“နိဟြန္းဂ်င္းႏို႔ ဟဲအိ႐ွိ (ဂ) မတဲအိမတ္စု ………………. ” ဂ်ပန္စာကိုျမင္တိုင္း အမွတ္မထင္ အသံထြက္ ဖတ္ဖတ္မိ တတ္ ေနတဲ့အက်င့္က ဂ်ပန္စာေလ့လာေနသူ သတိုး အတြက္ အဆန္းတက်ယ္ေတာ့မဟုတ္ေတာ့ပါဘူး…. ၊ ထူးဆန္းတာ က ဒီေနရာမွာ ဘာလို႕ ဒီစာမ်ိဳးကိုေတြ႕ေနရတာလဲဆိုတာကို စဥ္းစားရၾကပ္ေနမိတာပဲ … ဒီေလာက္ေခါင္လြန္းလွတဲ့ ရြာမွာ ဂ်ပန္စာ…..အဂၤလိပ္စာ …တျခားဘာသာစကားေတြမေျပာနဲ႕ ျမန္မာစာေတာင္ ေသစာရွင္စာေလာက္ပဲ တတ္ၾက တဲ့ ဘုန္းေတာ္ၾကီးသင္ေက်ာင္းေတြမွာပဲ ၾကီးပ်င္းလာၾကပံုရတဲ့ ရြာမွာေနသူေတြက …. ဒီလုိမ်ိဳး ဂ်ပန္စာကို ရြာအ၀င္ အ၀ ရြာနာမည္ထိုးထားတဲ့ဆိုင္းဘုတ္ေအာက္မွာရွိတဲ့ သစ္ျပားေလးမွာ ဘာေၾကာင့္မ်ားထြင္းထားနိုင္တာလဲဆိုတာေလး …၊
ရြာထဲေရာက္မွ ေဒသခံေတြကိုေသခ်ာေမးေတာ့မယ္ဆိုျပီး သတိုး တက္ၾကြတဲ့ေျခလွမ္းေတြနဲ႕ ေက်ာပိုးအိတ္ ၾကိဳးေလးကုိ လက္ႏွစ္ဖက္နဲ႕ တင္းတင္းကိုင္ထားရင္း ဆက္ေလွ်ာက္သြားလိုက္တယ္ …. ၊ ေျမၾကမ္းျပီး ဆိုင္ကယ္တိုးမေပါက္တဲ့ ဒီလိုေတာေတာင္ထဲမွာ ေျခေထာက္က ပိုအသံုး၀င္ေနတယ္ေလ ၊ သတိုးက ရန္ကုန္သားစစ္… ရန္ကုန္သားဆိုေပမယ့္ ပထ၀ီဘာသာနဲ႕ ဘြဲ႕ရေက်ာင္းျပီးထားျပီးေတာ့ လက္ရွိမွာလည္း ပထ၀ီနဲ႕ပတ္သတ္တဲ့ နိုင္ငံျခား ကုမၸဏီတစ္ခုမွာ ၀န္ထမ္း ၀င္လုပ္ေနတဲ့သူတစ္ေယာက္ ၊ သူတို႕အလုပ္က အလုပ္လာအပ္တဲ့သူ လိုခ်င္တဲ့ပံုစံမ်ိဳးရတဲ့အထိကို ေျမပံုတိတိက်က်ဆြဲေပးတာတို႕ ေျမတိုင္းေပးရတာတို႕ကို လုပ္ေပးရတာေလ ၊ အစိုးရေျမတိုင္းရံုးက အလုပ္နဲ႕ ခပ္ဆင္ဆင္တူတယ္… ၊
အျပင္ထြက္ field ထဲမွာ survey ဆင္းရတဲ့အခါ ရံုးက ၀န္ထမ္းေတြကို လိုအပ္တာတစ္ကိုယ္္ရည္စာအျပည့္အစံုနဲ႕ ခရီး စရိတ္ေပးျပီး လႊတ္တတ္တယ္…. ၊ သြားနိုင္ျခင္း မသြားနိုင္ျခင္းဆိုတာ ၀န္ထမ္းေတြမွာလည္း ေရြးခ်ယ္ခြင့္ ရွိၾကပါတယ္ … ၊ တစ္ခါတစ္ေလ မတည္ျငိမ္ေသးတဲ့ ေဒသေတြအထိကို သြားျပီး ေျမတိုင္းၾကရတယ္… ၊ တစ္ခါ သြားရ ရင္ အဖြဲ႕လိုက္ ၃ေယာက္တြဲ အနည္းဆံုး သြားၾကရတယ္…သံုးေယာက္လံုးက သူတို႕ေတြတိုင္းရမယ့္ ေနရာ၀န္းက်င္ကိုေရာက္ရင္ အဲ့ေနရာေတြ ကိုမေရာက္ခင္ အနီးဆံုး ေန႕ခ်င္းျပန္သြားနိုင္ေလာက္တဲ့ ဆက္သြယ္ေရးအဆင္ေျပေလာက္တဲ့ ျမိဳ႕ၾကီး ၊ ျမိဳ႕ငယ္ ၊ ရြာၾကီး ၊ ရြာငယ္ ေတြမွာ စုရပ္အျဖစ္အေျခခ်ၾကတယ္ … ၊ ေနာက္ေတာ့ သူတို႕တိုင္းတာရမယ့္ အစြန္အဖ်ား ေနရာေတြကို မတိုင္းတာခင္ရက္ပိုင္းေလာက္ေစာျပီး ေဒသအေျခအေနကိုသြားၾကည့္ၾကတယ္ … တိုင္းတာလို႕ အေကာင္းဆံုး ေနရာ ၊ ေျမျပင္မွာ ၾကာရွည္ခံအမွတ္အသားလုပ္လို႕ရတဲ့ေနရာကိုရွာေဖြၾကတယ္ ၊
သတိုးကိုယ္တိုင္က စြန္စားခန္းဖြင့္တဲ့စာအုပ္ေတြ သည္းထိတ္ရင္ဖိုစာအုပ္ေတြကို ဖတ္ျပီးၾကီးလာတဲ့သူတစ္ေယာက္ ဆိုေတာ့ စြန္႕စားရတာကိုၾကိဳက္တယ္ ၊ အသက္ ႏွစ္ဆယ္ေက်ာ္အရြယ္ဆိုေပမယ့္ အဲ့ဒီ့လိုရူးတတ္တဲ့စိတ္ေလးနဲ႕အတူ အရမ္းေခါင္တဲ့ေဒသေတြကို သြားဖို႕ကိစၥရွိလာတိုင္း သတိုးက ေရွ႕ဆံုးက သြားမယ့္စာရင္းေပးေလ့ရွိတယ္ ၊ တစ္ရံုးလံုးက သတိုးကို လက္ဖ်ားခါၾကတာ အဲ့လိုအေၾကာင္းေတြေၾကာင့္လည္းပါတယ္ ၊ သတိုးက သူမ်ားမသြားခ်င္…မသြားရဲတဲ့ ေနရာေတြဆို တက္တက္ၾကြၾကြ သြားတတ္တာမို႕ေလ ၊
အခုလည္း ျမန္မာျပည္ေျမပံုထဲမွာေတာင္ ျပဴးျဖဲရွာေနရတဲ့ ေတာထဲေတာင္ထဲကရြာေသးေသးေလးတစ္ခုကို သတိုး တစ္ေယာက္တည္း ကြင္းဆင္းၾကည့္ေနျပန္တယ္… အနီးဆံုးရြာၾကီးမွာ က်န္ခဲ့တဲ့ အေဖာ္ႏွစ္ေယာက္ကေတာ့ သတိုး အေၾကာင္းျပန္လာတာနဲ႕အလုပ္စဖို႕ျပင္ေနၾကတယ္… ၊ ဒီခရီးစဥ္ကိုလည္းထံုးစံအတိုင္း သတိုးကိုယ္တိုင္ စိတ္အား ထက္သန္စြာနဲ႕ ေရြးထားတာမဟုတ္လား…. ။
“ အရီးေလး မဂၤလာပါခင္ဗ်ာ… ေက်းဇူးျပဳျပီး ကၽြန္ေတာ့္ကို ရြာက တာ၀န္ရွိတဲ့သူဆီကိုလမ္းညြန္ေပးပါလားခင္ဗ်ာ … ” ရြာ၀င္၀င္ျခင္းမွာ ျမင္လိုက္ရတဲ့ ရြာသူအေဒၚၾကီးတစ္ေယာက္ကို ေဖာ္ေရြရိုးသားတဲ့ေလသံနဲကႏႈတ္ခြန္းဆက္သလိုက္ျပီး လွမ္းညြန္ဖို႕ အကူညီေတာင္းလိုက္ေတာ့ အေဒၚၾကီးက သတိုးကို လူစိမ္းမို႕ထင္တယ္ အံ့ၾသတၾကီးၾကည့္ေနရင္းက လမ္းညြန္ေပးလိုက္တယ္… ၊
မၾကာခင္မွာပဲ သတိုးတစ္ေယာက္ သူၾကီးအိမ္ကိုေရာက္လာခဲ့တယ္ ၊ သူၾကီးအိမ္ကိုအေရာက္ခင္လမ္းတစ္ေလ်ာက္မွာ တစ္ရြာလံုးမွာရွိတဲ့ လူေတြ ေနပံုထိုင္ပံု ၊ အိမ္အေနအထားေတြကိုလည္း အကဲခတ္ခဲ့ေသးတယ္ ၊ ထူးထူးျခားျခားရယ္ လို႕မေတြ႕ေသးဘူး ၊ အျခားရြာပံုစံေတြအတိုင္းပါပဲ… ၊ သူၾကီးအိမ္ကလည္း ထံုးစံအတိုင္းတစ္ျခားရြာေတြက သူၾကီးအိမ္ ေတြလို တစ္ရြာလံုးမွာ အခန္႕ထည္ဆံုးျဖစ္ေနတာကိုလည္းေတြ႕လိုက္ရတယ္ ၊ အိမ္ေရွ႔ေရာက္ေတာ့ ရြာသူၾကီးနဲ႕ ေတြ႕ခ်င္တဲ့အေၾကာင္းကိုလွမ္းေျပာလိုက္တယ္ ဒီအခါမွ အိမ္ထဲက သူ႕ကိုစိမ္းစိမ္းၾကီးၾကည့္ေနတဲ့ မိန္းကေလးေတြက သူၾကီးကိုသြားေခၚေပးျပန္တယ္…မၾကာခင္မွာပဲ ၀၀ဖိုင့္ဖိုင့္ၾကီးနဲ႕လူတစ္ေယာက္ အိမ္ထဲကေနထြက္လာခဲ့တယ္ …. ။
“က်ဳပ္ကိုေမးေနတယ္ဆိုတာ ဒီကေမာင္ရင္ထင္တယ္ ” အေျခအေနကိုၾကည့္ျပီး ရြာသူၾကီးမွန္းသိသြားေတာ့ သတိုးက သူ႕ရဲ႕ခါးကို ေလးေလးနက္နက္ဟန္ေလးနဲ႕ ကိုင္းညြတ္ခ်လိုက္ျပီးေတာ့ “ ဟုတ္ပါတယ္ခင္ဗ်ာ…သူၾကီးမင္း ခင္ဗ်.. ကၽြန္ေတာ္က ရန္ကုန္ကေနလာခဲ့တာပါ….၊ အဘတို႕ရြာရဲ႕နယ္နိမတ္တစ္ခုမွာ ေျမတိုင္းလို႕ရတဲ့ ေနရာရွိမရွိ ရြာအေျခအေန ကိုလာေလ့လာတာပါ ၊ အဘဆီက ခြင့္ျပဳခ်က္လာေတာင္းရင္းနဲ႕ ရြာထဲမွာ တစ္ညေလာက္ တည္းခ်င္လို႕ အကူအညီေလးလည္းလာေတာင္းတာပါသူၾကီးမင္းခင္ဗ်ာ ”
“ေအးကြယ္…ရြာထဲမွာ တည္းဖို႕ကေတာ့မပူပါနဲ႕ ေမာင္ရင္တို႕ တိုင္းတာတယ္ဆိုတာေတြကိုေတာ့ တို႕ေတြ နားမလည္ ပါဘူးကြယ္… ဘာျဖစ္ျဖစ္ ေမာင္ရင္တို႕အလုပ္က က်ဳပ္တို႕ရြာကိုမထိခိုက္ဘူးေသခ်ာရင္ လုပ္ေပါ့ကြယ္…. ၊ ခြင့္ျပဳျပီး သားပါ… ဒီေလာက္ေခါင္တဲ့ရြာေလးအထိလာနိုင္တဲ့ ျမိဳ႕သားဆိုလို႕လည္း က်ဳပ္တစ္သက္ ေမာင္ရင္တစ္ေယာက္တည္း ေတြ႕ဖူးေသးတယ္ ဟား..ဟား.. ေၾသာ္ဒါနဲ႕ ေမာင္ရင့္နာမည္က ဘယ္သူ ” ေဖာ္ေရြသေဘာေကာင္းလြန္းတဲ့ သူၾကီးေၾကာင့္ သတိုး အလုပ္အတြက္ ပထမအဆင့္ေအာင္ျမင္သြားတာမို႕ ျပံဳးရင္း သက္ျပင္းေလးခိုးခ်မိလိုက္ျပီး “ ဟုတ္ကဲ့ဗ် ကၽြန္ေတာ့္နာမည္က သတိုးပါဗ်ာ (….)ကုမပၸဏီက၀န္ထမ္းတစ္ေယာက္ပါ ”
“ေအးကြယ္…သတိုး..လူေလးလည္းဗိုက္ဆာေရာေပါ့ ကဲကဲလာ ေဟာ…ဟိုဘက္မွာျမင္ေနရတဲ့အိမ္ေလးေတြ႕လား အဲ့ဒီ့ အိမ္မွာ ဂ်ပန္ၾကီးဆိုတဲ့ ဘၾကီးတစ္ေယာက္ရွိတယ္ သူ႕ဆီမွာ တည္းခိုရင္း ေရမိုးခ်ိဳး ခဏနားဦးကြယ္…. လာလာ ငါလို္က္ ပို႕ေပးမယ္ ” သတိုးတစ္ေယာက္ ရြာသူၾကီးေနာက္က ကုတ္ကုတ္ေလး လိုက္သြားခဲ့လိုက္တယ္ ။ အိမ္ရဲ႕ အေနအထားက ေတာ္ေတာ္ခိုင္ခံ့တဲ့ သစ္မ်ိဳးေတြကိုသံုးထားပံုရတယ္… ၊ ေဆာက္လုပ္ထားတဲ့ နည္းစနစ္ေတြ ထုပ္တန္း ေတြ ကို ခ်ဳပ္ထားပံုေတြ ၊ အိမ္တိုင္အေနအထားေတြကို အိမ္ထဲေရာက္မွ ပိုသတိထားမိသြားတယ္ … အတြင္းပိုင္း အေနအထား တစ္ခ်ိဳ႕က ျမန္မာနည္းနဲ႕လံုး၀မတူပဲ အျပင္ကၾကည့့္ရင္သူလိုကိုယ္လိုဆိုေပမယ့္ အထဲက်မွ ပိုသိသာကြဲလြဲေနတာကို ျမင္လိုက္ရတယ္ ၊
အိမ္ထဲမွာေတာ့ ဆံပင္ေတြေဖြးေဖြးျဖဴေနတဲ့ အသက္ ၆၀ ၀န္းက်င္ လူၾကီးတစ္ေယာက္ကို ထိုင္လ်က္သား တစ္ခုခု ကိုေလးေလးနက္နက္ေတြးေနတဲံပံုစံမ်ိဳးနဲ႕ ျမင္လိုက္ရတယ္ ၊ “ ဂ်ပန္ၾကီးေရ … ဒါက ရန္ကုန္ျမိဳ႕ကလာတဲ့ ဧည့္သည္ ကြဲ႕…တို႕ရြာမွာလည္း မင္းတစ္အိမ္တည္း သပ္သပ္ရပ္ရပ္နဲ႕က်က်နနေလးရွိျပန္… ၊ မင္းအိမ္မွာလည္း မင္းတစ္ေယာက္ တည္းဆိုေတာ့ လူငယ္ေလး ေနရထိုင္ရတာ လြတ္လပ္တာေပါ့ကြယ္…. ကဲ လူေလး သတိုးေရ … ဂ်ပန္ၾကီးနဲ႕သာ ေနရစ္ ခဲ့ေပေတာ့ လိုအပ္တာရွိရင္ အဘဆီအခ်ိန္မေရြးလာခဲ့ေနာ္…. ဂ်ပန္ၾကီးေလး ေကာင္ေလးကို ဂရုစိုက္ေပးလိုက္ဦးကြာ… ”
သူၾကီးက သတိုးကို ႏႈတ္ဆက္ျပီးျပန္သြားေတာ့ ဂ်ပန္ၾကီးဆိုနဲ႕သတိုးသာက်န္ခဲ့တယ္ “ ေကာင္ေလး…မင္းတို႕ ရန္ကုန္ ကို ငါတစ္ေခါက္ေတာ့ေရာက္ဖူးတယ္ ငါေရာက္တုန္းကအေျခအေနနဲ႕အခုဆို အမ်ားၾကီးကြဲလြဲေနျပီထင္ရဲ႕ ” “ အဘက ဘယ္တုန္းကေရာက္ဖူးတာလဲ ” သတိုး ရုတ္တရက္ေမးလိုက္တဲ့စကားကို မေျဖခ်င္သလိုနဲ႕ လႊတ္ခနဲထြက္သြားတဲ့ သူ႕စကားကို သူျပန္ထိန္းတဲ့ပံုစံနဲ႕ ဂ်ပန္ၾကီးက “ လူေလး မင္းေရအရင္ခ်ိဳးေခ်…ျပီးမွ တို႕တူ၀ရီးေတြ စကားေအးေဆး ေျပာၾကတာေပါ့ကြယ္…. ” သတိုးစိတ္ထဲမတင္မက်ျဖစ္ေနေပမယ့္ အိမ္ရွင္စကားမုိ႕ အဒြန္႕မတက္၀ံ့ေတာ့ဘဲ အိမ္ေရွ႕က အ၀ီစိေရတြင္းေလးနားမွာ ေရအရင္ေျပးခ်ိဳးလိုက္တယ္ …. ၊
