ခါမှ မတွေ့ရင် သရေးကွင်းတောင် ကောက်ထားပြီးနေပေါ့ ဒီက ။ စည်းသင့် စည်းထားရတော့မှာ။

၁၀၀ ဆိုပဲ ။ ပိုက်ဆံ ပေးဖို့ လွယ်အိတ်ကို နှိုက်တော့မှ ဗုဒ္ဓေါ လွယ်အိတ်က ပေါက်နေပါရော့လား ။ ဟာ သွားပြီ ။ ခါး ခါးပိုက်နှိုက် ဆော်သွားပြီ ။ အမလေး အမေနဲ့ ရွာကို သားမောင် လွမ်းပါရော့လား ။ အဲလေ ငိုနေရုံနဲ့ မပြီးသေးဘူး ။ လောလောဆယ် ဟိုကိစ္စကို အရင် ရှင်းရမယ် ။ ပြီးမှ ကျန်တာ ဆက်လုပ်ရမှာ ။

တစ်ကိုယ်လုံး အိတ်သွန် ဖာမှောက် ရှာကြည့်လိုက်တော့ ၅၀ တန် တစ်ရွက်ပဲ ထွက်လာတယ် ။ ဒါတောင် ရွာကနေ ဘယ်လို ကပ်လိုက် လာတယ် မသိဘူး အဲဒီ ၅၀ တန်က ။ ဪ ရွာမှာတုန်းက ကြံပိုင်း ဝယ်စုပ်ပြီး ပိုနေတဲ့ ၅၀ ပဲ။

“ဟေ့ကောင် ပိုက်ဆံပေးလေ ဘာရပ်လုပ် နေတာလဲ ” “ဟို ဟိုလေ ပိုက် ပိုက်ဆံတွေ ခါးပိုက်နှိုက် ခံလိုက်ရလို့ ”

“ဘာ ဟားဟား ဒါမျိုးတွေ ရိုးနေပြီ ။ မင်းက အချောင် ဝင်ချင်တယ် ပေါ့ ။ မရဘူး ဟေ့ကောင် ၁၀၀ ပေးမှ ဝင်လို့ ရမယ်။ မဟုတ်လို့ ကတော့ နိုးပဲ ” “တ တကယ်ပါဗျာ ကျွန်တော့်မှာ ၅၀ ပဲ ရှိပါတော့တယ် ”

“ကောင်းပြီလေ အဲဒီ ၅၀ ပေးပြီး ဝင်သွားတော့ ” “ဟာ ကျေးဇူးကြီးလှပေါ့ အစ်ကိုရယ် ဒီမှာ ပေါင်လိမ်ထားရတာ ကွဲထွက် တော့မယ် ဟီးဟီး ”

သာအေး သန့်စင်ခန်းထဲ ဝင်ဖို့ အပြင်

“နေဦး မင်းအခု သွားမှာ အပေါ့လား အလေးလား ” “ရှူရှူးလေး မဆိုစလောက် ပန်းရုံပါ အစ်ကို ဟီးဟီး ”

“ကောင်းပြီ မင်း ၅၀ ဖိုးပဲ ပေါက်ရမှာနော် ” “ခ ခညာ ၅၀ ဖိုး ။ အဲ အဲဒါ ဘယ်လို ပေါက်ရမှာလဲ ညင် ”

“ဒီမှာ ရေးထားတာ မြင်လား ဝင်ကြေးက ၁၀၀ ။ မင်းက ၅၀ ပဲ ပေးတာ ဆိုတော့ တစ်ဝက်ပဲ ပေါက်ရမယ် ” “ဟဲ့ သောက်ကျိုးနည်း ။ ရှူရှူး ပေါက်တာ တစ်ဝက်တည်း ပေါက်လို့ ရလို့လား ”

“သိပ်ရတာပေါ့ ” “ဟင် ဘယ် ဘယ်လို ”

“ဒီလိုလေ ရှူရှူးပေါက်ပြီ ဆိုတာနဲ့ စစချင်း အရှိန်ကောင်းကောင်း နဲ့ လွှတ်မယ် ပြီးရင် တဖြည်းဖြည်း အရှိန်လျော့ လာမယ် ။ နောက်ပြီးရင် ဒန့်တန့်တန့် အဆင့်ကို ရောက်မယ် အဲ နောက်ဆုံး အနေနဲ့ ကတော့ လက်စသိမ်း အစက်ကလေး တွေ ချမယ် ”

