တခ်ိဳ႕မိဘေတြ ၊ အုပ္ထိန္းသူေတြ ၊ လူႀကီးေတြက ကေလးကို မ်ားမ်ားရုိက္ေပးမွ ဒီကေလးက လိမၼာမွာဆိုတဲ့ အသိက အရမ္းဆုိးပါတယ္။ အ႐ိုက္ႏွက္ခံရတဲ့ ကေလးေတြမွာ စိတ္ဒဏ္ရာျဖစ္သြားႏုိင္တာကိုေတာ့ သူတုိ႕မေတြးမိတတ္ၾကပါဘူး။ ကေလးဘ၀မွာ ျပင္းထန္ေအာင္ အရုိက္ခံခဲ့ရတဲ့ကေလး ေတြက ရုပ္ပုိင္းဆုိင္ရာ ၊ စိတ္ပိုင္းဆုိင္ရာ ၊ လူမႈေရးဆုိင္ရာ ေတြမွာ တစ္ဘ၀စာလုံး အားနည္းသြားတတ္ၾကပါတယ္။

ကေလးေတြကို ႀကိမ္းေမာင္း ႐ိုက္ႏွက္ျခင္းေၾကာင့္ ျဖစ္လာမယ့္ အက်ိဳးဆက္မ်ား

ကေလးဘ၀မွာ အရုိက္ခံရတဲ့သူေတာ္ေတာ္မ်ားမ်ား စိတ္က်ေရာဂါ လြယ္လြယ္ျဖစ္လာတတ္သလုိ အတိတ္က အျဖစ္ကိုေမ့ေပ်ာက္ဖုိ႕အတြက္ ေဆးလိပ္ ၊ အရက္ ၊ မူးယစ္ေဆးေတြအထိပါ သုံးလာတတ္ပါတယ္။ ဒါက သူတုိ႕ရဲ႕ စိတ္ဒဏ္ရာေတြေၾကာင့္ ျဖစ္လာတာေတြပါ။

(၁) စိတ္ပုိင္းဆုိင္ရာ ထိခုိက္လာႏုိင္တယ္

စိတ္ပုိင္းဆုိင္ရာ ထိခုိက္သူေတာ္ေတာ္မ်ားမ်ား ၊ စိတ္ဒဏ္ရာရွိေနသူ ေတာ္ေတာ္မ်ားမ်ားရဲ႕ ရလဒ္ေတြက ငယ္ဘ၀မွာ မိဘဆီကျဖစ္ျဖစ္ ၊ တစ္စုံတစ္ေယာက္ကျဖစ္ျဖစ္ ရုိက္ႏွက္ႏွိပ္စက္ခံခဲ့ရလို႕ပဲျဖစ္ပါတယ္။ ငယ္ဘ၀က အျဖစ္ဆုိးေတြြေၾကာင့္ ဒီလုိစိတ္ပုိင္းဆုိင္ရာေတြ ခ်ိဳ႕ယြင္းလာတတ္ပါတယ္။

– စိတ္ကစဥ္႕ကလ်ားျဖစ္လာျခင္း

– ရန္လုိစိတ္မ်ားလာျခင္း

– စိတ္က်ေရာဂါျဖစ္လာျခင္း

– ထုိင္းမႈိင္းလာျခင္း

– အိပ္မေပ်ာ္ျဖစ္လာျခင္း စသည့္ျဖင့္ စိတ္ပုိင္းဆုိင္ရာ ခ်ိဳ႕ယြင္းမႈေတြျဖစ္လာပါတယ္။ သူတုိ႔ရဲ႕ေၾကာက္စိတ္ေတြေၾကာင့္ တစ္ဘ၀လုံး အေမွာင္ထဲမွာပဲ ျဖတ္သန္းသြားရႏုိင္ပါတယ္။ ဥပမာ – ငယ္ငယ္က ႀကိမ္လုံး ၊ ခါးပတ္နဲ႕ ရုိက္ႏွက္ႏွိပ္စက္ခံရရင္ ႀကိမ္လုံး ၊ ခါးပတ္ေတြ ျမင္ရင္ ေခၽြးေစးေတြျပန္ ၊ ကတုန္ကယက္ေတြျဖစ္သြားတတ္ၾကပါတယ္။