ေရခ်ိဳးျပီးျပန္တက္လာေတာ့ အိမ္ထဲမွာ ရြာထမင္း၀ိုင္းေလးနဲ႕ အဆင္သင့္ ျပင္ျပီး ေစာင့္ေနတဲ့ ဂ်ပန္ၾကီးကို ေတြ႕လိုက္ရ တယ္ ၊ သတိုးလည္းတစ္ေနကုန္ ပင္ပန္းလာတာမို႕ ျမန္ျမန္အ၀တ္လဲျပီး ထမင္းကိုအငမ္းမရ စားေသာက္လိုက္တယ္ ၊ ဗိုက္ကေလးျပည့္သြားေတာ့ သူ႕စိတ္ထဲတစ္ခုခု ေတြးမိလာတယ္…. ၊ ဒီအဘနာမည္က ဂ်ပန္ၾကီးတဲ့…ရြာအ၀င္၀မွာ လည္း ဂ်ပန္စာေတြေရးထားတာျမင္ခဲ့တယ္… ၊ ဒီစာေတြက ဒီအဘလက္ခ်က္မ်ားလား… ၊ ဒါဆို ဒီဘဘ ဂ်ပန္ၾကီးက ဂ်ပန္စာေတြတတ္ေနတာလား ၊ ဒီလိုေခါင္လြန္းတဲ့ေနရာမွာ ဒီစာေတြကိုဘယ္လိုသင္ခဲ့တာလဲ… ၊ ရန္ကုန္ကိုလည္း သူေရာက္ဖူးတယ္ေျပာတယ္၊ သူ႕နာမည္ကေရာ ဘာလို႕ ဂ်ပန္ၾကီးျဖစ္ေနတာလဲ…. ၊ သတိုးရဲ႕အေတြးစေတြကုိ အသံတစ္သံက ေခ်ဖ်က္လိုက္ေတာ့တယ္
“ လူကေလး…အဘနာမည္ကိုစိတ္၀င္စားေနတာထင္တယ္…ဟားဟား ” သတိုးတစ္ခ်က္အံ့ၾသျပီး မ်က္နာ ဟန္မေဆာင္ နိုင္ေအာင္ ျဖစ္သြားမိတယ္ စိတ္ထဲမွာလည္း ဒီအဘ ငါ့စိတ္ထဲကအေၾကာင္းေတြကို ဘယ္လိုမ်ားသိေန သလဲလို႕ ေတြးလိုက္မိတယ္ ၊ အေတြးစေတြနဲ႕အတူ ေခါင္းကိုတဆက္ဆက္ျငိမ့္လိုက္မိတဲ့ေနာက္ ဂ်ပန္ၾကီးဆိုသူအဘက “ မအံ့ၾသပါနဲ႕…လူစိမ္းတိုင္း အဘကိုစိတ္၀င္စားၾကတာ မစမ္းပါဘူး … ” “ ဟုတ္တယ္ အဘ…အဘနာမည္ရယ္ ၊ ရြာအ၀င္အ၀မွာေရးထားတဲ့ စာအေၾကာင္းရယ္ကုိ ကၽြန္ေတာ္ ေ၀ခြဲမရျဖစ္ေနတာ ” “ ေၾသာ္…လူေလးက အဲ့စာေလးကို ျမင္ခဲ့ေသးတယ္ေပါ့ေလ…. ” “ ဟုတ္တယ္အဘ ကၽြန္ေတာ္က ဂ်ပန္စာကိုေလ့လာေနတဲ့သူတစ္ေယာက္မို႕ အဲ့ဒီ့စာေလး ကို လည္း ေသခ်ာနားလည္တယ္ အဘ ”
“ လူေလးက ဂ်ပန္စာသင္ေနတာလား….ဒါဆိုပိုအဆင္ေျပတာေပါ့…… ဒီစာေလးရဲ႕အဓိပၸါယ္ကို လူေလးဘယ္လို နားလည္လဲ ” သတိုး အေျဖၾကပ္သြားျပီးေတာ့ သူေတြးမိသလို စာလံုးေပါင္းမိတဲ့အတိုင္းေျပာခ်လိုက္တယ္ “ 日本人のへいしが待っています { じじつ } နိဟြန္းဂ်င္းႏို႔ ဟဲအိ႐ွိ (ဂ) မတဲအိမတ္စု ဂ်ပန္စစ္သား ေစာင့္ေနသည္ …. လို႕ ကၽြန္ေတာ္ နားလည္ပါတယ္ အဘ…. ” ဒီအခါမွ ဂ်ပန္ၾကီးက ေက်နပ္သြားဟန္နဲ႕ “ လူေလးေျပာတာမွန္တယ္ …. အဘက လူေလးဂ်ပန္စာတကယ္တက္မတက္ စမ္းၾကည့္ခ်င္လို႕ေမးလိုက္တာပါ…. ဟား… ” “ ဒါဆို အဘ ဒီစာအေၾကာင္းနဲ႕ အဘနဲ႕ဘယ္လိုဆက္စပ္တယ္ဆိုတာ ကၽြန္ေတာ္ သိခြင့္မ်ားရနိုင္မလားခင္ဗ်ာ ” “ လူေလးက ေခတ္ပညာတတ္ဆုိေတာ့ အဘျပန္ေျဖတာေတြကို ယံုၾကည္ဖို႕ခတ္ေနမယ္… ၊ ေနာက္ျပီးအဘကိုလည္း လူလိမ္ၾကီး ၊ အရူးၾကီးလို႕ ထင္မွာလည္းစိုးတယ္ကြယ္..ေျဖခ်င္ေပမယ့္ မေျဖသင့္ဘူးလို႕ထင္တယ္ကြယ္ ”
“ ဟာအဘရယ္ မဟုတ္တာပဲ ကၽြန္ေတာ္ကိုယ္တိုင္က သိခ်င္လို႕ ေမးတာပဲအဘရယ္… အဘက ပံုမွန္လူတစ္ေယာက္ ဆုိတာလည္း အဘနဲ႕ စေတြ႕ျပီးကတည္းက ကၽြန္ေတာ္သိတယ္… ဘာလို႕လဲဆို ကၽြန္ေတာ္က စာဖတ္ရတာ အရမ္း ၀ါသနာပါတယ္… ၊ ပံုမွန္ျဖစ္ေနတဲ့သူနဲ႕ စိတ္တဇျဖစ္ေနတဲ့သူကို ကၽြန္ေတာ္ ေကာင္းေကာင္းခြဲတတ္ပါတယ္… အထူး သျဖင့္ မ်က္လံုးက စကားေတြကို ဖတ္ျပီးေတာ့ပိုသိတာေပါ့အဘ… ” “ လူေလးက လူေတာ္ပဲ ကိုယ္ဖတ္ထားတဲ့ စာအုပ္ ေတြထဲက ပညာေတြကိုပါ လက္ေတြ႕အသံုးခ်တတ္တဲ့သူဆိုေတာ့…ကဲပါေလ…လူေလးယံုၾကည္တယ္ဆိုေတာ့ အဘ ဆက္ေျပာရမွာေပါ့….
ဒီလိုကြဲ႕…. အရင္တုန္းက အဘတို႕ဒီရြာေလးက ရြာရယ္လို႕သက္သက္မွတ္မွတ္ မရွိေသးတဲ့အခ်ိန္…. လြန္ခဲ့တဲ့ ႏွစ္ေတြအမ်ားၾကီးၾကာခဲ့တဲ့အခ်ိန္ေတြကေပါ့…. ၊ ဒီရြာမွာ ဂ်ပန္တပ္သားေတြအမ်ားၾကီး တပ္စြဲခဲ့ၾကတဲ့ စစ္စခန္း တစ္ခု ရွိခဲ့ဖူးတယ္… ” “ ဟင္… အဘဒီအသက္အရြယ္နဲ႕ ဂ်ပန္ေတြရွိခဲ့တယ္လို႕ ဘာလို႕တပ္အပ္ေျပာနိုင္တာလဲ… အဲ့တုန္း က အခ်ိန္ဆို အဘက ေမြးျပီးမို႕လို႕လား….ဒါမွမဟုတ္ အဘရဲ႕ အဘိုးအဘြားေတြျပန္ေျပာျပတာလား ” “လူေလး က သိပ္ေလာသကို……ဒီမယ္.. အဘေျပာတာေလးကိုသာ စိတ္ရွည္ရွည္နဲ႕နားေထာင္ၾကည့္…. ဒီဇာတ္လမ္းက လံုး၀ ျဖစ္ရပ္မွန္ဆိုတာ အဘအသက္နဲ႕ရင္းျပီးအာမခံရဲတယ္ ဇာတ္လမ္းထဲမွာ ပရေလာကနဲ႕သက္ဆုိင္တဲ့ ေသြးပ်က္စရာေလး ေတြ နည္းနည္းေတာ့ပါမယ္ လူေလးသရဲေတြဘာေတြ ေၾကာက္တတ္လား ”
သတိုး မ်က္နာငယ္ေလးနဲ႕ ခ်က္ခ်င္းျပန္ေျဖလိုက္တယ္ “ ဗ်ာ…ကၽြန္…ကၽြန္…ကၽြန္ေတာ္လား အဘ… ကၽြန္ေတာ္ ေၾကာက္…ေၾကာက္တတ္တာေပါ့ဗ်ာ… ဒါေပမယ့္ ခရီးေတြဘာေတြသြားေတာ့ ေၾကာက္တိုင္းအျမဲရြတ္တတ္တဲ့ သရဏဂံုေလးအားကိုးျပီးသြားလာေနတာပဲအဘေရ ပရေလာကကို သူမ်ားေတြဘယ္လိုနားလည္ထားတယ္ေတာ့မသိဘူး ကၽြန္ေတာ္ေတာ့ ေရာက္ရာအရပ္မွာ ကိုယ္တည္းမဲ့ေနရာေရာက္ရင္ ကိုယ့္အရင္ေရာက္ခဲ့ ပိုင္ခ့ဲ့တဲ့သူေတြအပါအ၀င္ အားလံုးကို ေမတၱာပို႕ အမွ်ေ၀ျပီးမွ အိပ္ျဖစ္တယ္…အဲ့ဒါေတြေၾကာင့္ထင္တယ္…အခုထိေတာ့ တစ္ၾကိမ္မွ မၾကံဳေသးဘူး အဘေရ… ”
“ ဟား… ဒီေလာက္ဆို လူေလး ဘယ္ေလာက္ေၾကာက္တတ္တယ္ဆိုတာ အဘသိပါျပီ….အေပါ့အပါးကိစၥရွိရင္ တခါတည္း သြားထားေနာ္… ” သတိုးက ေခါင္းခါျပေတာ့ ဂ်ပန္ၾကီးက တစ္ခ်က္ျပံဳးလိုက္ရင္း “ ကဲ ..ဒါဆိုလည္း တို႕ေတြ လြတ္လပ္ေလး မရေသးတဲ့ေခတ္…. ျမန္မာ့ေျမက ဂ်ပန္ေတြကို အဂၤလိပ္နဲ႕ ျမန္မာ့မ်ိဳးခ်စ္တပ္မေတာ့ ေပါင္းျပီး တြန္းလွန္တိုက္ပြဲ၀င္ေနတဲ့ ေခတ္ကေလးတစ္ခုဆီကို ျပန္သြားလိုက္ၾကတာေပါ့……… အဲ့ဒီ့တုန္းကေလ……… ”
“ ရဲေဘာ္တို႕ သင္တို႕သည္ အမိဂ်ပန္ျပည္ၾကီးနဲ႕ ဂ်ပန္ဘုရင္မင္းျမတ္အတြက္ အမႈေတာ္ထမ္းရြက္ေနၾကတဲ့ ရဲရဲေတာက္ သူရဲေကာင္းေတြျဖစ္ၾကတယ္…. ၊ ဒီေတာ့ တို႕ေသြးေတြ ဘယ္ေလာက္ရဲတယ္ဆိုတာကို ဒီေန႕ ေျမာက္ပိုင္း စစ္ေျမျပင္မွာ ျပသခြင့္ရေတာ့မယ္… ဂ်ပန္စစ္သားေတြဆိုတာ ဘယ္ေတာ့မွ လက္နက္မခ်ဘူး… ၊ မေတာ္တဆ ရႈံးနိမ့္ သြားရင္ေတာင္ ရန္သူ႕လက္မွာ အေသမခံဘူး…. ၊ ကိုယ့္ဘာကိုယ္သက္ေသပစ္ၾကရမယ္ ၊ ရဲေဘာ္တို႕ အမိဂ်ပန္ အင္ပါယာၾကီးနဲ႕ ဂ်ပန္ဘုရင္မင္းျမတ္အတြက္ အသက္ေပးဖို႕ အဆင္သင့္ပဲလား….ေဟ့ ” “ အဆင္သင့္ပါပဲ ဗို္လ္ၾကီး ” “ ေကာင္းျပီ တို႕ေတြ ေအာင္ပြဲခံဖို႕ ရန္သူေတြကို အကုန္ သုတ္သင္ၾကဖို႕ ျပင္ဆင္ထားၾက ဒီည တိုက္ပြဲေနရာကို သြားၾကမယ္ ၊ လက္ဦးမႈယူထားရမယ္ ၾကိဳတင္ဗ်ဴဟာခင္းထားနိုင္မွ ျဖစ္မယ္ မဟုတ္ရင္ ဟို ဗမာေကာင္ အစုတ္ပလုတ္ ေတြနဲ႕ အရွည္ေကာင္ အဂၤလိပ္ေတြ တို႕ကို လာသတ္ၾကလိမ့္မယ္ ၊ ကဲျပင္ၾကေတာ့ ရဲေဘာ္တို႕.. ”
ဂ်ပန္စစ္ဗိုလ္ၾကီးရဲ႕ အာဏာသံနဲ႕အမိန္႕ေပးလိုက္တာေၾကာင့္ တပ္စခန္းမွာရွိတဲ့ စစ္သားေတြအကုန္လံုး ကိုယ္ပိုင္ပစၥည္း ေတြကို ခ်င္ခ်င္း ေျပးလႊားစစ္ေဆးၾကရင္း စစ္၀တ္စံုအျပည့္အစံု၀တ္ေနၾကတယ္ ၊ အားလံုးကိုယ္စီက ကိုယ့္အလုပ္ ကိုယ္လုပ္ၾကရင္းနဲ႕ ျပာယာခတ္ေနၾကပံုက ပုရြတ္ဆိတ္ကေလးေတြ မိုးရြာခါနီးမို႕ တြင္းနား၀န္းက်င္မွာ ဟိုေျပးဒီေျပး ျဖစ္ေနၾကပံုနဲ႕ တူေနတယ္…. ၊ အဲ့လို ေျပးလႊားလႈပ္ရွားေနၾကတဲ့ စစ္သားေပါင္းမ်ားစြာထဲကမွ အမွတ္မထင္ ဂ်ပန္ စစ္ဗိုလ္ၾကီးနားက ျဖတ္သြားေတာ့မယ္လို႕ျပင္ေနတဲ့ ဂ်ပန္စစ္သားေလး အိုးယားစံ ကို ျမင္ေတာ့ ဘာရယ္မဟုတ္ပဲ ဗိုလ္ၾကီးက လွမ္းေခၚလိုက္တယ္ … ၊
“ အိုယားစံ …ဒီလိုခဏလာစမ္း ” “ ေရာက္ပါျပီ ဗိုလ္ၾကီး …အေလး..ျပဳ ” “ ေအး…မင္းကို ငါ တာ၀န္တစ္ခုေပးစရာ ရွိတယ္။ မင္းတာ၀န္ေက်ေအာင္ ထမ္းေဆာင္မယ္မဟုတ္လား” အထပ္က ဗိုလ္ၾကီးရဲ႕အမိန္႕ကို စိတ္၀င္တစားနဲ႕ အိုယားစံတစ္ေယာက္ နားေထာင္ရင္း “ ဟုတ္ တာ၀န္ေက်တဲ့အထိ အသက္ေပးျပီး တာ၀န္ထမ္းေဆာင္ပါ့မယ္လို႕ ကတိျပဳပါတယ္ ” “ ေကာင္းျပီ….ဒီတပ္ရင္းေတြအားလံုးက မနက္ျဖန္ တိုက္ပြဲကိုသြားၾကရေတာ့မယ္ ငါတို႕ျပန္လာခ်င္ လည္းျပန္လာနိုင္မယ္ မလာခ်င္လည္းမလာနိုင္ေတာ့ဘူး… ၊ ဒါေပမယ့္ မင္းကေတာ့ တို႕နဲ႕ မလိုက္ရဘူး…..ဒီေနရာကို တို႕ေတြ ျပန္မလာနိုင္ခင္အထိ ဒီစခန္းေနရာကေန တစ္ဖ၀ါးမွ မခြါဘဲ ကာကြယ္ေစာင့္ေရာက္ေပးရမယ္လို႕ အမိန္႕ေပးခဲ့ တယ္ ရဲေဘာ္ အိုယားစံ တာ၀န္ကို ေက်ပြန္ေအာင္ ထမ္းေဆာင္ပါ ”
“ ဟုတ္ကဲ့ပါ ဗိုလ္ၾကီး ကၽြန္ေတာ္ အသက္ေသတဲ့အထိ တာ၀န္ကို အသက္နဲ႕လဲျပီး ထမ္းေဆာင္ပါ့မယ္လို႕ ကတိျပဳပါ တယ္ … ကၽြန္ေတာ္တာ၀န္က်တဲ့ေနရာမွာ ရန္သူေတြတစ္ေယာက္မွ မလာနိုင္တဲ့အထိ အသက္ေပးကာကြယ္္သြားပါမယ္ ၊ ဂ်ပန္အင္ပါယာၾကီး ေနမင္းၾကီးလို ေတာက္ပပါေစ……. အေလးျပဳ ” အိုယားစံရဲ႕ ျပန္ေျပာလိုက္တဲ့ေလသံနဲ႕ စကား ကို ဂ်ပန္စစ္ဗိုလ္ၾကီးက ေက်နပ္သလိုနဲ႕ တစ္ခ်က္ျပံဳးလိုက္ရင္း အိုယားစံရဲ႕ ပုခံုးကို ပုတ္လိုက္ရင္း ထြက္သြားေတာ့ တယ္ ၊ အဲ့ဒီ့ေန႕ညက ဂ်ပန္ဗိုလ္ၾကီးနဲ႕ သူ႕ရဲ႕သူငယ္ခ်င္းေရာင္းရင္း တပ္မေတာ္သားေတြကို ေနာက္ဆံုးျမင္လိုက္ရ လိုက္ျခင္းလို႕ဆိုရမယ္…. ။
