ေဂၚရခါးသီးလို႔ ေျပာလိုက္ရင္ေထြေထြထူးထူးေျပာေနစရာမလိုေအာင္ သိထားျပီးျဖစ္မွာပါ။ ေဂၚရခါးသီးကို ၾကက္ဥ၊ဘဲဥေတြနဲ႔ ေရာေၾကာ္ျပီးစားၾကသလို ၾကက္သားနဲ႔ ကာလသားခ်က္ေလးလည္းခ်က္စားတတ္ေသးတယ္ေနာ္။ မုန္႔ႏွစ္နဲ႔ ေၾကာ္ျပီး အခ်ဉ္ေလးနဲ႔ပဲတို႔စားစား ဂ်ဴးျမစ္ေလးနဲ႔ပဲ ခ်ဉ္ရည္ခ်က္ခ်က္ စားေကာင္းတာကေတာ့ အမွန္ပါပဲ။ စားလိုက္တိုင္းမွာ အရည္ရႊမ္းရႊမ္း ခ်ိဳခ်ိဳေလးျဖစ္ေနတာကိုက ေဂၚရခါးသီးရဲ႕ ထူးျခားတဲ့ ပင္ကိုသဘာဝ အရသာေလးပါ။
ေဂၚရခါးသီး

အစိမ္းေရာင္ ခပ္ေဖ်ာ႔ေဖ်ာ႔အခြံေလးရွိျပီး ခပ္ရွည္ရွည္အသီးေလးပါ။ ျမန္မာႏိုင္ငံရဲ႕ ရွမ္းျပည္နယ္မွာေပါက္ေရာက္ေလ့ရွိျပီး အေရွ႕ေတာင္အာရွႏိုင္ငံေတာ္ေတ္ာမ်ားမ်ားမွာစားသံုးၾကတဲ့ အသီးေလးတစ္မ်ိဳးပါ။ ေရဓာတ္ပါဝင္မႈမ်ားတာေၾကာင့္ က်န္းမာေရးအတြက္ေတာ္ေတ္ာေလးအေထာက္အကူျပဳေပးႏုိင္ပါတယ္ေနာ္။

ဘာဓာတ္ေတြပါလဲ

ေဂၚရခါးသီးမွာ အခုလို အာဟာရဓာတ္ေတြပါဝင္ေနပါတယ္။

    ဗီတာမင္ ဘီ
    ဗီတာမင္ စီ
    ေဖာလိတ္
    ဗီတာမင္
    နီကာဆင္
     သီရာမင္း
    ေရဓာတ္
    အမွ်င္ဓာတ္
    ကယ္လ္ဆီယမ္
    ပိုတက္ဆီယမ္
    ပရိုတင္း
    ဗီတာမင္ ဒီ တို႔ပါဝင္ေနပါတယ္။

ေဂၚရခါးသီးစားေပးရင္ ရရွိမယ္ ့က်န္းမာေရးအက်ိဳးေက်းဇူးေတြက ဘာေတြမ်ားလဲ

ေဂၚရခါးသီးက စားေကာင္းသလို အခုလိုက်န္းမာေရးအက်ိဳးေက်းဇူးေလးေတြလည္း ရရွိေစႏိုင္ပါေသးတယ္။

ဝိတ္က်ေစတယ္ – ကယ္လ္လိုရီပါဝင္မႈနည္းျပီး ကိုလက္စထေရာနဲ႔ ျပည့္ဝဆီလံုးဝမပါဝင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ခ်ခ်င္ေနသူေတြ စိတ္ၾကိဳက္စားေပးလို႔ရပါတယ္။

ေမြးရာပါခ်ိဳ႕ယြင္းခ်က္မပါေအာင္ ကာကြယ္ေပးတယ္ – ဗီတာမင္ B complex၊ ေဖာလိတ္တို႔လိုမ်ိဳး ကိုယ္ဝန္ေဆာင္ခ်ိန္မွာ စားေပးသင့္တဲ့ အာဟာရဓာတ္ေတြပါဝင္ေနတာေၾကာင့္ ကိုယ္ဝန္ေဆာင္ေမေမေတြ စားသံုးေပးမယ္ဆိုရင္ ေမြးလာမယ့္ ကေလးမွာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ပါတာမ်ိဳးမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

ေသြးတြင္းကိုလက္စထေရာက်ေစႏိုင္တယ္ – ျပည့္ဝဆီလံုးဝမပါဝင္တာေၾကာင့္ ေသြးတြင္းကိုလက္စထေရာကို မတက္ေစဘဲ ကိုလက္စထေရာပမာဏကို ထိန္းညွိေပးႏိုင္ပါတယ္။

