၁၉၉၆ ေလာက္က ခလရ(xx)က ဗိုလ္ႀကီးတစ္ေယာက္ဟာ သူရဲ႕ငယ္ခ်စ္ဦးနဲ႔ လက္ထပ္ဖို႔အတြက္ မိတၱီလာကို ခြင့္ျပန္လာပါတယ္။ဗိုလ္ႀကီးက အသားျဖဴျဖဴအရပ္ျမင့္ျမင့္ သူ႔ခ်စ္သူဟာလည္း ရုပ္ေခ်ာလွပသူျဖစ္ရံုသာမက ၿမိဳ႕မ်က္ႏွာဖံုး ခ်မ္းသာသူျဖစ္ေလေတာ့ ႏွစ္ေယာက္စလံုးဟာ ေနနဲ႔လ ေရႊနဲ႔ျမ လိုက္ဖက္တ့ဲခ်စ္သူေတြ ျဖစ္ၿပီး အားလံုးကအားက်ရတ့ဲစံုတြဲပါ
ခ်စ္သူႏွစ္ေယာက္ကလည္း မဂၤလာေဆာင္အတြက္ေပ်ာ္မဆံုး ေမာ္မဆံုးနဲ႔ ျပင္ဆင္ေနၾကတာေပါ့ေလ
ဒီလိုနဲ႔ မဂၤလာေဆာင္တ့ဲေန႔ရက္ကို ေရာက္ရွိလို႔လာပါတယ္။

တပ္မေတာ္က အရာရွိျဖစ္ေလေတာ့ ဗိုလ္ႀကီးက ဆဖာရီကုတ္ ေခၚတ့ဲ အခမ္းအနားဝတ္စံုနဲ႔ပါ
သတို႔သမီးကလည္း ျမန္မာထိုင္မသိမ္းဝတ္စံုျဖဴေလးနဲ႔ သိပ္လွေနတာေပါ့ဗ်ာ
အားလံုးက ကံေကာင္းတယ္ လိုက္ဖက္ပါတယ္ေျပာေနၾကတ့ဲ ဒီစံုတြဲဟာ အားလံုးကထင္မွတ္မထားတ့ဲ ကံၾကမၼာဆိုးႀကီးနဲ႔ဆံုခဲ့ရပါတယ္။

ဒါကေတာ့ တခ်ိန္က သတို႔သမီးရဲ႕ခ်စ္သူေဟာင္းဟာ မဂၤလာပြဲကို ဓါးတလက္နဲ႔ဝင္ေရာက္လာၿပီး အားလံုးဝိုင္းဆြဲေနတဲ့ၾကားထဲက ဆြဲတ့ဲသူေတြေရာ သတို႔သမီး သတို႔သားေရာ ကိုပါ ဓါးနဲ႔ခုတ္ခဲ့လို႔ သတို႔သမီးဟာေနရာတြင္ပဲ ပြဲခ်င္းၿပီးေသဆံုးရရွာပါတယ္

သတို႔သမီးရဲ႕ အျဖဴေရာင္ဝတ္စံုဟာ ေသြးခ်င္းခ်င္းနီရဲသြားေပမယ့္ သတို႔သမီးရဲ႕မ်က္လံုးေတြကေတာ့ သူမခ်စ္ျမတ္ႏိုးတ့ဲ သတို႔သားကိုဝမ္းနည္းတ့ဲမ်က္လံုးအစံုနဲ႔ ၾကည့္ေနရင္းအသက္ေပ်ာက္သြားရရွာပါတယ္
သတို႔သားဟာလည္း ေသြးခ်င္းခ်င္းနီေနတ့ဲ သူရဲ႕သတို႔သမီးအေလာင္းကို က်စ္က်စ္ပါေအာင္ ဖက္ၿပီးငိုေၾကြးေနေလေတာ့ သူ႔ရဲ႕ဝတ္စံုကလည္း သတို႔သမီးရဲ႕ေသြးေတြနဲ႔ရဲရဲနီေနပါေတာ့တယ္
ဒီလိုနဲ႔သူတို႔ဇာတ္လမ္းကေလးဟာ ေၾကကြဲစရာေတြနဲ႔အဆံုးသတ္သြားပါတယ္

