










Credit:santhitsa
# Unicode Version # ဖြင့် ဖတ်ပါ #

ဆွဲဆောင်မှုရှိတဲ့ မျက်နှာကျလေးနဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် အဆိုတော်မလေး ဝါဆိုမိုးဦးကတော့ သူမကိုယ်သူမ အမြဲယုံကြည်မှုရှိနေတတ်သူတစ်ဦးပါ။ သူမကို အလိုလိုက်ပြီး အရမ်းချစ်တဲ့ ချစ်သူကိုလည်း ပိုင်ဆိုင်ထားတဲ့ ဝါဆိုမိုးဦးက လတ်တလောမှာတော့ အလုပ်အားတဲ့အချိန်လေးမှာ ချစ်သူနဲ့ ချိန်းတွေ့နေတဲ့ ချစ်စရာ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို Romantic ဆန်လွန်းတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူစုံတွဲလေးရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် FA တွေ ထိုင်ငိုသွားလောက်အောင် Ro လွန်းတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝါဆိုမိုးဦးကတော့ ” အလုပ်အားတဲ့အချိန်ဆို ဒီလိုလေးချိန်းတွေ့ကြတယ်ပေါ့နော် ဆိုပြီး သူတို့ ချစ်သူနှစ်ဦး ပျော်ပျော်ပါးပါးလျှောက်လည်ရင်း ချိန်းတွေ့နေကြတဲ့ ပုံလေးတွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။

နိုင်ငံခြားစုံတွဲတွေလို အရမ်းဂေါ်နေတဲ့ ဖြိုးလေးနဲ့ ဝါဆို…။

အကြင်နာအနမ်းတွေလည်း ပေးရင်း ကြည်နူးနေကြတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကတော့ ကြည့်နေတဲ့သူတွေကိုပါ အပျော်တွေ ကူးစက်စေပါတယ်နော်။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ချစ်သူနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ များစွာနဲ့ ရှေ့ဆက်နေကြတာ အခုဆိုရင် ချစ်သူသက်တမ်း ၃ နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။

ဝါဆိုကတော့ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းမှာသာမကပဲ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဝါဆိုမိုးဦးကတော့ ချစ်သူဖြိုးလေးနဲ့အတူ ပျော်ရွှင်စရာအချစ်ခရီးလမ်းကို အတူဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top