တိုက္ပြဲ၀င္ ဂ်ပန္စစ္သည္ေတာ္ေတြအားလံုးကို ဗမာ့မ်ိဳးခ်စ္တပ္မေတာ္ နဲ႕ မဟာမိတ္တပ္ေတြ ႏွစ္ဖြဲ႕ေပါင္း အင္အား အလံုးအရင္းလက္နက္အျပည့္အစံု ေလေၾကာင္းအင္အားေတြေရာေၾကာင့္ ဘယ္လိုမွ တင္းမခံနိုင္ေတာ့ဘဲ ဂ်ပန္စစ္သား ေတြ အတုန္းအရုန္း ေသဆံုးသြားၾကျပီး တိုက္ပြဲမွာ က်ဆံုးသြားၾကတယ္… ၊ အျဖစ္အပ်က္ေတြက မေန႕တစ္ေန႕က လိုပါပဲ…. မေန႕ကမွ တစည္းတလံုးတည္း နိုင္ငံေတာ္သီခ်င္းေတြသီဆို ၊ ညစာကိုအတူတူ၀ိုင္းဖြဲ႕စား ၾကရင္း မနက္ဘက္ စစ္ထြက္သြားၾကတဲ့ ေရာင္းရင္းေတြ တစ္ေယာက္တစ္ေလမွ ျပန္မလာေလျခင္းဆိုကတည္းက အိုယားစံ အေျခအေနကို ရိပ္စားမိလိုက္တယ္ ၊ ဒါေပမယ့္ ကတိတည္ သစၥာေစာင့္တတ္ အမိန္႕နာခံလြန္းတဲ့ ဂ်ပန္စစ္သား ပီပီ သူ႕အထက္ က အရာရွိေပး ခဲ့တဲ့ အမိန္႕အတိုင္း ေက်ပြန္ေအာင္ စခန္းေဟာင္းေနရာေလးမွာ ပုန္းေအာင္း ေနရင္း ရန္သူ႕တပ္ေတြ ျဖတ္သန္းအလာကို ေစာင့္ရင္း မိုင္းေတြၾကိဳေထာင္ထားလိုက္တယ္ ၊
နာရီပိုင္းအတြင္း သူမွန္းထားတဲ့အတိုင္းပဲ ရန္သူ႕စစ္တပ္က အလံုးအရင္းနဲ႕ ေျပး၀င္လာၾကတာကိုျမင္လိုက္ရတယ္ ၊ သူေထာင္ထားတဲ့မိုင္ေတြေၾကာင့္ လူတစ္ခ်ိဳ႕ကေတာ့ ေၾကြလြင့္သြားၾကျပီ…အခု သူ႕ဘ၀ရဲ႕အခ်ိန္မွာ ဂ်ပန္ျပည္ၾကီးမွာရွိတဲ့ သူ႕အေမနဲ႕ ေမြးရပ္ေျမက မိသားစုေတြကို တစ္ခ်က္သတိရသြားမိတယ္ … ၊ တစ္ဖက္မွာလည္း ဂ်ပန္နိုင္ငံေတာ္အတြက္ ဂုဏ္ယူစြာ အသက္ေပးရေတာ့မွာမို႕ ၀မ္းနည္း၀မ္းသာမ်က္ရည္က်လိုက္မိရင္း စက္ေသနတ္ကို တင္းတင္းဆုပ္ကိုင္ထားရင္း အသံအက်ယ္ၾကီးနဲ႕မာန္တင္းေအာ္လိုက္ရင္း ေသနတ္ကိုက်ည္ကုန္တဲ့အထိ ဆြဲရမ္းပစ္လိုက္တယ္…. ၊ “ ဂ်ပန္အင္ပါယာၾကီး အဓြန္႕ရွည္ပါေစ … ” “ ဒတ္…ဒတ္…ဒတ္…ဒတ္…ဒတ္…ဒတ္ ” “ ေဖာင္းေဖာင္းေဖာင္း ဒိုင္း ” မၾကာခင္မွာပဲ တစ္ဖက္က လာတဲ့ က်ည္ဆံမိုးေတြက အိုယားစံရဲ႕ ခႏၶာကိုယ္တစ္ခုလံုးကို ေဖာက္၀င္လွ်ိဳထြက္သြားေတာ့တယ္ ၊ အိုယားစံတစ္ေယာက္ မ်က္လံုးအျပဴးသားနဲ႕ သူ႕တာ၀န္ကိုေက်ပြန္ေအာင္ မထမ္းေဆာင္နိုင္ေတာ့ဘူး ၊ ဒီေနရာကို မကာကြယ္နိုင္ေတာ့ဘူးဆိုတဲ့ အသိေတြနဲ႕ မ်က္လံုးမမွိတ္နိုင္ စိတ္မခ်နိုင္စြာနဲ႕ ေျမျပင္ေပၚ ပတ္လက္လန္လဲက်သြားေတာ့တယ္ ၊ စစ္ယူနီေဖာင္းတစ္ခုလံုးကေတာ့ ရဲရဲနီလို႕…… ။
လြတ္လပ္ေရးရျပီးေနာက္ပိုင္း ၊ ရြာငယ္ေလးရွိတဲ့နယ္ေျမအပိုင္းေတြမွာ ေအးခ်မ္းေနျပီး ၊ တိုင္းသူျပည္သားေတြ စစ္ပြဲရဲကအပ်က္အစီးေတြၾကားထဲကေန ျပန္ ကုန္းထဖို႕ ၾကိဳးစားေနၾကတဲ့အခ်ိန္ေလး…. ၊ တစ္ခ်ိန္က အိုယားစံတို႕ ဂ်ပန္စစ္တပ္ေတြ စခန္းခ်ခဲ့ၾကတဲ့ေနရာေလးမွာေတာင္ ရြာငယ္ေလးတစ္ခု ျဖစ္ေနခဲ့ျပီ… ၊ အဲ့ဒီ့ရြာေလးမွာေနၾကတဲ့သူ ေတြက အျခားအျခားေသာ ေနရာေတြကေန ေရခံေျမခံေကာင္းမြန္တဲ့ေနရာတစ္ခုကိုရွာေဖြေရႊ႕ေျပာင္းလာၾကတဲ့သူေတြမို႕ ဒီနယ္ရဲ႕ ငယ္ေမြးျခံေပါက္ေတြ မဟုတ္ၾကဘူး… ၊ ဒီေျမသမိုင္းေၾကာင္းကို မသိၾကသလို … ၊ ဒီေျမျပင္မွာျဖစ္ပ်က္ခဲ့သမွ် သမိုင္းပံုရိပ္ေတြကိုလည္း မသိနိုင္ၾကဘူး…. ၊ ရြာကေလး အိမ္ေျခ ဆယ္ဂဏန္းေလာက္နဲ႕ အစျပဳထားတာမို႕ လူအရမ္းနည္းျပီး ေတာထဲေတာင္ထဲမွာည္းျဖစ္ေနတာေၾကာင့္ အျပင္ေလာက ပတ္၀န္းက်င္နဲ႕ အသြားအလာ အဆက္အသြယ္ ျပတ္ေတာက္ေနသလုိျဖစ္ေနျပန္တယ္ လိုအပ္တာမွန္သမွ်ကိုလည္း ရြာထဲတင္ အျပန္အလွန္ ကူညီၾကရင္းျပည့္စံုေနျပီးသားမုိ႕ အျပင္ထြက္ျပီး တစ္ျခားရြာေတြဆီအဆက္အသြယ္နည္းပါးတာလည္းပါတယ္ ၊

ရြာထဲမွာ ရြာျပင္ဘက္ကတစ္ျခားရြာေတြနဲ႕ျမိဳ႕ေတြဆီကို အျမဲလိုလို မျဖစ္မေန အဆက္အသြယ္လုပ္ေနရတဲ့ အိမ္တစ္အိမ္ေတာ့ရွိေနေသးတယ္ ၊ အဲ့ဒီ့အိမ္က ကိုဘေက်ာ္ နဲ႕ မၾကင္ျမိဳင္ တို႕ အိမ္ပဲ ၊ ကိုဘေက်ာ္တို႕ လင္မယားက သားသမီးမထြန္းကားၾကဘူး ၊ လင္မယားႏွစ္ေယာက္ ေတာင္ယာအလုပ္အကိုင္ကိုလည္း ၀ါသနာမပါၾကတာမို႕ အနီးဆံုးမွာရွိတဲ့ ျမိဳ႕ေတြ ၊ နယ္ေတြ အထိ တက္ျပီး လိုအပ္တဲ့ ကုန္ေျခာက္ေလးေတြကို ၀ယ္ျပီး ရြာထဲမွာ ကုန္ေျခာက္ဆိုင္အေသးေလးဖြင့္ရင္း စီးပြားရွာျဖစ္တယ္ ၊ သူတို႕အလုပ္အကိုင္ေလးက အလုပ္ျဖစ္တယ္လို႕ဆိုရမယ္ ၊ တစ္ရြာလံုးေျပးၾကည့္မွ ဒီတစ္ဆိုင္တည္း ရွိတာမို႕ စီးပြားေရးက အဆင္ေျပတယ္ေလ ၊ ကိုဘေက်ာ္ တစ္ခါတစ္ခါ ျမိဳ႕ဘက္ကို ခရီးသြားရင္ သံုးေလးရက္ေလာက္အထိၾကာတတ္တယ္ ၊ တစ္ေန႕ ထံုးစံအတိုင္း ကိုဘေက်ာ္တို႕ ဆိုင္ငယ္ေလးအတြက္ ကုန္ေျခာက္ပစၥည္းေလးေတြလိုအပ္လာေတာ့ ျမိဳ႕ဘက္ဆီကို သြားဖို႕အေၾကာင္းဖန္လာျပန္တယ္ ၊ ထံုးစံအတိုင္း သူ႕ရဲ႕ မယားေခ်ာေလး မၾကင္ျမိဳင္ကို ႏႈတ္ဆက္ျပီး ျမိဳ႕ကိုတစ္ေယာက္တည္း ထြက္သြားလိုက္တယ္ ၊ သူ႕ေက်ာမွာပိုးထားတဲ့ ေဘးလြယ္အိတ္ထဲမွာေတာ့ သူအျမဲေဆာင္တတ္တဲ့ ေဆာင္ဓါး ဓါးေျမွာင္ေလးတစ္ေခ်ာင္းနဲ႕ ရိကၡာေျခာက္ေတြ ပါေလ့ရွိတယ္ ၊ ဒီလိုနဲ႕ ကိုဘေက်ာ္တစ္ေယာက္ ျမိဳ႕တက္သြားျပီး လိုအပ္တဲ့ အသား ငါး အေျခာက္အျခမ္းေတြ ကုန္ေျခာက္ေတြကို သယ္လာျပီး တစ္ေယာက္တည္း ရြာဆီျပန္လာျဖစ္တယ္ …. ၊
ခါတိုင္းသူျပန္လာေနက်က မနက္ပိုင္း… ၊ ဒီတစ္ၾကိမ္လမ္းမွာစီးလာတဲ့ ကားၾကီးက ပ်က္ေနတာနဲ႕မို႕ ညအခ်ိန္မေတာ္ၾကီးမွ ရြာထဲကို ၀င္လာျဖစ္တယ္… ၊ ရြာကလည္း လမ္းမၾကီးကေန ရြာအထဲကိုေရာက္ဖို႕ ေတာ္ေတာ္ေလးကို ေျခလ်င္ ေလွ်ာက္ရတာမို႕ ပါလာတဲ့ ကုန္ပစၥည္းေတြ မနိုင္တနုိင္နဲ႕ နားလိုက္ ဆက္ေလွ်ာက္လိုက္နဲ႕ တစ္ေယာက္တည္း လွမ္းလာခဲ့တယ္ ၊ အစကတည္းက အေၾကာက္အလန္႕မရွိတဲ့သူမို႕ ပတ္၀န္းက်င္ကို သိပ္ဂရုမစိုက္ေန တတ္ဘူး… ၊ ဒါေပမယ့္ ရြာအ၀င္အ၀ေနရာနားအေရာက္ ရြာအ၀င္မွာရွိတဲ့ ေညာင္ပင္ၾကီးတစ္ပင္နားေရာက္ေတာ့ ေညာင္ပင္ၾကီးက ေလမတိုက္ပဲ ယိမ္းယိုင္ေနတာကို ထူးထူးဆန္းဆန္းေတြ႕လိုက္ရတယ္ ၊ ရုတ္တရက္မုိ႕ စိတ္ထဲ ထူးဆန္း ေန တာရယ္ တစ္ခါမွ ဒီလိုမၾကံဳဖူးတာရယ္ေၾကာင့္ ကိုဘေက်ာ္ စိတ္ထဲ နည္းနည္းေတာ့ ေၾကာက္မိသလို ျဖစ္သြားမိတယ္ ၊ ဒါေပမယ့္္ ကိုဘေက်ာ္ အပင္ၾကီးကိုမၾကည့္ပဲ ေအာက္ကိုငံု႕ထားရင္း လမ္းဆက္ေလ်ာက္လိုက္တယ္ ၊ အပင္ၾကီးနားေရာက္ေလေလ ေက်ာထဲမွာ စိမ့္တက္လာေလေလျဖစ္ေနျပန္တယ္ ၊ လမ္းတစ္ေလ်ာက္ၾကည့္ျပန္ ေတာ့ လည္း ညေမွာင္ေမွာင္ၾကီးမွာ သက္ရွိဆိုလို႕ ကိုယ္တစ္ေယာက္တည္းျဖစ္ေနတာမို႕ နည္းနည္းေလးေတာ့ အားငယ္မိသြားသလိုခံစားမိလိုက္ရတယ္ ၊
မၾကာခင္မွာပဲ နားထဲမွာ စကားသံေတြဆက္တိုက္ၾကားေနရတယ္ ၊ သူၾကားေနရတဲ့ အသံေတြက ပီပီသသပါပဲ ဒါေပမယ့္ ျမန္မာစကားမဟုတ္တဲ့အတြက္ ဘာေတြေျပာေနမွန္း သူနားမလည္ဘူးျဖစ္ေနတယ္ ၊ ေနာက္ေတာ့အမွတ္မထင္ အရဲစြန္႕ျပီး ေညာင္ပင္ၾကီးဆီကို လွမ္းၾကည့္လိုက္မိေတာ့ ေညာင္ပင္ၾကီးေပၚမွာ မ်က္လံုးနီရဲရဲၾကီး ေတြနဲ႕ ခႏၶာကိုယ္ တစ္ခုလံုး မဲေမွာင္ေနတဲ့ လူတစ္ေယာက္က ဂ်ပန္စစ္သား စစ္၀တ္စံုအျပည့္၀တ္ထားရင္း အပင္ခြၾကားမွာ ေဆာင့္ေဆာင့္ ထိုင္ေနတာကိုလွမ္းျမင္လိုက္ရတယ္ ၊ မၾကံဳစဖူးမို႕ ရင္ထဲ ထိတ္ခနဲျဖစ္သြားရင္ မ်က္၀န္းသူငယ္ အိမ္ေတာင္ျပဴးသြားမိတယ္ ၊ ဒါေပမယ့္ ကိုယ့္စိတ္ကို ကိုယ္ျပန္ထိန္းထားလိုက္တယ္ ၊ အပင္ေပၚက မဲမဲသတၱ၀ါၾကီးက ကိုဘေက်ာ္ ဒီလမ္းကို ျဖတ္မွာကို မၾကိဳက္သလိုနဲ႕ ရန္လိုေတာ့မလို လုပ္ျပေနတယ္ ၊ လူတစ္ေယာက္ထက္စာရင္ ၊ သတၱ၀ါၾကီးတစ္ေကာင္နဲ႕ ပိုတူေနေသးတယ္ ၊ ေမွာင္မဲေနတဲ့ညဆိုေပမယ့္ လေရာင္အားကိုးနဲ႕ မသဲမကြဲေလး ျမင္ေနရတယ္ ၊ လူ႕ရဲ႕အသိစိတ္ကလည္း လႈံ႕ေဆာ္ေပးတတ္တာမို႕ တစ္ဖက္ကတစ္စံုတစ္ရာရဲ႕ ခံစားခ်က္ကိုၾကိဳသိေနသလိုပဲ ၊ ကိုဘေက်ာ္လည္း သူ သရဲေျခာက္ခံေနရျပီဆိုတာကို သိလိုက္ျပီးေျပးရင္လည္း လြတ္မယ္မထင္ ၊ ေက်ာေပၚမွာလည္း အထုတ္အပိုးေတြနဲ႕မို႕ မရဲတရဲ အားတင္းထားျပီး လွမ္းေအာ္လိုက္တယ္ “ ငါ ဒီရြာသား…ငါ့ရြာငါျပန္လာတယ္ကြာ…. မင္းကဘာျဖစ္ခ်င္တာလဲ မင္းက ဘာေကာင္လဲကြ ”
ကိုဘေက်ာ္ စကားသံေတြက တုန္ယင္ေနတာကိုၾကည့္ျပီး ေၾကာက္စိတ္ကို ထိန္းထားေနရတယ္ဆိုတာကို ခန္႕မွန္းနိုင္ တယ္ ၊ တစ္ဖက္က လည္း ကိုဘေက်ာ္ကို ဘာမွျပန္မတုန္႕ျပန္ပဲ အူထဲအသဲထဲအထိ ေၾကာက္စရာေကာင္း ေလာက္တဲ့ မ်က္လံုးနီရဲၾကီးေတြနဲ႕ စိုက္ၾကည့္ေနျပန္တယ္ ၊ ကိုဘေက်ာ္လည္း မထူးပါဘူးဆိုျပီး ဖေနာင့္နဲ႕တင္ပါး တသားတည္းက် ေအာင္ ထြက္ေျပးပါေလေရာ ၊ အဲ့က်မွ အပင္ေပၚက အေကာင္ၾကီးက အပင္ေပၚကေန ေမ်ာက္တစ္ေကာင္လို ေဇာက္ထိုးၾကီး ကုပ္တြယ္ဆင္းလာျပီး ကိုဘေက်ာ္ေနာက္ကို ေျပးလိုက္လာေတာ့တယ္ ၊ ကိုဘေက်ာ္လည္း အသက္ေဘးမို႕ ေက်ာေပၚက ကုန္ေျခာက္ေတြေရာ ပါလာသမွ်ပစၥည္းေတြပါ အကုန္ထားခဲ့ျပီး လူပဲ အလြတ္ေျပးထြက္ခဲ့လိုက္တယ္ ၊