ဒါေပမယ့္ ဇာတ္လမ္းက မၿပီးခ့ဲပါဘူး
ဗိုလ္ႀကီးဟာ သူ႕ခ်စ္သူကို မေမ့ႏိုင္ေလေတာ့
သူ႔ခ်စ္သူေသြးေတြေပေနတ့ဲ အခမ္းအနားဝတ္စံုကို မေလွ်ာ္ပစ္ပဲ ဒီအတိုင္း မိုက္ရူးရဲဆန္စြာ သိမ္းဆည္းထားပါတယ္
အားလံုးကဝိုင္းေျပာၾကေပမယ့္ ဗိုလ္ႀကီးကို ဘယ္လိုမွေျပာလို႔မရခ့ဲပါဘူး
ဒီအတိုင္းထားတာဟာ သူမအနားမွာရွိေနသလိုပဲလို႔ တတြတ္တြတ္ေျပာေနပါေတာ့တယ္
ဒါေၾကာင့္ အ့ဲသည္အရာရွိဟာ စစ္မွဳထမ္းေဆာင္ရန္ဆက္လက္မသင့္ေတာ္တ့ဲ မွတ္ခ်က္နဲ႔ တပ္မေတာ္ကေန အနားယူခ့ဲရပါတယ္
သူဟာ တကိုယ္တည္းဘဝနဲ႔ပဲ ၂၀၀၉ ခုႏွစ္မွာ မိတၱီလာၿမိဳ႕ နာမည္ေက်ာ္ ေရေက်ာ္ခုႏွစ္ေပါက္ ေရတံခါးမွာ ေရနစ္ေသဆံုးခ့ဲပါတယ္
မေသဆံုးခင္အထိ ညစဥ္ညတိုင္း သူရဲ႕ ေသြးေပေနတ့ဲ သတို႔သား ဝတ္စံုကို ေရွ႕မွာခ်ၿပီး တေယာက္တည္းစကားေတြေျပာေနတာကို ေခ်ာင္းေတြ႕တယ္လို႔ ေဆြမ်ိဳးနီးစပ္သူေတြက ေျပာပါတယ္
သူမေသခင္ ေန႔စဥ္ေန႔တိုင္း သူ႔အခန္းထဲမွာ ညဘက္ဆို ျမန္မာသတို႔သမီး ဝတ္စံုျဖဴနဲ႔ မိန္းကေလးတစ္ေယာက္ကို ခဏ ခဏ ေတြ႕ေၾကာင္းလဲေျပာၾကပါတယ္

ဒီလိုနဲ႔၂၀၁၀ခုႏွစ္(သတို႔သမီးေသဆံုးၿပီး ၁၄ ႏွစ္ သတို႔သားေသဆံုးၿပီး တစ္ႏွစ္မွာပါ)
ကြ်န္ေတာ့္သူငယ္ခ်င္း ေသသူရဲ႕တူေတာ္တ့ဲသူက မိတၱီလာစစ္ေဆးရံုမွာ ေဆးမွဴးဗိုလ္ႀကီးအျဖစ္တာဝန္က်ပါတယ္
ကြ်န္ေတာ္တို႔ႏွစ္ေယာက္ဟာ အေဆာင္မွာ တခန္းထဲေနသူေတြပါ အရမ္းခင္တဲ့ငယ္သူငယ္ခ်င္းေတြျဖစ္ပါတယ္။