(၂) လူမႈေရးပုိင္းဆုိင္ရာ ထိခုိက္လာႏုိင္တယ္

ရုိက္ႏွက္ႏွိပ္စက္ခံခဲ့ရတဲ့ ကေလးေတြက သူငယ္ခ်င္းဖဲြ႕ဖုိ႕ ခက္ခဲလာတတ္ပါတယ္။ တျခားတစ္ေယာက္ကို ယုံၾကည္ဖုိ႕ဆုိတာလည္း ခက္ခဲလာတတ္ပါတယ္။ လူမႈေပါင္းသင္းဆက္ဆံေရးမွာပါ အားနည္းလာၿပီး တျခားသူေတြနဲ႕ စကားေျပာရခက္လာတတ္တယ္။

အသက္ႀကီးလာတဲ့အထိ သူတုိ႕စိတ္ထဲမွာ မေကာင္းေတြးတာေတြ မ်ားလပါာတယ္။ အသက္အရြယ္ႀကီးလာတဲ့အခါမွာလည္း သူတုိ႕ကေလးေတြကို ရုိက္ႏွက္တတ္တဲ့ အက်င့္ေတြ ရိွလာႏုိင္ပါတယ္။

ငယ္စဥ္တုန္းက အရုိက္ခံရတဲ့ စိတ္ဒဏ္ရာေတြက သူတုိ႔အိမ္ေထာင္ေရးနဲ႕ကေလးေတြကိုပါ ထိခုိက္လာႏုိင္ပါတယ္။ ဘ၀တစ္ေလွ်ာက္လုံး ျပန္ျပင္လုိ႕မရတဲ့ ရုပ္ပုိင္းဆုိင္ရာ၊ စိတ္ပုိင္းဆုိင္ရာ ၊ လူမႈေရးပုိင္းဆုိင္ရာ ထိခိုက္လာႏုိင္ပါတယ္။

ကေလးေတြကို လုိတာထက္ပိုၿပီး ရုိက္ဆုံးမတာက ကေလးတစ္ေယာက္က ဘ၀ကို ရုိက္ခ်ိဳးပစ္လုိက္တာနဲ႕အတူတူပါပဲ။ လူအခ်င္းခ်င္း ကုိယ္ခ်င္းစာတတ္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Hannwe Soe
# Unicode Version # ျဖင့္ ဖတ္ပါ #

တချို့မိဘတွေ ၊ အုပ်ထိန်းသူတွေ ၊ လူကြီးတွေက ကလေးကို များများရိုက်ပေးမှ ဒီကလေးက လိမ္မာမှာဆိုတဲ့ အသိက အရမ်းဆိုးပါတယ်။ အရိုက်နှက်ခံရတဲ့ ကလေးတွေမှာ စိတ်ဒဏ်ရာဖြစ်သွားနိုင်တာကိုတော့ သူတို့မတွေးမိတတ်ကြပါဘူး။ ကလေးဘဝမှာ ပြင်းထန်အောင် အရိုက်ခံခဲ့ရတဲ့ကလေး တွေက ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ၊ လူမှုရေးဆိုင်ရာ တွေမှာ တစ်ဘဝစာလုံး အားနည်းသွားတတ်ကြပါတယ်။