“ဟယ် အဲလိုလား ။ တော်တော်လေးကို ဆီး သုတေသန ပြုထားပုံ ရတယ်နော် ဟင့် ။ အဲဒီတော့ ကျွန်တော်က ဘယ်အဆင့်ထိ ပေါက်ရမှာလဲလို့ ”

“အရှိန်စလျော့တဲ့ အဆင့် ထိ ပဲ ပေါက်ရမှာ ” “ဟင့် အဲလိုကြီးလား ကွယ် ”

“လျှာမရှည်နဲ့ ငါပြောသလို တစ်ဝက်ပဲ ပေါက်နော် ”” ဪ အင်းပါဆိုနေ ”

ပြီးပြီးရော သဘောနဲ့ ပြောခဲ့ပြီး ဝင်ခဲ့လိုက်တယ် ။ ” အား ကောင်းလိုက်တာ ကြက်သီးတွေပါ ထတယ် ”

မတ်တပ် ရပ်ပြီး အရှိန်နဲ့ လွှတ်ကောင်း နေတုန်း ဘေးကို ကြည့်လိုက်တော့ ဝင်ပေါက်က လူကြီးက ဘေးမှာ မတ်တပ်ကြီး ရပ်လို့ ။

”ဟင် ခ ခညား ဒီနားလာပြီး ဘာရပ်လုပ်နေ တာလဲ ” “မင်းပေါက်တာ ချောင်းကြည့်နေ တာလေ ”

“ဟယ် သောက်ကျိုးနည်း ။ လာ ဒီနားတိုး ” သူက တိုးတယ်။ “ဟာ ဟေ့ကောင် မင်း ဘာတွေ ပြောနေတာလဲ ”

“သိဘူးလေ ယောကျာၤးချင်း ချောင်းကြည့်နေတာ ဆိုတော့ … ” “တယ် ငါလုပ်ရင် သေတော့မှာပဲ ။ မင်း ၅၀ ဖိုး ထက် ပိုပေါက်မှာ စိုးလို့ ဘေးက ရပ်ကြည့်နေတာကွ ” အဲ သောက်ကျိုးနည်းပြန် ပါရောလား ။

“ဟေ့ကောင် ရပ် ရပ်တော့ ” “အယ် ဒီမှာ ပေါက်ကောင်းနေတုန်း လေ ”

“မရဘူး မင်းဟာ အရှိန်လျော့လာပြီ ။ ၅၀ ဖိုး ဆို ဒီလောက်ပဲ ရမှာ ။ ဟေ့ကောင် ရပ်လို့ ပြောနေတယ်လေ ။ ငါ သရေကွင်းနဲ့ ကောက်စည်းလိုက်ရ မလား ” “ဟယ် ”

သရေကွင်းရန် ကြောက်တာနဲ့ အတင်းဖျစ်ညှစ်ပြီး ရပ်လိုက် ရတယ် ။ ဒါပေမယ့် ဘယ်လိုမှ ဆက်အောင့်လို့ မရ။ ဟုတ်တယ်လေ ။ ဒီက ပေါက်လက်စ တန်းလန်းကြီး ဖြစ်နေပြီကို ။ အဲဒီတော့…..

“အစ်ကို အဝင်ဝမှာ အမှိုက်ပစ်ရင် ဘယ်လောက်ဆိုပြီး ရေးထားသေးလား ” “အဲဒါတော့ ရေးမထားဘူးကွ ။ အခမဲ့ပဲ ”

“ဒါဆို လွှတ်ပြီလေ ”

အမှိုက်ပုံးဆီ အပြေးသွားပြီး လက်ကျန် ခွက်ကျန်လေး လွှတ်ချလိုက် တော့တယ် ။ ကိုင်း မှတ်ပလား။သာအေးတဲ့ကွ။

တိန်

ဖိုးသူတော် (www.phothutaw.com)
Credit:နတ်စောင်း(ကျိုက်ထို)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top