သက္လံုေကာင္းေစႏိုင္တယ္ – ပိုတက္ဆီယမ္ပါဝင္တာေၾကာင့္ ခႏၶာကိုယ္ကို သက္လံုေကာင္းေစျပီး အေမာခံႏိုုင္ေစပါတယ္။

အရြယ္မတိုင္ခင္ အိုမင္းတာကို ကာကြယ္ေပးတယ္ – ဖေလဗာႏိြဳက္ပါဝင္တာေၾကာင့္  ခႏၶာကိုယ္နဲ႔ အေရျပားဆဲလ္ေတြကိုပတ္ဝန္းက်င္ညစ္ညမ္းမႈေတြက အထိေရာက္ဆံုးကာကြယ္ေပးႏိုင္ပါတယ္။ ေဂၚရခါးသီး ပံုမွန္စားေပးျခင္းက အရြယ္တင္နုပ်ိဳေစမယ့္ နည္းလမ္းတစ္ခုေပါ့။

ေက်ာက္ကပ္ေက်ာက္တည္တာကို သက္သာေစႏိုင္ပါတယ္ – ေလ့လာေတြ႔ရွိခ်က္ေတြအရ ေက်ာက္ကပ္ေက်ာက္တည္ေနသူေတြအေနနဲ႔ ေဂၚရခါးသီးစားေပးမယ္ဆိုရင္ သက္သာေစႏိုင္တယ္၊လို႔ေတြ႔ရွိခဲ့ရပါတယ္။

ဝမ္းခ်ဳပ္တာကို သက္သာေစႏိုင္တယ္ –  ခႏၶာကိုယ္အတြက္ လံုေလာက္တဲ့ အမွ်င္ဓာတ္မ်ားစြာပါဝင္ေနတာေၾကာင့္ အစာေျခစနစ္ကို အေကာင္းဆံုးေထာက္ပံ့ေပးႏိုင္တာေၾကာင့္ ဝမ္းခ်ဳပ္တာကို သက္သာေစႏိုင္ပါတယ္။

ေသြးတိိုးက်ေစႏိုင္တယ္ – ပိုတက္ဆီယမ္ပါဝင္တာေၾကာင့္ ေသြးတိုးက်ေစႏိုင္ပါတယ္။ ေသြးတိုးရွိသူေတြ၊ ေသြးတိုးကာကြယ္ခ်င္သူေတြ စားေပးသင့္ပါတယ္။

ႏွလံုးေရာဂါကာကြယ္ေပးႏိုင္တယ္ – ေဂၚရခါးသီးမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းတစ္မ်ိဳးျဖစ္တဲ့ ဗီတာမင္ စီ ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ႏွလံုးေရာဂါမျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။

ေသြးအားနည္းေရာဂါ – ေသြးတြင္းမွာ ေသြးနီဥဆဲလ္ေတြနည္းေနတာေၾကာင့္ ေသြးအားနည္းေရာဂါျဖစ္ရတာပါ။ ေဂၚရခါးသီးမွာ သံဓာတ္နဲ႔ ဗီတာမင္ B2 တို႔ပါဝင္ေနတာေၾကာင့္ ေသြးနီဥဆျလ္ေတြကို ျဖစ္ေပၚေစျပီး ေသြးအားမနည္းေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

ေဂၚရခါးသီးခ်ိဳခ်ိဳေလးကုိ အရသာရွိတဲ့ ဟင္းတစ္ခြက္အျဖစ္ေျပာင္းလဲလို႔ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ျဖည့္တင္းႏိုင္ၾကပါေစေၾကာင္း…..

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #

ဂေါ်ရခါးသီးလို့ ပြောလိုက်ရင်ထွေထွေထူးထူးပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ဂေါ်ရခါးသီးကို ကြက်ဥ၊ဘဲဥတွေနဲ့ ရောကြော်ပြီးစားကြသလို ကြက်သားနဲ့ ကာလသားချက်လေးလည်းချက်စားတတ်သေးတယ်နော်။ မုန့်နှစ်နဲ့ ကြော်ပြီး အချဉ်လေးနဲ့ပဲတို့စားစား ဂျူးမြစ်လေးနဲ့ပဲ ချဉ်ရည်ချက်ချက် စားကောင်းတာကတော့ အမှန်ပါပဲ။ စားလိုက်တိုင်းမှာ အရည်ရွှမ်းရွှမ်း ချိုချိုလေးဖြစ်နေတာကိုက ဂေါ်ရခါးသီးရဲ့ ထူးခြားတဲ့ ပင်ကိုသဘာဝ အရသာလေးပါ။
ဂေါ်ရခါးသီး

