လူ႔ဘဝရဲ႕ ေနာက္ဆုံးအခ်ိန္ ေရာက္လာၿပီဆိုေတာ့တစ္ေယာက္ထဲေနခ်င္လာတယ္။
မေကာင္းတတ္လို႔ပဲျဖစ္ျဖစ္လူမွဳေရးေၾကာင့္ပဲျဖစ္ျဖစ္ခင္လို႔မင္လို႔ပဲျဖစ္ျဖစ္သံေယာဇဥ္ေၾကာင့္ပဲျဖစ္ျဖစ္
ဘာအေၾကာင္းနဲ႔ျဖစ္ျဖစ္ ေရာက္လာၾကတ့ဲအခါေတြ႔ဆုံမိတ့ဲအခါမ်က္ႏွာခ်င္းဆိုင္မိတ့ဲအခါ မ်ိဳးေတြမွာ
တကယ့္ကို စိတ္ရင္းအမွန္နဲ႔ ေျပာတ့ဲစကားေတြဟန္ေဆာင္မွဳနဲ႔ ေျပာလာတ့ဲစကားေတြ
ဘာစကားေတြပဲျဖစ္ျဖစ္ နားေထာင္ေပးခ်င္တ့ဲဆႏၵေတြနဲ႔ အခ်ိန္ကုန္ရမွာ ဝန္ေလးလာတယ္။

ေနေကာင္းရဲ႕လားသက္သာရဲ႕လားဘာအကူအညီေပးရဦးမလဲဆိုတ့ဲ ဂ႐ုဏာစကား
ေတြကို တုန္႔ျပန္ေျပာဆိုေပးကာအသိအမွတ္ျပဳေပးရမယ့္ဝတၱရားေတြေက်းဇူးတင္စကား ျပန္ေျပာရမယ့္ ဝတၱရားေတြမအားတ့ဲၾကားက ေရာက္လာတ့ဲသူ႔ရဲ႕အားနာမွဳကို
ကိုယ့္ရဲ႕ေနာက္ဆုံးအခ်ိန္နဲ႔ အစားထိုးေပးရမယ့္ဝတၱရားေတြ ျပဳလုပ္ေပးဖို႔ ဝန္ေလးလာတယ္။

ဒီဆရာဝန္က မေကာင္းဘူးဟိုဆရာဝန္က ဘယ္လိုေကာင္းတာ ႔ ႔ ႔ဒီေဆး႐ုံက မေကာင္းဘူးဟိုေဆး႐ုံက ဘယ္လိုေကာင္းတာ ႔ ႔ ႔စသျဖင့္ေပါ့ေလတခဏသာ လူနာလာေမးတ့ဲ အႀကံေပးစကားေတြနဲ႔တခဏသာ လူ႔ဘဝေနရေတာ့မယ့္ကိုယ့္ရဲ႕ေနာက္ဆုံးအခ်ိန္ကို ျဖဳန္းတီးကာအစားထိုးနားေထာင္ဖို႔ ဝန္ေလးလာတယ္။

မိသားစုေတြကို အသိမေပးဘူးလား ႔ ႔ ႔သားကို အေၾကာင္းမၾကားဘူးလား ႔ ႔ ႔သမီးကို အဆက္အသြယ္ မလုပ္ဘူးလား ႔ ႔ ႔ကိုယ့္အသိမိတ္ေဆြရင္းေတြကိုေရာဖုန္းမဆက္ဘူးလား ႔ ႔ ႔ ဆိုတ့ဲစာနာတတ္တ့ဲ မိတ္ေဆြေကာင္းေတြရဲ႕အသံကိုလည္းအေၾကာင္းအက်ိဳးအေကာင္းအဆိုးအမွားအမွန္ေတြနဲ႔ သုံးသပ္ေဝဖန္ တုန္႔ျပန္ေနရမွာကိုလည္း ဝန္ေလးလာတယ္။

ကိုယ့္ရဲ႕ေနာက္ဆုံးအခ်ိန္မွာကိုယ့္ရဲ႕အနားကိုေရာက္လာတ့ဲသမီးရဲ႕ ငိုသံသားရဲ႕ ႐ွဳိက္သံ
ဇနီးမယားရဲ႕ ေၾကကြဲေနတ့ဲ အမူအယာေတြကိုလည္းမွ်ေဝခံစားေပးဖို႔ ဝန္ေလးလာတယ္။