သူကအ့ဲသည့္အိမ္ကို အျမဲဝင္ထြက္ေနသူျဖစ္တာေၾကာင့္ ဒီဇာတ္လမ္းကိုလည္း ကြ်န္ေတာ္ေရာ သူပါ သိရွိထားၿပီးျဖစ္ပါတယ္
အ့ဲသည့္ေန႔က မွတ္မွတ္ရရ ၂၀၁၀ ခုႏွစ္ မတ္လ ၂၆ ရက္ကပါ
ေနာက္ေန႔ တပ္မေတာ္ေန႔ညစာစားပြဲအတြက္ ကြ်န္ေတာ့္သူငယ္ခ်င္းဟာ ဆာဖာရီကုတ္မရွိပါဘူး
ျပန္ခ်ဳပ္ဖို႔ကလည္း အခ်ိန္မမွီ
ရွိတ့ဲသူေတြ အကုန္လံုးက စားပြဲတက္မွာဆိုေတာ့ ငွားလို႔လဲမရဘူးေလ
ဒါနဲ႔ဆက္စပ္ေတြးလိုက္ေတာ့ မႏွစ္ကဆံုးသြားတ့ဲ သူ႕ဦးေလး ဗိုလ္ႀကီးေဟာင္းကို အမွတ္ရပါတယ္
ဒါနဲ႔ သူ႔အိမ္မွာရွိမွာပဲဆိုပီးသြားငွားပါတယ္
ဒီလိုနဲ႔ ကြ်န္ေတာ္တို႔ နာရီစင္နားက သူတို႔အိမ္ေရာက္ေတာ့ အိမ္သားေတြက “ရွိပါတယ္ ဦးေလးပစၥည္းေတြအကုန္သိမ္းထားပါတယ္”တ့ဲ ထူးဆန္းတာတခုက ဒီေလာက္ႏွစ္ေတြၾကာၿပီ သူတို႔လည္းေသေသခ်ာခ်ာ ေလွ်ာ္ဖြပ္ပါတယ္ ပင္မင္းေတြေပါင္းစံုအပ္ေပမယ့္ အက်ီ ရင္ဘတ္ကေသြးကြက္ဟာ ဘယ္လိုမွခြ်တ္လို႔မရဘူးတ့ဲ
သူတို႔ပံုစံၾကည့္ရတာ ေၾကာက္ရြံေနတာအရမ္းသိသာပါတယ္
ဒါေပမယ့္ သူငယ္ခ်င္းက ဆရာဝန္ဆိုေတာ့ အယံုအၾကည္မရွိဘူးေလ
သူက ထုတ္ျပဖို႔ေျပာေတာ့
အိမ္သားေတြက အေပၚထပ္က အေသပိတ္ထားတ့ဲအခန္းကို ကြ်န္ေတာ္တို႔ႏွစ္ေယာက္စလံုးကို ေခၚလာတယ္ အ့ဲမွာပဲေျခာက္ျခားစရာ ဆာဖာရီကုတ္ကို နံရံမွာခ်ိတ္ထားတာေတြ႕လိုက္ရပါတယ္။

