ေန႔စဥ္အျပင္ထြက္ၿပီး အလုပ္လုပ္ေနရတ့ဲ ေယာက်္ားျဖစ္သူဟာ သူ႔ဘဝကုိသူ ၿငီးေငြ႔လာတယ္။

သူက ပင္ပင္ပန္းပန္းနဲ႔ အလုပ္လုပ္ေနစဥ္မွာ သူ႔မိန္းမကေတာ့ အိမ္မွာ သက္ေတာင့္သက္သာနဲ႔ ေနေနရတယ္လို႔ သူျမင္လာတယ္။ဒါနဲ႔ ဘုရားသခင္ဆီမွာ ဆုေတာင္းလိုက္တယ္.. …

“အိုအဖ…က်ေနာ္ကေတာ့ တေန႔ကုိ ၈နာရီ ပင္ပန္းဆင္းရဲစြာ အလုပ္လုပ္ေနစဥ္မွာ က်ေနာ့္မိန္းမကေတာ့ အိမ္ထဲမွာ ေအးေအးေဆးေဆးနဲ႔ ေနေနရတယ္၊ က်ေနာ္ ဘယ္ေလာက္ ပင္ပန္းတယ္ဆိုတာ သူမ သိသြားေအာင္ ေက်းဇူးျပဳၿပီး က်ေနာ္တို႔ ခႏၶာကုိယ္ေတြကုိ ေျပာင္းေပးပါ”

“ေကာင္းၿပီခ်စ္သား…. သင့္ဆႏၵအတိုင္း ျဖစ္ေစဗ်ား”

“ဝုန္း”…ဆို မီးခိုးလံုးႀကီး ေပၚလာၿပီးတ့ဲေနာက္မွာ ခင္ပြန္းသည္က ဇနီးသည္ျဖစ္၊ ဇနီးသည္က ခင္ပြန္းသည္ အျဖစ္ ခႏၶာကုိယ္ေတြ ေျပာင္းသြားၾကတယ္။

မိန္းမအျဖစ္ကုိေျပာင္းသြားတ့ဲ အဲဒီလူဟာ ေနာက္ေန႔မနက္မွာေတာ့ ခင္ပြန္းသည္အရင္ အိပ္ရာေစာေစာထ ရေတာ့တယ္။

ေယာက်္ားနဲ႔ ကေလးေတြအတြက္ မနက္စာကုိ ခ်က္ျပဳတ္ျပင္ဆင္ရတယ္။ ေယာက်္ားနဲ႔ ကေလးေတြ ႏိုးလာေတာ့ ခူးခပ္ျပင္ဆင္ေကြၽးေမြး၊ တခါ ၿပီးျပန္ေတာ့ ကေလးေတြကုိ ေက်ာင္းပုိ႔ဖို႔ လုပ္ရတယ္။ ေက်ာင္းပုိ႔ၿပီးတာနဲ႔ အျပန္ေစ်းကုိဝင္၊ လိုအပ္တာေတြကုိ ေခါင္းေျခာက္ေအာင္စဥ္းစားၿပီး ဝယ္ရခ်မ္းရျပန္တယ္။ အိမ္ျပန္ေရာက္တာနဲ႔ ေန႔လည္စာခ်က္၊ ၿပီးေတာ့ အဝတ္ေတြ ေလွ်ာ္ဖြတ္ရတယ္။

တခါ ၾကမ္းတိုက္၊ ေရေဆး သန္႔ရွင္းေရးလုပ္ေပ့ါ။ ၿပီးလ႔ိုမွ နားမယ္ႀကံကာရိွေသး… ကေလးေတြေက်ာင္းကုိ ေန႔လည္စာ သြားေကြၽးရျပန္တယ္။

ေက်ာင္းကျပန္လာေတာ့ မီးပူတိုက္၊ ၿပီးေတာ့ ေမာလြန္းလို႔ ခဏေမွးမယ္စဥ္းစားေတာ့ ညေနစာ ခ်က္ခ်ိန္ေရာက္ေနၿပီ။
ညေနစာခ်က္လို႔ မွ မၿပီးေသးဘူး ကေလးေတြေက်ာင္းက ျပန္လာေတာ့ ေရမိုးခ်ိဳးေပးၿပီး ညစာ ျပင္ဆင္ ေကြၽးေမြးရျပန္ တယ္။ ကေလးေတြစားၿပီးလို႔မွ မၾကာဘူး ခင္ပြန္းသည္ အလုပ္ကျပန္လာလို႔ သူ႔အတြက္တခါ ျပင္ဆင္ျပဳစုေပးရျပန္တယ္။