လူနာလာေမးသူအေပၚ ထားေနရတ့ဲ ဝတၱရားေၾကာင့္လူနာရဲ႕ေနာက္ဆုံးအခ်ိန္ဟာ
ကိေလသာနဲ႔သာ အခ်ည္းအႏွီးျဖစ္သြားခ့ဲမယ္ဆိုရင္ လားရားဂတိ ေကာင္းဖြယ္မရွိလွ။
ေကာင္းရာသုဂတိ လားပါေစ-လို႔ေသသြားတ့ဲအခါက်မွ ဆုေတာင္းေပးျခင္းသည္
မေသခင္ကေကာင္းရာသုဂတိကို ေရာက္ေစႏိုင္တ့ဲအကူအညီ အေထာက္အပ့ံေပးမွဳေလာက္ မျမတ္။

ဒါေၾကာင့္ေလ ႔ ႔ ႔အသက္ဝေအာင္ မနဲႀကိဳးစားၿပီး ႐ွဴေနရေတာ့မယ့္ ငါ့ရဲ႕ေနာက္ဆုံးအခ်ိန္မွာ
အသက္႐ွဴဖို႔ သတိထားစရာ မလိုတ့ဲ သူေတြကအသံေတြနဲ႔ မႏွိပ္စက္ပါနဲ႔။ေရတစ္စက္ ဝင္ေအာင္ေသာက္ရဖို႔ ခက္ေနရေတာ့မယ့္ငါ့ရဲ႕ေနာက္ဆုံးအခ်ိန္မွာေရဝေအာင္ ေသာက္ေနရတ့ဲ သူေတြကအသံေတြနဲ႔ မႏွိပ္စက္ပါနဲ႔။

ယင္နားတာေတာင္ မခံႏိုင္ေတာ့တ့ဲငါ့ရဲ႕ေနာက္ဆုံးအခ်ိန္မွာၾကင္နာေႏြးေထြးတ့ဲ ျပဳစုမွဳေတြ ယုယမွဳေတြနဲ႔မႏွိပ္စက္ပါနဲ႔။

တစ္ေယာက္ထဲလာၿပီးတစ္ေယာက္ထဲျပန္ရေတာ့မယ့္ ဒီခရီးလမ္းမွာတစ္ေထာက္နား ဘဝခရီးတစ္ဝက္ကုိယ္ျပဳခ့ဲတ့ဲ ကံေတြကိုသာ အားကိုးေနရတာမို႔ငါ့ကို တကယ္ခင္ရင္ေလ
ငါ့ျပဳတ့ဲကံနဲ႔ ငါ့ရဲ႕လားရာခရီး ေျပာင္းလဲျခင္းေတြနဲ႔အခ်ည္းအႏွီးမျဖစ္ရေအာင္
တစ္ေယာက္ထဲေနၿပီး တိတ္တိတ္ကေလးေသပါရေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဦးဓမၼသာရ(ေဆးသ့ဲေတာင္)
# Unicode Version # ျဖင့္ ဖတ္ပါ #

လူ့ဘဝရဲ့ နောက်ဆုံးအချိန် ရောက်လာပြီဆိုတော့တစ်ယောက်ထဲနေချင်လာတယ်။
မကောင်းတတ်လို့ပဲဖြစ်ဖြစ်လူမှုရေးကြောင့်ပဲဖြစ်ဖြစ်ခင်လို့မင်လို့ပဲဖြစ်ဖြစ်သံယောဇဉ်ကြောင့်ပဲဖြစ်ဖြစ်
ဘာအကြောင်းနဲ့ဖြစ်ဖြစ် ရောက်လာကြတဲ့အခါတွေ့ဆုံမိတဲ့အခါမျက်နှာချင်းဆိုင်မိတဲ့အခါ မျိုးတွေမှာ
တကယ့်ကို စိတ်ရင်းအမှန်နဲ့ ပြောတဲ့စကားတွေဟန်ဆောင်မှုနဲ့ ပြောလာတဲ့စကားတွေ
ဘာစကားတွေပဲဖြစ်ဖြစ် နားထောင်ပေးချင်တဲ့ဆန္ဒတွေနဲ့ အချိန်ကုန်ရမှာ ဝန်လေးလာတယ်။

နေကောင်းရဲ့လားသက်သာရဲ့လားဘာအကူအညီပေးရဦးမလဲဆိုတဲ့ ဂရုဏာစကား
တွေကို တုန့်ပြန်ပြောဆိုပေးကာအသိအမှတ်ပြုပေးရမယ့်ဝတ္တရားတွေကျေးဇူးတင်စကား ပြန်ပြောရမယ့် ဝတ္တရားတွေမအားတဲ့ကြားက ရောက်လာတဲ့သူ့ရဲ့အားနာမှုကို
ကိုယ့်ရဲ့နောက်ဆုံးအချိန်နဲ့ အစားထိုးပေးရမယ့်ဝတ္တရားတွေ ပြုလုပ်ပေးဖို့ ဝန်လေးလာတယ်။