မိုးစင္စင္လင္းလာေတာ့ ကိုဘေက်ာ္ကို ရြာလယ္ေခါင္ေနရာမွာ သတိလစ္ေနတဲ့အေနအထားနဲ႕ ေတြ႕လိုက္ၾကရတယ္ ၊ အဲ့ဒါနဲ႕ ရြာက ဘုန္းေတာ္ဆီေခၚသြား ပရိတ္ရည္ေတြတိုက္ ၊ ျမန္မာတိုင္းရင္းေဆးေတြနဲ႕ ကုသလိုက္ေတာ့ ခဏခ်င္း ကိုဘေက်ာ္သတိရလာတယ္ ျပီးေတာ့ ကေရာင္ေခ်ာက္ခ်ားေတြ ထေအာ္ေသးတယ္ … “ မလာနဲ႕ မလာနဲ႕ ဂ်ပန္သရဲၾကီး ဂ်ပန္သရဲ မဲမဲၾကီး ဂ်ပန္စစ္သားၾကီး မလာနဲ႕ ငါ့ဆီမလာနဲ႕ ” အၾကိမ္ၾကိမ္ အဲ့လို ေအာ္ေနရာက ဘုန္းေတာ္ၾကီးက ဘုရားစာေတြရြတ္ဖတ္ေပးလိုက္ရာက ေတာ္ေတာ္ေလးၾကာေတာ့မွ လူေကာင္းပကတိျပန္ျဖစ္သြာ းတယ္ … ၊ အဲ့က်မွ သူၾကံဳခဲ့လာတာေတြကို ေသခ်ာျပန္ေျပာျပပါေလေရာ ၊ ကိုဘေက်ာ္ေျပာတဲ့စကားေတြကို လူနည္းစုက လက္ခံေပမယ့္ မယံုတဲ့သူက ပိုမ်ားၾကတယ္ ၊
ကိုဘေက်ာ္က အရက္မေသာက္တတ္လို႕ အရက္မူးျပီးေျပာတာ မဟုတ္ဘူးဆုိေပမယ့္ ညဘက္မို႕ တစ္ေယာက္တည္း ျမင္ခ်င္ရာျမင္ ေသြးေလေခ်ာက္ခ်ားျပီး အထင္မွားတာလို႕ပဲ ေကာက္ခ်က္ခ်လိုက္ၾကတယ္ ။ ပိုျပီးထူးျခားျဖစ္လာတာက ကိုဘေက်ာ္ဒီလိုၾကံဳျပီးေနာက္ပိုင္း ရြာထဲက အဲ့ေနရာမွာ ညဘက္ သြားစမ္းၾကတဲ့လူငယ္ေတြ ကာလသားေတြ ရွိလာတယ္ ၊ တစ္ခ်ိဳ႕ ကာလသားေတြဆု အိမ္ကေန အမဲသားအစမ္းေတြကိုပါသယ္သြားျပီး အဲ့အပင္ေအာက္မွာ ခ်ထားရင္း သြားစမ္းၾကေသးတယ္ ၊ စမ္းၾကတဲ့သူတိုင္းလည္း ကိုဘေက်ာ္ေျပာသလို ပံုစံနဲ႕ အတိအက်တူတဲ့ ဂ်ပန္စစ္သားသရဲၾကီး အေနာက္က လိုက္တာကို ခံၾကရတယ္ ၊ ထူးျခားခ်က္က ညဘက္မွ အဲ့ဒီ့ သရဲၾကီးက ေျခာက္လန္႕တတ္တာပဲ… ၊ ဒီလိုသတင္းေတြေၾကာင့္ ရြာထဲကလူေတြ ရြာျပင္ကို မသြားရဲၾကေတာ့ဘူး ၊ အေရးအေၾကာင္းရွိလို႕သြားရင္လည္း မနက္ပိုင္း မိုးစင္စင္လင္းေနမွ သြားတတ္ၾကတယ္ ၊ အျပန္ေနာက္က်တဲ့အခါမွာလည္း ရြာထဲျပန္မ၀င္ေတာ့ဘဲ ခရီးလမ္းမွာပဲ ျဖစ္သလို အိပ္ျဖစ္လိုက္ၾကတယ္ ၊ ေနာက္ေန႕မိုးလင္းျပီးအလင္းေရာင္ေသခ်ာရမွ ရြာကိုျပန္ရဲၾကေတာ့တယ္ ။
ဒီလိုနဲ႕ ႏွစ္ေတြအလွလွၾကာလာတဲ့အခါ…… ရြာငယ္ေလးမွာရွိတဲ့ ကိုဘေက်ာ္နဲ႕မၾကင္ျမိဳင္တို႕လင္မယားမွာ သားဦးေလးတစ္ေယာက္ ေမြးဖြားလာခဲ့ၾကတယ္ ၊ တစ္ရြာလံုးက ဒီတစ္သက္ ကေလးမရနိုင္ေတာ့ဘူးလို႕ ထင္ထားတဲ့ လင္မယားက ကေလးေလးရသြားၾကေတာ့ တစ္ရြာလံုးအံၾသေနၾကရတယ္ ၊ တစ္ရြာလံုးတင္မကဘူး ကိုဘေက်ာ္တို႕လင္မယားကိုယ္တိုင္လည္း အံ့ၾသေနမိၾကတယ္ ၊ သူတို႕ကေလးေလးကလည္း ေမြးလာကတည္းက အေဖနဲ႕ေရာ အေမနဲ႕ပါ ရုပ္မတူဘူး ၊ အသားအရည္ကလည္း ျဖဴေဖြးဥေနျပီး အနီေရာင္ဘက္ပါသမ္းေနပါေရာ့ ၊ ကေလးေလးစကားေျပာတတ္တဲ့အရြယ္ေရာက္ကတည္းက ဘယ္သူမွဘာမွ မသင္ေပးပါဘဲ ျမန္မာစကားမဟုတ္တဲ့စကားေတြကိုေျပာေျပာေနတတ္တယ္ ၊ “ နိဟြန္းဂ်င္းႏို႔ ” ဆိုတဲ့ စကားကို ပိုေျပာေနတတ္တယ္ ၊ သူဘာကိုဆိုလိုခ်င္တယ္ဆိုတာတစ္ေယာက္မွ နားမလည္က်ဘူး ၊ ကေလးေလး အရြယ္ေရာက္လို႕ လမ္းေလွ်ာက္တတ္လာခါစမွာ အေမနဲ႕အေဖအလုပ္ရႈပ္ေနတုန္း တစ္ေယာက္တည္း အိမ္ကေန ထြက္သြားျပီး ရြာအ၀င္အ၀နားက ေညာင္ပင္ၾကီးေအာက္နားက ေျမၾကီးေတြကို လက္နဲ႕ ယက္ေနတတ္တာကို ရြာသားတစ္ခ်ိဳ႕ကျမင္ျပီး ကေလးကို အိမ္ကို ျပန္ေခၚသြားေပးရတာ အၾကိမ္ၾကိမ္ပဲ အဲ့လို ျပန္ေခၚသြားတိုင္းလည္း ကေလးက ငယ္သံပါေအာင္ကို ေအာ္ငိုေနတတ္တယ္ ၊ ေနာက္ေတာ့ ကေလးငယ္ေလး တစ္ခုခုထူးဆန္းေနတာကို သတိထားမိလာၾကျပီး လူၾကီးေတြက ကေလးကို ေခ်ာ့ေမးၾကတယ္ ၊ “ သားသား ဒီေညာင္ပင္ၾကီးေအာက္မွာ ဘာသြားလုပ္တာလဲ ” “ သားပစၥည္းေတြရွိလို႕သြားတူးတာ ” တဲ့…
ကေလးအေျဖကို မယံုရဲ ယံုရဲနဲ႕ ရြာက လူၾကီးေတြစုျပီး ကေလးကိုေညာင္ပင္ဆီကိုေခၚလာခဲ့ၾကတယ္ ၊ ေညာင္ပင္ဆီ ေရာက္ေတာ့ ကေလးက အရင္ေျပးျပီး ေျမၾကီးေတြကို ဖယ္ေနတာကိုျမင္လိုက္တယ္… ၊ ကေလးေျမၾကီးေတြကို ဖယ္ေနတဲ့ယက္ေနတဲ့ေနရာနားကိုဦးတည္ျပီး ရြာထဲကလူေတြ ၀ိုင္းတူးၾကပါေလေရာ ၊ တူးရင္းတူးရင္းက သံုးေပနီးနီး ေလာက္တူးျပီးတဲ့အခါ ေညာင္ျမစ္ေတြေပြရႈပ္ေနတဲ့ၾကားက တူးေနတဲ့ ေပါက္တူးတစ္ေခ်ာင္း ေျမေအာက္က ခပ္မာမာ ရွိတာတစ္ခုနဲ႕ ထိမိတဲ့ အသံကို ၾကားလိုက္ရတယ္ တစ္ေနကုန္တူးေနရာက အသံတစ္သံၾကားရေတာ့ တစ္ရြာလံုး အံ့ၾသတၾကီးစိတ္၀င္စားသြားၾကျပီး အဲ့ဒီေနရာကိုဦးစားေပး သတိထားျပီး တူးယူၾကတယ္ ေတာ္ေတာ္ေလးတူးျပီးေတာ့မွ သံေခ်းေတြတက္ေနတဲ့ စစ္လက္နက္ေတြ ၊ ဂ်ပန္စစ္သားအသံုးအေဆာင္ပစၥည္းေတြ ၊ ဂ်ပန္ဓါး ၊ ေတြကို ၀တ္ဆင္ထားတဲ့ အရိုးစုတစ္ခုကို ေတြ႕လိုက္ၾကတယ္ ၊ သူ႕ေခါင္းရင္းမွာ သံေသတၱာတစ္လံုး… ၊
သံေသတၱာေလးကိုဖြင့္လိုက္ေတာ့ ေဟာင္းႏြယ္းစုတ္ပ်က္ေနတဲ့ တစ္ကိုယ္ရည္သံုးပစၥည္းေတြ ၊ စစ္သံုးမွန္ေျပာင္း ၊ က်ည္ဆံေတြ ၊ စစ္လက္နက္အေသးစားေလးေတြနဲ႕ ဒဂၤါးျပားေတြ ၊ သံေသတၱာအေသးစားထူထူေလး တစ္ခုကုိလည္း ေတြ႕လိုက္ရတယ္ ၊ သံေသတၱာအေသးေလးက ႏွစ္ခ်ိဳ႕ေနေတာ့ ဖြင့္ရခတ္ခဲေနတဲ့အထိ သံေခ်းေတြ တြယ္ညိေနတယ္ အဲ့ဒီ့ လက္တစ္၀ါးစာ သံေသတၱာဘူး အေသးေလးကို ဖြင့္လိုက္တဲ့အခါ ေသတၱာထဲက ဂ်ပန္၀တ္စံုနဲ႕ ေရွ႕ဆံုးက ထိုင္ေနတဲ့မိန္းမၾကီးတစ္ေယာက္ ၊ သူ႕ေနာက္က ဂ်ပန္စစ္သားတစ္ေယာက္နဲ႕ ဂ်ပန္စစ္သားေဘးမွာ သူ႕မိန္းမ နဲ႕ သားေလးကိုကပ္လ်က္ ျမင္ရတဲ့ အျဖဴအမဲဓါတ္ပံုေလးက ထင္ရွားေနတာကိုအံ့ၾသတၾကီးျမင္လိုက္ရတယ္… ၊ ဓါတ္ပံုေအာက္မွာ ေဟာင္းႏြမ္းစုတ္ပ်က္ေနတဲ့ စာရြက္ေလးေတြနဲ႕ ဂ်ပန္ေရွးေခတ္ေငြစကၠဴေတြကို ျမင္ေတြ႕ၾကရတယ္ ၊ ကေလးငယ္ေလးက အဲ့ဒီပစၥည္းေတြကုိၾကည့္ျပီး ရႈိုက္ၾကီးတငင္ငိုယိုလို႕ ……. ။
အိမ္ရွင္ အဘက စားေျပာေနရင္းက ေမာလြန္းလို႕ ေရေႏြးေလး ငွဲ႕ေသာက္ေနတုန္း သတိုးကဇာတ္လမ္းတစ္ခုလံုးမွာ ေျမာပါသြားရာက သိခ်င္စိတ္ကို ဟန္မေဆာင္နိုင္ေတာ့ဘဲ “ အခု အဘေျပာေနတဲ့ ဇာတ္လမ္းက ျဖစ္ရပ္မွန္ ေသခ်ာပါတယ္ ေနာ္ အဘ ” “ ေအးေလ က်ဳပ္ကလူေလးကိုလိမ္ရမွာလား ” “ ဒါဆို ရြာအ၀င္အ၀က ေညာင္ပင္ၾကီးမွာ ေျခာက္ေနတဲ့ ဂ်ပန္စစ္သားသရဲၾကီးက သူ႕တာ၀န္နဲ႕ အမိန္႕ကို နာခံျပီး အစဲြအလမ္းနဲ႕ မကၽြတ္ဘဲျဖစ္ေနတာကေန ကၽြတ္ခ်ိန္တန္ျပီး လူ၀င္စားျပန္ျဖစ္တာေပါ့ေနာ္…. ၊ ရြာအ၀င္အ၀က ဂ်ပန္လိုေရးထားတဲ့ ဂ်ပန္စစ္သား ေစာင့္ေနသည္ ဆိုတဲ့စာကလည္း ဒီလူ၀င္စားေရးထားတာေပါ့ေနာ္ ” “ ဟုတ္တာေပါ့ လူေလးရ… ” “ ဘာရည္ရြယ္ခ်က္နဲ႕ေရးထား တာလဲ သိလား အဘ ” “ သိပ္သိတာေပါ့….ဟိုးအရင္ကဆို တိုက္ပြဲေၾကာင့္ ေသေၾကသြားၾကတဲ့လူေတြထဲက မကၽြတ္မလြတ္ၾကေသးတဲ့ အျခားလူမ်ိဳးျခားစစ္သား တေစၦေတြက က်တ္ကုန္းလို ညဘက္ေတြဆုိ ဒီအနီးအနာမွာ စစ္တပ္လိုက္ကို ျမင္ျမင္ရတတ္တယ္ကြ… ဒါေၾကာင့္ ဂ်ပန္စစ္သား ေစာင့္ေနသည္ ဆိုတဲ့စာေလးကို ရြာအ၀င္မွာ အသိေပးတဲ့အေနနဲ႕ ေရးထားတာ ဆိုလိုခ်င္တာက တစ္ျခား နာနာဘာ၀ေလာကက မကၽြတ္ေသးတဲ့ စစ္သားတေစၦေတြ ရြာထဲ၀င္ျပီး မေႏွာက္ယွက္ရဲေတာ့ေအာင္ေပါ့ကြာ ”
“ အဘေျပာတာၾကီးက နည္းနည္း ပံုျပင္ဆန္ေနသလားလို႕ ” သတိုးရဲ႕ စကားေၾကာင့္ အိမ္္ရွင္အဘက သူ႕အိပ္ခန္းထဲကို ခဏ၀င္သြားျပီး ေသတၱာေလးတစ္ခုကို ယူလာခဲ့တဲ့ ၊ ေသတၱာေလးကိုင္ထားတဲ့အဘကို စိတ္၀င္တစား ၾကည့္ေနတဲ့ သတိုးကို အိမ္ရွင္အဘက ေသတၱာေလးထိုးေပးလိုက္တယ္ သတိုးက အဘေပးတဲ့ ေသတၱာေလးကို မခ်င့္မရဲ ဖြင့္ၾကည့္ လိုက္တဲ့အခါ ေသတၱာထဲမွာ ေဟာင္းႏြမ္းပ်က္ဆီးေနတဲ့ ဂ်ပန္စစ္သားအသံုးအေဆာင္ပစၥည္းေတြအျပည္ ၊ ဂ်ပန္ဓါးေတ ြအျပင္ ေသတၱာရဲ႕ အတြင္းအဖံုးေနရာမွာေတာ့ ေဟာင္းႏြမ္းစုတ္ပ်က္ေနတဲ့ အျဖဴအမဲ ဓါတ္ပံုေလးတစ္ခု…. ဓါတ္ပံုထဲမွာ လူေလးေယာက္ ၊ အဲ့ထဲက ဂ်ပန္စစ္သား၀တ္စံုအျပည့္နဲ႕လူရဲ႕ မ်က္နာကို သတုိး ေသခ်ာၾကည့္ေနမိရင္း ၾကက္သီးေတြ ထ လာမိျပီး ရုတ္တရက္ အိမ္ရွင္အဘမ်က္နာကို လွမ္းၾကည့္မိလိုက္ရင္း သတိုးမ်က္လံုးျပဳးသြားမိေတာ့တယ္ … “ ဒါ…ဒါ…ဒါ………….ဇာတ္လမ္းထဲက ဂ်ပန္စစ္သား လူ၀င္စားဆိုတာ ” ဓါတ္ပံုကိုၾကည့္လိုက္ အိမ္ရွင္အဘကိုၾကည့္လိုက္ အိမ္ရွင္အဘရဲ႕နာမည္ကိုျပန္သတိရသြားလိုက္နဲ႕ ေညာင္ပင္က ဂ်ပန္စစ္သားသရဲၾကီးက…၊ လူ၀င္စားၾကီးက … ၊ အဘက ……. ၊ စကားေတြထစ္ေငါ့ေနရင္း သတိုး အံ့ၾသၾကီးေနမိေတာ့တယ္…….. ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:မိုးေစြ