အဲလိုနဲ႔ အိပ္ခ်ိန္ေရာက္လို႔ ကေလးေတြ အိပ္တာ နဲ႔ သူမအိပ္ရေသးဘူး၊ ကေလးေတြ ေဆာ့ၿပီးဖြထားတာေတြ သိမ္းဆည္း၊ ၿပီးေတာ့ သူတို႔ ေနာက္ေန႔ေက်ာင္းတက္ရင္ အဆင္သင့္ျဖစ္ေအာင္ လြယ္အိတ္၊ စာအုပ္ေတြ ျပင္ဆင္ထည့္ေပး၊ ၿပီးျပန္ ေတာ့ ပင္ပန္းလာတ့ဲ ခင္ပြန္းသည္ကုိ အိပ္ခါနီး ေျခဆုပ္လက္နယ္ ျပဳစုရျပန္တယ္။

အားလံုးၿပီးေတာ့ အားအင္ကုန္ခန္းၿပီး တခ်ိဳးထဲ အိပ္ေပ်ာ္သြားေတာ့တာေပ့ါ။ ေနာက္ေန႔မနက္လဲ အိပ္ရာထေရာ… ဘုရားသခင္ကုိ ျပန္ၿပီး တိုင္တည္ ဆုေတာင္းေတာ့တယ္… …

“အဖ ဘုရားသခင္..က်ေနာ္လဲ ဘာေတြစဥ္းစားခ့ဲမိမွန္းကုိ မသိေတာ့ပါဘူး၊ က်ေနာ့္မိန္းမကုိ မနာလိုျဖစ္မိတာ မွားမွန္း သိပါၿပီ၊ ခုေတာ့ က်ေနာ္သင္ခန္းစာ ေကာင္းေကာင္းရလို႔ ေနာင္ၾကဥ္သြားပါၿပီ၊ က်ေနာ္တို႔ကုိ နဂိုအတိုင္းျဖစ္ေအာင္ ခႏၶာကုိယ္ေတြကုိ ျပန္ေျပာင္းေပးပါေတာ့”

“အင္း…ခ်စ္သားလည္း ကုိယ့္အမွားကိုယ္သိၿပီဆိုေတာ့ ျပန္ေျပာင္းေပးရေသးတာေပ့ါ၊ ဒါေပမ့ဲ ၉ လေတာ့ေစာင့္ရမယ္”

“ဟင္..ဘာလို႔လဲ”

“မေန႔ညက…သင့္မွာ ကုိယ္ဝန္ရိွသြားၿပီ”…

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သန္၄ကို
# Unicode Version # ျဖင့္ ဖတ္ပါ #

နေ့စဉ်အပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့ ယောကျ်ားဖြစ်သူဟာ သူ့ဘဝကိုသူ ငြီးငွေ့လာတယ်။

သူက ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေစဉ်မှာ သူ့မိန်းမကတော့ အိမ်မှာ သက်တောင့်သက်သာနဲ့ နေနေရတယ်လို့ သူမြင်လာတယ်။ဒါနဲ့ ဘုရားသခင်ဆီမှာ ဆုတောင်းလိုက်တယ်.. …

“အိုအဖ…ကျနော်ကတော့ တနေ့ကို ၈နာရီ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေစဉ်မှာ ကျနော့်မိန်းမကတော့ အိမ်ထဲမှာ အေးအေးဆေးဆေးနဲ့ နေနေရတယ်၊ ကျနော် ဘယ်လောက် ပင်ပန်းတယ်ဆိုတာ သူမ သိသွားအောင် ကျေးဇူးပြုပြီး ကျနော်တို့ ခန္ဓာကိုယ်တွေကို ပြောင်းပေးပါ”

“ကောင်းပြီချစ်သား…. သင့်ဆန္ဒအတိုင်း ဖြစ်စေဗျား”

“ဝုန်း”…ဆို မီးခိုးလုံးကြီး ပေါ်လာပြီးတဲ့နောက်မှာ ခင်ပွန်းသည်က ဇနီးသည်ဖြစ်၊ ဇနီးသည်က ခင်ပွန်းသည် အဖြစ် ခန္ဓာကိုယ်တွေ ပြောင်းသွားကြတယ်။

မိန်းမအဖြစ်ကိုပြောင်းသွားတဲ့ အဲဒီလူဟာ နောက်နေ့မနက်မှာတော့ ခင်ပွန်းသည်အရင် အိပ်ရာစောစောထ ရတော့တယ်။