ဖုန္အလိမ္းလိမ္းတက္ေနေပမယ့္ ဘယ္ဘက္ရင္အံုမွာ ငါးလက္မပတ္လည္ေလာက္ရွိတ့ဲ ေသြးကြက္ႀကီးကို ထင္ထင္ရွားရွားႀကီးေတြ႕ေနရပါတယ္
ကြ်န္ေတာ္က ေၾကာက္တတ္လို႔ျပန္ဖို႔ေျပာေပမယ့္ သူငယ္ခ်င္းကမရပါဘူး ခ်က္ျခင္းဆိုသလိုပဲ
အက်ီ ၤကို အစမ္းေကာက္ဝတ္ပစ္လိုက္ပါတယ္
အ့ဲမွာ ေတာ္တယ္ဆိုပီး ငွားပါတယ္
အ့ဲသည့္အိမ္ကလည္း အပိုင္သာယူသြားပါဆိုပီး ေသေသခ်ာခ်ာထုတ္ေပးလိုက္ပါေတာ့တယ္
ျဖစ္တာက အ့ဲသည့္ညမွာပါ
ဆာဖာရီကုတ္ဆိုတာ အထူႀကီးပါ
ေရေလွ်ာ္ပီးရင္ ေတာ္ေတာ္နဲ႔ မေျခာက္လို႔
သူငယ္ခ်င္းဟာ ေရာက္ေရာက္ခ်င္းညေနခင္းမွာပဲ ေလွ်ာ္ပါေတာ့တယ္
အ့ဲသည္လိုေလွ်ာ္ေနတုန္းခဏေတာ့ ေပ်ာက္သြားသလိုျဖစ္ေပမယ့္
ခဏေန ေနပူျပန္လွန္းရင္ ဒီေသြးကြက္ဟာ နီက်င္က်င္နဲ႔ျပန္ေပၚလာပါေတာ့တယ္
ယိုးဒယားက အစြန္းခြ်တ္ေဆးသံုးေပမယ့္မရပါဘူး
ဒီေကာင္ေတာ္ေတာ္စိတ္အိုက္သြားပံုရပါတယ္
ဒီလိုနဲ႔အခန္းထဲမွာ စိတ္ပ်က္လက္ပ်က္နဲ႔ ဒီဝတ္စံုႀကီးကို ကြ်န္ေတာ္တို႔ႏွစ္ေယာက္ အခန္းထဲက စင္မွာ ခ်ိတ္ထားပါတယ္
သူက မေၾကာက္တတ္ေပမယ့္ ကြ်န္ေတာ္က အလြန္ေၾကာက္တာမို႔ အေပါ့သြားရင္ေတာင္ လွည့္မၾကည့္ရဲပါဘူး
ဒီလိုနဲ႔ ည ၁၀ နာရီ ေရာက္လာပါတယ္

ကြ်န္ေတာ္တို႔ႏွစ္ေယာက္ စာဖတ္ေနရင္း ဒီေကာင္က ဘာစိတ္ကူးေပါက္လဲမသိပါဘူး
ရုတ္တရက္ ဝတ္စံုႀကီးကို စိုက္ၾကည့္ၿပီး
“ဘာျဖစ္လို႔ ဒီအစြန္းက မကြ်တ္ရသလဲကြာ”
ဆိုပီး တေယာက္တည္းေရ႐ြတ္လိုက္ပါတယ္
အ့ဲသည့္အခ်ိန္မွာပဲ
ရုတ္တရက္မီးပ်က္သြားပါတယ္
ကြ်န္ေတာ္တို႔ႏွစ္ေယာက္လံုးေၾကာင္သြားတဲ့ မ်က္စိတစ္မွိတ္မွာပဲ မီးျပန္လာပါတယ္
ဒါေပမယ့္ အခန္းကေတာ့အရင္လိုမဟုတ္ေတာ့ပါဘူး
ဆာဖာရီ ဝတ္စံုႀကီးရဲ႕နားမွာ အျဖဴေရာင္ဝတ္စံုနဲ႔ ေသြးဆုတ္ျဖဴေလ်ာ္ေနတ့ဲ မ်က္ႏွာပိုင္ရွင္သတို႔သမီးတစ္ေယာက္ကို ထိတ္လန္႔ဖြယ္ေတြ႕လိုက္ရပါတယ္
သူငယ္ခ်င္းက အားခနဲ ေအာ္လိုက္သလို
ကြ်န္ေတာ့္ရဲ႕ဦးေခါင္းဟာလည္း အဆမတန္ႀကီးထြားသြားသလို ခံစားလိုက္ရပါတယ္