ဒီဆရာဝန်က မကောင်းဘူးဟိုဆရာဝန်က ဘယ်လိုကောင်းတာ့ဒီဆေးရုံက မကောင်းဘူးဟိုဆေးရုံက ဘယ်လိုကောင်းတာ့စသဖြင့်ပေါ့လေတခဏသာ လူနာလာမေးတဲ့ အကြံပေးစကားတွေနဲ့တခဏသာ လူ့ဘဝနေရတော့မယ့်ကိုယ့်ရဲ့နောက်ဆုံးအချိန်ကို ဖြုန်းတီးကာအစားထိုးနားထောင်ဖို့ ဝန်လေးလာတယ်။

မိသားစုတွေကို အသိမပေးဘူးလား့သားကို အကြောင်းမကြားဘူးလား့သမီးကို အဆက်အသွယ် မလုပ်ဘူးလား့ကိုယ့်အသိမိတ်ဆွေရင်းတွေကိုရောဖုန်းမဆက်ဘူးလား့ ဆိုတဲ့စာနာတတ်တဲ့ မိတ်ဆွေကောင်းတွေရဲ့အသံကိုလည်းအကြောင်းအကျိုးအကောင်းအဆိုးအမှားအမှန်တွေနဲ့ သုံးသပ်ဝေဖန် တုန့်ပြန်နေရမှာကိုလည်း ဝန်လေးလာတယ်။

ကိုယ့်ရဲ့နောက်ဆုံးအချိန်မှာကိုယ့်ရဲ့အနားကိုရောက်လာတဲ့သမီးရဲ့ ငိုသံသားရဲ့ ရှိုက်သံ
ဇနီးမယားရဲ့ ကြေကွဲနေတဲ့ အမူအယာတွေကိုလည်းမျှဝေခံစားပေးဖို့ ဝန်လေးလာတယ်။

လူနာလာမေးသူအပေါ် ထားနေရတဲ့ ဝတ္တရားကြောင့်လူနာရဲ့နောက်ဆုံးအချိန်ဟာ
ကိလေသာနဲ့သာ အချည်းအနှီးဖြစ်သွားခဲ့မယ်ဆိုရင် လားရားဂတိ ကောင်းဖွယ်မရှိလှ။
ကောင်းရာသုဂတိ လားပါစေ-လို့သေသွားတဲ့အခါကျမှ ဆုတောင်းပေးခြင်းသည်
မသေခင်ကကောင်းရာသုဂတိကို ရောက်စေနိုင်တဲ့အကူအညီ အထောက်အပံ့ပေးမှုလောက် မမြတ်။

ဒါကြောင့်လေ့အသက်ဝအောင် မနဲကြိုးစားပြီး ရှူနေရတော့မယ့် ငါ့ရဲ့နောက်ဆုံးအချိန်မှာ
အသက်ရှူဖို့ သတိထားစရာ မလိုတဲ့ သူတွေကအသံတွေနဲ့ မနှိပ်စက်ပါနဲ့။ရေတစ်စက် ဝင်အောင်သောက်ရဖို့ ခက်နေရတော့မယ့်ငါ့ရဲ့နောက်ဆုံးအချိန်မှာရေဝအောင် သောက်နေရတဲ့ သူတွေကအသံတွေနဲ့ မနှိပ်စက်ပါနဲ့။

ယင်နားတာတောင် မခံနိုင်တော့တဲ့ငါ့ရဲ့နောက်ဆုံးအချိန်မှာကြင်နာနွေးထွေးတဲ့ ပြုစုမှုတွေ ယုယမှုတွေနဲ့မနှိပ်စက်ပါနဲ့။

တစ်ယောက်ထဲလာပြီးတစ်ယောက်ထဲပြန်ရတော့မယ့် ဒီခရီးလမ်းမှာတစ်ထောက်နား ဘဝခရီးတစ်ဝက်ကိုယ်ပြုခဲ့တဲ့ ကံတွေကိုသာ အားကိုးနေရတာမို့ငါ့ကို တကယ်ခင်ရင်လေ
ငါ့ပြုတဲ့ကံနဲ့ ငါ့ရဲ့လားရာခရီး ပြောင်းလဲခြင်းတွေနဲ့အချည်းအနှီးမဖြစ်ရအောင်
တစ်ယောက်ထဲနေပြီး တိတ်တိတ်ကလေးသေပါရစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:ဦးဓမ္မသာရ(ဆေးသဲ့တောင်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top