# Unicode Version # ျဖင့္ ဖတ္ပါ #
“နိဟွန်းဂျင်းနို့ ဟဲအိရှိ (ဂ) မတဲအိမတ်စု ………………. ” ဂျပန်စာကိုမြင်တိုင်း အမှတ်မထင် အသံထွက် ဖတ်ဖတ်မိ တတ် နေတဲ့အကျင့်က ဂျပန်စာလေ့လာနေသူ သတိုး အတွက် အဆန်းတကျယ်တော့မဟုတ်တော့ပါဘူး…. ၊ ထူးဆန်းတာ က ဒီနေရာမှာ ဘာလို့ ဒီစာမျိုးကိုတွေ့နေရတာလဲဆိုတာကို စဉ်းစားရကြပ်နေမိတာပဲ … ဒီလောက်ခေါင်လွန်းလှတဲ့ ရွာမှာ ဂျပန်စာ…..အင်္ဂလိပ်စာ …တခြားဘာသာစကားတွေမပြောနဲ့ မြန်မာစာတောင် သေစာရှင်စာလောက်ပဲ တတ်ကြ တဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာပဲ ကြီးပျင်းလာကြပုံရတဲ့ ရွာမှာနေသူတွေက …. ဒီလိုမျိုး ဂျပန်စာကို ရွာအဝင် အ၀ ရွာနာမည်ထိုးထားတဲ့ဆိုင်းဘုတ်အောက်မှာရှိတဲ့ သစ်ပြားလေးမှာ ဘာကြောင့်များထွင်းထားနိုင်တာလဲဆိုတာလေး …၊
ရွာထဲရောက်မှ ဒေသခံတွေကိုသေချာမေးတော့မယ်ဆိုပြီး သတိုး တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ကျောပိုးအိတ် ကြိုးလေးကို လက်နှစ်ဖက်နဲ့ တင်းတင်းကိုင်ထားရင်း ဆက်လျှောက်သွားလိုက်တယ် …. ၊ မြေကြမ်းပြီး ဆိုင်ကယ်တိုးမပေါက်တဲ့ ဒီလိုတောတောင်ထဲမှာ ခြေထောက်က ပိုအသုံးဝင်နေတယ်လေ ၊ သတိုးက ရန်ကုန်သားစစ်… ရန်ကုန်သားဆိုပေမယ့် ပထဝီဘာသာနဲ့ ဘွဲ့ရကျောင်းပြီးထားပြီးတော့ လက်ရှိမှာလည်း ပထဝီနဲ့ပတ်သတ်တဲ့ နိုင်ငံခြား ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်း ဝင်လုပ်နေတဲ့သူတစ်ယောက် ၊ သူတို့အလုပ်က အလုပ်လာအပ်တဲ့သူ လိုချင်တဲ့ပုံစံမျိုးရတဲ့အထိကို မြေပုံတိတိကျကျဆွဲပေးတာတို့ မြေတိုင်းပေးရတာတို့ကို လုပ်ပေးရတာလေ ၊ အစိုးရမြေတိုင်းရုံးက အလုပ်နဲ့ ခပ်ဆင်ဆင်တူတယ်… ၊
အပြင်ထွက် field ထဲမှာ survey ဆင်းရတဲ့အခါ ရုံးက ဝန်ထမ်းတွေကို လိုအပ်တာတစ်ကိုယ်ရည်စာအပြည့်အစုံနဲ့ ခရီး စရိတ်ပေးပြီး လွှတ်တတ်တယ်…. ၊ သွားနိုင်ခြင်း မသွားနိုင်ခြင်းဆိုတာ ဝန်ထမ်းတွေမှာလည်း ရွေးချယ်ခွင့် ရှိကြပါတယ် … ၊ တစ်ခါတစ်လေ မတည်ငြိမ်သေးတဲ့ ဒေသတွေအထိကို သွားပြီး မြေတိုင်းကြရတယ်… ၊ တစ်ခါ သွားရ ရင် အဖွဲ့လိုက် ၃ယောက်တွဲ အနည်းဆုံး သွားကြရတယ်…သုံးယောက်လုံးက သူတို့တွေတိုင်းရမယ့် နေရာဝန်းကျင်ကိုရောက်ရင် အဲ့နေရာတွေ ကိုမရောက်ခင် အနီးဆုံး နေ့ချင်းပြန်သွားနိုင်လောက်တဲ့ ဆက်သွယ်ရေးအဆင်ပြေလောက်တဲ့ မြို့ကြီး ၊ မြို့ငယ် ၊ ရွာကြီး ၊ ရွာငယ် တွေမှာ စုရပ်အဖြစ်အခြေချကြတယ် … ၊ နောက်တော့ သူတို့တိုင်းတာရမယ့် အစွန်အဖျား နေရာတွေကို မတိုင်းတာခင်ရက်ပိုင်းလောက်စောပြီး ဒေသအခြေအနေကိုသွားကြည့်ကြတယ် … တိုင်းတာလို့ အကောင်းဆုံး နေရာ ၊ မြေပြင်မှာ ကြာရှည်ခံအမှတ်အသားလုပ်လို့ရတဲ့နေရာကိုရှာဖွေကြတယ် ၊
သတိုးကိုယ်တိုင်က စွန်စားခန်းဖွင့်တဲ့စာအုပ်တွေ သည်းထိတ်ရင်ဖိုစာအုပ်တွေကို ဖတ်ပြီးကြီးလာတဲ့သူတစ်ယောက် ဆိုတော့ စွန့်စားရတာကိုကြိုက်တယ် ၊ အသက် နှစ်ဆယ်ကျော်အရွယ်ဆိုပေမယ့် အဲ့ဒီ့လိုရူးတတ်တဲ့စိတ်လေးနဲ့အတူ အရမ်းခေါင်တဲ့ဒေသတွေကို သွားဖို့ကိစ္စရှိလာတိုင်း သတိုးက ရှေ့ဆုံးက သွားမယ့်စာရင်းပေးလေ့ရှိတယ် ၊ တစ်ရုံးလုံးက သတိုးကို လက်ဖျားခါကြတာ အဲ့လိုအကြောင်းတွေကြောင့်လည်းပါတယ် ၊ သတိုးက သူများမသွားချင်…မသွားရဲတဲ့ နေရာတွေဆို တက်တက်ကြွကြွ သွားတတ်တာမို့လေ ၊
အခုလည်း မြန်မာပြည်မြေပုံထဲမှာတောင် ပြူးဖြဲရှာနေရတဲ့ တောထဲတောင်ထဲကရွာသေးသေးလေးတစ်ခုကို သတိုး တစ်ယောက်တည်း ကွင်းဆင်းကြည့်နေပြန်တယ်… အနီးဆုံးရွာကြီးမှာ ကျန်ခဲ့တဲ့ အဖော်နှစ်ယောက်ကတော့ သတိုး အကြောင်းပြန်လာတာနဲ့အလုပ်စဖို့ပြင်နေကြတယ်… ၊ ဒီခရီးစဉ်ကိုလည်းထုံးစံအတိုင်း သတိုးကိုယ်တိုင် စိတ်အား ထက်သန်စွာနဲ့ ရွေးထားတာမဟုတ်လား…. ။
“ အရီးလေး မင်္ဂလာပါခင်ဗျာ… ကျေးဇူးပြုပြီး ကျွန်တော့်ကို ရွာက တာဝန်ရှိတဲ့သူဆီကိုလမ်းညွန်ပေးပါလားခင်ဗျာ … ” ရွာဝင်ဝင်ခြင်းမှာ မြင်လိုက်ရတဲ့ ရွာသူအဒေါ်ကြီးတစ်ယောက်ကို ဖော်ရွေရိုးသားတဲ့လေသံနဲကနှုတ်ခွန်းဆက်သလိုက်ပြီး လှမ်းညွန်ဖို့ အကူညီတောင်းလိုက်တော့ အဒေါ်ကြီးက သတိုးကို လူစိမ်းမို့ထင်တယ် အံ့သြတကြီးကြည့်နေရင်းက လမ်းညွန်ပေးလိုက်တယ်… ၊
မကြာခင်မှာပဲ သတိုးတစ်ယောက် သူကြီးအိမ်ကိုရောက်လာခဲ့တယ် ၊ သူကြီးအိမ်ကိုအရောက်ခင်လမ်းတစ်လျောက်မှာ တစ်ရွာလုံးမှာရှိတဲ့ လူတွေ နေပုံထိုင်ပုံ ၊ အိမ်အနေအထားတွေကိုလည်း အကဲခတ်ခဲ့သေးတယ် ၊ ထူးထူးခြားခြားရယ် လို့မတွေ့သေးဘူး ၊ အခြားရွာပုံစံတွေအတိုင်းပါပဲ… ၊ သူကြီးအိမ်ကလည်း ထုံးစံအတိုင်းတစ်ခြားရွာတွေက သူကြီးအိမ် တွေလို တစ်ရွာလုံးမှာ အခန့်ထည်ဆုံးဖြစ်နေတာကိုလည်းတွေ့လိုက်ရတယ် ၊ အိမ်ရှေ့ရောက်တော့ ရွာသူကြီးနဲ့ တွေ့ချင်တဲ့အကြောင်းကိုလှမ်းပြောလိုက်တယ် ဒီအခါမှ အိမ်ထဲက သူ့ကိုစိမ်းစိမ်းကြီးကြည့်နေတဲ့ မိန်းကလေးတွေက သူကြီးကိုသွားခေါ်ပေးပြန်တယ်…မကြာခင်မှာပဲ ၀၀ဖိုင့်ဖိုင့်ကြီးနဲ့လူတစ်ယောက် အိမ်ထဲကနေထွက်လာခဲ့တယ် …. ။
“ကျုပ်ကိုမေးနေတယ်ဆိုတာ ဒီကမောင်ရင်ထင်တယ် ” အခြေအနေကိုကြည့်ပြီး ရွာသူကြီးမှန်းသိသွားတော့ သတိုးက သူ့ရဲ့ခါးကို လေးလေးနက်နက်ဟန်လေးနဲ့ ကိုင်းညွတ်ချလိုက်ပြီးတော့ “ ဟုတ်ပါတယ်ခင်ဗျာ…သူကြီးမင်း ခင်ဗျ.. ကျွန်တော်က ရန်ကုန်ကနေလာခဲ့တာပါ….၊ အဘတို့ရွာရဲ့နယ်နိမတ်တစ်ခုမှာ မြေတိုင်းလို့ရတဲ့ နေရာရှိမရှိ ရွာအခြေအနေ ကိုလာလေ့လာတာပါ ၊ အဘဆီက ခွင့်ပြုချက်လာတောင်းရင်းနဲ့ ရွာထဲမှာ တစ်ညလောက် တည်းချင်လို့ အကူအညီလေးလည်းလာတောင်းတာပါသူကြီးမင်းခင်ဗျာ ”
“အေးကွယ်…ရွာထဲမှာ တည်းဖို့ကတော့မပူပါနဲ့ မောင်ရင်တို့ တိုင်းတာတယ်ဆိုတာတွေကိုတော့ တို့တွေ နားမလည် ပါဘူးကွယ်… ဘာဖြစ်ဖြစ် မောင်ရင်တို့အလုပ်က ကျုပ်တို့ရွာကိုမထိခိုက်ဘူးသေချာရင် လုပ်ပေါ့ကွယ်…. ၊ ခွင့်ပြုပြီး သားပါ… ဒီလောက်ခေါင်တဲ့ရွာလေးအထိလာနိုင်တဲ့ မြို့သားဆိုလို့လည်း ကျုပ်တစ်သက် မောင်ရင်တစ်ယောက်တည်း တွေ့ဖူးသေးတယ် ဟား..ဟား.. သြော်ဒါနဲ့ မောင်ရင့်နာမည်က ဘယ်သူ ” ဖော်ရွေသဘောကောင်းလွန်းတဲ့ သူကြီးကြောင့် သတိုး အလုပ်အတွက် ပထမအဆင့်အောင်မြင်သွားတာမို့ ပြုံးရင်း သက်ပြင်းလေးခိုးချမိလိုက်ပြီး “ ဟုတ်ကဲ့ဗျ ကျွန်တော့်နာမည်က သတိုးပါဗျာ (….)ကုမပ္ပဏီကဝန်ထမ်းတစ်ယောက်ပါ ”
“အေးကွယ်…သတိုး..လူလေးလည်းဗိုက်ဆာရောပေါ့ ကဲကဲလာ ဟော…ဟိုဘက်မှာမြင်နေရတဲ့အိမ်လေးတွေ့လား အဲ့ဒီ့ အိမ်မှာ ဂျပန်ကြီးဆိုတဲ့ ဘကြီးတစ်ယောက်ရှိတယ် သူ့ဆီမှာ တည်းခိုရင်း ရေမိုးချိုး ခဏနားဦးကွယ်…. လာလာ ငါလိုက် ပို့ပေးမယ် ” သတိုးတစ်ယောက် ရွာသူကြီးနောက်က ကုတ်ကုတ်လေး လိုက်သွားခဲ့လိုက်တယ် ။ အိမ်ရဲ့ အနေအထားက တော်တော်ခိုင်ခံ့တဲ့ သစ်မျိုးတွေကိုသုံးထားပုံရတယ်… ၊ ဆောက်လုပ်ထားတဲ့ နည်းစနစ်တွေ ထုပ်တန်း တွေ ကို ချုပ်ထားပုံတွေ ၊ အိမ်တိုင်အနေအထားတွေကို အိမ်ထဲရောက်မှ ပိုသတိထားမိသွားတယ် … အတွင်းပိုင်း အနေအထား တစ်ချို့က မြန်မာနည်းနဲ့လုံးဝမတူပဲ အပြင်ကကြည့်ရင်သူလိုကိုယ်လိုဆိုပေမယ့် အထဲကျမှ ပိုသိသာကွဲလွဲနေတာကို မြင်လိုက်ရတယ် ၊
အိမ်ထဲမှာတော့ ဆံပင်တွေဖွေးဖွေးဖြူနေတဲ့ အသက် ၆၀ ဝန်းကျင် လူကြီးတစ်ယောက်ကို ထိုင်လျက်သား တစ်ခုခု ကိုလေးလေးနက်နက်တွေးနေတဲံပုံစံမျိုးနဲ့ မြင်လိုက်ရတယ် ၊ “ ဂျပန်ကြီးရေ … ဒါက ရန်ကုန်မြို့ကလာတဲ့ ဧည့်သည် ကွဲ့…တို့ရွာမှာလည်း မင်းတစ်အိမ်တည်း သပ်သပ်ရပ်ရပ်နဲ့ကျကျနနလေးရှိပြန်… ၊ မင်းအိမ်မှာလည်း မင်းတစ်ယောက် တည်းဆိုတော့ လူငယ်လေး နေရထိုင်ရတာ လွတ်လပ်တာပေါ့ကွယ်…. ကဲ လူလေး သတိုးရေ … ဂျပန်ကြီးနဲ့သာ နေရစ် ခဲ့ပေတော့ လိုအပ်တာရှိရင် အဘဆီအချိန်မရွေးလာခဲ့နော်…. ဂျပန်ကြီးလေး ကောင်လေးကို ဂရုစိုက်ပေးလိုက်ဦးကွာ… ”
သူကြီးက သတိုးကို နှုတ်ဆက်ပြီးပြန်သွားတော့ ဂျပန်ကြီးဆိုနဲ့သတိုးသာကျန်ခဲ့တယ် “ ကောင်လေး…မင်းတို့ ရန်ကုန် ကို ငါတစ်ခေါက်တော့ရောက်ဖူးတယ် ငါရောက်တုန်းကအခြေအနေနဲ့အခုဆို အများကြီးကွဲလွဲနေပြီထင်ရဲ့ ” “ အဘက ဘယ်တုန်းကရောက်ဖူးတာလဲ ” သတိုး ရုတ်တရက်မေးလိုက်တဲ့စကားကို မဖြေချင်သလိုနဲ့ လွှတ်ခနဲထွက်သွားတဲ့ သူ့စကားကို သူပြန်ထိန်းတဲ့ပုံစံနဲ့ ဂျပန်ကြီးက “ လူလေး မင်းရေအရင်ချိုးချေ…ပြီးမှ တို့တူဝရီးတွေ စကားအေးဆေး ပြောကြတာပေါ့ကွယ်…. ” သတိုးစိတ်ထဲမတင်မကျဖြစ်နေပေမယ့် အိမ်ရှင်စကားမို့ အဒွန့်မတက်ဝံ့တော့ဘဲ အိမ်ရှေ့က အဝီစိရေတွင်းလေးနားမှာ ရေအရင်ပြေးချိုးလိုက်တယ် …. ၊