ဒါေပမယ့္
သတို႔သမီးက တခ်က္ျပံဳးၾကည့္ၿပီး
“အစြန္းကဘယ္ကြ်တ္မလဲ အမွတ္တစ္ စက္္မွဳဝန္ႀကီးဌာနက ထုတ္တ့ဲ ေရႊဝါဆပ္ျပာနဲ႔မွ မေလွ်ာ္တာ”
လို႔ေျပာလဲေျပာ
သူ႔ရဲ႕ လက္ထဲက ေရႊဝါဆပ္ျပာ ႏွစ္ပိုင္းကို ကြ်န္ေတာ္တို႔ကို ေပးလိုက္ပါတယ္
သူငယ္ခ်င္းလဲ ဝမ္းသာအားရနဲ႔ ညတြင္းခ်င္း ေလွ်ာ္ပစ္တာ အစြန္းအထင္းမွန္သမွ်အကုန္ေပ်ာက္ပီး ေနာက္တေန႔ dinner ကို ဝတ္စံုအသစ္နဲ႔ရင္ေကာ့ေခါင္းေမာ့ကာ တက္ႏိုင္ခ့ဲပါတယ္
ေက်းဇူးပါပဲ ေရႊဝါရယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: -ေပရလာက

#Unicode Version# ျဖင့္ဖတ္ပါ ။

၁၉၉၆ လောက်က ခလရ(xx)က ဗိုလ်ကြီးတစ်ယောက်ဟာ သူရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ဖို့အတွက် မိတ္တီလာကို ခွင့်ပြန်လာပါတယ်။ဗိုလ်ကြီးက အသားဖြူဖြူအရပ်မြင့်မြင့် သူ့ချစ်သူဟာလည်း ရုပ်ချောလှပသူဖြစ်ရုံသာမက မြို့မျက်နှာဖုံး ချမ်းသာသူဖြစ်လေတော့ နှစ်ယောက်စလုံးဟာ နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်တဲ့ချစ်သူတွေ ဖြစ်ပြီး အားလုံးကအားကျရတဲ့စုံတွဲပါ
ချစ်သူနှစ်ယောက်ကလည်း မင်္ဂလာဆောင်အတွက်ပျော်မဆုံး မော်မဆုံးနဲ့ ပြင်ဆင်နေကြတာပေါ့လေ
ဒီလိုနဲ့ မင်္ဂလာဆောင်တဲ့နေ့ရက်ကို ရောက်ရှိလို့လာပါတယ်။

တပ်မတော်က အရာရှိဖြစ်လေတော့ ဗိုလ်ကြီးက ဆဖာရီကုတ် ခေါ်တဲ့ အခမ်းအနားဝတ်စုံနဲ့ပါ
သတို့သမီးကလည်း မြန်မာထိုင်မသိမ်းဝတ်စုံဖြူလေးနဲ့ သိပ်လှနေတာပေါ့ဗျာ
အားလုံးက ကံကောင်းတယ် လိုက်ဖက်ပါတယ်ပြောနေကြတဲ့ ဒီစုံတွဲဟာ အားလုံးကထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးကြီးနဲ့ဆုံခဲ့ရပါတယ်။

ဒါကတော့ တချိန်က သတို့သမီးရဲ့ချစ်သူဟောင်းဟာ မင်္ဂလာပွဲကို ဓါးတလက်နဲ့ဝင်ရောက်လာပြီး အားလုံးဝိုင်းဆွဲနေတဲ့ကြားထဲက ဆွဲတဲ့သူတွေရော သတို့သမီး သတို့သားရော ကိုပါ ဓါးနဲ့ခုတ်ခဲ့လို့ သတို့သမီးဟာနေရာတွင်ပဲ ပွဲချင်းပြီးသေဆုံးရရှာပါတယ်

