မၾကာခင္ ကေလးအေဖျဖစ္ေတာ့မယ္ဆိုရင္ ဒါမွမဟုတ္ မိန္းမယူဖို ့စဥ္းစားထားတယ္ဆိုရင္ ဒီစာကို ဖတ္ထားသင့္ပါတယ္။ အေၾကာင္းကေတာ့ အေဖဆိုတာ သားတစ္ေယာက္အတြက္ စံျပပုဂၢိဳလ္ျဖစ္သလို တစ္သက္လံုး စဲြၿမဲသြားမယ့္ သင္ခန္းစာေတြကို သင္ၾကားေပးတဲ့ ဆရာလည္း ျဖစ္လို႔ပါ။

အခုေျပာမယ့္အေၾကာင္းအရာဟာ အေဖတစ္ေယာက္အေနနဲ႔ သားတစ္ေယာက္ကို တစ္သက္လံုး လူတစ္လံုး သူတစ္လံုး ျဖစ္ေစမယ့္ သင္ခန္းစာတစ္ခ်ိဳ႕အေၾကာင္း ျဖစ္ပါတယ္။

(၁) လူႀကီးလူေကာင္း စိတ္သြင္းေပးပါ

အသက္မႀကီးေသးေပမယ့္ အၿမဲတမ္း Gentleman ျဖစ္ရမယ္ ၊ တစ္နည္းအားျဖင့္ ေယာက်ာၤးေကာင္းျဖစ္ရမယ္ဆိုတဲ့ စိတ္ကို သားတစ္ေယာက္ စဲြေနေအာင္ သင္ေပးသင့္ပါတယ္။ လူႀကီးလူေကာင္းတစ္ေယာက္ဟာ အၿမဲတမ္း က်င့္ဝတ္နဲ႔ ကိုယ့္က်င့္သိကၡာကို ဦးစားေပးသူျဖစ္ၿပီး အားနည္းသူကို ညွာတတ္တဲ့ စိတ္ ၊ အမွန္တရားကို ျမတ္ႏိုးၿပီး မတရားတာကို လက္မခံတဲ့ စရုိက္ ထည့္ေပးထားသင့္ပါတယ။္

(၂) မိဘေတြကို ရိုေသပါ

သားသမီးေတြ ေရွ႕မွာ သူတို႔ရဲ႕ အဘိုးအဘြား ၊ ကိုယ့္ရဲ႕ မိခင္ ဖခင္ကို မေလးမစား ေျပာမိ ေနမိတာမ်ိဳး ဘယ္ေတာ့မွ လုပ္မျပမိပါေစနဲ႔။ ကေလးေတြဟာ သူတို႔မိဘေတြဆီကေန အေျပာ ၊ အျမင္ ၊ အၾကား အားလံုးနဲ႔ သင္ယူေနသူေတြ ျဖစ္ပါတယ္။ ကိုယ့္မိခင္ဖခင္ေတြအတြက္ ဂုဏ္ယူၿပီး ေလးစားမႈ ျပသတာဟာ တကယ့္ေလးစားထိုက္သူေတြရဲ႕ အရည္အခ်င္းမွာ ပါပါတယ္။

(၃) အမ်ိဳးသမီးေတြကို ေလးစားမႈ ျပပါ

ကိုယ့္ကေလးေတြကုိ လူေတြအေပၚ ေလးစားမႈ ရိွသူေတြျဖစ္ေအာင္ ပ်ိဳးေထာင္ေပးပါ။ ကိုယ့္ဇနီးမယားကိုလည္း ခ်စ္တဲ့ ေလးစားတဲ့ ေယာက်ာၤးေကာင္းတစ္ေယာက္အျဖစ္ သူတို႔ေရွ႕မွာ စံျပျဖစ္ေအာင္ ေနပါ။ အျပင္လူ အမ်ိဳးသမီးေတြကိုလည္း အထင္အျမင္ေသးတာ ၊ Body Shaming အပါအဝင္ လူတစ္ဖက္သား သိကၡာက်ေစမွာမ်ိဳးကို မလုပ္မိပါေစနဲ႔။