ရေချိုးပြီးပြန်တက်လာတော့ အိမ်ထဲမှာ ရွာထမင်းဝိုင်းလေးနဲ့ အဆင်သင့် ပြင်ပြီး စောင့်နေတဲ့ ဂျပန်ကြီးကို တွေ့လိုက်ရ တယ် ၊ သတိုးလည်းတစ်နေကုန် ပင်ပန်းလာတာမို့ မြန်မြန်အဝတ်လဲပြီး ထမင်းကိုအငမ်းမရ စားသောက်လိုက်တယ် ၊ ဗိုက်ကလေးပြည့်သွားတော့ သူ့စိတ်ထဲတစ်ခုခု တွေးမိလာတယ်…. ၊ ဒီအဘနာမည်က ဂျပန်ကြီးတဲ့…ရွာအဝင်ဝမှာ လည်း ဂျပန်စာတွေရေးထားတာမြင်ခဲ့တယ်… ၊ ဒီစာတွေက ဒီအဘလက်ချက်များလား… ၊ ဒါဆို ဒီဘဘ ဂျပန်ကြီးက ဂျပန်စာတွေတတ်နေတာလား ၊ ဒီလိုခေါင်လွန်းတဲ့နေရာမှာ ဒီစာတွေကိုဘယ်လိုသင်ခဲ့တာလဲ… ၊ ရန်ကုန်ကိုလည်း သူရောက်ဖူးတယ်ပြောတယ်၊ သူ့နာမည်ကရော ဘာလို့ ဂျပန်ကြီးဖြစ်နေတာလဲ…. ၊ သတိုးရဲ့အတွေးစတွေကို အသံတစ်သံက ချေဖျက်လိုက်တော့တယ်
“ လူကလေး…အဘနာမည်ကိုစိတ်ဝင်စားနေတာထင်တယ်…ဟားဟား ” သတိုးတစ်ချက်အံ့သြပြီး မျက်နာ ဟန်မဆောင် နိုင်အောင် ဖြစ်သွားမိတယ် စိတ်ထဲမှာလည်း ဒီအဘ ငါ့စိတ်ထဲကအကြောင်းတွေကို ဘယ်လိုများသိနေ သလဲလို့ တွေးလိုက်မိတယ် ၊ အတွေးစတွေနဲ့အတူ ခေါင်းကိုတဆက်ဆက်ငြိမ့်လိုက်မိတဲ့နောက် ဂျပန်ကြီးဆိုသူအဘက “ မအံ့သြပါနဲ့…လူစိမ်းတိုင်း အဘကိုစိတ်ဝင်စားကြတာ မစမ်းပါဘူး … ” “ ဟုတ်တယ် အဘ…အဘနာမည်ရယ် ၊ ရွာအဝင်အဝမှာရေးထားတဲ့ စာအကြောင်းရယ်ကို ကျွန်တော် ဝေခွဲမရဖြစ်နေတာ ” “ သြော်…လူလေးက အဲ့စာလေးကို မြင်ခဲ့သေးတယ်ပေါ့လေ…. ” “ ဟုတ်တယ်အဘ ကျွန်တော်က ဂျပန်စာကိုလေ့လာနေတဲ့သူတစ်ယောက်မို့ အဲ့ဒီ့စာလေး ကို လည်း သေချာနားလည်တယ် အဘ ”
“ လူလေးက ဂျပန်စာသင်နေတာလား….ဒါဆိုပိုအဆင်ပြေတာပေါ့…… ဒီစာလေးရဲ့အဓိပ္ပါယ်ကို လူလေးဘယ်လို နားလည်လဲ ” သတိုး အဖြေကြပ်သွားပြီးတော့ သူတွေးမိသလို စာလုံးပေါင်းမိတဲ့အတိုင်းပြောချလိုက်တယ် “ 日本人のへいしが待っています { じじつ } နိဟွန်းဂျင်းနို့ ဟဲအိရှိ (ဂ) မတဲအိမတ်စု ဂျပန်စစ်သား စောင့်နေသည် …. လို့ ကျွန်တော် နားလည်ပါတယ် အဘ…. ” ဒီအခါမှ ဂျပန်ကြီးက ကျေနပ်သွားဟန်နဲ့ “ လူလေးပြောတာမှန်တယ် …. အဘက လူလေးဂျပန်စာတကယ်တက်မတက် စမ်းကြည့်ချင်လို့မေးလိုက်တာပါ…. ဟား… ” “ ဒါဆို အဘ ဒီစာအကြောင်းနဲ့ အဘနဲ့ဘယ်လိုဆက်စပ်တယ်ဆိုတာ ကျွန်တော် သိခွင့်များရနိုင်မလားခင်ဗျာ ” “ လူလေးက ခေတ်ပညာတတ်ဆိုတော့ အဘပြန်ဖြေတာတွေကို ယုံကြည်ဖို့ခတ်နေမယ်… ၊ နောက်ပြီးအဘကိုလည်း လူလိမ်ကြီး ၊ အရူးကြီးလို့ ထင်မှာလည်းစိုးတယ်ကွယ်..ဖြေချင်ပေမယ့် မဖြေသင့်ဘူးလို့ထင်တယ်ကွယ် ”
“ ဟာအဘရယ် မဟုတ်တာပဲ ကျွန်တော်ကိုယ်တိုင်က သိချင်လို့ မေးတာပဲအဘရယ်… အဘက ပုံမှန်လူတစ်ယောက် ဆိုတာလည်း အဘနဲ့ စတွေ့ပြီးကတည်းက ကျွန်တော်သိတယ်… ဘာလို့လဲဆို ကျွန်တော်က စာဖတ်ရတာ အရမ်း ဝါသနာပါတယ်… ၊ ပုံမှန်ဖြစ်နေတဲ့သူနဲ့ စိတ်တဇဖြစ်နေတဲ့သူကို ကျွန်တော် ကောင်းကောင်းခွဲတတ်ပါတယ်… အထူး သဖြင့် မျက်လုံးက စကားတွေကို ဖတ်ပြီးတော့ပိုသိတာပေါ့အဘ… ” “ လူလေးက လူတော်ပဲ ကိုယ်ဖတ်ထားတဲ့ စာအုပ် တွေထဲက ပညာတွေကိုပါ လက်တွေ့အသုံးချတတ်တဲ့သူဆိုတော့…ကဲပါလေ…လူလေးယုံကြည်တယ်ဆိုတော့ အဘ ဆက်ပြောရမှာပေါ့….
ဒီလိုကွဲ့…. အရင်တုန်းက အဘတို့ဒီရွာလေးက ရွာရယ်လို့သက်သက်မှတ်မှတ် မရှိသေးတဲ့အချိန်…. လွန်ခဲ့တဲ့ နှစ်တွေအများကြီးကြာခဲ့တဲ့အချိန်တွေကပေါ့…. ၊ ဒီရွာမှာ ဂျပန်တပ်သားတွေအများကြီး တပ်စွဲခဲ့ကြတဲ့ စစ်စခန်း တစ်ခု ရှိခဲ့ဖူးတယ်… ” “ ဟင်… အဘဒီအသက်အရွယ်နဲ့ ဂျပန်တွေရှိခဲ့တယ်လို့ ဘာလို့တပ်အပ်ပြောနိုင်တာလဲ… အဲ့တုန်း က အချိန်ဆို အဘက မွေးပြီးမို့လို့လား….ဒါမှမဟုတ် အဘရဲ့ အဘိုးအဘွားတွေပြန်ပြောပြတာလား ” “လူလေး က သိပ်လောသကို……ဒီမယ်.. အဘပြောတာလေးကိုသာ စိတ်ရှည်ရှည်နဲ့နားထောင်ကြည့်…. ဒီဇာတ်လမ်းက လုံး၀ ဖြစ်ရပ်မှန်ဆိုတာ အဘအသက်နဲ့ရင်းပြီးအာမခံရဲတယ် ဇာတ်လမ်းထဲမှာ ပရလောကနဲ့သက်ဆိုင်တဲ့ သွေးပျက်စရာလေး တွေ နည်းနည်းတော့ပါမယ် လူလေးသရဲတွေဘာတွေ ကြောက်တတ်လား ”
သတိုး မျက်နာငယ်လေးနဲ့ ချက်ချင်းပြန်ဖြေလိုက်တယ် “ ဗျာ…ကျွန်…ကျွန်…ကျွန်တော်လား အဘ… ကျွန်တော် ကြောက်…ကြောက်တတ်တာပေါ့ဗျာ… ဒါပေမယ့် ခရီးတွေဘာတွေသွားတော့ ကြောက်တိုင်းအမြဲရွတ်တတ်တဲ့ သရဏဂုံလေးအားကိုးပြီးသွားလာနေတာပဲအဘရေ ပရလောကကို သူများတွေဘယ်လိုနားလည်ထားတယ်တော့မသိဘူး ကျွန်တော်တော့ ရောက်ရာအရပ်မှာ ကိုယ်တည်းမဲ့နေရာရောက်ရင် ကိုယ့်အရင်ရောက်ခဲ့ ပိုင်ခဲ့တဲ့သူတွေအပါအဝင် အားလုံးကို မေတ္တာပို့ အမျှဝေပြီးမှ အိပ်ဖြစ်တယ်…အဲ့ဒါတွေကြောင့်ထင်တယ်…အခုထိတော့ တစ်ကြိမ်မှ မကြုံသေးဘူး အဘရေ… ”
“ ဟား… ဒီလောက်ဆို လူလေး ဘယ်လောက်ကြောက်တတ်တယ်ဆိုတာ အဘသိပါပြီ….အပေါ့အပါးကိစ္စရှိရင် တခါတည်း သွားထားနော်… ” သတိုးက ခေါင်းခါပြတော့ ဂျပန်ကြီးက တစ်ချက်ပြုံးလိုက်ရင်း “ ကဲ ..ဒါဆိုလည်း တို့တွေ လွတ်လပ်လေး မရသေးတဲ့ခေတ်…. မြန်မာ့မြေက ဂျပန်တွေကို အင်္ဂလိပ်နဲ့ မြန်မာ့မျိုးချစ်တပ်မတော့ ပေါင်းပြီး တွန်းလှန်တိုက်ပွဲဝင်နေတဲ့ ခေတ်ကလေးတစ်ခုဆီကို ပြန်သွားလိုက်ကြတာပေါ့……… အဲ့ဒီ့တုန်းကလေ……… ”
“ ရဲဘော်တို့ သင်တို့သည် အမိဂျပန်ပြည်ကြီးနဲ့ ဂျပန်ဘုရင်မင်းမြတ်အတွက် အမှုတော်ထမ်းရွက်နေကြတဲ့ ရဲရဲတောက် သူရဲကောင်းတွေဖြစ်ကြတယ်…. ၊ ဒီတော့ တို့သွေးတွေ ဘယ်လောက်ရဲတယ်ဆိုတာကို ဒီနေ့ မြောက်ပိုင်း စစ်မြေပြင်မှာ ပြသခွင့်ရတော့မယ်… ဂျပန်စစ်သားတွေဆိုတာ ဘယ်တော့မှ လက်နက်မချဘူး… ၊ မတော်တဆ ရှုံးနိမ့် သွားရင်တောင် ရန်သူ့လက်မှာ အသေမခံဘူး…. ၊ ကိုယ့်ဘာကိုယ်သက်သေပစ်ကြရမယ် ၊ ရဲဘော်တို့ အမိဂျပန် အင်ပါယာကြီးနဲ့ ဂျပန်ဘုရင်မင်းမြတ်အတွက် အသက်ပေးဖို့ အဆင်သင့်ပဲလား….ဟေ့ ” “ အဆင်သင့်ပါပဲ ဗိုလ်ကြီး ” “ ကောင်းပြီ တို့တွေ အောင်ပွဲခံဖို့ ရန်သူတွေကို အကုန် သုတ်သင်ကြဖို့ ပြင်ဆင်ထားကြ ဒီည တိုက်ပွဲနေရာကို သွားကြမယ် ၊ လက်ဦးမှုယူထားရမယ် ကြိုတင်ဗျူဟာခင်းထားနိုင်မှ ဖြစ်မယ် မဟုတ်ရင် ဟို ဗမာကောင် အစုတ်ပလုတ် တွေနဲ့ အရှည်ကောင် အင်္ဂလိပ်တွေ တို့ကို လာသတ်ကြလိမ့်မယ် ၊ ကဲပြင်ကြတော့ ရဲဘော်တို့.. ”
ဂျပန်စစ်ဗိုလ်ကြီးရဲ့ အာဏာသံနဲ့အမိန့်ပေးလိုက်တာကြောင့် တပ်စခန်းမှာရှိတဲ့ စစ်သားတွေအကုန်လုံး ကိုယ်ပိုင်ပစ္စည်း တွေကို ချင်ချင်း ပြေးလွှားစစ်ဆေးကြရင်း စစ်ဝတ်စုံအပြည့်အစုံဝတ်နေကြတယ် ၊ အားလုံးကိုယ်စီက ကိုယ့်အလုပ် ကိုယ်လုပ်ကြရင်းနဲ့ ပြာယာခတ်နေကြပုံက ပုရွတ်ဆိတ်ကလေးတွေ မိုးရွာခါနီးမို့ တွင်းနားဝန်းကျင်မှာ ဟိုပြေးဒီပြေး ဖြစ်နေကြပုံနဲ့ တူနေတယ်…. ၊ အဲ့လို ပြေးလွှားလှုပ်ရှားနေကြတဲ့ စစ်သားပေါင်းများစွာထဲကမှ အမှတ်မထင် ဂျပန် စစ်ဗိုလ်ကြီးနားက ဖြတ်သွားတော့မယ်လို့ပြင်နေတဲ့ ဂျပန်စစ်သားလေး အိုးယားစံ ကို မြင်တော့ ဘာရယ်မဟုတ်ပဲ ဗိုလ်ကြီးက လှမ်းခေါ်လိုက်တယ် … ၊
“ အိုယားစံ …ဒီလိုခဏလာစမ်း ” “ ရောက်ပါပြီ ဗိုလ်ကြီး …အလေး..ပြု ” “ အေး…မင်းကို ငါ တာဝန်တစ်ခုပေးစရာ ရှိတယ်။ မင်းတာဝန်ကျေအောင် ထမ်းဆောင်မယ်မဟုတ်လား” အထပ်က ဗိုလ်ကြီးရဲ့အမိန့်ကို စိတ်ဝင်တစားနဲ့ အိုယားစံတစ်ယောက် နားထောင်ရင်း “ ဟုတ် တာဝန်ကျေတဲ့အထိ အသက်ပေးပြီး တာဝန်ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါတယ် ” “ ကောင်းပြီ….ဒီတပ်ရင်းတွေအားလုံးက မနက်ဖြန် တိုက်ပွဲကိုသွားကြရတော့မယ် ငါတို့ပြန်လာချင် လည်းပြန်လာနိုင်မယ် မလာချင်လည်းမလာနိုင်တော့ဘူး… ၊ ဒါပေမယ့် မင်းကတော့ တို့နဲ့ မလိုက်ရဘူး…..ဒီနေရာကို တို့တွေ ပြန်မလာနိုင်ခင်အထိ ဒီစခန်းနေရာကနေ တစ်ဖဝါးမှ မခွါဘဲ ကာကွယ်စောင့်ရောက်ပေးရမယ်လို့ အမိန့်ပေးခဲ့ တယ် ရဲဘော် အိုယားစံ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါ ”
“ ဟုတ်ကဲ့ပါ ဗိုလ်ကြီး ကျွန်တော် အသက်သေတဲ့အထိ တာဝန်ကို အသက်နဲ့လဲပြီး ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါ တယ် … ကျွန်တော်တာဝန်ကျတဲ့နေရာမှာ ရန်သူတွေတစ်ယောက်မှ မလာနိုင်တဲ့အထိ အသက်ပေးကာကွယ်သွားပါမယ် ၊ ဂျပန်အင်ပါယာကြီး နေမင်းကြီးလို တောက်ပပါစေ……. အလေးပြု ” အိုယားစံရဲ့ ပြန်ပြောလိုက်တဲ့လေသံနဲ့ စကား ကို ဂျပန်စစ်ဗိုလ်ကြီးက ကျေနပ်သလိုနဲ့ တစ်ချက်ပြုံးလိုက်ရင်း အိုယားစံရဲ့ ပုခုံးကို ပုတ်လိုက်ရင်း ထွက်သွားတော့ တယ် ၊ အဲ့ဒီ့နေ့ညက ဂျပန်ဗိုလ်ကြီးနဲ့ သူ့ရဲ့သူငယ်ချင်းရောင်းရင်း တပ်မတော်သားတွေကို နောက်ဆုံးမြင်လိုက်ရ လိုက်ခြင်းလို့ဆိုရမယ်…. ။