သတို့သမီးရဲ့ အဖြူရောင်ဝတ်စုံဟာ သွေးချင်းချင်းနီရဲသွားပေမယ့် သတို့သမီးရဲ့မျက်လုံးတွေကတော့ သူမချစ်မြတ်နိုးတဲ့ သတို့သားကိုဝမ်းနည်းတဲ့မျက်လုံးအစုံနဲ့ ကြည့်နေရင်းအသက်ပျောက်သွားရရှာပါတယ်
သတို့သားဟာလည်း သွေးချင်းချင်းနီနေတဲ့ သူရဲ့သတို့သမီးအလောင်းကို ကျစ်ကျစ်ပါအောင် ဖက်ပြီးငိုကြွေးနေလေတော့ သူ့ရဲ့ဝတ်စုံကလည်း သတို့သမီးရဲ့သွေးတွေနဲ့ရဲရဲနီနေပါတော့တယ်
ဒီလိုနဲ့သူတို့ဇာတ်လမ်းကလေးဟာ ကြေကွဲစရာတွေနဲ့အဆုံးသတ်သွားပါတယ်

ဒါပေမယ့် ဇာတ်လမ်းက မပြီးခဲ့ပါဘူး
ဗိုလ်ကြီးဟာ သူ့ချစ်သူကို မမေ့နိုင်လေတော့
သူ့ချစ်သူသွေးတွေပေနေတဲ့ အခမ်းအနားဝတ်စုံကို မလျှော်ပစ်ပဲ ဒီအတိုင်း မိုက်ရူးရဲဆန်စွာ သိမ်းဆည်းထားပါတယ်
အားလုံးကဝိုင်းပြောကြပေမယ့် ဗိုလ်ကြီးကို ဘယ်လိုမှပြောလို့မရခဲ့ပါဘူး
ဒီအတိုင်းထားတာဟာ သူမအနားမှာရှိနေသလိုပဲလို့ တတွတ်တွတ်ပြောနေပါတော့တယ်
ဒါကြောင့် အဲ့သည်အရာရှိဟာ စစ်မှုထမ်းဆောင်ရန်ဆက်လက်မသင့်တော်တဲ့ မှတ်ချက်နဲ့ တပ်မတော်ကနေ အနားယူခဲ့ရပါတယ်
သူဟာ တကိုယ်တည်းဘဝနဲ့ပဲ ၂၀၀၉ ခုနှစ်မှာ မိတ္တီလာမြို့ နာမည်ကျော် ရေကျော်ခုနှစ်ပေါက် ရေတံခါးမှာ ရေနစ်သေဆုံးခဲ့ပါတယ်
မသေဆုံးခင်အထိ ညစဉ်ညတိုင်း သူရဲ့ သွေးပေနေတဲ့ သတို့သား ဝတ်စုံကို ရှေ့မှာချပြီး တယောက်တည်းစကားတွေပြောနေတာကို ချောင်းတွေ့တယ်လို့ ဆွေမျိုးနီးစပ်သူတွေက ပြောပါတယ်
သူမသေခင် နေ့စဉ်နေ့တိုင်း သူ့အခန်းထဲမှာ ညဘက်ဆို မြန်မာသတို့သမီး ဝတ်စုံဖြူနဲ့ မိန်းကလေးတစ်ယောက်ကို ခဏ ခဏ တွေ့ကြောင်းလဲပြောကြပါတယ်

ဒီလိုနဲ့၂၀၁၀ခုနှစ်(သတို့သမီးသေဆုံးပြီး ၁၄ နှစ် သတို့သားသေဆုံးပြီး တစ်နှစ်မှာပါ)
ကျွန်တော့်သူငယ်ချင်း သေသူရဲ့တူတော်တဲ့သူက မိတ္တီလာစစ်ဆေးရုံမှာ ဆေးမှူးဗိုလ်ကြီးအဖြစ်တာဝန်ကျပါတယ်
ကျွန်တော်တို့နှစ်ယောက်ဟာ အဆောင်မှာ တခန်းထဲနေသူတွေပါ အရမ်းခင်တဲ့ငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။

