မယ္လုိဒီက သူမရဲ႕ အသက္အရြယ္အလုိက္ ေျပာင္းလဲလာတဲ့ အရာေတြအေပၚ သံေဝဂရလုိ႔ေနပါတယ္။ ခႏၶာကုိယ္ရဲ႕ ေျပာင္းလဲမႈေတြဟာ အရင္တုန္းကလို ျပန္မရႏုိင္ေတာ့ဘူးလုိ႔ လည္း သူမက အခုလုိ ေျပာျပထားပါတယ္။

ငယ္ဂုဏ္၊ ဆံပင္၊ မ်က္လုးံ၊ အသားအေရ၊ အားလုးံေကာင္းတယ္။ ခုေတာ့ ဆံပင္ပါး၊ မ်က္လုးံဝါး၊ အသားအေရမေကာင္း၊ စိတ္ထားေလးဘဲေကာင္းဖို႔ႀကိဳးစားေနလိုက္ေတာ့တယ္’’  ဆုိၿပီးေတာ့ ဇြန္လ ၂၁ ရက္ေန႔ မနက္ ၁၂ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားထားတာျဖစ္ပါတယ္။ ငယ္ငယ္တုန္းက အလွဓာတ္ပုံေလးကုိလည္း အတူတြဲ တင္ခဲ့ပါေသးတယ္။

မယ္လုိဒီက အခုဆုိရင္ အသက္ ၃၆ ႏွစ္ေက်ာ္လုိ႔ ၃၇ ႏွစ္အတြင္းကုိ ေရာက္ရွိေနၿပီျဖစ္ပါတယ္။ သူမဟာ မိသားစုကုိ အခ်ိန္ေပးေနရတာ ျဖစ္တဲ့အတြက္ အႏုပညာအလုပ္ေတြကုိ သိပ္လုပ္ျဖစ္တာ မေတြ႔ရေတာ့ပါဘူး။ ဇာတ္ကားရုိက္ကူးေရးေတြ နားထားေပမယ့္ ပြဲလမ္းသဘင္ေတြကုိေတာ့ အဆက္မျပတ္ တက္ေရာက္ေနရသူျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူ႔ကို ခ်စ္တဲ့ ပရိသတ္ေတြရဲ႕ အခ်စ္ကေတာ့ ေလွ်ာ့သြားတာမ်ဳိး မရွိပါဘူး ။



ကုိသာေကာင္းနဲ႔ သရုပ္ေဆာင္ မယ္လုိဒီတုိ႔ဟာ ၂၀၁၄ ခုႏွစ္ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔မွာ မဂၤလာပြဲ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္ အတြင္းမွာပဲ သားေလး သိဒၶိစစ္ကုိ ေမြးဖြားခဲ့တာပါ။ အခုဆုိရင္ေတာ့ သူတုိ႔ရဲ႕ တစ္ဦးတည္းေသာသားေလး သဒၶိစစ္က အခုဆုိရင္ ၄ ႏွစ္အရြယ္ကုိ ေရာက္ရွိေနၿပီျဖစ္ပါတယ္။ 

ခ်စ္စရာေကာင္းတဲ့ သားေလးကုိေတာ့ ငယ္ငယ္ေလးကတည္းက ပရိသတ္ေတြက အခ်စ္ပုိခဲ့ၾကတာပါ။ သိဒၶိစစ္ဟာ ငယ္ငယ္ေလးကတည္းက ကေလးအသုံးအေဆာင္ပစၥည္းေတြရဲ႕ ေၾကာ္ျငာ မင္းသားေပါက္စေလး ျဖစ္ခဲ့ပါတယ္။

မယ္လုိဒီရဲ႕ အႏုပညာသက္တမ္းက ႏွစ္ ၂၀ ခန္႔ရွိၿပီျဖစ္ပါတယ္။ မယ္လိုဒီကုိ တီဗီေၾကာ္ျငာေတြ၊ မဂၢဇင္းကာဗာ၊ ဂ်ာနယ္ မ်က္ႏွာဖုံးေတြကေန တဆင့္ ပရိသတ္ေတြ စတင္အားေပးလာခဲ့တာပါ။ အဲဒီေနာက္ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကားေတြလည္း အမ်ားႀကီး ရုိက္ကူးထားတာေတြ႔ရ ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #

မယ်လိုဒီက သူမရဲ့ အသက်အရွယ်အလိုက် ပြောင်းလဲလာတဲ့ အရာတွေအပေါ် သံဝေဂရလို့နေပါတယ်။ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေဟာ အရင်တုန်းကလို ပြန်မရနိုင်တော့ဘူးလို့ လည်း သူမက အခုလို ပြောပြထားပါတယ်။

ငယ်ဂုဏ်၊ ဆံပင်၊ မျက်လုးံ၊ အသားအရေ၊ အားလုးံကောင်းတယ်။ ခုတော့ ဆံပင်ပါး၊ မျက်လုးံဝါး၊ အသားအရေမကောင်း၊ စိတ်ထားလေးဘဲကောင်းဖို့ကြိုးစားနေလိုက်တော့တယ်’’  ဆိုပြီးတော့ ဇွန်လ ၂၁ ရက်နေ့ မနက် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာဖြစ်ပါတယ်။ ငယ်ငယ်တုန်းက အလှဓာတ်ပုံလေးကိုလည်း အတူတွဲ တင်ခဲ့ပါသေးတယ်။

မယ်လိုဒီက အခုဆိုရင် အသက် ၃၆ နှစ်ကျော်လို့ ၃၇ နှစ်အတွင်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ မိသားစုကို အချိန်ပေးနေရတာ ဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို သိပ်လုပ်ဖြစ်တာ မတွေ့ရတော့ပါဘူး။ ဇာတ်ကားရိုက်ကူးရေးတွေ နားထားပေမယ့် ပွဲလမ်းသဘင်တွေကိုတော့ အဆက်မပြတ် တက်ရောက်နေရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ကို ချစ်တဲ့ ပရိသတ်တွေရဲ့ အချစ်ကတော့ လျှော့သွားတာမျိုး မရှိပါဘူး ။

ကိုသာကောင်းနဲ့ သရုပ်ဆောင် မယ်လိုဒီတို့ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာပဲ သားလေး သိဒ္ဓိစစ်ကို မွေးဖွားခဲ့တာပါ။ အခုဆိုရင်တော့ သူတို့ရဲ့ တစ်ဦးတည်းသောသားလေး သဒ္ဓိစစ်က အခုဆိုရင် ၄ နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ 

ချစ်စရာကောင်းတဲ့ သားလေးကိုတော့ ငယ်ငယ်လေးကတည်းက ပရိသတ်တွေက အချစ်ပိုခဲ့ကြတာပါ။ သိဒ္ဓိစစ်ဟာ ငယ်ငယ်လေးကတည်းက ကလေးအသုံးအဆောင်ပစ္စည်းတွေရဲ့ ကြော်ငြာ မင်းသားပေါက်စလေး ဖြစ်ခဲ့ပါတယ်။

မယ်လိုဒီရဲ့ အနုပညာသက်တမ်းက နှစ် ၂၀ ခန့်ရှိပြီဖြစ်ပါတယ်။ မယ်လိုဒီကို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရ ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top