တိုက်ပွဲဝင် ဂျပန်စစ်သည်တော်တွေအားလုံးကို ဗမာ့မျိုးချစ်တပ်မတော် နဲ့ မဟာမိတ်တပ်တွေ နှစ်ဖွဲ့ပေါင်း အင်အား အလုံးအရင်းလက်နက်အပြည့်အစုံ လေကြောင်းအင်အားတွေရောကြောင့် ဘယ်လိုမှ တင်းမခံနိုင်တော့ဘဲ ဂျပန်စစ်သား တွေ အတုန်းအရုန်း သေဆုံးသွားကြပြီး တိုက်ပွဲမှာ ကျဆုံးသွားကြတယ်… ၊ အဖြစ်အပျက်တွေက မနေ့တစ်နေ့က လိုပါပဲ…. မနေ့ကမှ တစည်းတလုံးတည်း နိုင်ငံတော်သီချင်းတွေသီဆို ၊ ညစာကိုအတူတူဝိုင်းဖွဲ့စား ကြရင်း မနက်ဘက် စစ်ထွက်သွားကြတဲ့ ရောင်းရင်းတွေ တစ်ယောက်တစ်လေမှ ပြန်မလာလေခြင်းဆိုကတည်းက အိုယားစံ အခြေအနေကို ရိပ်စားမိလိုက်တယ် ၊ ဒါပေမယ့် ကတိတည် သစ္စာစောင့်တတ် အမိန့်နာခံလွန်းတဲ့ ဂျပန်စစ်သား ပီပီ သူ့အထက် က အရာရှိပေး ခဲ့တဲ့ အမိန့်အတိုင်း ကျေပွန်အောင် စခန်းဟောင်းနေရာလေးမှာ ပုန်းအောင်း နေရင်း ရန်သူ့တပ်တွေ ဖြတ်သန်းအလာကို စောင့်ရင်း မိုင်းတွေကြိုထောင်ထားလိုက်တယ် ၊
နာရီပိုင်းအတွင်း သူမှန်းထားတဲ့အတိုင်းပဲ ရန်သူ့စစ်တပ်က အလုံးအရင်းနဲ့ ပြေးဝင်လာကြတာကိုမြင်လိုက်ရတယ် ၊ သူထောင်ထားတဲ့မိုင်တွေကြောင့် လူတစ်ချို့ကတော့ ကြွေလွင့်သွားကြပြီ…အခု သူ့ဘဝရဲ့အချိန်မှာ ဂျပန်ပြည်ကြီးမှာရှိတဲ့ သူ့အမေနဲ့ မွေးရပ်မြေက မိသားစုတွေကို တစ်ချက်သတိရသွားမိတယ် … ၊ တစ်ဖက်မှာလည်း ဂျပန်နိုင်ငံတော်အတွက် ဂုဏ်ယူစွာ အသက်ပေးရတော့မှာမို့ ဝမ်းနည်းဝမ်းသာမျက်ရည်ကျလိုက်မိရင်း စက်သေနတ်ကို တင်းတင်းဆုပ်ကိုင်ထားရင်း အသံအကျယ်ကြီးနဲ့မာန်တင်းအော်လိုက်ရင်း သေနတ်ကိုကျည်ကုန်တဲ့အထိ ဆွဲရမ်းပစ်လိုက်တယ်…. ၊ “ ဂျပန်အင်ပါယာကြီး အဓွန့်ရှည်ပါစေ … ” “ ဒတ်…ဒတ်…ဒတ်…ဒတ်…ဒတ်…ဒတ် ” “ ဖောင်းဖောင်းဖောင်း ဒိုင်း ” မကြာခင်မှာပဲ တစ်ဖက်က လာတဲ့ ကျည်ဆံမိုးတွေက အိုယားစံရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ဝင်လျှိုထွက်သွားတော့တယ် ၊ အိုယားစံတစ်ယောက် မျက်လုံးအပြူးသားနဲ့ သူ့တာဝန်ကိုကျေပွန်အောင် မထမ်းဆောင်နိုင်တော့ဘူး ၊ ဒီနေရာကို မကာကွယ်နိုင်တော့ဘူးဆိုတဲ့ အသိတွေနဲ့ မျက်လုံးမမှိတ်နိုင် စိတ်မချနိုင်စွာနဲ့ မြေပြင်ပေါ် ပတ်လက်လန်လဲကျသွားတော့တယ် ၊ စစ်ယူနီဖောင်းတစ်ခုလုံးကတော့ ရဲရဲနီလို့…… ။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၊ ရွာငယ်လေးရှိတဲ့နယ်မြေအပိုင်းတွေမှာ အေးချမ်းနေပြီး ၊ တိုင်းသူပြည်သားတွေ စစ်ပွဲရဲကအပျက်အစီးတွေကြားထဲကနေ ပြန် ကုန်းထဖို့ ကြိုးစားနေကြတဲ့အချိန်လေး…. ၊ တစ်ချိန်က အိုယားစံတို့ ဂျပန်စစ်တပ်တွေ စခန်းချခဲ့ကြတဲ့နေရာလေးမှာတောင် ရွာငယ်လေးတစ်ခု ဖြစ်နေခဲ့ပြီ… ၊ အဲ့ဒီ့ရွာလေးမှာနေကြတဲ့သူ တွေက အခြားအခြားသော နေရာတွေကနေ ရေခံမြေခံကောင်းမွန်တဲ့နေရာတစ်ခုကိုရှာဖွေရွှေ့ပြောင်းလာကြတဲ့သူတွေမို့ ဒီနယ်ရဲ့ ငယ်မွေးခြံပေါက်တွေ မဟုတ်ကြဘူး… ၊ ဒီမြေသမိုင်းကြောင်းကို မသိကြသလို … ၊ ဒီမြေပြင်မှာဖြစ်ပျက်ခဲ့သမျှ သမိုင်းပုံရိပ်တွေကိုလည်း မသိနိုင်ကြဘူး…. ၊ ရွာကလေး အိမ်ခြေ ဆယ်ဂဏန်းလောက်နဲ့ အစပြုထားတာမို့ လူအရမ်းနည်းပြီး တောထဲတောင်ထဲမှာည်းဖြစ်နေတာကြောင့် အပြင်လောက ပတ်ဝန်းကျင်နဲ့ အသွားအလာ အဆက်အသွယ် ပြတ်တောက်နေသလိုဖြစ်နေပြန်တယ် လိုအပ်တာမှန်သမျှကိုလည်း ရွာထဲတင် အပြန်အလှန် ကူညီကြရင်းပြည့်စုံနေပြီးသားမို့ အပြင်ထွက်ပြီး တစ်ခြားရွာတွေဆီအဆက်အသွယ်နည်းပါးတာလည်းပါတယ် ၊
ရွာထဲမှာ ရွာပြင်ဘက်ကတစ်ခြားရွာတွေနဲ့မြို့တွေဆီကို အမြဲလိုလို မဖြစ်မနေ အဆက်အသွယ်လုပ်နေရတဲ့ အိမ်တစ်အိမ်တော့ရှိနေသေးတယ် ၊ အဲ့ဒီ့အိမ်က ကိုဘကျော် နဲ့ မကြင်မြိုင် တို့ အိမ်ပဲ ၊ ကိုဘကျော်တို့ လင်မယားက သားသမီးမထွန်းကားကြဘူး ၊ လင်မယားနှစ်ယောက် တောင်ယာအလုပ်အကိုင်ကိုလည်း ဝါသနာမပါကြတာမို့ အနီးဆုံးမှာရှိတဲ့ မြို့တွေ ၊ နယ်တွေ အထိ တက်ပြီး လိုအပ်တဲ့ ကုန်ခြောက်လေးတွေကို ဝယ်ပြီး ရွာထဲမှာ ကုန်ခြောက်ဆိုင်အသေးလေးဖွင့်ရင်း စီးပွားရှာဖြစ်တယ် ၊ သူတို့အလုပ်အကိုင်လေးက အလုပ်ဖြစ်တယ်လို့ဆိုရမယ် ၊ တစ်ရွာလုံးပြေးကြည့်မှ ဒီတစ်ဆိုင်တည်း ရှိတာမို့ စီးပွားရေးက အဆင်ပြေတယ်လေ ၊ ကိုဘကျော် တစ်ခါတစ်ခါ မြို့ဘက်ကို ခရီးသွားရင် သုံးလေးရက်လောက်အထိကြာတတ်တယ် ၊ တစ်နေ့ ထုံးစံအတိုင်း ကိုဘကျော်တို့ ဆိုင်ငယ်လေးအတွက် ကုန်ခြောက်ပစ္စည်းလေးတွေလိုအပ်လာတော့ မြို့ဘက်ဆီကို သွားဖို့အကြောင်းဖန်လာပြန်တယ် ၊ ထုံးစံအတိုင်း သူ့ရဲ့ မယားချောလေး မကြင်မြိုင်ကို နှုတ်ဆက်ပြီး မြို့ကိုတစ်ယောက်တည်း ထွက်သွားလိုက်တယ် ၊ သူ့ကျောမှာပိုးထားတဲ့ ဘေးလွယ်အိတ်ထဲမှာတော့ သူအမြဲဆောင်တတ်တဲ့ ဆောင်ဓါး ဓါးမြှောင်လေးတစ်ချောင်းနဲ့ ရိက္ခာခြောက်တွေ ပါလေ့ရှိတယ် ၊ ဒီလိုနဲ့ ကိုဘကျော်တစ်ယောက် မြို့တက်သွားပြီး လိုအပ်တဲ့ အသား ငါး အခြောက်အခြမ်းတွေ ကုန်ခြောက်တွေကို သယ်လာပြီး တစ်ယောက်တည်း ရွာဆီပြန်လာဖြစ်တယ် …. ၊
ခါတိုင်းသူပြန်လာနေကျက မနက်ပိုင်း… ၊ ဒီတစ်ကြိမ်လမ်းမှာစီးလာတဲ့ ကားကြီးက ပျက်နေတာနဲ့မို့ ညအချိန်မတော်ကြီးမှ ရွာထဲကို ဝင်လာဖြစ်တယ်… ၊ ရွာကလည်း လမ်းမကြီးကနေ ရွာအထဲကိုရောက်ဖို့ တော်တော်လေးကို ခြေလျင် လျှောက်ရတာမို့ ပါလာတဲ့ ကုန်ပစ္စည်းတွေ မနိုင်တနိုင်နဲ့ နားလိုက် ဆက်လျှောက်လိုက်နဲ့ တစ်ယောက်တည်း လှမ်းလာခဲ့တယ် ၊ အစကတည်းက အကြောက်အလန့်မရှိတဲ့သူမို့ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်နေ တတ်ဘူး… ၊ ဒါပေမယ့် ရွာအဝင်အဝနေရာနားအရောက် ရွာအဝင်မှာရှိတဲ့ ညောင်ပင်ကြီးတစ်ပင်နားရောက်တော့ ညောင်ပင်ကြီးက လေမတိုက်ပဲ ယိမ်းယိုင်နေတာကို ထူးထူးဆန်းဆန်းတွေ့လိုက်ရတယ် ၊ ရုတ်တရက်မို့ စိတ်ထဲ ထူးဆန်း နေ တာရယ် တစ်ခါမှ ဒီလိုမကြုံဖူးတာရယ်ကြောင့် ကိုဘကျော် စိတ်ထဲ နည်းနည်းတော့ ကြောက်မိသလို ဖြစ်သွားမိတယ် ၊ ဒါပေမယ့်် ကိုဘကျော် အပင်ကြီးကိုမကြည့်ပဲ အောက်ကိုငုံ့ထားရင်း လမ်းဆက်လျောက်လိုက်တယ် ၊ အပင်ကြီးနားရောက်လေလေ ကျောထဲမှာ စိမ့်တက်လာလေလေဖြစ်နေပြန်တယ် ၊ လမ်းတစ်လျောက်ကြည့်ပြန် တော့ လည်း ညမှောင်မှောင်ကြီးမှာ သက်ရှိဆိုလို့ ကိုယ်တစ်ယောက်တည်းဖြစ်နေတာမို့ နည်းနည်းလေးတော့ အားငယ်မိသွားသလိုခံစားမိလိုက်ရတယ် ၊
မကြာခင်မှာပဲ နားထဲမှာ စကားသံတွေဆက်တိုက်ကြားနေရတယ် ၊ သူကြားနေရတဲ့ အသံတွေက ပီပီသသပါပဲ ဒါပေမယ့် မြန်မာစကားမဟုတ်တဲ့အတွက် ဘာတွေပြောနေမှန်း သူနားမလည်ဘူးဖြစ်နေတယ် ၊ နောက်တော့အမှတ်မထင် အရဲစွန့်ပြီး ညောင်ပင်ကြီးဆီကို လှမ်းကြည့်လိုက်မိတော့ ညောင်ပင်ကြီးပေါ်မှာ မျက်လုံးနီရဲရဲကြီး တွေနဲ့ ခန္ဓာကိုယ် တစ်ခုလုံး မဲမှောင်နေတဲ့ လူတစ်ယောက်က ဂျပန်စစ်သား စစ်ဝတ်စုံအပြည့်ဝတ်ထားရင်း အပင်ခွကြားမှာ ဆောင့်ဆောင့် ထိုင်နေတာကိုလှမ်းမြင်လိုက်ရတယ် ၊ မကြုံစဖူးမို့ ရင်ထဲ ထိတ်ခနဲဖြစ်သွားရင် မျက်ဝန်းသူငယ် အိမ်တောင်ပြူးသွားမိတယ် ၊ ဒါပေမယ့် ကိုယ့်စိတ်ကို ကိုယ်ပြန်ထိန်းထားလိုက်တယ် ၊ အပင်ပေါ်က မဲမဲသတ္တဝါကြီးက ကိုဘကျော် ဒီလမ်းကို ဖြတ်မှာကို မကြိုက်သလိုနဲ့ ရန်လိုတော့မလို လုပ်ပြနေတယ် ၊ လူတစ်ယောက်ထက်စာရင် ၊ သတ္တဝါကြီးတစ်ကောင်နဲ့ ပိုတူနေသေးတယ် ၊ မှောင်မဲနေတဲ့ညဆိုပေမယ့် လရောင်အားကိုးနဲ့ မသဲမကွဲလေး မြင်နေရတယ် ၊ လူ့ရဲ့အသိစိတ်ကလည်း လှုံ့ဆော်ပေးတတ်တာမို့ တစ်ဖက်ကတစ်စုံတစ်ရာရဲ့ ခံစားချက်ကိုကြိုသိနေသလိုပဲ ၊ ကိုဘကျော်လည်း သူ သရဲခြောက်ခံနေရပြီဆိုတာကို သိလိုက်ပြီးပြေးရင်လည်း လွတ်မယ်မထင် ၊ ကျောပေါ်မှာလည်း အထုတ်အပိုးတွေနဲ့မို့ မရဲတရဲ အားတင်းထားပြီး လှမ်းအော်လိုက်တယ် “ ငါ ဒီရွာသား…ငါ့ရွာငါပြန်လာတယ်ကွာ…. မင်းကဘာဖြစ်ချင်တာလဲ မင်းက ဘာကောင်လဲကွ ”
ကိုဘကျော် စကားသံတွေက တုန်ယင်နေတာကိုကြည့်ပြီး ကြောက်စိတ်ကို ထိန်းထားနေရတယ်ဆိုတာကို ခန့်မှန်းနိုင် တယ် ၊ တစ်ဖက်က လည်း ကိုဘကျော်ကို ဘာမှပြန်မတုန့်ပြန်ပဲ အူထဲအသဲထဲအထိ ကြောက်စရာကောင်း လောက်တဲ့ မျက်လုံးနီရဲကြီးတွေနဲ့ စိုက်ကြည့်နေပြန်တယ် ၊ ကိုဘကျော်လည်း မထူးပါဘူးဆိုပြီး ဖနောင့်နဲ့တင်ပါး တသားတည်းကျ အောင် ထွက်ပြေးပါလေရော ၊ အဲ့ကျမှ အပင်ပေါ်က အကောင်ကြီးက အပင်ပေါ်ကနေ မျောက်တစ်ကောင်လို ဇောက်ထိုးကြီး ကုပ်တွယ်ဆင်းလာပြီး ကိုဘကျော်နောက်ကို ပြေးလိုက်လာတော့တယ် ၊ ကိုဘကျော်လည်း အသက်ဘေးမို့ ကျောပေါ်က ကုန်ခြောက်တွေရော ပါလာသမျှပစ္စည်းတွေပါ အကုန်ထားခဲ့ပြီး လူပဲ အလွတ်ပြေးထွက်ခဲ့လိုက်တယ် ၊