ယောကျ်ားနဲ့ ကလေးတွေအတွက် မနက်စာကို ချက်ပြုတ်ပြင်ဆင်ရတယ်။ ယောကျ်ားနဲ့ ကလေးတွေ နိုးလာတော့ ခူးခပ်ပြင်ဆင်ကျွေးမွေး၊ တခါ ပြီးပြန်တော့ ကလေးတွေကို ကျောင်းပို့ဖို့ လုပ်ရတယ်။ ကျောင်းပို့ပြီးတာနဲ့ အပြန်ဈေးကိုဝင်၊ လိုအပ်တာတွေကို ခေါင်းခြောက်အောင်စဉ်းစားပြီး ဝယ်ရချမ်းရပြန်တယ်။ အိမ်ပြန်ရောက်တာနဲ့ နေ့လည်စာချက်၊ ပြီးတော့ အဝတ်တွေ လျှော်ဖွတ်ရတယ်။

တခါ ကြမ်းတိုက်၊ ရေဆေး သန့်ရှင်းရေးလုပ်ပေ့ါ။ ပြီးလ့ိုမှ နားမယ်ကြံကာရှိသေး… ကလေးတွေကျောင်းကို နေ့လည်စာ သွားကျွေးရပြန်တယ်။

ကျောင်းကပြန်လာတော့ မီးပူတိုက်၊ ပြီးတော့ မောလွန်းလို့ ခဏမှေးမယ်စဉ်းစားတော့ ညနေစာ ချက်ချိန်ရောက်နေပြီ။
ညနေစာချက်လို့ မှ မပြီးသေးဘူး ကလေးတွေကျောင်းက ပြန်လာတော့ ရေမိုးချိုးပေးပြီး ညစာ ပြင်ဆင် ကျွေးမွေးရပြန် တယ်။ ကလေးတွေစားပြီးလို့မှ မကြာဘူး ခင်ပွန်းသည် အလုပ်ကပြန်လာလို့ သူ့အတွက်တခါ ပြင်ဆင်ပြုစုပေးရပြန်တယ်။

အဲလိုနဲ့ အိပ်ချိန်ရောက်လို့ ကလေးတွေ အိပ်တာ နဲ့ သူမအိပ်ရသေးဘူး၊ ကလေးတွေ ဆော့ပြီးဖွထားတာတွေ သိမ်းဆည်း၊ ပြီးတော့ သူတို့ နောက်နေ့ကျောင်းတက်ရင် အဆင်သင့်ဖြစ်အောင် လွယ်အိတ်၊ စာအုပ်တွေ ပြင်ဆင်ထည့်ပေး၊ ပြီးပြန် တော့ ပင်ပန်းလာတဲ့ ခင်ပွန်းသည်ကို အိပ်ခါနီး ခြေဆုပ်လက်နယ် ပြုစုရပြန်တယ်။

အားလုံးပြီးတော့ အားအင်ကုန်ခန်းပြီး တချိုးထဲ အိပ်ပျော်သွားတော့တာပေ့ါ။ နောက်နေ့မနက်လဲ အိပ်ရာထရော… ဘုရားသခင်ကို ပြန်ပြီး တိုင်တည် ဆုတောင်းတော့တယ်… …

“အဖ ဘုရားသခင်..ကျနော်လဲ ဘာတွေစဉ်းစားခဲ့မိမှန်းကို မသိတော့ပါဘူး၊ ကျနော့်မိန်းမကို မနာလိုဖြစ်မိတာ မှားမှန်း သိပါပြီ၊ ခုတော့ ကျနော်သင်ခန်းစာ ကောင်းကောင်းရလို့ နောင်ကြဉ်သွားပါပြီ၊ ကျနော်တို့ကို နဂိုအတိုင်းဖြစ်အောင် ခန္ဓာကိုယ်တွေကို ပြန်ပြောင်းပေးပါတော့”

“အင်း…ချစ်သားလည်း ကိုယ့်အမှားကိုယ်သိပြီဆိုတော့ ပြန်ပြောင်းပေးရသေးတာပေ့ါ၊ ဒါပေမဲ့ ၉ လတော့စောင့်ရမယ်”

“ဟင်..ဘာလို့လဲ”

“မနေ့ညက…သင့်မှာ ကိုယ်ဝန်ရှိသွားပြီ”…

ဖိုးသူတော် (www.phothutaw.com)
Credit:သန်၄ကို
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top