ေဂါက္ကလပ္ တစ္ခုရဲ႕ အဝတ္လဲခန္းထဲမွာပါ။ တစ္ခ်ိဳ႕က ေရခ်ိဳးေနၾကၿပီး တခ်ိဳ႕က အဝတ္လဲေနၾကတယ္။ ခံုတန္းေပၚမွာ တင္ထားတဲ့ မိုဘိုင္းဖုန္းတစ္လံုး အသံျမည္လာတယ္။

အခန္းထဲက လူတစ္ေယာက္က ဖုန္းကို ေကာက္ကိုင္လိုက္ၿပီး အားလံုးၾကားေအာင္ speaker ကို ဖြင့္လိုက္တယ္။ ၿပီးမွ သူက “ဟဲလို” လို႔ ေျပာလိုက္တယ္။ တစ္ဖက္က “ကိုကို ကလပ္မွာ ရွိတုန္းပဲလား” “ဟုတ္တယ္”

“ဟိုေလ ကၽြန္မ အခု ေရႊနန္းေတာ္မွာ ေရာက္ေနတယ္။ ဆြဲႀကိဳးေလးတစ္ကံုး ေတြ႕ထားတယ္။ လွလိုက္တာ ကိုကိုရယ္။ ေစ်းက ၅ သိန္းတဲ့။ ယူလိုက္ရမလားဟင္” “ႀကိဳက္ရင္လည္း ယူလိုက္ေလ”

“ေအာ္ ဒါနဲ႔ ကၽြန္မတို႔ Showroom မွာ သြားၾကည့္ေတာ့ မရွိေတာ့ဘူးဆိုတဲ့ ၂၀၁၇ ေမာ္ဒယ္ကားေလ။ အခုျပန္ေရာက္ေနၿပီ လို႔  ဆိုင္က ဖုန္းဆက္တယ္။ အရင္ေျပာထားတဲ့ သိန္း ၂၀၀ ကို ၁၀ သိန္း ေလွ်ာ့ေပးမယ္တဲ့။ ယူလိုက္ရမလားဟင္” “ေအးေလ၊ မင္းႀကိဳက္ရင္လည္း ယူလိုက္ေပါ့”

“အိုး ဒါမွ ဒို႔ကိုကိုကြ။ ဒါေပမဲ့ တစ္ခု က်န္ေသးတယ္ေနာ္။ ဟိုတစ္ခါ သြားၾကည့္တဲ့ ကြန္ဒို အခန္းေလ။ မနက္ျဖန္ အေရာင္းပိတ္ ေတာ့မယ္တဲ့။ ဒီေန႔ယူမယ္ဆိုရင္ သိန္း ၂၀၀၀ ကို သိန္း ၅၀ ေလွ်ာ့ေပးမယ္တဲ့။ ယူလိုက္ရမလား ကိုကို” “ေအးေလ၊ မင္းသိပ္ႀကိဳက္ေနရင္လည္း ယူေစဗ်ာ”

“အိုး၊ ဒါေၾကာင့္ ကိုကို႔ကို သိပ္ခ်စ္ရတာ။ ဝမ္းသာလိုက္တာ။ ဒီေန႔ အိမ္ကို ေစာေစာ ျပန္ခဲ့ေနာ္ ကိုကို” “အိုေက၊ ဘိုင္ဘိုင္” အခန္းထဲက လူေတြအားလံုးဟာ သူ႔ကို အံ့ၾသၿပီး အားက်တဲ့ အမူအရာနဲ႔ ဝိုင္းၾကည့္ေနၾကတယ္။

သူဟာ ဖုန္းကို ပိတ္လိုက္ တယ္။ ၿပီးေတာ့ ဖုန္းကိုလူေတြဖက္ကို ေျမႇာက္ျပလိုက္ရင္း ခုလို ေျပာလိုက္ပါတယ္။ “ဒါ ဘယ္သူ႔ဖုန္းလဲဗ်” တဲ့

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္းေရးသားသူ
# Unicode Version # ျဖင့္ ဖတ္ပါ #

ဂေါက်ကလပ် တစ်ခုရဲ့ အဝတ်လဲခန်းထဲမှာပါ။ တစ်ချို့က ရေချိုးနေကြပြီး တချို့က အဝတ်လဲနေကြတယ်။ ခုံတန်းပေါ်မှာ တင်ထားတဲ့ မိုဘိုင်းဖုန်းတစ်လုံး အသံမြည်လာတယ်။

အခန်းထဲက လူတစ်ယောက်က ဖုန်းကို ကောက်ကိုင်လိုက်ပြီး အားလုံးကြားအောင် speaker ကို ဖွင့်လိုက်တယ်။ ပြီးမှ သူက “ဟဲလို” လို့ ပြောလိုက်တယ်။ တစ်ဖက်က “ကိုကို ကလပ်မှာ ရှိတုန်းပဲလား” “ဟုတ်တယ်”

“ဟိုလေ ကျွန်မ အခု ရွှေနန်းတော်မှာ ရောက်နေတယ်။ ဆွဲကြိုးလေးတစ်ကုံး တွေ့ထားတယ်။ လှလိုက်တာ ကိုကိုရယ်။ ဈေးက ၅ သိန်းတဲ့။ ယူလိုက်ရမလားဟင်” “ကြိုက်ရင်လည်း ယူလိုက်လေ”

“အော် ဒါနဲ့ ကျွန်မတို့ Showroom မှာ သွားကြည့်တော့ မရှိတော့ဘူးဆိုတဲ့ ၂၀၁၇ မော်ဒယ်ကားလေ။ အခုပြန်ရောက်နေပြီ လို့  ဆိုင်က ဖုန်းဆက်တယ်။ အရင်ပြောထားတဲ့ သိန်း ၂၀၀ ကို ၁၀ သိန်း လျှော့ပေးမယ်တဲ့။ ယူလိုက်ရမလားဟင်” “အေးလေ၊ မင်းကြိုက်ရင်လည်း ယူလိုက်ပေါ့”

“အိုး ဒါမှ ဒို့ကိုကိုကွ။ ဒါပေမဲ့ တစ်ခု ကျန်သေးတယ်နော်။ ဟိုတစ်ခါ သွားကြည့်တဲ့ ကွန်ဒို အခန်းလေ။ မနက်ဖြန် အရောင်းပိတ် တော့မယ်တဲ့။ ဒီနေ့ယူမယ်ဆိုရင် သိန်း ၂၀၀၀ ကို သိန်း ၅၀ လျှော့ပေးမယ်တဲ့။ ယူလိုက်ရမလား ကိုကို” “အေးလေ၊ မင်းသိပ်ကြိုက်နေရင်လည်း ယူစေဗျာ”

“အိုး၊ ဒါကြောင့် ကိုကို့ကို သိပ်ချစ်ရတာ။ ဝမ်းသာလိုက်တာ။ ဒီနေ့ အိမ်ကို စောစော ပြန်ခဲ့နော် ကိုကို” “အိုကေ၊ ဘိုင်ဘိုင်” အခန်းထဲက လူတွေအားလုံးဟာ သူ့ကို အံ့သြပြီး အားကျတဲ့ အမူအရာနဲ့ ဝိုင်းကြည့်နေကြတယ်။

သူဟာ ဖုန်းကို ပိတ်လိုက် တယ်။ ပြီးတော့ ဖုန်းကိုလူတွေဖက်ကို မြှောက်ပြလိုက်ရင်း ခုလို ပြောလိုက်ပါတယ်။ “ဒါ ဘယ်သူ့ဖုန်းလဲဗျ” တဲ့

ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top