မိုးစင်စင်လင်းလာတော့ ကိုဘကျော်ကို ရွာလယ်ခေါင်နေရာမှာ သတိလစ်နေတဲ့အနေအထားနဲ့ တွေ့လိုက်ကြရတယ် ၊ အဲ့ဒါနဲ့ ရွာက ဘုန်းတော်ဆီခေါ်သွား ပရိတ်ရည်တွေတိုက် ၊ မြန်မာတိုင်းရင်းဆေးတွေနဲ့ ကုသလိုက်တော့ ခဏချင်း ကိုဘကျော်သတိရလာတယ် ပြီးတော့ ကရောင်ချောက်ချားတွေ ထအော်သေးတယ် … “ မလာနဲ့ မလာနဲ့ ဂျပန်သရဲကြီး ဂျပန်သရဲ မဲမဲကြီး ဂျပန်စစ်သားကြီး မလာနဲ့ ငါ့ဆီမလာနဲ့ ” အကြိမ်ကြိမ် အဲ့လို အော်နေရာက ဘုန်းတော်ကြီးက ဘုရားစာတွေရွတ်ဖတ်ပေးလိုက်ရာက တော်တော်လေးကြာတော့မှ လူကောင်းပကတိပြန်ဖြစ်သွာ းတယ် … ၊ အဲ့ကျမှ သူကြုံခဲ့လာတာတွေကို သေချာပြန်ပြောပြပါလေရော ၊ ကိုဘကျော်ပြောတဲ့စကားတွေကို လူနည်းစုက လက်ခံပေမယ့် မယုံတဲ့သူက ပိုများကြတယ် ၊
ကိုဘကျော်က အရက်မသောက်တတ်လို့ အရက်မူးပြီးပြောတာ မဟုတ်ဘူးဆိုပေမယ့် ညဘက်မို့ တစ်ယောက်တည်း မြင်ချင်ရာမြင် သွေးလေချောက်ချားပြီး အထင်မှားတာလို့ပဲ ကောက်ချက်ချလိုက်ကြတယ် ။ ပိုပြီးထူးခြားဖြစ်လာတာက ကိုဘကျော်ဒီလိုကြုံပြီးနောက်ပိုင်း ရွာထဲက အဲ့နေရာမှာ ညဘက် သွားစမ်းကြတဲ့လူငယ်တွေ ကာလသားတွေ ရှိလာတယ် ၊ တစ်ချို့ ကာလသားတွေဆု အိမ်ကနေ အမဲသားအစမ်းတွေကိုပါသယ်သွားပြီး အဲ့အပင်အောက်မှာ ချထားရင်း သွားစမ်းကြသေးတယ် ၊ စမ်းကြတဲ့သူတိုင်းလည်း ကိုဘကျော်ပြောသလို ပုံစံနဲ့ အတိအကျတူတဲ့ ဂျပန်စစ်သားသရဲကြီး အနောက်က လိုက်တာကို ခံကြရတယ် ၊ ထူးခြားချက်က ညဘက်မှ အဲ့ဒီ့ သရဲကြီးက ခြောက်လန့်တတ်တာပဲ… ၊ ဒီလိုသတင်းတွေကြောင့် ရွာထဲကလူတွေ ရွာပြင်ကို မသွားရဲကြတော့ဘူး ၊ အရေးအကြောင်းရှိလို့သွားရင်လည်း မနက်ပိုင်း မိုးစင်စင်လင်းနေမှ သွားတတ်ကြတယ် ၊ အပြန်နောက်ကျတဲ့အခါမှာလည်း ရွာထဲပြန်မဝင်တော့ဘဲ ခရီးလမ်းမှာပဲ ဖြစ်သလို အိပ်ဖြစ်လိုက်ကြတယ် ၊ နောက်နေ့မိုးလင်းပြီးအလင်းရောင်သေချာရမှ ရွာကိုပြန်ရဲကြတော့တယ် ။
ဒီလိုနဲ့ နှစ်တွေအလှလှကြာလာတဲ့အခါ…… ရွာငယ်လေးမှာရှိတဲ့ ကိုဘကျော်နဲ့မကြင်မြိုင်တို့လင်မယားမှာ သားဦးလေးတစ်ယောက် မွေးဖွားလာခဲ့ကြတယ် ၊ တစ်ရွာလုံးက ဒီတစ်သက် ကလေးမရနိုင်တော့ဘူးလို့ ထင်ထားတဲ့ လင်မယားက ကလေးလေးရသွားကြတော့ တစ်ရွာလုံးအံသြနေကြရတယ် ၊ တစ်ရွာလုံးတင်မကဘူး ကိုဘကျော်တို့လင်မယားကိုယ်တိုင်လည်း အံ့သြနေမိကြတယ် ၊ သူတို့ကလေးလေးကလည်း မွေးလာကတည်းက အဖေနဲ့ရော အမေနဲ့ပါ ရုပ်မတူဘူး ၊ အသားအရည်ကလည်း ဖြူဖွေးဥနေပြီး အနီရောင်ဘက်ပါသမ်းနေပါရော့ ၊ ကလေးလေးစကားပြောတတ်တဲ့အရွယ်ရောက်ကတည်းက ဘယ်သူမှဘာမှ မသင်ပေးပါဘဲ မြန်မာစကားမဟုတ်တဲ့စကားတွေကိုပြောပြောနေတတ်တယ် ၊ “ နိဟွန်းဂျင်းနို့ ” ဆိုတဲ့ စကားကို ပိုပြောနေတတ်တယ် ၊ သူဘာကိုဆိုလိုချင်တယ်ဆိုတာတစ်ယောက်မှ နားမလည်ကျဘူး ၊ ကလေးလေး အရွယ်ရောက်လို့ လမ်းလျှောက်တတ်လာခါစမှာ အမေနဲ့အဖေအလုပ်ရှုပ်နေတုန်း တစ်ယောက်တည်း အိမ်ကနေ ထွက်သွားပြီး ရွာအဝင်အဝနားက ညောင်ပင်ကြီးအောက်နားက မြေကြီးတွေကို လက်နဲ့ ယက်နေတတ်တာကို ရွာသားတစ်ချို့ကမြင်ပြီး ကလေးကို အိမ်ကို ပြန်ခေါ်သွားပေးရတာ အကြိမ်ကြိမ်ပဲ အဲ့လို ပြန်ခေါ်သွားတိုင်းလည်း ကလေးက ငယ်သံပါအောင်ကို အော်ငိုနေတတ်တယ် ၊ နောက်တော့ ကလေးငယ်လေး တစ်ခုခုထူးဆန်းနေတာကို သတိထားမိလာကြပြီး လူကြီးတွေက ကလေးကို ချော့မေးကြတယ် ၊ “ သားသား ဒီညောင်ပင်ကြီးအောက်မှာ ဘာသွားလုပ်တာလဲ ” “ သားပစ္စည်းတွေရှိလို့သွားတူးတာ ” တဲ့…
ကလေးအဖြေကို မယုံရဲ ယုံရဲနဲ့ ရွာက လူကြီးတွေစုပြီး ကလေးကိုညောင်ပင်ဆီကိုခေါ်လာခဲ့ကြတယ် ၊ ညောင်ပင်ဆီ ရောက်တော့ ကလေးက အရင်ပြေးပြီး မြေကြီးတွေကို ဖယ်နေတာကိုမြင်လိုက်တယ်… ၊ ကလေးမြေကြီးတွေကို ဖယ်နေတဲ့ယက်နေတဲ့နေရာနားကိုဦးတည်ပြီး ရွာထဲကလူတွေ ဝိုင်းတူးကြပါလေရော ၊ တူးရင်းတူးရင်းက သုံးပေနီးနီး လောက်တူးပြီးတဲ့အခါ ညောင်မြစ်တွေပွေရှုပ်နေတဲ့ကြားက တူးနေတဲ့ ပေါက်တူးတစ်ချောင်း မြေအောက်က ခပ်မာမာ ရှိတာတစ်ခုနဲ့ ထိမိတဲ့ အသံကို ကြားလိုက်ရတယ် တစ်နေကုန်တူးနေရာက အသံတစ်သံကြားရတော့ တစ်ရွာလုံး အံ့သြတကြီးစိတ်ဝင်စားသွားကြပြီး အဲ့ဒီနေရာကိုဦးစားပေး သတိထားပြီး တူးယူကြတယ် တော်တော်လေးတူးပြီးတော့မှ သံချေးတွေတက်နေတဲ့ စစ်လက်နက်တွေ ၊ ဂျပန်စစ်သားအသုံးအဆောင်ပစ္စည်းတွေ ၊ ဂျပန်ဓါး ၊ တွေကို ဝတ်ဆင်ထားတဲ့ အရိုးစုတစ်ခုကို တွေ့လိုက်ကြတယ် ၊ သူ့ခေါင်းရင်းမှာ သံသေတ္တာတစ်လုံး… ၊
သံသေတ္တာလေးကိုဖွင့်လိုက်တော့ ဟောင်းနွယ်းစုတ်ပျက်နေတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ၊ စစ်သုံးမှန်ပြောင်း ၊ ကျည်ဆံတွေ ၊ စစ်လက်နက်အသေးစားလေးတွေနဲ့ ဒင်္ဂါးပြားတွေ ၊ သံသေတ္တာအသေးစားထူထူလေး တစ်ခုကိုလည်း တွေ့လိုက်ရတယ် ၊ သံသေတ္တာအသေးလေးက နှစ်ချို့နေတော့ ဖွင့်ရခတ်ခဲနေတဲ့အထိ သံချေးတွေ တွယ်ညိနေတယ် အဲ့ဒီ့ လက်တစ်ဝါးစာ သံသေတ္တာဘူး အသေးလေးကို ဖွင့်လိုက်တဲ့အခါ သေတ္တာထဲက ဂျပန်ဝတ်စုံနဲ့ ရှေ့ဆုံးက ထိုင်နေတဲ့မိန်းမကြီးတစ်ယောက် ၊ သူ့နောက်က ဂျပန်စစ်သားတစ်ယောက်နဲ့ ဂျပန်စစ်သားဘေးမှာ သူ့မိန်းမ နဲ့ သားလေးကိုကပ်လျက် မြင်ရတဲ့ အဖြူအမဲဓါတ်ပုံလေးက ထင်ရှားနေတာကိုအံ့သြတကြီးမြင်လိုက်ရတယ်… ၊ ဓါတ်ပုံအောက်မှာ ဟောင်းနွမ်းစုတ်ပျက်နေတဲ့ စာရွက်လေးတွေနဲ့ ဂျပန်ရှေးခေတ်ငွေစက္ကူတွေကို မြင်တွေ့ကြရတယ် ၊ ကလေးငယ်လေးက အဲ့ဒီပစ္စည်းတွေကိုကြည့်ပြီး ရှိုက်ကြီးတငင်ငိုယိုလို့ ……. ။
အိမ်ရှင် အဘက စားပြောနေရင်းက မောလွန်းလို့ ရေနွေးလေး ငှဲ့သောက်နေတုန်း သတိုးကဇာတ်လမ်းတစ်ခုလုံးမှာ မြောပါသွားရာက သိချင်စိတ်ကို ဟန်မဆောင်နိုင်တော့ဘဲ “ အခု အဘပြောနေတဲ့ ဇာတ်လမ်းက ဖြစ်ရပ်မှန် သေချာပါတယ် နော် အဘ ” “ အေးလေ ကျုပ်ကလူလေးကိုလိမ်ရမှာလား ” “ ဒါဆို ရွာအဝင်အဝက ညောင်ပင်ကြီးမှာ ခြောက်နေတဲ့ ဂျပန်စစ်သားသရဲကြီးက သူ့တာဝန်နဲ့ အမိန့်ကို နာခံပြီး အစွဲအလမ်းနဲ့ မကျွတ်ဘဲဖြစ်နေတာကနေ ကျွတ်ချိန်တန်ပြီး လူဝင်စားပြန်ဖြစ်တာပေါ့နော်…. ၊ ရွာအဝင်အဝက ဂျပန်လိုရေးထားတဲ့ ဂျပန်စစ်သား စောင့်နေသည် ဆိုတဲ့စာကလည်း ဒီလူဝင်စားရေးထားတာပေါ့နော် ” “ ဟုတ်တာပေါ့ လူလေးရ… ” “ ဘာရည်ရွယ်ချက်နဲ့ရေးထား တာလဲ သိလား အဘ ” “ သိပ်သိတာပေါ့….ဟိုးအရင်ကဆို တိုက်ပွဲကြောင့် သေကြေသွားကြတဲ့လူတွေထဲက မကျွတ်မလွတ်ကြသေးတဲ့ အခြားလူမျိုးခြားစစ်သား တစ္ဆေတွေက ကျတ်ကုန်းလို ညဘက်တွေဆို ဒီအနီးအနာမှာ စစ်တပ်လိုက်ကို မြင်မြင်ရတတ်တယ်ကွ… ဒါကြောင့် ဂျပန်စစ်သား စောင့်နေသည် ဆိုတဲ့စာလေးကို ရွာအဝင်မှာ အသိပေးတဲ့အနေနဲ့ ရေးထားတာ ဆိုလိုချင်တာက တစ်ခြား နာနာဘာဝလောကက မကျွတ်သေးတဲ့ စစ်သားတစ္ဆေတွေ ရွာထဲဝင်ပြီး မနှောက်ယှက်ရဲတော့အောင်ပေါ့ကွာ ”
“ အဘပြောတာကြီးက နည်းနည်း ပုံပြင်ဆန်နေသလားလို့ ” သတိုးရဲ့ စကားကြောင့် အိမ်ရှင်အဘက သူ့အိပ်ခန်းထဲကို ခဏဝင်သွားပြီး သေတ္တာလေးတစ်ခုကို ယူလာခဲ့တဲ့ ၊ သေတ္တာလေးကိုင်ထားတဲ့အဘကို စိတ်ဝင်တစား ကြည့်နေတဲ့ သတိုးကို အိမ်ရှင်အဘက သေတ္တာလေးထိုးပေးလိုက်တယ် သတိုးက အဘပေးတဲ့ သေတ္တာလေးကို မချင့်မရဲ ဖွင့်ကြည့် လိုက်တဲ့အခါ သေတ္တာထဲမှာ ဟောင်းနွမ်းပျက်ဆီးနေတဲ့ ဂျပန်စစ်သားအသုံးအဆောင်ပစ္စည်းတွေအပြည် ၊ ဂျပန်ဓါးတေ ွအပြင် သေတ္တာရဲ့ အတွင်းအဖုံးနေရာမှာတော့ ဟောင်းနွမ်းစုတ်ပျက်နေတဲ့ အဖြူအမဲ ဓါတ်ပုံလေးတစ်ခု…. ဓါတ်ပုံထဲမှာ လူလေးယောက် ၊ အဲ့ထဲက ဂျပန်စစ်သားဝတ်စုံအပြည့်နဲ့လူရဲ့ မျက်နာကို သတိုး သေချာကြည့်နေမိရင်း ကြက်သီးတွေ ထ လာမိပြီး ရုတ်တရက် အိမ်ရှင်အဘမျက်နာကို လှမ်းကြည့်မိလိုက်ရင်း သတိုးမျက်လုံးပြုးသွားမိတော့တယ် … “ ဒါ…ဒါ…ဒါ………….ဇာတ်လမ်းထဲက ဂျပန်စစ်သား လူဝင်စားဆိုတာ ” ဓါတ်ပုံကိုကြည့်လိုက် အိမ်ရှင်အဘကိုကြည့်လိုက် အိမ်ရှင်အဘရဲ့နာမည်ကိုပြန်သတိရသွားလိုက်နဲ့ ညောင်ပင်က ဂျပန်စစ်သားသရဲကြီးက…၊ လူဝင်စားကြီးက … ၊ အဘက ……. ၊ စကားတွေထစ်ငေါ့နေရင်း သတိုး အံ့သြကြီးနေမိတော့တယ်…….. ။
ဖိုးသူတော် (www.phothutaw.com)
Credit:မိုးစွေ