ကလေးတွေကို ကြိမ်းမောင်း ရိုက်နှက်ခြင်းကြောင့် ဖြစ်လာမယ့် အကျိုးဆက်များ

ကလေးဘဝမှာ အရိုက်ခံရတဲ့သူတော်တော်များများ စိတ်ကျရောဂါ လွယ်လွယ်ဖြစ်လာတတ်သလို အတိတ်က အဖြစ်ကိုမေ့ပျောက်ဖို့အတွက် ဆေးလိပ် ၊ အရက် ၊ မူးယစ်ဆေးတွေအထိပါ သုံးလာတတ်ပါတယ်။ ဒါက သူတို့ရဲ့ စိတ်ဒဏ်ရာတွေကြောင့် ဖြစ်လာတာတွေပါ။

(၁) စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်တယ်

စိတ်ပိုင်းဆိုင်ရာ ထိခိုက်သူတော်တော်များများ ၊ စိတ်ဒဏ်ရာရှိနေသူ တော်တော်များများရဲ့ ရလဒ်တွေက ငယ်ဘဝမှာ မိဘဆီကဖြစ်ဖြစ် ၊ တစ်စုံတစ်ယောက်ကဖြစ်ဖြစ် ရိုက်နှက်နှိပ်စက်ခံခဲ့ရလို့ပဲဖြစ်ပါတယ်။ ငယ်ဘဝက အဖြစ်ဆိုးတွေကြောင့် ဒီလိုစိတ်ပိုင်းဆိုင်ရာတွေ ချို့ယွင်းလာတတ်ပါတယ်။

– စိတ်ကစဉ့်ကလျားဖြစ်လာခြင်း

– ရန်လိုစိတ်များလာခြင်း

– စိတ်ကျရောဂါဖြစ်လာခြင်း

– ထိုင်းမှိုင်းလာခြင်း

– အိပ်မပျော်ဖြစ်လာခြင်း စသည့်ဖြင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေဖြစ်လာပါတယ်။ သူတို့ရဲ့ကြောက်စိတ်တွေကြောင့် တစ်ဘဝလုံး အမှောင်ထဲမှာပဲ ဖြတ်သန်းသွားရနိုင်ပါတယ်။ ဥပမာ – ငယ်ငယ်က ကြိမ်လုံး ၊ ခါးပတ်နဲ့ ရိုက်နှက်နှိပ်စက်ခံရရင် ကြိမ်လုံး ၊ ခါးပတ်တွေ မြင်ရင် ချွေးစေးတွေပြန် ၊ ကတုန်ကယက်တွေဖြစ်သွားတတ်ကြပါတယ်။

(၂) လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်လာနိုင်တယ်

ရိုက်နှက်နှိပ်စက်ခံခဲ့ရတဲ့ ကလေးတွေက သူငယ်ချင်းဖွဲ့ဖို့ ခက်ခဲလာတတ်ပါတယ်။ တခြားတစ်ယောက်ကို ယုံကြည်ဖို့ဆိုတာလည်း ခက်ခဲလာတတ်ပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာပါ အားနည်းလာပြီး တခြားသူတွေနဲ့ စကားပြောရခက်လာတတ်တယ်။

အသက်ကြီးလာတဲ့အထိ သူတို့စိတ်ထဲမှာ မကောင်းတွေးတာတွေ များလပါာတယ်။ အသက်အရွယ်ကြီးလာတဲ့အခါမှာလည်း သူတို့ကလေးတွေကို ရိုက်နှက်တတ်တဲ့ အကျင့်တွေ ရှိလာနိုင်ပါတယ်။

ငယ်စဉ်တုန်းက အရိုက်ခံရတဲ့ စိတ်ဒဏ်ရာတွေက သူတို့အိမ်ထောင်ရေးနဲ့ကလေးတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဘဝတစ်လျှောက်လုံး ပြန်ပြင်လို့မရတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ၊ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်လာနိုင်ပါတယ်။

ကလေးတွေကို လိုတာထက်ပိုပြီး ရိုက်ဆုံးမတာက ကလေးတစ်ယောက်က ဘဝကို ရိုက်ချိုးပစ်လိုက်တာနဲ့အတူတူပါပဲ။ လူအချင်းချင်း ကိုယ်ချင်းစာတတ်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:Hannwe Soe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top