အေမရိကန္ အေျခစိုက္ အမ်ိဳးသားမ်ား ဘဝလူေနမႈ ဆိုင္ရာ ဖြံ႕ၿဖိဳးေရး အဖြဲ႕အစည္း (International Nubar Development Organization – INDO) ရဲ႕ အဆိုအရ အမ်ိဳးသမီး မ်ားအေနျဖင့္ မနက္ခင္း လုပ္ငန္းခြင္ မဝင္မွီ ဆန္႔က်င္ဖက္လိင္ အမ်ိဳးသားတို႔၏ တင္ပါးကို ဖ်စ္ညႇစ္ ဆုပ္ကိုင္ျခင္းက ၎တို႔၏ စိတ္ပိုင္း ဆိုင္ရာ ဖိအားမ်ားကို ေလ်ာ့က်ေစၿပီး အက်ိဳးဆက္ အေနျဖင့္ လုပ္ငန္းခြင္ ဆိုင္ရာတြင္ ေအာင္ျမင္မႈမ်ား ပိုမို ရရွိေစႏိုင္ေၾကာင္း သတင္းထုတ္ျပန္ ခဲ့သည္ ။

အဆိုပါ အဖြဲ႕အစည္းသည္ ကမာၻတဝွမ္းရွိ အမ်ိဳးသမီးေပါင္း ၁၀၀၀၀၀၀ ေက်ာ္ကို စမ္းသပ္ေလ့လာ ခဲ့ၿပီး လုပ္ငန္းခြင္ မဝင္မွီ ဆန႔္က်င္ဖက္လိင္ အမ်ိဳးသား တို႔၏ တင္ပါးကို ဖ်စ္ညႇစ္ ဆုပ္ကိုင္ေလ့ ရွိေသာ အမ်ိဳးသမီး မ်ားသည္ လုပ္ငန္းခြင္ မဝင္မွီ ဆန႔္က်င္ဖက္လိင္ အမ်ိဳးသားမ်ား၏ တင္ပါးကို ဖ်စ္ညႇစ္ဆုပ္ကိုင္ေလ့ မရွိေသာ အမ်ိဳးသမီးမ်ားထက္ လုပ္ငန္းခြင္ အတြင္း ပိုမို တက္ႂကြစြာ ေဆာင္႐ြက္ႏိုင္ေလ့ ရွိၿပီး လုပ္ငန္း ၿပီးေျမႇာက္မႈ ပိုမို ျမန္ဆန္ေၾကာင္း အဆိုပါ အဖြဲ႕အစည္းက ထုတ္ျပန္ ေၾကျငာ ခဲ့သည္ ။

အဆိုပါ အဖြဲ႕အစည္းသည္ မ်ားမၾကာေသးမွီက အမ်ိဳးသမီးမ်ား၏ ရင္သားကို ပုံမွန္ ဆုပ္ကိုင္ျခင္းျဖင့္ အမ်ိဳးသားမ်ားတြင္ စိတ္ဖိစီးမႈ ေလ်ာ့က်ေစ ႏိုင္သည္ ဆိုသည့္ ေလ့လာ ေတြ႕ရွိခ်က္ကို ေဖာ္ထုတ္ ႏိုင္ခဲ့ၿပီး ေနာက္ ယခုတႀကိမ္မွာ ဒုတိယ အႀကိမ္ေျမာက္ ေလ့လာ စမ္းသပ္မႈကို ေဖာ္ထုတ္ ေတြ႕ရွိျခင္း ျဖစ္သည္။