သူကအဲ့သည့်အိမ်ကို အမြဲဝင်ထွက်နေသူဖြစ်တာကြောင့် ဒီဇာတ်လမ်းကိုလည်း ကျွန်တော်ရော သူပါ သိရှိထားပြီးဖြစ်ပါတယ်
အဲ့သည့်နေ့က မှတ်မှတ်ရရ ၂၀၁၀ ခုနှစ် မတ်လ ၂၆ ရက်ကပါ
နောက်နေ့ တပ်မတော်နေ့ညစာစားပွဲအတွက် ကျွန်တော့်သူငယ်ချင်းဟာ ဆာဖာရီကုတ်မရှိပါဘူး
ပြန်ချုပ်ဖို့ကလည်း အချိန်မမှီ
ရှိတဲ့သူတွေ အကုန်လုံးက စားပွဲတက်မှာဆိုတော့ ငှားလို့လဲမရဘူးလေ
ဒါနဲ့ဆက်စပ်တွေးလိုက်တော့ မနှစ်ကဆုံးသွားတဲ့ သူ့ဦးလေး ဗိုလ်ကြီးဟောင်းကို အမှတ်ရပါတယ်
ဒါနဲ့ သူ့အိမ်မှာရှိမှာပဲဆိုပီးသွားငှားပါတယ်
ဒီလိုနဲ့ ကျွန်တော်တို့ နာရီစင်နားက သူတို့အိမ်ရောက်တော့ အိမ်သားတွေက “ရှိပါတယ် ဦးလေးပစ္စည်းတွေအကုန်သိမ်းထားပါတယ်”တဲ့ ထူးဆန်းတာတခုက ဒီလောက်နှစ်တွေကြာပြီ သူတို့လည်းသေသေချာချာ လျှော်ဖွပ်ပါတယ် ပင်မင်းတွေပေါင်းစုံအပ်ပေမယ့် အကျီ ရင်ဘတ်ကသွေးကွက်ဟာ ဘယ်လိုမှချွတ်လို့မရဘူးတဲ့
သူတို့ပုံစံကြည့်ရတာ ကြောက်ရွံနေတာအရမ်းသိသာပါတယ်
ဒါပေမယ့် သူငယ်ချင်းက ဆရာဝန်ဆိုတော့ အယုံအကြည်မရှိဘူးလေ
သူက ထုတ်ပြဖို့ပြောတော့
အိမ်သားတွေက အပေါ်ထပ်က အသေပိတ်ထားတဲ့အခန်းကို ကျွန်တော်တို့နှစ်ယောက်စလုံးကို ခေါ်လာတယ် အဲ့မှာပဲခြောက်ခြားစရာ ဆာဖာရီကုတ်ကို နံရံမှာချိတ်ထားတာတွေ့လိုက်ရပါတယ်။

ဖုန်အလိမ်းလိမ်းတက်နေပေမယ့် ဘယ်ဘက်ရင်အုံမှာ ငါးလက်မပတ်လည်လောက်ရှိတဲ့ သွေးကွက်ကြီးကို ထင်ထင်ရှားရှားကြီးတွေ့နေရပါတယ်
ကျွန်တော်က ကြောက်တတ်လို့ပြန်ဖို့ပြောပေမယ့် သူငယ်ချင်းကမရပါဘူး ချက်ခြင်းဆိုသလိုပဲ
အကျီ ၤကို အစမ်းကောက်ဝတ်ပစ်လိုက်ပါတယ်
အဲ့မှာ တော်တယ်ဆိုပီး ငှားပါတယ်
အဲ့သည့်အိမ်ကလည်း အပိုင်သာယူသွားပါဆိုပီး သေသေချာချာထုတ်ပေးလိုက်ပါတော့တယ်
ဖြစ်တာက အဲ့သည့်ညမှာပါ
ဆာဖာရီကုတ်ဆိုတာ အထူကြီးပါ
ရေလျှော်ပီးရင် တော်တော်နဲ့ မခြောက်လို့
သူငယ်ချင်းဟာ ရောက်ရောက်ချင်းညနေခင်းမှာပဲ လျှော်ပါတော့တယ်
အဲ့သည်လိုလျှော်နေတုန်းခဏတော့ ပျောက်သွားသလိုဖြစ်ပေမယ့်
ခဏနေ နေပူပြန်လှန်းရင် ဒီသွေးကွက်ဟာ နီကျင်ကျင်နဲ့ပြန်ပေါ်လာပါတော့တယ်
ယိုးဒယားက အစွန်းချွတ်ဆေးသုံးပေမယ့်မရပါဘူး
ဒီကောင်တော်တော်စိတ်အိုက်သွားပုံရပါတယ်
ဒီလိုနဲ့အခန်းထဲမှာ စိတ်ပျက်လက်ပျက်နဲ့ ဒီဝတ်စုံကြီးကို ကျွန်တော်တို့နှစ်ယောက် အခန်းထဲက စင်မှာ ချိတ်ထားပါတယ်
သူက မကြောက်တတ်ပေမယ့် ကျွန်တော်က အလွန်ကြောက်တာမို့ အပေါ့သွားရင်တောင် လှည့်မကြည့်ရဲပါဘူး
ဒီလိုနဲ့ ည ၁၀ နာရီ ရောက်လာပါတယ်