အစိမ်းရောင် ခပ်ဖျော့ဖျော့အခွံလေးရှိပြီး ခပ်ရှည်ရှည်အသီးလေးပါ။ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မှာပေါက်ရောက်လေ့ရှိပြီး အရှေ့တောင်အာရှနိုင်ငံတော်တေ်ာများများမှာစားသုံးကြတဲ့ အသီးလေးတစ်မျိုးပါ။ ရေဓာတ်ပါဝင်မှုများတာကြောင့် ကျန်းမာရေးအတွက်တော်တေ်ာလေးအထောက်အကူပြုပေးနိုင်ပါတယ်နော်။

ဘာဓာတ်တွေပါလဲ

ဂေါ်ရခါးသီးမှာ အခုလို အာဟာရဓာတ်တွေပါဝင်နေပါတယ်။

    ဗီတာမင် ဘီ
    ဗီတာမင် စီ
    ဖောလိတ်
    ဗီတာမင်
    နီကာဆင်
     သီရာမင်း
    ရေဓာတ်
    အမျှင်ဓာတ်
    ကယ်လ်ဆီယမ်
    ပိုတက်ဆီယမ်
    ပရိုတင်း
    ဗီတာမင် ဒီ တို့ပါဝင်နေပါတယ်။

ဂေါ်ရခါးသီးစားပေးရင် ရရှိမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ

ဂေါ်ရခါးသီးက စားကောင်းသလို အခုလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေလည်း ရရှိစေနိုင်ပါသေးတယ်။

ဝိတ်ကျစေတယ် – ကယ်လ်လိုရီပါဝင်မှုနည်းပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီလုံးဝမပါဝင်တာကြောင့် ကိုယ်အလေးချိန်ချချင်နေသူတွေ စိတ်ကြိုက်စားပေးလို့ရပါတယ်။

မွေးရာပါချို့ယွင်းချက်မပါအောင် ကာကွယ်ပေးတယ် – ဗီတာမင် B complex၊ ဖောလိတ်တို့လိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးသင့်တဲ့ အာဟာရဓာတ်တွေပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားသုံးပေးမယ်ဆိုရင် မွေးလာမယ့် ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သွေးတွင်းကိုလက်စထရောကျစေနိုင်တယ် – ပြည့်ဝဆီလုံးဝမပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို မတက်စေဘဲ ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။

သက်လုံကောင်းစေနိုင်တယ် – ပိုတက်ဆီယမ်ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို သက်လုံကောင်းစေပြီး အမောခံနိုင်စေပါတယ်။

အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးတယ် – ဖလေဗာနွိုက်ပါဝင်တာကြောင့်  ခန္ဓာကိုယ်နဲ့ အရေပြားဆဲလ်တွေကိုပတ်ဝန်းကျင်ညစ်ညမ်းမှုတွေက အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဂေါ်ရခါးသီး ပုံမှန်စားပေးခြင်းက အရွယ်တင်နုပျိုစေမယ့် နည်းလမ်းတစ်ခုပေါ့။

ကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်ပါတယ် – လေ့လာတွေ့ရှိချက်တွေအရ ကျောက်ကပ်ကျောက်တည်နေသူတွေအနေနဲ့ ဂေါ်ရခါးသီးစားပေးမယ်ဆိုရင် သက်သာစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

ဝမ်းချုပ်တာကို သက်သာစေနိုင်တယ် –  ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ အမျှင်ဓာတ်များစွာပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ် – ပိုတက်ဆီယမ်ပါဝင်တာကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ သွေးတိုးရှိသူတွေ၊ သွေးတိုးကာကွယ်ချင်သူတွေ စားပေးသင့်ပါတယ်။

နှလုံးရောဂါကာကွယ်ပေးနိုင်တယ် – ဂေါ်ရခါးသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

သွေးအားနည်းရောဂါ – သွေးတွင်းမှာ သွေးနီဥဆဲလ်တွေနည်းနေတာကြောင့် သွေးအားနည်းရောဂါဖြစ်ရတာပါ။ ဂေါ်ရခါးသီးမှာ သံဓာတ်နဲ့ ဗီတာမင် B2 တို့ပါဝင်နေတာကြောင့် သွေးနီဥဆြလ်တွေကို ဖြစ်ပေါ်စေပြီး သွေးအားမနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။

ဂေါ်ရခါးသီးချိုချိုလေးကို အရသာရှိတဲ့ ဟင်းတစ်ခွက်အဖြစ်ပြောင်းလဲလို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းနိုင်ကြပါစေကြောင်း…..

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top