အဆိုပါ ေလ့လာ စမ္းသပ္မႈတြင္ ဦးေဆာင္ ပါဝင္ခဲ့သည္ Mr. Nubar မွ “ အမ်ိဳးသမီးေတြရဲ႕ ရင္သားကို စူးစူး စိုက္စိုက္ ၾကည့္ရႈတာ၊ ဒါမွမဟုတ္ ဆုပ္ကိုင္ျခင္း ဟာ အမ်ိဳးသားေတြကို စိတ္ဖိစီးမႈ ေလ်ာ့ပါးေစတယ္ ဆိုရင္ အမ်ိဳးသမီးေတြ အေနနဲ႔လည္း အမ်ိဳးသား ေတြကို တခုခု ျပန္လည္ ဆုပ္ကိုင္ရင္ ဖိအားေတြေတာ့ ေလ်ာ့က်ေစ မွာပဲ လို႔ အေတြး ဝင္မိ ကတည္းက ဒီေလ့လာ စမ္းသပ္မႈကို ကြၽန္ေတာ္တို႔ စတင္ အေကာင္အထည္ ေဖာ္ခဲ့ တာပါ ။

အခု ကြၽန္ေတာ္တို႔ရဲ႕ စမ္းသပ္ ေတြ႕ရွိခ်က္ဟာ လုပ္ငန္းခြင္မွာ ဖိအားေတြ အမ်ိဳးမ်ိဳး ရင္ဆိုင္ေန ရတဲ့ အမ်ိဳးသမီးတို႔ အတြက္ စိတ္ပိုင္းဆိုင္ရာ ဖိအား ေတြကို အေကာင္းဆုံး ေလ်ာ့ခ်ႏိုင္မယ့္ နည္းပါ ။

ဒါေၾကာင့္ အမ်ိဳးသမီးတို႔ အေနနဲ႔ တေန႔တာ လုပ္ငန္းခြင္ မဝင္မွီ ျဖစ္ေစ၊ လုပ္ငန္း ကိုင္ငန္း တခုကို မစတင္မွီ ျဖစ္ေစ မိမိရဲ႕ ခ်စ္သူ၊ ရည္းစား၊ ဒါမွမဟုတ္ အမ်ိဳးသား တေယာက္ေယာက္ရဲ႕ တင္ပါးကို ဖ်စ္ညႇစ္ဆုပ္ကိုင္ ၿပီးမွသာ သူတို႔ရဲ႕ လုပ္ငန္းေဆာင္တာ ေတြကို ေဆာင္႐ြက္သင့္ ပါတယ္ ” ဟု ေျပာၾကား ခဲ့သည္။

အဆိုပါ စမ္းသပ္ စစ္ေဆးမႈ experiment အစီအစဥ္တြင္ နာမည္ေက်ာ္ ဂီတ အႏုပညာရွင္မ်ား၊ tennis star မ်ား၊ talk show အစီအစဥ္ တင္ဆက္သူမ်ား လည္း ပါဝင္ခဲ့ သည္ဟု ၎မွ ထပ္မံ အတည္ျပဳ ေျပာၾကား ခဲ့သည္ ။

ကမာၻေက်ာ္ The Ellen DeGeneres Show အစီအစဥ္ တင္ဆက္သူ Ellen မွလည္း အဆိုပါေလ့လာ ေတြ႕ရွိခ်က္ကို ၎အေနနဲ႔ ေထာက္ခံေၾကာင္းကို ယခုလိုပဲ ေျပာၾကားခဲ့ ပါတယ္ ။

“ ကြၽန္မ အေနနဲ႔လည္း ဒီအဆိုကို ေထာက္ခံခ်င္ ပါတယ္။ ကြၽန္မ talk show အစီအစဥ္ေတြ စတင္ခဲ့တုန္းက ေအာင္ျမင္မႈ ႀကီးႀကီး က်ယ္က်ယ္ မရခဲ့ေသး ေပမယ့္ Luke (Luke Bryan) ရဲ႕ တင္ပါးကို ဖ်စ္ညႇစ္ ဆုပ္ကိုင္ၿပီး ကတည္းက ကြၽန္မရဲ႕ show ေတြဟာ ကမာၻေက်ာ္ ျဖစ္လာခဲ့တာ ဒီေန႔အထိ ပါ ။