(၄) ကိုယ္က်င့္သိကၡာကို တန္ဖိုးထားပါ

ေယာက်ာၤးေကာင္းတစ္ေယာက္ရဲ႕ အဖိုးမျဖတ္ႏိုင္တဲ့ ဓနဥစၥာထဲမွာ ဘယ္သူ သိသိ မသိသိ ရိုးသား ေျဖာင့္မွန္စြာနဲ႔ အသက္ရွင္ႏိုင္ျခင္းလည္း ပါဝင္ပါတယ္။ ေျဖာင့္မွန္ျခင္းဟာ ေရရွည္ ေရတို အာခ်ိန္တိုင္းမွာ အေကာင္းဆံုး လူျဖစ္ဖို႔ အေကာင္းဆံုး အရည္အေသြးပါပဲ။

(၅) တာဝန္ယူစိတ္ သင္ေပးပါ

ကေလးေတြေရွ႕မွာ ကိုယ္ဟာ တာဝန္ယူတတ္တဲ့ ဖခင္တစ္ေယာက္ မိသားစုအတြက္ အၿမဲတမ္း ေရွ႕ကေန မားမားမတ္မတ္ ရိွေနသူ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ အျဖစ္ ေနထိုင္ပါ။ သူတို႔ကိုလည္း တာဝန္ယူစိတ္အေၾကာင္း သင္ေပးပါ။ ကိုယ့္အမွားကို ခ်က္ခ်င္း ဝန္ခံတတ္ၿပီး အမွန္ျဖစ္ေအာင္ ကိုယ့္ကိုယ္ကို အၿမဲ ပဲ့ျပင္သူျဖစ္ေစဖို႔ သင္ေပးထားသင့္ပါတယ္။

(၆) အလုပ္ႀကိဳးစားခ်င္စိတ္ ျဖစ္ပါေစ

အလုပ္ကို တန္ဖိုးထားတတ္သူ ၊ ဇြဲေကာင္းၿပီး အခက္အခဲေတြမွာ မၿငီးမျငဴ ရုန္းကန္သူ ျဖစ္ဖို႔ ကေလးေတြကို အားေပးသင့္ပါတယ္။ အလုပ္ကေန ကိုယ့္ကိုယ္ကို စည္းေစာင့္ျခင္း လိုမ်ိဳး တန္ဖိုးႀကီးတဲ့ သင္ခန္းစာေတြအေၾကာင္းလည္း သင္ေပးရမွာပါ။

(၇) ေလာကကို ခ်စ္တတ္ပါေစ

ေလာကလို႔ဆိုရာမွာ လူေတြ ၊ တိရစၦာန္ေတြနဲ႔ ေတာေတာင္ ေရေျမသဘာဝေတြကိုပါ ေစာင့္ေရွာက္ခ်င္စိတ္ ၊ ခ်စ္ခင္ တြယ္တာတဲ့ စိတ္မ်ိဳးကို ဆိုလိုပါတယ္။ အတၱနည္းနည္းနဲ႔ လူမႈပရဟိတ လုပ္ခ်င္စိတ္ ၊ ကိုယ့္ကိုယ္ကို တိုးတက္ခ်င္စိတ္ေတြလည္း ထည့္ေပးသင့္ပါတယ။္

(၈) ဘာသာတရားကိုင္းရိႈင္းပါေစ

ဘာသာတရားဟာ လူေတြရဲ႕ စာရိတၱျပဳျပင္ဖို႔နဲ႔ စိတ္ေကာင္း ႏွလံုးေကာင္း ရိွဖို႔အတြက္ အားကိုးရာ ျဖစ္ပါတယ္။ ဘာသာတရားရဲ႕ အဓိပၸါယ္ဟာ အမွန္တရားကို ျမတ္ႏိုးျခင္း ၊ က်င့္ဝတ္သိတတ္ျခင္း ၊ ေလာကဓံကို ႏွလံုးသြင္းမွန္ေစျခင္းအျပင္ ေသလြန္ၿပီး ေနာက္ဘဝအတြက္ပါ အေျဖေပးတာေၾကာင့္ ဘဝတစ္ေလွ်ာက္လံုး ဘာသာေရး သက္ဝင္ကိုင္းရိႈင္းတဲ့ သားသမီးေတြ အျဖစ္ သင္ေပးႏိုင္မယ္ဆိုရင္ မိဘတစ္ေယာက္ဟာ တစ္သက္လံုး စိတ္ခ်မ္းသာရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #

မကြာခင် ကလေးအဖေဖြစ်တော့မယ်ဆိုရင် ဒါမှမဟုတ် မိန်းမယူဖို့စဉ်းစားထားတယ်ဆိုရင် ဒီစာကို ဖတ်ထားသင့်ပါတယ်။ အကြောင်းကတော့ အဖေဆိုတာ သားတစ်ယောက်အတွက် စံပြပုဂ္ဂိုလ်ဖြစ်သလို တစ်သက်လုံး စွဲမြဲသွားမယ့် သင်ခန်းစာတွေကို သင်ကြားပေးတဲ့ ဆရာလည်း ဖြစ်လို့ပါ။

အခုပြောမယ့်အကြောင်းအရာဟာ အဖေတစ်ယောက်အနေနဲ့ သားတစ်ယောက်ကို တစ်သက်လုံး လူတစ်လုံး သူတစ်လုံး ဖြစ်စေမယ့် သင်ခန်းစာတစ်ချို့အကြောင်း ဖြစ်ပါတယ်။

(၁) လူကြီးလူကောင်း စိတ်သွင်းပေးပါ

အသက်မကြီးသေးပေမယ့် အမြဲတမ်း Gentleman ဖြစ်ရမယ် ၊ တစ်နည်းအားဖြင့် ယောကျာၤးကောင်းဖြစ်ရမယ်ဆိုတဲ့ စိတ်ကို သားတစ်ယောက် စွဲနေအောင် သင်ပေးသင့်ပါတယ်။ လူကြီးလူကောင်းတစ်ယောက်ဟာ အမြဲတမ်း ကျင့်ဝတ်နဲ့ ကိုယ့်ကျင့်သိက္ခာကို ဦးစားပေးသူဖြစ်ပြီး အားနည်းသူကို ညှာတတ်တဲ့ စိတ် ၊ အမှန်တရားကို မြတ်နိုးပြီး မတရားတာကို လက်မခံတဲ့ စရိုက် ထည့်ပေးထားသင့်ပါတယ။်

(၂) မိဘတွေကို ရိုသေပါ

သားသမီးတွေ ရှေ့မှာ သူတို့ရဲ့ အဘိုးအဘွား ၊ ကိုယ့်ရဲ့ မိခင် ဖခင်ကို မလေးမစား ပြောမိ နေမိတာမျိုး ဘယ်တော့မှ လုပ်မပြမိပါစေနဲ့။ ကလေးတွေဟာ သူတို့မိဘတွေဆီကနေ အပြော ၊ အမြင် ၊ အကြား အားလုံးနဲ့ သင်ယူနေသူတွေ ဖြစ်ပါတယ်။ ကိုယ့်မိခင်ဖခင်တွေအတွက် ဂုဏ်ယူပြီး လေးစားမှု ပြသတာဟာ တကယ့်လေးစားထိုက်သူတွေရဲ့ အရည်အချင်းမှာ ပါပါတယ်။

(၃) အမျိုးသမီးတွေကို လေးစားမှု ပြပါ

ကိုယ့်ကလေးတွေကို လူတွေအပေါ် လေးစားမှု ရှိသူတွေဖြစ်အောင် ပျိုးထောင်ပေးပါ။ ကိုယ့်ဇနီးမယားကိုလည်း ချစ်တဲ့ လေးစားတဲ့ ယောကျာၤးကောင်းတစ်ယောက်အဖြစ် သူတို့ရှေ့မှာ စံပြဖြစ်အောင် နေပါ။ အပြင်လူ အမျိုးသမီးတွေကိုလည်း အထင်အမြင်သေးတာ ၊ Body Shaming အပါအဝင် လူတစ်ဖက်သား သိက္ခာကျစေမှာမျိုးကို မလုပ်မိပါစေနဲ့။