ကျွန်တော်တို့နှစ်ယောက် စာဖတ်နေရင်း ဒီကောင်က ဘာစိတ်ကူးပေါက်လဲမသိပါဘူး
ရုတ်တရက် ဝတ်စုံကြီးကို စိုက်ကြည့်ပြီး
“ဘာဖြစ်လို့ ဒီအစွန်းက မကျွတ်ရသလဲကွာ”
ဆိုပီး တယောက်တည်းရေရွတ်လိုက်ပါတယ်
အဲ့သည့်အချိန်မှာပဲ
ရုတ်တရက်မီးပျက်သွားပါတယ်
ကျွန်တော်တို့နှစ်ယောက်လုံးကြောင်သွားတဲ့ မျက်စိတစ်မှိတ်မှာပဲ မီးပြန်လာပါတယ်
ဒါပေမယ့် အခန်းကတော့အရင်လိုမဟုတ်တော့ပါဘူး
ဆာဖာရီ ဝတ်စုံကြီးရဲ့နားမှာ အဖြူရောင်ဝတ်စုံနဲ့ သွေးဆုတ်ဖြူလျော်နေတဲ့ မျက်နှာပိုင်ရှင်သတို့သမီးတစ်ယောက်ကို ထိတ်လန့်ဖွယ်တွေ့လိုက်ရပါတယ်
သူငယ်ချင်းက အားခနဲ အော်လိုက်သလို
ကျွန်တော့်ရဲ့ဦးခေါင်းဟာလည်း အဆမတန်ကြီးထွားသွားသလို ခံစားလိုက်ရပါတယ်

ဒါပေမယ့်
သတို့သမီးက တချက်ပြုံးကြည့်ပြီး
“အစွန်းကဘယ်ကျွတ်မလဲ အမှတ်တစ် စက်မှုဝန်ကြီးဌာနက ထုတ်တဲ့ ရွှေဝါဆပ်ပြာနဲ့မှ မလျှော်တာ”
လို့ပြောလဲပြော
သူ့ရဲ့ လက်ထဲက ရွှေဝါဆပ်ပြာ နှစ်ပိုင်းကို ကျွန်တော်တို့ကို ပေးလိုက်ပါတယ်
သူငယ်ချင်းလဲ ဝမ်းသာအားရနဲ့ ညတွင်းချင်း လျှော်ပစ်တာ အစွန်းအထင်းမှန်သမျှအကုန်ပျောက်ပီး နောက်တနေ့ dinner ကို ဝတ်စုံအသစ်နဲ့ရင်ကော့ခေါင်းမော့ကာ တက်နိုင်ခဲ့ပါတယ်
ကျေးဇူးပါပဲ ရွှေဝါရယ်

ဖိုးသူတော် (www.phothutaw.com)
Credit: -ပေရလာက
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top