ၾကည့္ရတာ ပိုၿပီး ကိတ္တဲ့ တင္ပါးေတြကို ဆုပ္ကိုင္ရင္ ပိုၿပီး ေအာင္ျမင္ ႏိုင္တယ္ လို႔ ကြၽန္မ ထင္ပါတယ္။ ကိုယ္ ဖ်စ္ညႇစ္ ဆုပ္ကိုင္မယ့္ တင္ပါးက ပိုကိတ္ ေလေလ၊ ဖိအား ပိုေလ်ာ့က် သက္သာေစေလေလ၊ ပိုၿပီး ေအာင္ျမင္ေလေလ ေပါ့ ” ဟု ေျပာၾကား ခဲ့သည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:SNM Media
# Unicode Version # ျဖင့္ ဖတ္ပါ #

အမေရိကန် အခြေစိုက် အမျိုးသားများ ဘဝလူနေမှု ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့အစည်း (International Nubar Development Organization – INDO) ရဲ့ အဆိုအရ အမျိုးသမီး များအနေဖြင့် မနက်ခင်း လုပ်ငန်းခွင် မဝင်မှီ ဆန့်ကျင်ဖက်လိင် အမျိုးသားတို့၏ တင်ပါးကို ဖျစ်ညှစ် ဆုပ်ကိုင်ခြင်းက ၎င်းတို့၏ စိတ်ပိုင်း ဆိုင်ရာ ဖိအားများကို လျော့ကျစေပြီး အကျိုးဆက် အနေဖြင့် လုပ်ငန်းခွင် ဆိုင်ရာတွင် အောင်မြင်မှုများ ပိုမို ရရှိစေနိုင်ကြောင်း သတင်းထုတ်ပြန် ခဲ့သည် ။

အဆိုပါ အဖွဲ့အစည်းသည် ကမ္ဘာတဝှမ်းရှိ အမျိုးသမီးပေါင်း ၁၀၀၀၀၀၀ ကျော်ကို စမ်းသပ်လေ့လာ ခဲ့ပြီး လုပ်ငန်းခွင် မဝင်မှီ ဆန့်ကျင်ဖက်လိင် အမျိုးသား တို့၏ တင်ပါးကို ဖျစ်ညှစ် ဆုပ်ကိုင်လေ့ ရှိသော အမျိုးသမီး များသည် လုပ်ငန်းခွင် မဝင်မှီ ဆန့်ကျင်ဖက်လိင် အမျိုးသားများ၏ တင်ပါးကို ဖျစ်ညှစ်ဆုပ်ကိုင်လေ့ မရှိသော အမျိုးသမီးများထက် လုပ်ငန်းခွင် အတွင်း ပိုမို တက်ကြွစွာ ဆောင်ရွက်နိုင်လေ့ ရှိပြီး လုပ်ငန်း ပြီးမြှောက်မှု ပိုမို မြန်ဆန်ကြောင်း အဆိုပါ အဖွဲ့အစည်းက ထုတ်ပြန် ကြေငြာ ခဲ့သည် ။

အဆိုပါ အဖွဲ့အစည်းသည် များမကြာသေးမှီက အမျိုးသမီးများ၏ ရင်သားကို ပုံမှန် ဆုပ်ကိုင်ခြင်းဖြင့် အမျိုးသားများတွင် စိတ်ဖိစီးမှု လျော့ကျစေ နိုင်သည် ဆိုသည့် လေ့လာ တွေ့ရှိချက်ကို ဖော်ထုတ် နိုင်ခဲ့ပြီး နောက် ယခုတကြိမ်မှာ ဒုတိယ အကြိမ်မြောက် လေ့လာ စမ်းသပ်မှုကို ဖော်ထုတ် တွေ့ရှိခြင်း ဖြစ်သည်။

အဆိုပါ လေ့လာ စမ်းသပ်မှုတွင် ဦးဆောင် ပါဝင်ခဲ့သည် Mr. Nubar မှ “ အမျိုးသမီးတွေရဲ့ ရင်သားကို စူးစူး စိုက်စိုက် ကြည့်ရှုတာ၊ ဒါမှမဟုတ် ဆုပ်ကိုင်ခြင်း ဟာ အမျိုးသားတွေကို စိတ်ဖိစီးမှု လျော့ပါးစေတယ် ဆိုရင် အမျိုးသမီးတွေ အနေနဲ့လည်း အမျိုးသား တွေကို တခုခု ပြန်လည် ဆုပ်ကိုင်ရင် ဖိအားတွေတော့ လျော့ကျစေ မှာပဲ လို့ အတွေး ဝင်မိ ကတည်းက ဒီလေ့လာ စမ်းသပ်မှုကို ကျွန်တော်တို့ စတင် အကောင်အထည် ဖော်ခဲ့ တာပါ ။