(၄) ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားပါ

ယောကျာၤးကောင်းတစ်ယောက်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ဓနဥစ္စာထဲမှာ ဘယ်သူ သိသိ မသိသိ ရိုးသား ဖြောင့်မှန်စွာနဲ့ အသက်ရှင်နိုင်ခြင်းလည်း ပါဝင်ပါတယ်။ ဖြောင့်မှန်ခြင်းဟာ ရေရှည် ရေတို အာချိန်တိုင်းမှာ အကောင်းဆုံး လူဖြစ်ဖို့ အကောင်းဆုံး အရည်အသွေးပါပဲ။

(၅) တာဝန်ယူစိတ် သင်ပေးပါ

ကလေးတွေရှေ့မှာ ကိုယ်ဟာ တာဝန်ယူတတ်တဲ့ ဖခင်တစ်ယောက် မိသားစုအတွက် အမြဲတမ်း ရှေ့ကနေ မားမားမတ်မတ် ရှိနေသူ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် အဖြစ် နေထိုင်ပါ။ သူတို့ကိုလည်း တာဝန်ယူစိတ်အကြောင်း သင်ပေးပါ။ ကိုယ့်အမှားကို ချက်ချင်း ဝန်ခံတတ်ပြီး အမှန်ဖြစ်အောင် ကိုယ့်ကိုယ်ကို အမြဲ ပဲ့ပြင်သူဖြစ်စေဖို့ သင်ပေးထားသင့်ပါတယ်။

(၆) အလုပ်ကြိုးစားချင်စိတ် ဖြစ်ပါစေ

အလုပ်ကို တန်ဖိုးထားတတ်သူ ၊ ဇွဲကောင်းပြီး အခက်အခဲတွေမှာ မငြီးမငြူ ရုန်းကန်သူ ဖြစ်ဖို့ ကလေးတွေကို အားပေးသင့်ပါတယ်။ အလုပ်ကနေ ကိုယ့်ကိုယ်ကို စည်းစောင့်ခြင်း လိုမျိုး တန်ဖိုးကြီးတဲ့ သင်ခန်းစာတွေအကြောင်းလည်း သင်ပေးရမှာပါ။

(၇) လောကကို ချစ်တတ်ပါစေ

လောကလို့ဆိုရာမှာ လူတွေ ၊ တိရစ္ဆာန်တွေနဲ့ တောတောင် ရေမြေသဘာဝတွေကိုပါ စောင့်ရှောက်ချင်စိတ် ၊ ချစ်ခင် တွယ်တာတဲ့ စိတ်မျိုးကို ဆိုလိုပါတယ်။ အတ္တနည်းနည်းနဲ့ လူမှုပရဟိတ လုပ်ချင်စိတ် ၊ ကိုယ့်ကိုယ်ကို တိုးတက်ချင်စိတ်တွေလည်း ထည့်ပေးသင့်ပါတယ။်

(၈) ဘာသာတရားကိုင်းရှိုင်းပါစေ

ဘာသာတရားဟာ လူတွေရဲ့ စာရိတ္တပြုပြင်ဖို့နဲ့ စိတ်ကောင်း နှလုံးကောင်း ရှိဖို့အတွက် အားကိုးရာ ဖြစ်ပါတယ်။ ဘာသာတရားရဲ့ အဓိပ္ပါယ်ဟာ အမှန်တရားကို မြတ်နိုးခြင်း ၊ ကျင့်ဝတ်သိတတ်ခြင်း ၊ လောကဓံကို နှလုံးသွင်းမှန်စေခြင်းအပြင် သေလွန်ပြီး နောက်ဘဝအတွက်ပါ အဖြေပေးတာကြောင့် ဘဝတစ်လျှောက်လုံး ဘာသာရေး သက်ဝင်ကိုင်းရှိုင်းတဲ့ သားသမီးတွေ အဖြစ် သင်ပေးနိုင်မယ်ဆိုရင် မိဘတစ်ယောက်ဟာ တစ်သက်လုံး စိတ်ချမ်းသာရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top