အခု ကျွန်တော်တို့ရဲ့ စမ်းသပ် တွေ့ရှိချက်ဟာ လုပ်ငန်းခွင်မှာ ဖိအားတွေ အမျိုးမျိုး ရင်ဆိုင်နေ ရတဲ့ အမျိုးသမီးတို့ အတွက် စိတ်ပိုင်းဆိုင်ရာ ဖိအား တွေကို အကောင်းဆုံး လျော့ချနိုင်မယ့် နည်းပါ ။

ဒါကြောင့် အမျိုးသမီးတို့ အနေနဲ့ တနေ့တာ လုပ်ငန်းခွင် မဝင်မှီ ဖြစ်စေ၊ လုပ်ငန်း ကိုင်ငန်း တခုကို မစတင်မှီ ဖြစ်စေ မိမိရဲ့ ချစ်သူ၊ ရည်းစား၊ ဒါမှမဟုတ် အမျိုးသား တယောက်ယောက်ရဲ့ တင်ပါးကို ဖျစ်ညှစ်ဆုပ်ကိုင် ပြီးမှသာ သူတို့ရဲ့ လုပ်ငန်းဆောင်တာ တွေကို ဆောင်ရွက်သင့် ပါတယ် ” ဟု ပြောကြား ခဲ့သည်။

အဆိုပါ စမ်းသပ် စစ်ဆေးမှု experiment အစီအစဉ်တွင် နာမည်ကျော် ဂီတ အနုပညာရှင်များ၊ tennis star များ၊ talk show အစီအစဉ် တင်ဆက်သူများ လည်း ပါဝင်ခဲ့ သည်ဟု ၎င်းမှ ထပ်မံ အတည်ပြု ပြောကြား ခဲ့သည် ။

ကမ္ဘာကျော် The Ellen DeGeneres Show အစီအစဉ် တင်ဆက်သူ Ellen မှလည်း အဆိုပါလေ့လာ တွေ့ရှိချက်ကို ၎င်းအနေနဲ့ ထောက်ခံကြောင်းကို ယခုလိုပဲ ပြောကြားခဲ့ ပါတယ် ။

“ ကျွန်မ အနေနဲ့လည်း ဒီအဆိုကို ထောက်ခံချင် ပါတယ်။ ကျွန်မ talk show အစီအစဉ်တွေ စတင်ခဲ့တုန်းက အောင်မြင်မှု ကြီးကြီး ကျယ်ကျယ် မရခဲ့သေး ပေမယ့် Luke (Luke Bryan) ရဲ့ တင်ပါးကို ဖျစ်ညှစ် ဆုပ်ကိုင်ပြီး ကတည်းက ကျွန်မရဲ့ show တွေဟာ ကမ္ဘာကျော် ဖြစ်လာခဲ့တာ ဒီနေ့အထိ ပါ ။

ကြည့်ရတာ ပိုပြီး ကိတ်တဲ့ တင်ပါးတွေကို ဆုပ်ကိုင်ရင် ပိုပြီး အောင်မြင် နိုင်တယ် လို့ ကျွန်မ ထင်ပါတယ်။ ကိုယ် ဖျစ်ညှစ် ဆုပ်ကိုင်မယ့် တင်ပါးက ပိုကိတ် လေလေ၊ ဖိအား ပိုလျော့ကျ သက်သာစေလေလေ၊ ပိုပြီး အောင်မြင်လေလေ ပေါ့ ” ဟု ပြောကြား ခဲ့သည် ။

ဖိုးသူတော် (www.phothutaw.com)
Credit:SNM Media
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top